fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သက်ငယ်အိမ်ထောင်ပြုခြင်း

315
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/02/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

လက္ရွိႏႈန္းအတိုင္းသာ ဆက္သြားေနမယ္ဆိုရင္ ၂၀၃၀ ျပည့္ႏွစ္ေရာက္တဲ့အခါ ကေလးဘဝအိမ္ေထာင္ခ်ေပးခံရတဲ့ မိန္းကေလးအေရအတြက္ဟာ သန္းတစ္ေထာင္ကို ေရာက္သြားလိမ့္မယ္လို႔ ကုလသမဂၢကဆိုတယ္။

အသက္မျပည့္ခင္ ငယ္ငယ္ကတည္းက အိမ္ေထာင္ခ်ေပးခံရတဲ့ မိန္းကေလးတို႔ဟာ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ် ဖြံ႕ၿဖိဳးဖို႔ အခြင့္အလမ္းပါ ေပ်ာက္ဆုံးသြားရေၾကာင္း ကုလသမဂၢကဆိုတယ္။ ေစာေစာစီးစီး အိမ္ေထာင္က်ျခင္းေၾကာင့္ ပညာေရး ရပ္တန႔္သြားရသလို အိမ္တြင္းအၾကမ္းဖက္မႈ၊ အိပ္ခ်အိုင္ဗီ၊ ေအအိုင္ဒီအက္ အႏၲရာယ္ေတြပါ ရင္ဆိုင္ရႏိုင္သလို ခႏၶာကိုယ္အဆင့္သင့္ မျဖစ္ေသးခင္ ေစာေစာစီးစီး ကိုယ္ဝန္ေဆာင္ရလို႔၊ မီးဖြားျခင္းဆိုင္ရာ အခက္အခဲေတြ အသက္ဆုံုးရႈံးရတဲ့အထိ ရင္ဆိုင္ေနရတယ္လို႔ ကုလသမဂၢက ဆိုပါတယ္။

ကေလးအိမ္ေထာင္ခ်ေပးတဲ့ ဓေလ့ဟာ လူသားရင္းျမစ္ကို ႐ိုက္ခ်ိဳးရာေရာက္လို႔ လူမႈစီးပြားတိုးတက္မႈမ်ားေလ့်ာက်ကာ၊ တိုင္းျပည္ကလည္း ဆင္းရဲမြဲေတမႈ သံသရာထဲ လည္ပတ္ေနတယ္ဆိုတယ္။ သည္ေလာက္ဆိုးက်ိဳးမ်ားေနတဲ့တိုင္ ကမာၻေပၚမွာ ကေလးအိမ္ေထာင္ျပဳခြင့္ေပးထားတဲ့ ႏိုင္ငံ ၁၀၇ ႏိုင္ငံရွိေနဆဲျဖစ္ရာ ျမန္မာႏိုင္ငံလည္း ပါဝင္ေၾကာင္း Pew Research Center ရဲ႕ စစ္တမ္းက ေဖာ္ျပတယ္။

Pew ဟာ ၁၉၈ ႏိုင္ငံကို အကဲျဖတ္ခဲ့ရာ အားလုံးနီးပါး ၁၉၂ ႏိုင္ငံဟာ အိမ္ေထာင္ျပဳဖို႔ အနိမ့္ဆုံးရွိရမယ့္ အသက္ကို ဥပေဒနဲ႔ သတ္မွတ္ေပးထားၿပီးျဖစ္ေၾကာင္းလည္း ေတြ႕ခဲ့ရတယ္။ အီေကြတိုရီယမ္၊ ဂီနီ၊ ဇမ္ဘီယာ၊ ေဆာ္ဒီအာေရဗ်၊ ဆိုမာလီယာ၊ ေတာင္ဆူဒန္နဲ႔ ယီမင္ႏိုင္ငံမွာ အနိမ့္ဆုံးရွိရမယ့္ အသက္ကို တရားဝင္ သတ္မွတ္ေပးျခင္းမရွိေသးေၾကာင္း ေတြ႕ရတယ္ဆိုတယ္။
၁၁၇ ႏိုင္ငံက ကေလးအိမ္ေထာင္ျပဳမႈကို ဥပေဒအရ ခြင့္ျပဳထားဆဲျဖစ္တယ္။ အသက္ ၁၈ ႏွစ္ေက်ာ္မွ အိမ္ေထာင္ျပဳခြင့္ရွိတယ္လို႔ တရားဝင္ သတ္မွတ္ထားတဲ့ ႏိုင္ငံေတြမွာပင္ ခြၽင္းခ်က္နဲ႔ ၁၈ ႏွစ္ေအာက္ေတြ အိမ္ေထာင္ျပဳခြင့္ေပးတဲ့ ဥပေဒမ်ား ရွိေနဆဲျဖစ္တယ္ဆိုတယ္။

