fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မိုးရာသီနဲ့ဓါတ်လိုက်ခြင်းအန္တရာယ်

180
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

မိုးရာသီနဲ႔ဓါတ္လိုက္ျခင္းအႏၱရာယ္

အခုလိုမိုးတြင္းကာလအတြင္း မိုး႐ြာေနစဥ္ ဓာတ္ႀကိဳးပ်က္က်တတ္မူေၾကာင့္ မေတာ္တဆဓာတ္လိုက္မူမ်ားႀကဳံေတြ႕ရႏိုင္ပါတယ္။ လွ်ပ္စစ္ဓာတ္ႀကိဳးႏွင့္ထိေတြ႕မူေၾကာင့္ ဓာတ္လိုက္မူျဖစ္ကာမည္သည့္ဒဏ္ရာမွမရရွိသည္မွစ၍ အသက္ေသဆုံးသည္အထိျဖစ္ႏိုင္ပါတယ္။

မီးေလာင္ဒဏ္ရာသည္ လွ်ပ္စစ္ဓာတ္လိုက္ျခင္းတြင္ အျဖစ္မ်ားဆုံးဒဏ္ရာျဖစ္ပါတယ္။ လူငယ္မ်ားအလုပ္ခြင္တြင္ မေတာ္တဆဓာတ္လိုက္မူအမ်ားဆုံးျဖစ္အျဖစ္မ်ားပါတယ္။ ဓာတ္လိုက္မူေၾကာင့္မည္သည့္အႏၲရာယ္မ်ားျဖစ္ပြားႏိုင္သနည္းဆိုေသာေမးခြန္းမွာ ဓာတ္လိုက္ေသာလွ်ပ္စီးရဲ႕အားပမာဏ။ လူကိုယ္ခႏၶာရဲ႕တုံ႔ျပန္ခံႏိုင္မူ။ ဝင္ေရာက္လာေသာလ်ပ္စစ္စီးေၾကာင္းစသည္တို႔အေပၚမ်ားစြာမူတည္ပါတယ္။ ဗို႔အား၅၀၀ေအာက္လွ်ပ္စစ္အားသည္ ပုံမွန္ထိခိုက္မူနည္းပါတယ္။ ဗို႔အား၅၀၀အထက္ျပင္းအားႏွင့္ထိေတြ႕ပါကျပင္းထန္ေသာထိခိုက္မူျဖစ္ေစႏိုင္ပါတယ္။ ဗို႔အားျပင္းျပင္းႏွင့္ဓာတ္လိုက္ခံေနရသူကို အကူအညီေပးရန္ႀကိဳးစားမူကိုအထူးသတိျပဳသင့္ပါတယ္။ ဗို႔အားျပင္းေသာလ်ပ္စစ္ႀကိဳးသည္ ေျမျပင္ေပၚျပဳတ္က်ေနပါက အဆိုပါႀကိဳးထိပ္စသည္ ေျမျပင္တြင္စက္ဝိုင္းကဲသို႔လွ်ပ္စစ္ဓာတ္ျပန႔္ေနတတ္သည္ကိုအထူးသတိထားပါ။

