(Zawgyi)
တစ္ေန႔ေသာ ညေနခ်မ္းအခါ ဇီဝက ေဆးခန္းသို႔ အၿမဲလာကာစပ္စုေနၾက ဝတ္ဆန္ဆိုတဲ့ သူငယ္မ ေရာက္လာေလ၏ ။
ဇီဝက ။ ။ ဆို ၊လာရင္းကိစၥက ဘာတဲ့တုန္း ၊မိဝတ္ဆန္ ။
ဝတ္ဆန္။ ။ ဒီလို ဆရာေရ ။ညီမေလ ေခြၽးေတြက တအားထြက္တာ ။သူမ်ားနဲ႔ကို မတူဘူး ။ညေန အလုုပ္ကအျပန္ဆို ေခြၽးကြက္ႀကီးမွခ်ိဳင္းၾကားမွာ အႀကီးႀကီး ။အဲတာ စိတ္ညစ္ေနတာ ၊ဆရာေရ ။ဟိုဟာေလးလိမ္းလိုက္ ၊ေက်ာက္ခ်ဥ္ေလးတို႔လိုက္ နဲ႔ ဆရာေရ ။ျဖစ္ေနတာ ၾကာၿပီ ။အဲတာ ဘာေၾကာင့္ ေခြၽးက သူမ်ားေတြထက္ ပိုထြက္ရတာလဲ သိခ်င္လို႔ ၊ဆရာ ။
ဇီဝက ။ ။ ဆရာတို႔ အေနနဲ႔ ေခြၽးထြက္တာကို ေဆးပညာ အရ ဒိုင္ယာဖိုရီးဆစ္Diaphoresis လို႔ေခၚသဟ ။ေခြၽးထြက္လြန္တာကိုက်ေတာ့ hyperhyDrosis လို႔ ေခၚျပန္ေရာ ။ေခြၽးထြက္လြန္တာကို ၂မ်ိဳး ျပန္ခြဲျပန္ေရာ ။
၁)အေၾကာင္းအရင္းမရွိဘဲ ေခြၽးထြက္လြန္တာကို အေျခခံ ဟိုက္ပါ
ဟိုက္ဒ႐ိုဆစ္ Primary Hyperhydrosis တဲ့ ။
၂)အေၾကာင္းအရင္း အေျခခံ တစ္ခုခုေၾကာင့္ျဖစ္တဲ့ ဟိုက္ပါဟိုက္ဒ႐ို
ဆစ္ Secondary Hyperhydrosis ဆိုၿပီး ရွိတယ္ ။
ဝတ္ဆန္ ။ ။သူတို႔ေတြက ဘယ္လို အေၾကာင္းတရားေတြေၾကာင့္ ျဖစ္တာလဲ
ဆရာ ။
ဇီဝက ။ ။ အေျခခံ ေခြၽးထြက္လြန္ျခင္းကေတာ့ တိတိက်က် ေျပာပေလာက္တဲ့အေၾကာင္းအရင္း မရွိဘူး ဟ။ျဖစ္တတ္တာကေတာ့ ကိုယ္လက္လႈပ္ရွားမ်ားရင္ ၊စိတ္လႈွုပ္ရွားရင္ ၊ရာသီဥတုပူျပင္းရင္ အပူအစပ္အစားမ်ားရင္ ေတာ့ ပိုျဖစ္တာေပါ့ ။Secondary hyperhidrosis က်ေတာ့ တခ်ိဳ႕ေသာ ေရာဂါေတြေၾကာင့္ျဖစ္တတ္တယ္ ။ဥပမာ-တီဘီေရာဂါ ၊သိုင္း႐ြိဳင္ဂလင္းေရာဂါ ၊ က်ဴမာအႀကိတ္အဖုေရာဂါေတြ ။တခ်ိဳ႕က်ေတာ့လည္း ေသြးဆုံးကိုင္ခါနီးျဖစ္တယ္ ။တခ်ိဳ႕ဆိုရင္ေတာ့ မွီဝဲတဲ့ေဆးဝါးအေပၚျပန္လည္ တုန႔္ျပန္တဲ့အေျခအေနေတြ မွာ ျဖစ္တတ္တယ္ ။ဝတ္ဆန္။ ။ ေခြၽးကေလ ခ်ိဳင္းေတြအျပင္ ဘယ္ေနရာေတြကေရာ ထြက္တတ္ေသးလဲ ဆရာ ။
ဇီဝက ။ ။ အထူးသျဖင့္ ေခြၽးဂလင္းရွိတဲ့ေနရာေတြေပါ့ ဟာ ။
ခ်ိဳင္းၾကား ၊ေျခဖဝါး လက္ဖဝါး ၊မ်က္ႏွာတစ္ဝိုက္တို႔ေပါ့ ။
ဝတ္ဆန္။ ။ ဘယ္လိုလုပ္ရင္ ေပ်ာက္မလဲ ၊ဆရာ ။
ဇီဝက ။ ။ အဲတာကေတာ့ ျဖစ္တဲ့ အမ်ိဳးအစားေပၚမူတည္တယ္ ။Secondary Hyperhydrosis ဆိုရင္ ျဖစ္ရတဲ့ အေၾကာင္းအရင္းကိုရွာကုရတာေပါ့ ။ဥပမာ-သိုင္း႐ြိဳက္ အႀကိတ္ကိုကုတာမ်ိဳး ။