ၾသစေၾတးလ်မွ တရား႐ုံးခြင့္ျပဳပါက ၁၈ႏွစ္အထက္ဟာ ၁၆ ႏွစ္နဲ႔ ၁၈ ႏွစ္ၾကား လူတစ္ဦးကို လက္ထပ္ႏိုင္တယ္။ အီရတ္၊ ဂ်ာေမကာ၊ ဥ႐ုေဂြးတို႔မွာလည္း ႏွစ္ဖက္မိဘသေဘာတူရင္ ကေလးေတြ လက္ထပ္ေပးခြင့္ရွိတယ္။ စစ္တမ္းပါဝင္တဲ့ ႏိုင္ငံေတြအနက္ ငါးပုံတစ္ပုံ ၃၈ ႏိုင္ငံဟာ ေယာက်ာၤးေလးမ်ားနဲ႔ မိန္းကေလးေတြအတြက္ အိမ္ေထာင္ျပဳခြင့္ အနိမ့္ဆုံး အသက္ကန႔္သတ္ခ်က္ေတြ မတူၾကတာေတြ႕ရတယ္။ မိန္းကေလးရဲ႕ အသက္ကန႔္သတ္ခ်က္က နိမ့္ေနတာ ဘဂၤလားေဒ့ရ္ွမွာ မိန္းကေလးေတြ ၁၈ ႏွစ္မျပည့္ခင္ အိမ္ေထာင္ျပဳႏိုင္ေပမယ့္ ေယာက်ာၤးေလးက ၂၁ ႏွစ္ျပည့္မွ ျပဳခြင့္ရွိတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ၅၂ သန္းခန႔္ရွိရာ၊ အသက္ ၁၀ ႏွစ္မွ ၁၉ ႏွစ္အတြင္း အမ်ိဳးသမီးငယ္ စုစုေပါင္း ငါးသန္းခန႔္ရွိေၾကာင္း သိရတယ္။ အစိုးရမဟုတ္တဲ့ က်န္းမာေရးအဖြဲ႕ ေတြ႕ရွိခ်က္အရ ကမာၻေပၚမွာ အသက္ ၂၀ ေအာက္မိခင္မွ ေမြးတဲ့ကေလး ၁၃ သန္းရွိရာ ျမန္မာႏိုင္ငံလည္း ပါဝင္တယ္ဆိုတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ခန႔္မွန္းခ်က္အရ အသက္ ၁၂ မွွ ၁၉ ႏွစ္ၾကားကိုယ္ဝန္ေဆာင္သူေတြဟာ အသက္ ၂၀ မွ ၂၄ ႏွစ္အ႐ြယ္အမ်ိဳးသမီး ကိုယ္ဝန္ေဆာင္ပါက အသက္ ၂၀ အ႐ြယ္ ကိုယ္ဝန္ေဆာင္ထက္ မီးတြင္း ေသဆုံးႏႈန္း ငါးဆျမင့္လာမယ္ဆိုတယ္။ ျမန္မာႏိုင္ငံမွာ အသက္ ၁၃ ႏွစ္ သက္ငယ္ကိုယ္ဝန္ေဆာင္ေတြ ပိုမိုေတြ႕လာရေၾကာင္း ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး (ရန္ကုန္) သားဖြားႏွင့္မီးယပ္ပါေမာကၡ ေဒါက္တာ စိုးလြင္က ဇူလိုင္ (၈) ရက္မွာ ေျပာခဲ့တယ္။

