ကြွက်နို့တွေဟာ အိပ်ချ်ပီဗွီ (HPV) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းဗိုင်းရပ်စပ်က အရေပြားထဲဝင် ရောက်ပြီး ပွားများစေ ခြင်းကနေ ပွားများလာပြီးအဖုကလေးတွေ ဖြစ်ပေါ်လာတယ်။ တစ်ကိုယ်လို့ကိုယ်ခံ အားကလည်းကျဆင်းနေရင် ကြွက်နို့များပွား လာကာ တစ်နေရာမှတစ်နေရာ၊ ဘယ်မှညာရောက်ရှိနိုင်တယ်။ ခြေဖမိုး၊ လက်ချောင်းလေးများ၊ လက်မောင်းနဲ့ လိင်အင်္ဂါ ကြွက်နို့များအဖြစ် တွေ့ရတတ်တယ်။
ရှောင်ကြဉ်သင့်တဲ့အစာတွေက ပြည့်ဝဆီ (ဆီအုန်း၊ နှစ်ခါပြန်ကြော်ဆီ) ဝက်ဆီနဲ့ပြင်ဆင်ထားတဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့ မစားသင့်ဘူး။ အချို့ဓာတ်များတဲ့အစာနဲ့ ပါဝါသကြားသုံးထားတဲ့အချို ရည်၊ ဘီယာ၊ အရက်နဲ့ကော်ဖီတို့ အလွန်အကျွံသောက်ခြင်း၊ တာရှည်ခံစေဖို့ပြုပြင်ထားတဲ့ အစားအစာဆိုးဆေး များ၊ အချိုဓာတ်ထည့်ထားတဲ့ အစားအစာများ၊ အကင်အစားအစာနဲ့ဒိန်ခဲများ ရှောင်ကြဉ်သင့်ပါတယ်။
စားသင့်တဲ့အစားအစာတွေက ဗီတာမင်အေနဲ့ကယ်ရိုတင်းက အရေပြားကျန်းမာရေးအတွက်အရေးကြီးလို့ အစိမ်းရင့်ရောင်အ ရွက်များ၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ အသည်း၊ ဆူဖြိုးတဲ့ငါးများစားပေးရမယ်။ ကန့်ဓာတ် ပါတဲ့အစားအစာတွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာစိမ်း၊ အညှောင့်ပေါက်များ၊ ပဲတီ ပင်ပေါက်များ၊ အဆီထုတ်ထားတဲ့နို့နှင့် နို့ထွက်ပစ္စည်းများ ဗီတာမင်စီဓာတ်ကြွယ်ဝလွန်းတဲ့ အစားအစာများ လိမ္မောသီး၊ သံပုရာသီး၊ ရှောက်သီးများ၊ ခရမ်းရောင်၊ အနီရောင်နဲ့ လိမ္မော်ရောင်အသီးအနှံများ စားသုံးသင့်ပါ တယ်။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာမပါဝင်စေလို့ဖြစ်ပါတယ်။
အသုံးပြုသင့်တဲ့ အိမ်သုံးဆေးဝါးတွေက ကိုယ်ဝန်မရှိရင် နေ့စဉ်ဗီတာမင်အေကို ၂၀၀၀၀ အိုင်ယူတစ်လအထိ သောက်ပေးရင် ဗိုင်းရပ်စ်ပိုးခုခံနိုင်တယ်။ သဘာဝဗီတာမင်အီး ၄၀၀ အိုင်ယူကိုနေ့စဉ်မှီဝဲသင့်တယ်။ ခန္ဓာကိုယ် တွင်းရှိခုခံအားမြှင့်တင်ပေးရေး အတွက် ဗီတာမင်ဒီ ၂ ဂရမ်ကိုနေ့စဉ်သောက်သုံးဖို့လိုတယ်။ ပမာဏမြင့်မားစွာပါ တဲ့ဗီတာမင်မျိုးစုံနဲ့ သတ္ထုဓာတ်အထူးသဖြင့် ဆီလီနီယမ် ၂၀၀ မိုက်ခရိုဂရမ်နဲ့ ဇင် ၂၀ မီလီဂရမ်တို့နေ့စဉ် သောက်ပေးဖို့လိုပါတယ်။
အကြံပြုချက်ပေးရရင် ပန်းသီးနဲ့အချဉ်ဖောက်ထားတဲ့ ရှာလပတ်ရည်၊ ပလက်စတာကိုကြွက်နို့ပေါ်တင်ပေးကပ် ပေးကာပလက်စ တာကိုမှန်မှန်လဲလှယ်ပေးပြီး ရှာလပတ်ရည်များနဲ့နှစ်ပေးရင် ကြွက်နို့ဟာနှစ်ပတ်အတွင်း ပျောက်ကင်းသွားနိုင်တယ်။ ကြွက်နို့ကို တစ်ခါသုံးဓါးနဲ့ နည်းနည်းလှီးပြီးထည့်ပေးရမယ်။ လတ်လတ်ဆတ်ဆတ် ကြိတ်ထားတဲ့ ကြက်သွန်ဖြူမှာ ဗီတာမင်အေနဲ့ ဗီတာမင် အီးဆေးတောင့်များ ဖောက်ထည့်ကာ ဇင့်ခရမ်နဲ့ရောရင် ကြွက်နို့နေရာမှာအုံပြီး အပေါ်ကပတ်တီးနဲ့ဖိထားရင် ကြွက်နို့ပတ်လည် ကအရေပြားရောင်ရမ်းလာရင် ကြက်သွန် ဖြူကိုရောသုတ်ပေးရမယ်။ အချို့ကလည်း ဟိုမီယိုပက်သီးနည်းနဲ့ ကုသကြပါတယ်။
အိပ်ချ်ပီဗွီ (HPV) ဗိုင်းရပ်ဟာ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ဗိုင်းရပ်စ်ဖြစ်ပြီး အကာကွယ်မဲ့လိင်ဆက်ဆံခြင်း ကနေလိင်အင်္ဂါ ကြွက်နို့၊ လူ့ခန္ဓာကိုယ်ကြွက်နို့များအဖြစ် ကူးစက်ပျံ့နှံ့လာစေတယ်။ ဆယ်ကျော်သက်အမျိုးသမီး အင်္ဂါမှအရည်ယူကြည့်လို့ အိပ်ချ်ပီဗွီ ဗိုင်းရပ်စ်မရှိရင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှစ်လုံး ခြောက်လခြားကာ ထိုးနှံစေခြင်းကသားအိမ်ခေါင်း ကင်ဆာအပြင် ကြွက်နို့တွေပါပျောက်စေတယ်။ ကြွက်နို့များပြားရင်လေ ဆာနဲ့ ကုသပေးရတဲ့အထိတွေ့ဖူးပါတယ်။
Author – ဒေါက်တာလွင်သန့် (Vol-7 / No-43) Healthcare Journal