Bechet’s disease
Bechet’s disease ကို ဘီရှေးလို့လည်းခေါ်ကြတယ် ဘီချက်စ်လို့လည်း ခေါ်ကြတယ် ဒီရောဂါက ရောဂါဆန်းအမျိုးအစားထဲမှာ တစ်ခုပါပါတယ် ရောဂါဘာကြောင့်ဖြစ်တယ်ဆိုတာ မသိပါဘူး အလိုလိုဖြစ်လာတာမျိုးပါ မျိုးရိုးလိုက်တာလည်းမဆိုင်တတ်ဘူး ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ်မှာ ဖောက်ပြန်တာမျိုးပါပဲ။
Bechet’s ရောဂါက အများအားဖြင့် အသက်ငယ်ငယ်အမျိုးသားတွေမှာ ဖြစ်တတ်ပါတယ် ရောဂါစဖြစ်တာနဲ့တော့ ဒါက Bechet’s ရောဂါလာလို့မသိနိုင်ပါဘူး Bechet’s ရောဂါမှာ ရောဂါလက္ခဏာတွေက အကြောင်းမရှိဘဲ အလိုလို မကြာခဏ ဖြစ်နေတတ်ပါတယ်။ဆေးခန်းလာပြတာဖြစ်စေ ondr မှာ ဆွေးနွေးကြတာဖြစ်စေ အသက် ၂၀ ၃၀ အရွယ်အမျိုးသားတွေ ပါးစပ်ထဲမှာဖြစ်စေ လိင်အင်္ဂါတွေမှာ ဖြစ်စေအနာတွေ ဖြစ်လာတယ်ဆိုရင် ဒီ Bechet’s ရောဂါကို ထည့်စဉ်းစားပါတယ်။
အမျိုးသားတစ်ယောက် ပထမဆုံးအကြိမ် ပါးစပ်ထဲအနာပေါက်တာက အပူကြောင့်လည်းဖြစ်နိုင်တယ် တစ်ခြားပိုးဝင်တာတွေကြောင့်လည်း ဖြစ်နိုင်တယ် ကွမ်းစားတာလည်း ဖြစ်နိုင်တယ် အကြောင်းမရှိဘဲလည်းဖြစ်နိုင်တယ် တစ်ကြိမ်တစ်ခါဖြစ်တာတွေက အလိုလိုလည်းပြန်ပျောက်နိုင်ပါတယ် ဒါပေမယ့် တစ်ခါမကဘဲ ခဏခဏ ပါးစပ်ထဲအနာတွေ ဖြစ်လိုက်ပျောက်လိုက် အကြောင်းလည်းရှာမရဆိုရင် ရောဂါနဲ့ ဆိုင်နိုင်တာတွေကို သေချာလိုက်မေးရပါတယ်။
Bechet’s ရောဂါမှာ အမျိုးသားတွေမှာ လိင်တဲ့တစ်ဝိုက်မှာလည်း အနာခဏခဏပေါက်နိုင်ပါတယ် အပျော်အပါး ရှိထားလို့လည်း အနာပေါက်နိုင်တယ် ဒါမျိုးဆိုရင်တော့ လိင်ဆက်ဆံခြင်းကတစ်ဆင့်ကူးနိုင်တဲ့ တစ်ခြား ရောဂါတွေကိုပါ ထည့်စဉ်းစားရပါတယ်။Bechet’s မှာ လူနာတွေ ပြောလေ့ရှိတဲ့ နောက်ထပ်ရောဂါလက္ခဏာကတော့ အဆစ်တွေနာတာပါပဲ အဆစ်ယောင်ချင်မှယောင်မယ် အဆစ်ကြီးတွေ ကိုက်ခဲနေတတ်တယ် အဆစ်နာတာက ရောဂါအများကြီးကို ထည့်စဉ်းစားရပါတယ် အဆစ်နာတိုင်းတော့လေးဘက်နာမဆိုင်ပါဘူး ဘယ်လိုအခါနာတာလဲ ဘယ်အဆစ်တွေနာတာလဲ ပြိုင်တူဖြစ်တာလားတစ်ခုပြီးတစ်ခုလား အဆစ်တွေယောင်သေးလား လှုပ်မရအောင်နာနေတာလား ခါးရောပါလား စသဖြင့် အဆစ်နာတာကို သေချာပေါ်လွင်အောင် မေးဖို့လိုပါတယ်။