ဆယ္ေက်ာက္သက္အ႐ြယ္ ျမန္မာမိန္းကေလးေတြ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲမ်ား စိန္ေခၚမႈေတြဟာ ကမာၻႀကီးရဲ႕ အနာဂတ္ကို ၿခိမ္းေျခာက္ေနေၾကာင္း အထူးသျဖင့္ ေယာက်ာၤးေလးမ်ားထက္ ပိုၿပီး စိန္ေခၚမႈေတြ ရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း ႏိုင္ငံအမ်ားစုက အပ်ိဳဝင္စမိန္းကေလးေတြကို အိမ္ေထာင္ျပဳကိုယ္ဝန္ေဆာင္ဖို႔၊ ကေလးေမြးဖို႔ အခ်ိန္တန္ၿပီလို႔ မိသားစုနဲ႔ ပတ္ဝန္းက်င္က ယူဆေလ့ရွိေၾကာင္း သည့္အတြက္ မိန္းကေလးငယ္ေတြ မလိုလားအပ္တဲ့ ေဝဒနာခံစားရၿပီး ငယ္စဥ္ဘဝလြတ္လပ္တဲ့ လူ႔အခြင့္အေရးမ်ား ဆုံးရႈံးေစႏိုင္ေၾကာင္း ၂၀၁၆ ခုႏွစ္ ဇူလိုင္လ ည ၁၁ ရက္ေန႔ ကမာၻ႔လူဦးေရေန႔မွာ ေနျပည္ေတာ္ သဂၤဟ ဟိုတယ္မွာ က်င္းပတဲ့ အထိမ္းအမွတ္ အခမ္းအနားမွာ ဒုတိယ သမၼတ ဦးျမင့္ေဆြက ေျပာၾကားခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ကမာၻ႔လူဦးေရေန႔ ေဆာင္ပုဒ္က ဆယ္ေက်ာ္သက္ အမ်ိဳးသမီးဘ၀ ျမႇင့္တင္ေရး ရင္းႏွီးျမႇပ္ႏွံ ပံ့ပိုးေပးျဖစ္တယ္။ ပါေမာကၡ ေဒါက္တာစိုးလြင္က ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္မ်ားရျခင္းက အင္တာနက္၊ ေဖ့ဘြတ္ေခတ္စားျခင္းလို႔ သုံးသပ္ျပသြားသလို ဆယ္ေက်ာ္သက္အ႐ြယ္ အသက္ ၁၅ ႏွစ္ ၁၆ ႏွစ္ကိုယ္ဝန္ေဆာင္သူေတြ ရွိတဲ့အနက္ အခ်ိဳ႕အသက္ ၁၃ ႏွစ္အ႐ြယ္ ကိုယ္ဝန္ေဆာင္မ်ားပါေတြ႕လာရတယ္ဆိုတယ္။ ဖ်က္ခ်ၿပီးမွ ေရာက္လာတာတို႔ ကိုယ္ဝန္ရွိမွန္း မသိဘဲလာျပမွ ကိုယ္ဝန္ရွိမွန္း သိလာတာတို႔ ေတြ႕ရတယ္။ လြတ္လပ္ပြင့္လင္းလာတာ၊ အေနအထိုင္၊ စားေသာက္ပုံ၊ အရက္၊ ဘီယာယဥ္ေက်းမႈ၊ ႏိုက္ကလပ္၊ ပတ္ဝန္းက်င္ေျပာင္းလဲလာမႈက အေၾကာင္းမ်ိဳးစုံ ျဖစ္လာႏိုင္ပါတယ္။ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ ၁.၃၉ က ဖ်က္ခ်ခံရတယ္။
ဆူဒန္ႏိုင္ငံမွာ မိန္းကေလး ၁၀ ႏွစ္ေက်ာ္ရင္ ေယာ္က်ာၤးေလး ၁၅ ႏွစ္လူပ်ိဳေဖာ္ဝင္ရင္ အိမ္ေထာင္ျပဳခြင့္ရွိတယ္။ တန္ဇန္းနီးယားမွာ ၁၅ ႏွစ္ေရာက္မွ အစစ္အမွန္ အိမ္ေထာင္မႈကိစၥျပဳေစမယ္လို႔ ကတိခံႏိုင္ရင္ ၁၂ ႏွစ္ကတည္းက ႀကိဳတင္လက္ထပ္ေပးထားခြင့္ ရွိေနတယ္။

တရားဥပေဒက ကန႔္သတ္ထားတဲ့တိုင္ အစဥ္အလာမ်ား ကိုင္စြဲတာ ငယ္ငယ္ကတည္းက လက္ထပ္ေပးၾကတယ္။ အာဖဂန္နစၥတန္မွာ မိန္းကေလး ၁၆ ႏွစ္ မိဘ၊ တရား႐ုံးခြင့္ျပဳရင္ ဆယ့္ငါးႏွစ္၊ ေယာက်ာၤးေလး ၁၈ ႏွစ္ျပည့္မွ လက္ထပ္ခြင့္ရွိေပမယ့္ ဥပေဒခ်ိဳးေဖာက္ကာ ငယ္ငယ္နဲ႔ လက္ထပ္ေပးမႈမ်ားေနဆဲပါပဲ။