Primary Hyperhydrosis က်ေတာ့ အဓိက ကေတာ့ သက္သာေအာင္လုပ္ေပးလို႔ရတယ္ဟာ ။ေခြၽးပိုထြက္ေစမယ့္ အေနအထိုင္မ်ိဳးေရွာင္ေပါ့ဟာ ။အပူအစပ္ေရွာင္ ။ေနပူထဲ မေနနဲ႔ ။ကိုယ္လက္
လႈပ္ရွားျပင္းထန္စြာ မလုပ္နဲ႔ ။မိမိေနတဲ့ အခန္းေတြ ေလဝင္ေလထြက္ေကာင္းပါေစ ။အဝတ္အစားေတြ ပါးလ် ၿပီးေလဝင္ေလထြက္ေကာင္းပါေစ ။မ်က္ႏွာကို ျခယ္သရင္လည္း ထူပိန္းမေနေစနဲ႔ ။ေခြၽးတိတ္လိမ္းေဆး anti-perspirants ေတြလိမ္း ။ခ်ိဳင္းၾကားဆိုရင္ ေက်ာက္ခ်ဥ္လည္းသုံးလို႔ ရတယ္ ။ပိုဆိုးလာရင္ေတာ့ ဘိုေတာက္စ္ Botox ထိုးေဆးနဲ႔ ကုတာမ်ိဳး ၊ခြဲစိတ္ကုတာမ်ိဳးေတာ့ အလွအပေရးရာ ဆရာဝန္ေတြနဲ႔ တိုင္ပင္ကုသလို႔ရတယ္ ။
ဝတ္ဆန္ ။ ။ ေက်းဇူးတင္လိုက္တာ ၊ဆရာရယ္ ။ခုမွ အျပည့္အ၀ သိေတာ့တယ္ ။ဆရာေျပာသလို အရင္ဆုံးအေနအထိုင္ေတြ ဆင္ျခင္ၾကည့္တာ ေကာင္းမယ္ေနာ္ ။
ဇီဝက ။ ။ ေအးေပါ့ကြာ ။ညည္းမွာက ေရာဂါေထြေထြျပားျပားမွ မရွိတာ ။ဆရာ ေျပာသလိုသာ အရင္ က်င့္သုံးၾကည့္ ၊ဟုတ္ၿပီလား ။
ဝတ္ဆန္ ။ ။ ဟုတ္ကဲ့ပါ ၊ဆရာ ။ျပန္ခြင့္ျပဳပါဦးေနာ္ ။
ဇီဝက ။ ။ ေအး ၊ေအး ။
Author – ေခတ္သစ္ ဇီဝက
( Unicode )
တစ်နေ့သော ညနေချမ်းအခါ ဇီဝက ဆေးခန်းသို့ အမြဲလာကာစပ်စုနေကြ ဝတ်ဆန်ဆိုတဲ့ သူငယ်မ ရောက်လာလေ၏ ။
ဇီဝက ။ ။ ဆို ၊လာရင်းကိစ္စက ဘာတဲ့တုန်း ၊မိဝတ်ဆန် ။
ဝတ်ဆန်။ ။ ဒီလို ဆရာရေ ။ညီမလေ ချွေးတွေက တအားထွက်တာ ။သူများနဲ့ကို မတူဘူး ။ညနေ အလုုပ်ကအပြန်ဆို ချွေးကွက်ကြီးမှချိုင်းကြားမှာ အကြီးကြီး ။အဲတာ စိတ်ညစ်နေတာ ၊ဆရာရေ ။ဟိုဟာလေးလိမ်းလိုက် ၊ကျောက်ချဉ်လေးတို့လိုက် နဲ့ ဆရာရေ ။ဖြစ်နေတာ ကြာပြီ ။အဲတာ ဘာကြောင့် ချွေးက သူများတွေထက် ပိုထွက်ရတာလဲ သိချင်လို့ ၊ဆရာ ။
ဇီဝက ။ ။ ဆရာတို့ အနေနဲ့ ချွေးထွက်တာကို ဆေးပညာ အရ ဒိုင်ယာဖိုရီးဆစ်Diaphoresis လို့ခေါ်သဟ ။ချွေးထွက်လွန်တာကိုကျတော့ hyperhyDrosis လို့ ခေါ်ပြန်ရော ။ချွေးထွက်လွန်တာကို ၂မျိုး ပြန်ခွဲပြန်ရော ။
၁)အကြောင်းအရင်းမရှိဘဲ ချွေးထွက်လွန်တာကို အခြေခံ ဟိုက်ပါ
ဟိုက်ဒရိုဆစ် Primary Hyperhydrosis တဲ့ ။
၂)အကြောင်းအရင်း အခြေခံ တစ်ခုခုကြောင့်ဖြစ်တဲ့ ဟိုက်ပါဟိုက်ဒရို
ဆစ် Secondary Hyperhydrosis ဆိုပြီး ရှိတယ် ။
ဝတ်ဆန် ။ ။သူတို့တွေက ဘယ်လို အကြောင်းတရားတွေကြောင့် ဖြစ်တာလဲ