Bechet’s ရောဂါဖြစ်တဲ့ အများစုမှာ ခြေထောက်တွေမှာ အညိုအမည်းစွဲသလို အလုံးတွေ အလိုလိုဖြစ်လာတတ်ပါတယ် ဖိကြည့်လည်း မနာပါဘူး အရမ်းလည်းမမာပါဘူး။Bechet’s ရောဂါမှာ ကိုယ်ခန္ဓာတုံ့ပြန်မှုတွေမှာ ပြဿနာဖြစ်လာတော့ နေရာတိုင်းမှာ ယောင်ယမ်းတာတွေဖြစ်နိုင်ပါတယ်။ မျက်စိနာတာ နီနေတာတွေ ဖြစ်နိုင်ပါတယ် သွေးကြောတွေ နာနေတာမျိုးတွေဖြစ်တတ်တယ် နာတဲ့သွေးကြောတွေစမ်းကြည့်လိုက်ရင်မာမာခဲခဲပုံစံလည်းတွေ့နိုင်တယ် ရင်ဘတ်အောင့်တာ မောတာရင်တုန်တာလည်းဖြစ်နိုင်တယ် အစားမမှာဘဲ ဗိုက်အောင့်နေတာမျိုးတွေလည်းဖြစ်နိုင်တယ်။
တစ်ချို့တွေမှာတော့ ရှားရှားပါးပါး ဦးနှောက်နဲ့အာရုံကြော ကို ထိခိုက်စေတတ်ပါတယ် ခြေလက်တွေ လှုပ်ရှားမှုထိခိုက်လာတတ်ပါတယ်။
ဒီလို ရောဂါလက္ခဏာတွေ လူနာတစ်ယောက်တည်းမှာ တစ်စုတစ်ဝေးတည်းတွေ့ပြီဆိုရင် Bechet’s ရောဂါများဖြစ်နေမလားဆိုပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်လို့ရပါတယ် လူနာတိုင်းမှာတော့ ဒီလိုလက္ခဏာတိုင်းအပြည့်အဝမရှိပါဘူး တစ်ချို့လည်း တစ်ခုနှစ်ခုလောက်ကို မကြာခဏဖြစ်နေတယ်ဆိုစစ်ဆေးရမှာပါပဲ။
စစ်ဆေးပြီး Bechet’s ရောဂါလို့ အတည်ပြုပြီးရင်တောင် ဒီရောဂါကို အပြီးပျောက်တဲ့ ဆေးရယ်လို့ သတ်သတ်မှတ်မှတ် မရှိသေးပါဘူး ဒါပေမယ့် ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေသက်သာဖို့နဲ့ ကိုယ်ခန္ဓာမှာဖြစ်နေတဲ့ ကိုယ်ခံအားစနစ်ပြဿနာအတွက်တော့ steroid လို ဆေးပြင်းတွေလိုတတ်ပါတယ် ။Steroid မတိုးတဲ့ တစ်ချို့ လူနာတွေဆိုရင်တော့ ပိုပြင်းတဲ့ ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ဆေးတွေအသုံးပြုဖို့ လိုတတ်ပါတယ်။
Bechet’s ရောဂါက မကုဘဲ ထားရင် အသက်အန္တရာယ်ရှိလားလို့ မေးလို့ရပါတယ် တိုက်ရိုက်တော့ အသက်အန္တရာယ်မရှိပေမယ့် နှလုံးယောင်တာ သွေးကြောယောင်တာတွေကနေ ဦးနှောက်နဲ့အာရုံကြောတွေ ထိခိုက်တာတွေ လေဖြတ်တာတွေ ဖြစ်နိုင်ပါတယ်။
Dr. CST