Girls Not Brides အဖြဲ႕ အစီရင္ခံခ်က္အရ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွ အမ်ိဳးသမီး သုံးပုံတစ္ပုံဟာ ၁၈ ႏွစ္မျပည့္ဘဲ အိမ္ေထာင္ခ်တာ ခံေနရေၾကာင္း သိရတယ္။ ဘယ္သူနဲ႔ ဘယ္အခ်ိန္ အိမ္ေထာင္ျပဳမယ္ဆိုတာ မိန္းကေလးတိုင္း ေ႐ြးခ်ယ္ခြင့္မွန္ေပမယ့္ ကမာၻေပၚမွာ ႏွစ္စဥ္ မိန္းကေလးသန္းေပါင္းမ်ားစြာဟာ ယင္းအခြင့္အေရးဆုံးရႈံးေနရွာတယ္လို႔ ကုလသမဂၢလူဦးေရ ရန္ပုံေငြအဖြဲ႕ အရာရွိခ်ဳပ္ကဆိုပါတယ္။

ဆယ္ေက်ာ္သက္ အိမ္ေထာင္သည္မ်ား တိုးပြားမႈျဖစ္စဥ္ဟာ ဝင္ေငြနည္းပါးတဲ့ ျမန္မာအပါအဝင္ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံမ်ားမွျဖစ္ကာ ၂၀၁၅ ခုႏွစ္စာရင္းအရ ဆယ္ေက်ာ္သက္အ႐ြယ္ အမ်ိဳးသမီးငယ္အေရအတြက္ဟာ ကမာၻေပၚမွာ သန္း ၆၈၀ ခန႔္ရွိၿပီး သန္း ၅၀၀ ေက်ာ္မွာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံကျဖစ္ေသာ ပညာေရးအဆင့္အတန္းနိမ့္က်သလို က်န္းမာေရး ေစာင့္ေရွာက္မႈ အားနည္းတဲ့ ႏိုင္ငံေတြျဖစ္ေၾကာင္း မ်ိဳးဆက္ပြားက်န္းမာေရး ေစာင့္ေရွာက္မႈေတြရရွိဖို႔ခဲယဥ္းၿပီး အလုပ္အကိုင္သစ္ အခြင့္အလမ္းနည္းပါးတဲ့ ႏိုင္ငံေတြျဖစ္ကာ ဆယ္ေက်ာ္သက္ အမ်ိဳးသမီးေတြ ျမႇင့္တင္ေပးဖို႔ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးဖို႔ ပညာေရးအစီအစဥ္နဲ႔ က်န္းမာေရးမူဝါဒခ်မွတ္ၿပီး ရင္းႏွီးျမႇပ္ႏွံဖို႔ အလြန္အေရးႀကီးေၾကာင္း စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္ပံ့ျဖစ္ေစၿပီး လူဦးေရ ထိန္းခ်ဳပ္မႈသတိျပဳဖို႔ လိုအပ္ေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနမွာ ဆယ္ေက်ာ္သက္အ႐ြယ္ မိန္းကေလးေတြ အ႐ြယ္မတိုင္မီ အိမ္ေထာင္ျပဳျခင္း ကိုယ္ဝန္ေဆာင္ျခင္း၊ ကေလးေမြးဖြားျခင္း၊ အိမ္ေထာင္ၿပိဳကြဲျခင္းမ်ားစတဲ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ အျခားဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြလို ခံစားၾကရတယ္။

ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္ေတြဟာ ေသြးအားနည္းျခင္း၊ လမေစ့မီေမြးျခင္း၊ ေပါင္မျပည့္ျခင္း၊ အလိုအေလ်ာက္သားပ်က္သားေလွ်ာျခင္းနဲ႔ အေသေမြးဖြားျခင္း၊ မိခင္နဲ႔ ကေလးေသဆုံးမႈမ်ားျခင္း၊ အာဟာရခ်ိဳ႕တဲ့မႈစတဲ့ က်န္းမာေရးဆိုးက်ိဳးေတြလည္း ခံစားလာရတဲ့အတြက္ ျပႆနာေတြ ေျဖရွင္းႏိုင္ဖို႔ ေဆာင္႐ြက္ရမည္။

