fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကင်ဆာဖြစ်နိုင်တဲ့အထိ ပြင်းထန်တဲ့ နေရောင်ခြည်

91
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/08/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကင်ဆာဖြစ်နိုင်တဲ့အထိ ပြင်းထန်တဲ့ နေရောင်ခြည်

ခရမ်းလွန်ရောင်ခြည်ကို အင်္ဂလိပ်လို Ultraviolet rays(ယူဗွီရေး) လို့ခေါ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာ နေရောင်ခြည်ထဲမှာပါတဲ့ ရောင်ခြည်တမျိုးပါပဲ။

နေရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည်၁၀ရာခိုင်နှုန်း၊အနီအောက်ရောင်ခြည်၅၀ရာခိုင်နှုန်းနဲ့အလင်းရောင်ခြည်၄၀ရာခိုင်နှုန်းပါပါတယ်။

၁၀ရာခိုင်နှုန်းပါတယ်ဆိုပေမယ့် ၁၀ရာခိုင်နှုန်းလုံး ကမ္ဘာမြေကြီးပေါ်ကိုမကျရောက်ပါဘူး။အိုဇုန်းလွှာဆိုတဲ့အလွှာကနေ တချို့တဝက်ကိုစုပ်ယူပေးထားပါတယ်။

သို့သော် ဒီခေတ်မှာ ကား၊ဆိုင်ကယ်၊အဲယားကွန်းလေအေးပေးစက်စတာတွေသုံးရာကထွက်တဲ့ ဓါတ်ငွေ့တွေ၊စက်ရုံတွေလည်ပတ်ရာကထွက်တဲ့ဓါတ်ငွေ့တွေဟာ အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေပါတယ်။

ဒီအခါမှာ အိုဇုန်းလွှာဟာ ပုံမှန်အတိုင်း ခရမ်းလွန်ရောင်ခြည် တချို့တဝက်ကိုမစုပ်ယူပေးနိုင်တဲ့အတွက် နေရောင်ခြည်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်ရာခိုင်နှုန်းမြင့်တက်လာပြီး လူသားတွေ သတ္တဝါတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ကမ္ဘာကိုကျရောက်တဲ့နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည်ပမာဏ ဘယ်လောက်ပါဝင်လဲဆိုတာကို UV index ခေါ် ခရမ်းလွန်ရောင်ခြည်အညွန်းကိန်းနဲ့တိုင်းတာ ဖော်ပြပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း သတ်မှတ်ချက်အနေနဲ့ ၁ ကနေ ၁၅ထိ ရှိပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း ၁၊၂ (UV index 1-2)ဆိုရင် နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည် ပါဝင်မှု နည်းတယ်။

ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း ၃ကနေ ၅ (UV index 3-5)အတွင်း ဆိုရင် နေရောင်ခြည်မှာ ခရမ်းလွန်ရောင်ခြည် အသင့်အတင့် ပါဝင်တယ်။

ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း ၆၊၇ (UV index 6-7) ဆိုရင် နေရောင်ခြည်မှာခရမ်းလွန်ရောင်ခြည်ပါဝင်မှု များတယ်။

ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း ၈ကနေ ၁၀(UV index 8-10)အတွင်းဆိုရင် နေရောင်ခြည်မှာခရမ်းလွန်ရောင်ခြည်ပါဝင်မှု အလွန်မြင့်မားတယ်။ သတိပေးရတဲ့အဆင့်မျိုး ဖြစ်တယ်။

ခရမ်းလွန်ရောင်ခြည်အညွန်းကိန်း ၁၁ကနေ ၁၅ (UV index 11-15)ဆိုရင်တော့ နေရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည် ပါဝင်မှုဟာ အရမ်းအရမ်းကိုများပါတယ်။အလွန်ပြင်းထန်ပြီး စိုးရိမ်ရတဲ့ အဆင့်မျိုးဖြစ်ပါတယ်။

နေရောင်ခြည်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်ပမာဏ အညွန်းကိန်းဟာ ၈ကျော်ပြီဆိုတာနဲ့ အဲ့နေရောင်ခြည်နဲ့အရေပြားနဲ့ မထိအောင်နေတာအကောင်းဆုံးပါ။