(1)ႀကိဳတင္ကာကြယ္ျခင္း

ႀကိဳတင္ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ပိုမိုထိေရာက္တယ္ဆိုတဲ့အတိုင္း လမ္းသြားရင္သတိထားရပါမယ္။ လမ္းေပၚေရႀကီးေနတဲ့အခ်ိန္မွာ ေဘးနားမွာရွိတဲ့ဓါတ္တိုင္မွ ႀကိဳးေတြျပဳတ္က်ေနျခင္းရွိမရွိ ၊ မိမိသြားေနတဲ့လမ္းေဘးကဓါတ္တိုင္ေတြႀကံ႕ခိုင္မႈရွိမရွိ အထူးသျဖင့္ မိုးရြာၿပီးၿပီးခ်င္း သစ္ပင္ေတြက်ိဳးတဲ့အခါမ်ိဳးမွာ ဓါတ္ႀကိဳးေတြေပၚပိေနခဲ့တာမ်ိဳး ဒီိလိုေတြရွိေနခဲ့ရင္ အတတ္ႏိုင္ဆံုးေရွာင္ရွားသြားသင့္ပါတယ္။ အႏၱရာယ္ဆိုတာ ႀကိဳတင္ျမင္ရတဲ့အရာမဟုတ္တဲ့အတြက္ မိမိကိုယ္တိုင္ကသတိရွိေနဖို႔လည္းလိုပါတယ္။ အထူးသျဖင့္ အခုလိုမိုးတြင္းအခါမ်ိဳးမွာမိဘေတြအေနနဲ႕ မိမိသားငယ္၊ သမီးငယ္ေတြကို ပိုမိုဂရုစိုက္သင့္ပါတယ္။ အေျခခံလုပ္သားေတြ ၊ စက္ဘီးစီးတဲ့သူေတြနဲ႕ လမ္းေလွ်ာက္သြားလာတဲ့သူေတြလည္း အထူးဂရုစိုက္သင့္ပါတယ္။

အကယ္၍မိမိရဲ႕ေရွ႕မွာ ဓါတ္လိုက္ေနတဲ့သူ ေတြ႕ရွိခဲ့ရင္လည္း ျဖစ္တဲ့ေနရာ၊ ရပ္ကြက္ ၊ လမ္းကို အဓိကလွ်ပ္စစ္ေပးတဲ့ EPC ရံုးကိုလွ်ပ္စစ္ျဖတ္ေပးဖို႔ခ်က္ခ်င္းအေၾကာင္းၾကားလုပ္ေဆာင္သင့္ပါတယ္။ မိမိျဖတ္သန္းသြားလာေနစဥ္ ဓါတ္ႀကိဳးျပတ္က်၊ ျပဳတ္က်ေနတာမ်ိဳးေတြ႕ရွိခဲ့ရင္လည္း တာ၀န္ရွိသူေတြမျပင္ဆင္ခင္ထိ သတိေပးဆိုင္းဘုတ္ကပ္ထားတာမ်ိဳးျဖစ္ေစ အမ်ားျပည္သူသတိထားမိၿပီး မလိုလားအပ္တဲ့ဓါတ္လိုက္တာမ်ိဳးေတြမျဖစ္ေအာင္ လုပ္ေဆာင္သင့္ပါတယ္။ မိမိအိမ္မွာလည္း လွ်ပ္စစ္မီးဖို၊ ဒယ္အိုး၊ ေပါင္းအိုး နဲ႕ လွ်ပ္စစ္နဲ႔ပါတ္သက္တဲ့အရာေတြကိုယ္တြယ္တဲ့အခါ ၾကမ္းျပင္ကလွ်ပ္စစ္စီးႏိုင္တဲ့ တမံသလင္းျဖစ္ေနတာမ်ိဳး၊  မိုးခ်ဳန္း လွ်ပ္စီးလက္ေနတဲ့အခါမ်ိဳးေတြမွာလည္း ဓါတ္လိုက္ႏိုင္တာေၾကာင့္ သတိထားကိုယ္တြယ္သင့္ပါတယ္။