ဆရာ ။
ဇီဝက ။ ။ အခြေခံ ချွေးထွက်လွန်ခြင်းကတော့ တိတိကျကျ ပြောပလောက်တဲ့အကြောင်းအရင်း မရှိဘူး ဟ။ဖြစ်တတ်တာကတော့ ကိုယ်လက်လှုပ်ရှားများရင် ၊စိတ်လှုှုပ်ရှားရင် ၊ရာသီဥတုပူပြင်းရင် အပူအစပ်အစားများရင် တော့ ပိုဖြစ်တာပေါ့ ။Secondary hyperhidrosis ကျတော့ တချို့သော ရောဂါတွေကြောင့်ဖြစ်တတ်တယ် ။ဥပမာ-တီဘီရောဂါ ၊သိုင်းရွိုင်ဂလင်းရောဂါ ၊ ကျူမာအကြိတ်အဖုရောဂါတွေ ။တချို့ကျတော့လည်း သွေးဆုံးကိုင်ခါနီးဖြစ်တယ် ။တချို့ဆိုရင်တော့ မှီဝဲတဲ့ဆေးဝါးအပေါ်ပြန်လည် တုန့်ပြန်တဲ့အခြေအနေတွေ မှာ ဖြစ်တတ်တယ် ။ဝတ်ဆန်။ ။ ချွေးကလေ ချိုင်းတွေအပြင် ဘယ်နေရာတွေကရော ထွက်တတ်သေးလဲ ဆရာ ။
ဇီဝက ။ ။ အထူးသဖြင့် ချွေးဂလင်းရှိတဲ့နေရာတွေပေါ့ ဟာ ။
ချိုင်းကြား ၊ခြေဖဝါး လက်ဖဝါး ၊မျက်နှာတစ်ဝိုက်တို့ပေါ့ ။
ဝတ်ဆန်။ ။ ဘယ်လိုလုပ်ရင် ပျောက်မလဲ ၊ဆရာ ။
ဇီဝက ။ ။ အဲတာကတော့ ဖြစ်တဲ့ အမျိုးအစားပေါ်မူတည်တယ် ။Secondary Hyperhydrosis ဆိုရင် ဖြစ်ရတဲ့ အကြောင်းအရင်းကိုရှာကုရတာပေါ့ ။ဥပမာ-သိုင်းရွိုက် အကြိတ်ကိုကုတာမျိုး ။
Primary Hyperhydrosis ကျတော့ အဓိက ကတော့ သက်သာအောင်လုပ်ပေးလို့ရတယ်ဟာ ။ချွေးပိုထွက်စေမယ့် အနေအထိုင်မျိုးရှောင်ပေါ့ဟာ ။အပူအစပ်ရှောင် ။နေပူထဲ မနေနဲ့ ။ကိုယ်လက်
လှုပ်ရှားပြင်းထန်စွာ မလုပ်နဲ့ ။မိမိနေတဲ့ အခန်းတွေ လေဝင်လေထွက်ကောင်းပါစေ ။အဝတ်အစားတွေ ပါးလျ ပြီးလေဝင်လေထွက်ကောင်းပါစေ ။မျက်နှာကို ခြယ်သရင်လည်း ထူပိန်းမနေစေနဲ့ ။ချွေးတိတ်လိမ်းဆေး anti-perspirants တွေလိမ်း ။ချိုင်းကြားဆိုရင် ကျောက်ချဉ်လည်းသုံးလို့ ရတယ် ။ပိုဆိုးလာရင်တော့ ဘိုတောက်စ် Botox ထိုးဆေးနဲ့ ကုတာမျိုး ၊ခွဲစိတ်ကုတာမျိုးတော့ အလှအပရေးရာ ဆရာဝန်တွေနဲ့ တိုင်ပင်ကုသလို့ရတယ် ။
ဝတ်ဆန် ။ ။ ကျေးဇူးတင်လိုက်တာ ၊ဆရာရယ် ။ခုမှ အပြည့်အ၀ သိတော့တယ် ။ဆရာပြောသလို အရင်ဆုံးအနေအထိုင်တွေ ဆင်ခြင်ကြည့်တာ ကောင်းမယ်နော် ။
ဇီဝက ။ ။ အေးပေါ့ကွာ ။ညည်းမှာက ရောဂါထွေထွေပြားပြားမှ မရှိတာ ။ဆရာ ပြောသလိုသာ အရင် ကျင့်သုံးကြည့် ၊ဟုတ်ပြီလား ။
ဝတ်ဆန် ။ ။ ဟုတ်ကဲ့ပါ ၊ဆရာ ။ပြန်ခွင့်ပြုပါဦးနော် ။
ဇီဝက ။ ။ အေး ၊အေး ။
Author – ခေတ်သစ် ဇီဝက