ခရမ်းလွန်ရောင်ခြည်ရာခိုင်နှုန်းမြင့်မားစွာပါတဲ့ နေရောင်ခြည်နဲ့ လတ်တလောထိတွေ့မှုကြောင့် လက်ငင်းဆိုးကျိုးအနေနဲ့အသားအရောင်ညိုမည်းတာ၊အသားရေတွေပူစပ်ပူလောင်ဖြစ်ပြီးနေလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။

နေ့စဉ်ရက်ဆက်ထိတွေ့တာကြာလာခဲ့ရင်တော့ ဆိုးကျိုးအနေနဲ့ နောက်ပိုင်းမှာ မျက်စိတိမ်စွဲတာ၊အမြင်အာရုံထိခိုက်ပျက်စီးတာ၊အရေပြားများအိုမင်းရင့်ရော်တာ၊အရေပြားကင်ဆာဖြစ်တာ၊သားသမီးရဖို့ခက်တာ၊ခုခံအားကျဆင်းတာစတဲ့ရောဂါဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ခရမ်းလွန်ရောင်ခြည်ပါသော နေရောင်ခြည်ဒဏ်ကနေ ဘယ်လိုသတိပြုကာကွယ်ရမလဲဆိုတဲ့အကြောင်းကိုသိသလောက်မျှဝေတင်ပြလိုက်ရပါတယ်။

၁။ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျရောက်နိုင်သည့် မနက် ၁၀နာရီမှ ညနေ၄နာရီ အတွင်းမှာ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။အရိပ်ရအေးမြသောနေရာတွေမှာနားနေပါ။

၂။မဖြစ်မနေအပြင်ထွက်ရမည်ဆိုပါက မိမိအသားရေနဲ့နေရောင်ခြည် တိုက်ရိုက်မထိတွေ့အောင် ထီး၊ဦးထုပ်စသည်တို့ကို ဆောင်းသွားပါ။

၃။ ချည်သားအကျီလက်ရှည်အပွဝတ်ပါ။သို့မဟုတ်ပါကလည်း အဝတ်လွတ်ကင်းနေနိုင်သော လက်၊လည်ပင်းနဲ့ ပခုံးစတဲ့နေရာတွေကို သနပ်ခါးထူထူ သို့မဟုတ် SPF(Skin Proetction Factor)15+ ပါဝင်သောနေရောင်ခံလိမ်းဆေးများကို အပြင်မထွက်မှီ ၁၅မိနစ်ခန့်ကြိုလိမ်းပါ။နေရောင်ခံလိမ်းဆေးများကို တခါလိမ်းပြီး နှစ်နာရီကြာတိုင်းမှာ နောက်တခါထပ်ပြီးလိမ်းဖို့လိုပါတယ်။

၄။ခရမ်းလွန်ရောင်ခြည်ဟာမျက်စိကိုလည်းထိခိုက်စေနိုင်တဲ့အတွက် နေပူတဲ့အချိန်အပြင်ထွက်ပါက နေကာမျက်မှန်တပ်သွားပါ။

အဆုံးသတ်အနေနဲ့အကြံပေးရရင် ကလေးတွေ၊အသက်ကြီးတဲ့သူတွေ၊ရောဂါအခံရှိတဲ့သူတွေ၊အရက်အလွန်အကျွံ့သောက်တဲ့သူတွေဟာဆိုရင် ခရမ်းလွန်ရောင်ခြည်ရဲ့ဆိုးကျိုးတွေကို တခြားသူတွေထက်ပိုမိုထိခိုက်ခံစားရနိုင်ပါတယ်။

ဒါကြောင့် ကလေးတွေ၊ရောဂါအခံရှိတဲ့သက်ကြီးရွယ်အိုတွေကို ပူပြင်းတဲ့အချိန်တွေမှာ အပြင်နေပူထဲမထွက်အောင် အထူးဂရုစိုက်ကြပါလို့ အကြံပေးချင်ပါတယ်။

Dr. 528

Previous Post

သံပုရာသီးအကြောင်းသိကောင်းစရာ

Next Post

” သတိမမူမိကြတဲ့ ကလမိုင်းဒီးယား “

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

" သတိမမူမိကြတဲ့ ကလမိုင်းဒီးယား "

မန်ကျည်းသီးအကြောင်းသိကောင်းစရာ

စိတ်အတွက်ဆေးတစ်ခွက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.