(2)လွ်ပ္စစ္ဓာတ္လိုက္ျခင္းလကၡဏာမ်ား

-လူတစ္ေယာက္ဓာတ္လိုက္ေနလွ်င္အျပင္ဒဏ္ရာအနည္းငယ္သာရရွိႏိုင္သလိုျပင္းထန္ေသာမီးေလာင္မူဒဏ္ရာဆိုး႐ြားစြာခံစားရရွိႏိုင္ပါတယ္။ႏွလုံးရပ္သည္အထိ ထိခိုက္ဒဏ္ရာရႏိုင္ပါတယ္။
-လ်ပ္စစ္ဓာတ္ထိေတြ႕ေသာေနရာသည္ မီးေလာင္မူဒဏ္အမ်ားဆုံးခံရႏိုင္ေသာေနရာျဖစ္ပါတယ္။လက္၊ ေျခဖေနာင့္ႏွင့္ေခါင္းစသည္တို႔သည္အဓိကေနရာမ်ားပင္ျဖစ္ပါတယ္။
-မီးေလာင္ျခင္းအျပင္  လွ်ပ္စစ္ျပင္းအားေၾကာင့္ ႂကြက္သားက်ဳံဆန႔္မူျဖစ္ၿပီး လြင့္စင္ကာ အျခားေသာဒဏ္ရာမ်ားရရွိႏိုင္ပါတယ္။ လြင့္စင္မူေၾကာင့္ ေက်ာ႐ိုးဒဏ္ရာရႏိုင္ပါတယ္။ အတြင္းဒဏ္ရာမ်ားအေနျဖင့္ ေမာျခင္း၊ ရင္ဘတ္ေအာင့္ျခင္းႏွင့္ ဗိုက္နာျခင္းစသည္တို႔ကိုခံစားရႏိုင္ပါတယ္။
-ဓာတ္လိုက္ျခင္းေၾကာင့္လက္နာျခင္း။ေျခေထာက္နာျခင္းျဖစ္ပါက အ႐ိုးက်ိဳးႏိုင္သည္ကိုသတိျပဳစမ္းသပ္မူျပဳလုပ္ပါ။
-ကေလးမ်ားသည္ ဓာတ္လိုက္ႏိုင္ေသာပစၥည္းမ်ားကိုပါးစပ္ထဲေကာက္ထည့္ေလ့ရွိေသာေၾကာင့္ပါးစပ္ႏွင့္ႏူတ္ခမ္းတြင္မီးေလာင္ဒဏ္ရာရႏိုင္ပါတယ္။

(3)ဓာတ္လိုက္ခဲ့လွ်င္ ဘာလုပ္မလဲ

–  ဗို႔အားျပင္းျပင္းႏွင့္ဓာတ္လိုက္မူခံရပါက နီးစပ္ရာေဆး႐ုံသို႔အျမန္ဆုံးပို႔ေဆာင္ရပါမည္။
– ဗို႔အားနည္းႏွင့္ဓာတ္လိုက္ခံရပါက ေမးခိုင္ကာကြယ္ေဆးထိုးရန္။ မီးေလာင္ဒဏ္ရာမက်က္ခဲ့ေသာ္၊ မီးေလာင္ဒဏ္ရာျပင္းထန္ခဲ့ေသာ္၊ ကိုယ္ဝန္သည္ဓာတ္လိုက္ခဲ့ေသာ္ နီးစပ္ရာဆရာဝန္ႏွင့္စမ္းသပ္ကုသမူခံယူပါ။

(4)ရွာေဖြစမ္းသပ္မူ
ဓာတ္လိုက္ခံရပါက ေရာဂါစမ္းသပ္မူအေနျဖင့္ အီးစီးဂ်ီး၊ ေသြးစစ္ျခင္း၊ ဓာတ္မွန္႐ိုက္ျခင္းႏွင့္ CT ႐ိုက္ျခင္းစေသာ စစ္ေဆးမူမ်ားျပဳလုပ္သင့္ပါတယ္။

(5)ကုသမူ
ဓာတ္လိုက္ခံရေသာေၾကာင့္ရရွိလာေသာဒဏ္ရာေပၚမူတည္ရ်္ ကုသမူျပဳလုပ္သင့္ပါတယ္။
-မီးေလာင္ဒဏ္ရာသည္ မျပင္းထန္ပါက ပိုးသတ္ေဆးလိမ္းေဆးျဖင့္ကုသျခင္း
-မီးေလာင္ဒဏ္ရာသည္ျပင္းထန္ပါက ေသခ်ာသန႔္ရွင္းေအာင္ျပဳလုပ္ကာ အေရျပားအစားထိုးသည္အထိျပဳလုပ္မူခံရႏိုင္သည္။
-ေျခလက္မ်ားတြင္ မီးေလာင္ဒဏ္ရာျပင္းထန္ပါက ခြဲစိတ္မူခံယူရႏိုင္ၿပီးေျခလက္ျဖတ္ရသည္အထိ ျပင္းထန္ပါတယ္။
-မ်က္လုံးထိခိုက္ပါက မ်က္စိဆရာဝန္ႏွင့္ျပသပါ။
-အ႐ိုးက်ိဳးႏိုင္ေသာေၾကာင့္ အ႐ိုးအထူးကုႏွင့္လည္းေဆြးေႏြးကုသရႏိုင္ပါတယ္။

