ဗြိတိသျှ လူမျိုးတို့၏ လေးပုံ သုံးပုံခန့်သည် အရေးပြားကင်ဆာ၏ လက္ခဏာများကို သိရှိခြင်းမရှိကြဟု The British Association of Dermatologist က ပြောကြားလိုက်သည်။ နှစ်စဉ် UK ၌ အရေပြားကင်ဆာ ကြောင့် လူပေါင်း ၂၁၀၀ ခန့် သေဆုံးလျက်ရှိသည်။ လူများ၏ ၉၅ ရာခိုင်နှုန်းမှာ အရေပြားကင်ဆာ ဖြစ်ပွားမှုနှင့် နေလောင်ဒဏ်ခံစားရမှုတို့ ဆက်နွှယ်ကြောင်း သိထားကြသည်။
သို့သော် အရေပြားကင်ဆာရောဂါ၏ လက္ခဏာများကို သိနားလည်းထားပြီး ကြိုတင်ကာကွယ်မှုများ မည်သို့ မည်ပုံလုပ်ဆောင်ရမည်ကိုလည်း သိရှိထားသင့်လေသည်။ အရေပြားကင်ဆာ ဖြစ်ပွားမှုမှာ ၁၉၆၀ နှစ်များ နောက်ပိုင်းတွင် ဖြစ်ပွားမှုပိုမိုများပြားလာခဲ့သည်ဟု ဆိုသည်။ နှစ်စဉ် မယ်လ်နိုးမား မဟုတ်သော အရေပြားကင်ဆာ (Nonme-lano-ma skin cancer) ဖြစ်ပွားသူ ၂၅၀,၀၀၀ ခန့် ရှိခဲ့ပြီး မယ်လ်နိုးမား (Melanoma) အရေပြားကင်ဆာဖြစ်သူ ၁၃,၀၀၀ ခန့်ရှိသည်ဟု The British Association of Dermatologists က ပြောကြားခဲ့သည်။ ၈၅ ရာခိုင်နှုန်းသော ပြည်သူများက ရာသီဥတုကြောင့် အရေပြားကင်ဆာ ဖြစ်ပွားမည့် အန္တရာယ်ကို စိုးရိမ်လျက်ရှိကြသည်။ နေလောင်ဒဏ် ခံစားရဖူးသူများတွင် အရေပြားကင်ဆာဖြစ်ရန် အန္တရာယ် ‘၂’ ဆပိုကဲကြောင်း တွေ့ရသည်။ နေရောင်ခြည်သည် အရေပြား၏ ဗီတာမင် ‘ဒီ’ တည်ဆောက်မှုအတွက် လိုအပ်သဖြင့် ကျန်းမာရေးအတွက် လိုအပ်သည်ဟု ဆိုနိုင်သောလည်း ပြင်ပသို့သွာလာလျှင် Sunscream လိမ်းခြင်းနှင့် အဝတ်အစားများကို လုံခြုံအောင် ဝတ်ဆင်ခြင်းများ ပြုဆောင်ရန် အရေးကြီးသည်။ တတ်နိုင်သမှျှ အရိပ် အာဝါသအောက်၌ နေထိုင်ရန်လည်း လိုအပ်သည်ဟု ဆိုသည်။ သာမန် မဲှ့နှင့် မယ်လ်နိုးမားကို ခွဲခြားသိနိုင်မည့် အချက်များမှာ- (က) ပုံသဏ္ဍာန်မှန်ကန်မှုမရှိခြင်း၊ အချိုးအစား မညီညွှတ်ခြင်း၊ (ခ) နှုတ်ခမ်းသားများတွင် ညီညာမှုမရှိဘဲ အချိုင့်များ၊ အစွန်းထွက်ခြင်းများ တွေ့ရခြင်း၊ (ဂ) အရောင်မှာ တစ်မျိုးတည်းမဟုတ်ဘဲ နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုခြင်း၊ () အရွယ်အစားမှာ ဝ.၂၅ လက်မ သို့မဟုတ် ၆.၀ မီလီမီတာထက်ကြီးခြင်း၊ (င) သာမန်မဲှ့သည် ပုံသဏ္ဍာန်အရွယ်အစား ပြောင်းလဲမှုဖြစ်ပေါ်ခြင်း စသည်တို့ဖြစ်သည်။ အထက်ဖေါ်ပြပါ အချက်အလက်များတွေ့ရပါက အရေပြားကင်ဆာ မယ်လ်နိုးမား ဖြစ်နိုင်သည်။
AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)