Dr.ျပည့္ရွင္း

(Unicode)

မိုးရာသီနဲ့ဓါတ်လိုက်ခြင်းအန္တရာယ်

အခုလိုမိုးတွင်းကာလအတွင်း မိုးရွာနေစဉ် ဓာတ်ကြိုးပျက်ကျတတ်မူကြောင့် မတော်တဆဓာတ်လိုက်မူများကြုံတွေ့ရနိုင်ပါတယ်။ လျှပ်စစ်ဓာတ်ကြိုးနှင့်ထိတွေ့မူကြောင့် ဓာတ်လိုက်မူဖြစ်ကာမည်သည့်ဒဏ်ရာမှမရရှိသည်မှစ၍ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

မီးလောင်ဒဏ်ရာသည် လျှပ်စစ်ဓာတ်လိုက်ခြင်းတွင် အဖြစ်များဆုံးဒဏ်ရာဖြစ်ပါတယ်။ လူငယ်များအလုပ်ခွင်တွင် မတော်တဆဓာတ်လိုက်မူအများဆုံးဖြစ်အဖြစ်များပါတယ်။ ဓာတ်လိုက်မူကြောင့်မည်သည့်အန္တရာယ်များဖြစ်ပွားနိုင်သနည်းဆိုသောမေးခွန်းမှာ ဓာတ်လိုက်သောလျှပ်စီးရဲ့အားပမာဏ။ လူကိုယ်ခန္ဓာရဲ့တုံ့ပြန်ခံနိုင်မူ။ ဝင်ရောက်လာသောလျပ်စစ်စီးကြောင်းစသည်တို့အပေါ်များစွာမူတည်ပါတယ်။ ဗို့အား၅၀၀အောက်လျှပ်စစ်အားသည် ပုံမှန်ထိခိုက်မူနည်းပါတယ်။ ဗို့အား၅၀၀အထက်ပြင်းအားနှင့်ထိတွေ့ပါကပြင်းထန်သောထိခိုက်မူဖြစ်စေနိုင်ပါတယ်။ ဗို့အားပြင်းပြင်းနှင့်ဓာတ်လိုက်ခံနေရသူကို အကူအညီပေးရန်ကြိုးစားမူကိုအထူးသတိပြုသင့်ပါတယ်။ ဗို့အားပြင်းသောလျပ်စစ်ကြိုးသည် မြေပြင်ပေါ်ပြုတ်ကျနေပါက အဆိုပါကြိုးထိပ်စသည် မြေပြင်တွင်စက်ဝိုင်းကဲသို့လျှပ်စစ်ဓာတ်ပြန့်နေတတ်သည်ကိုအထူးသတိထားပါ။

ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်တယ်ဆိုတဲ့အတိုင်း လမ်းသွားရင်သတိထားရပါမယ်။ လမ်းပေါ်ရေကြီးနေတဲ့အချိန်မှာ ဘေးနားမှာရှိတဲ့ဓါတ်တိုင်မှ ကြိုးတွေပြုတ်ကျနေခြင်းရှိမရှိ ၊ မိမိသွားနေတဲ့လမ်းဘေးကဓါတ်တိုင်တွေကြံ့ခိုင်မှုရှိမရှိ အထူးသဖြင့် မိုးရွာပြီးပြီးချင်း သစ်ပင်တွေကျိုးတဲ့အခါမျိုးမှာ ဓါတ်ကြိုးတွေပေါ်ပိနေခဲ့တာမျိုး ဒီလိုတွေရှိနေခဲ့ရင် အတတ်နိုင်ဆုံးရှောင်ရှားသွားသင့်ပါတယ်။ အန္တရာယ်ဆိုတာ ကြိုတင်မြင်ရတဲ့အရာမဟုတ်တဲ့အတွက် မိမိကိုယ်တိုင်ကသတိရှိနေဖို့လည်းလိုပါတယ်။ အထူးသဖြင့် အခုလိုမိုးတွင်းအခါမျိုးမှာမိဘတွေအနေနဲ့ မိမိသားငယ်၊ သမီးငယ်တွေကို ပိုမိုဂရုစိုက်သင့်ပါတယ်။ အခြေခံလုပ်သားတွေ ၊ စက်ဘီးစီးတဲ့သူတွေနဲ့ လမ်းလျှောက်သွားလာတဲ့သူတွေလည်း အထူးဂရုစိုက်သင့်ပါတယ်။

အကယ်၍မိမိရဲ့ရှေ့မှာ ဓါတ်လိုက်နေတဲ့သူ တွေ့ရှိခဲ့ရင်လည်း ဖြစ်တဲ့နေရာ၊ ရပ်ကွက် ၊ လမ်းကို အဓိကလျှပ်စစ်ပေးတဲ့ EPC ရုံးကိုလျှပ်စစ်ဖြတ်ပေးဖို့ချက်ချင်းအကြောင်းကြားလုပ်ဆောင်သင့်ပါတယ်။ မိမိဖြတ်သန်းသွားလာနေစဉ် ဓါတ်ကြိုးပြတ်ကျ၊ ပြုတ်ကျနေတာမျိုးတွေ့ရှိခဲ့ရင်လည်း တာဝန်ရှိသူတွေမပြင်ဆင်ခင်ထိ သတိပေးဆိုင်းဘုတ်ကပ်ထားတာမျိုးဖြစ်စေ အများပြည်သူသတိထားမိပြီး မလိုလားအပ်တဲ့ဓါတ်လိုက်တာမျိုးတွေမဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်။ မိမိအိမ်မှာလည်း လျှပ်စစ်မီးဖို၊ ဒယ်အိုး၊ ပေါင်းအိုး နဲ့ လျှပ်စစ်နဲ့ပါတ်သက်တဲ့အရာတွေကိုယ်တွယ်တဲ့အခါ ကြမ်းပြင်ကလျှပ်စစ်စီးနိုင်တဲ့ တမံသလင်းဖြစ်နေတာမျိုး၊  မိုးချုန်း လျှပ်စီးလက်နေတဲ့အခါမျိုးတွေမှာလည်း ဓါတ်လိုက်နိုင်တာကြောင့် သတိထားကိုယ်တွယ်သင့်ပါတယ်။

(2)လျှပ်စစ်ဓာတ်လိုက်ခြင်းလက္ခဏာများ

-လူတစ်ယောက်ဓာတ်လိုက်နေလျှင်အပြင်ဒဏ်ရာအနည်းငယ်သာရရှိနိုင်သလိုပြင်းထန်သောမီးလောင်မူဒဏ်ရာဆိုးရွားစွာခံစားရရှိနိုင်ပါတယ်။နှလုံးရပ်သည်အထိ ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။
-လျပ်စစ်ဓာတ်ထိတွေ့သောနေရာသည် မီးလောင်မူဒဏ်အများဆုံးခံရနိုင်သောနေရာဖြစ်ပါတယ်။လက်၊ ခြေဖနောင့်နှင့်ခေါင်းစသည်တို့သည်အဓိကနေရာများပင်ဖြစ်ပါတယ်။
-မီးလောင်ခြင်းအပြင်  လျှပ်စစ်ပြင်းအားကြောင့် ကြွက်သားကျုံဆန့်မူဖြစ်ပြီး လွင့်စင်ကာ အခြားသောဒဏ်ရာများရရှိနိုင်ပါတယ်။ လွင့်စင်မူကြောင့် ကျောရိုးဒဏ်ရာရနိုင်ပါတယ်။ အတွင်းဒဏ်ရာများအနေဖြင့် မောခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် ဗိုက်နာခြင်းစသည်တို့ကိုခံစားရနိုင်ပါတယ်။
-ဓာတ်လိုက်ခြင်းကြောင့်လက်နာခြင်း။ခြေထောက်နာခြင်းဖြစ်ပါက အရိုးကျိုးနိုင်သည်ကိုသတိပြုစမ်းသပ်မူပြုလုပ်ပါ။
-ကလေးများသည် ဓာတ်လိုက်နိုင်သောပစ္စည်းများကိုပါးစပ်ထဲကောက်ထည့်လေ့ရှိသောကြောင့်ပါးစပ်နှင့်နူတ်ခမ်းတွင်မီးလောင်ဒဏ်ရာရနိုင်ပါတယ်။

(3)ဓာတ်လိုက်ခဲ့လျှင် ဘာလုပ်မလဲ

–  ဗို့အားပြင်းပြင်းနှင့်ဓာတ်လိုက်မူခံရပါက နီးစပ်ရာဆေးရုံသို့အမြန်ဆုံးပို့ဆောင်ရပါမည်။
– ဗို့အားနည်းနှင့်ဓာတ်လိုက်ခံရပါက မေးခိုင်ကာကွယ်ဆေးထိုးရန်။ မီးလောင်ဒဏ်ရာမကျက်ခဲ့သော်၊ မီးလောင်ဒဏ်ရာပြင်းထန်ခဲ့သော်၊ ကိုယ်ဝန်သည်ဓာတ်လိုက်ခဲ့သော် နီးစပ်ရာဆရာဝန်နှင့်စမ်းသပ်ကုသမူခံယူပါ။

(4)ရှာဖွေစမ်းသပ်မူ
ဓာတ်လိုက်ခံရပါက ရောဂါစမ်းသပ်မူအနေဖြင့် အီးစီးဂျီး၊ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် CT ရိုက်ခြင်းစသော စစ်ဆေးမူများပြုလုပ်သင့်ပါတယ်။

(5)ကုသမူ
ဓာတ်လိုက်ခံရသောကြောင့်ရရှိလာသောဒဏ်ရာပေါ်မူတည်ရျ် ကုသမူပြုလုပ်သင့်ပါတယ်။
-မီးလောင်ဒဏ်ရာသည် မပြင်းထန်ပါက ပိုးသတ်ဆေးလိမ်းဆေးဖြင့်ကုသခြင်း
-မီးလောင်ဒဏ်ရာသည်ပြင်းထန်ပါက သေချာသန့်ရှင်းအောင်ပြုလုပ်ကာ အရေပြားအစားထိုးသည်အထိပြုလုပ်မူခံရနိုင်သည်။
-ခြေလက်များတွင် မီးလောင်ဒဏ်ရာပြင်းထန်ပါက ခွဲစိတ်မူခံယူရနိုင်ပြီးခြေလက်ဖြတ်ရသည်အထိ ပြင်းထန်ပါတယ်။
-မျက်လုံးထိခိုက်ပါက မျက်စိဆရာဝန်နှင့်ပြသပါ။
-အရိုးကျိုးနိုင်သောကြောင့် အရိုးအထူးကုနှင့်လည်းဆွေးနွေးကုသရနိုင်ပါတယ်။

Dr.ပြည့်ရှင်း

Previous Post

အဖြစ်များတဲ့ ရင်သားကင်ဆာ

Next Post

ကလေး ၆ လ မပြည့်ခင် ထမင်းစောစောကျွေးမိရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေး ၆ လ မပြည့်ခင် ထမင်းစောစောကျွေးမိရင်

ကလေးမရတာ ဘယ်သူကြောင့်လဲ

မပေါက်စေချင်သော အမွှေးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.