အမ်ိဳးသမီးငယ္ေတြ ပညာေရးရင္းႏွီးျမႇပ္ႏွံမႈဟာ ေရရွည္စီးပြားေရးအတြက္ျဖစ္ရာ၊ လူငယ္ေတြရဲ႕ ပညာေရး၊ အသက္ေမြးဝမ္းေက်ာင္း ပညာေရးျမႇင့္တင္ေပးျခင္းက ကြၽမ္းက်င္ေရး လုပ္သားအင္အားစု တည္ေဆာက္ႏိုင္မွပဲျဖစ္ၿပီး၊ ဆယ္ေက်ာ္သက္ အမ်ိဳးသမီးေတြအတြက္ ရင္းႏွီးျမႇပ္ႏွံမႈ ေဆာင္႐ြက္ဖို႔ လိုအပ္ေနပါတတယ္။ ျမန္မာအပါအဝင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ အ႐ြယ္မတိုင္မီ မိန္းကေလးမ်ား အိမ္ေထာင္ျပဳျခင္းမွ မလိုလားအပ္တဲ့ ေဝဒနာေတြ ခံစားေနရၿပီး ပညာသင္ခြင့္စတဲ့ အခြင္းအေရးေတြ ဆုံးရႈံးေစႏိုင္သလို စိန္ေခၚမႈမ်ား ႀကဳံေတြ႕ေနကာ သားေမြးၿပီး အိမ္ေထာင္ၿပိဳကြဲျခင္းမ်ား ပိုမိုေတြ႕ျမင္ေနရတယ္။ အမ်ိဳးသမီးေတြအတြက္ ပညာေရးႏွင့္ အသက္ေမြဝမ္းေက်ာင္း ပညာေရး သင္ၾကားတတ္ေျမာက္ဖို႔ လိုအပ္ေနၿပီး ဆင္းရဲမြဲေနမႈေလွ်ာ့ခ်ႏိုင္မွ ရမွာျဖစ္တယ္။

Author – ေဒါက္တာလြင္သန႔္ Healthcare Journal (VOL:8/ NO:1/ PG:10)

( Unicode )

လက်ရှိနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်ရောက်တဲ့အခါ ကလေးဘဝအိမ်ထောင်ချပေးခံရတဲ့ မိန်းကလေးအရေအတွက်ဟာ သန်းတစ်ထောင်ကို ရောက်သွားလိမ့်မယ်လို့ ကုလသမဂ္ဂကဆိုတယ်။

အသက်မပြည့်ခင် ငယ်ငယ်ကတည်းက အိမ်ထောင်ချပေးခံရတဲ့ မိန်းကလေးတို့ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဖွံ့ဖြိုးဖို့ အခွင့်အလမ်းပါ ပျောက်ဆုံးသွားရကြောင်း ကုလသမဂ္ဂကဆိုတယ်။ စောစောစီးစီး အိမ်ထောင်ကျခြင်းကြောင့် ပညာရေး ရပ်တန့်သွားရသလို အိမ်တွင်းအကြမ်းဖက်မှု၊ အိပ်ချအိုင်ဗီ၊ အေအိုင်ဒီအက် အန္တရာယ်တွေပါ ရင်ဆိုင်ရနိုင်သလို ခန္ဓာကိုယ်အဆင့်သင့် မဖြစ်သေးခင် စောစောစီးစီး ကိုယ်ဝန်ဆောင်ရလို့၊ မီးဖွားခြင်းဆိုင်ရာ အခက်အခဲတွေ အသက်ဆုံုးရှုံးရတဲ့အထိ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ကလေးအိမ်ထောင်ချပေးတဲ့ ဓလေ့ဟာ လူသားရင်းမြစ်ကို ရိုက်ချိုးရာရောက်လို့ လူမှုစီးပွားတိုးတက်မှုများလေ့ျာကျကာ၊ တိုင်းပြည်ကလည်း ဆင်းရဲမွဲတေမှု သံသရာထဲ လည်ပတ်နေတယ်ဆိုတယ်။ သည်လောက်ဆိုးကျိုးများနေတဲ့တိုင် ကမ္ဘာပေါ်မှာ ကလေးအိမ်ထောင်ပြုခွင့်ပေးထားတဲ့ နိုင်ငံ ၁၀၇ နိုင်ငံရှိနေဆဲဖြစ်ရာ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း Pew Research Center ရဲ့ စစ်တမ်းက ဖော်ပြတယ်။

Pew ဟာ ၁၉၈ နိုင်ငံကို အကဲဖြတ်ခဲ့ရာ အားလုံးနီးပါး ၁၉၂ နိုင်ငံဟာ အိမ်ထောင်ပြုဖို့ အနိမ့်ဆုံးရှိရမယ့် အသက်ကို ဥပဒေနဲ့ သတ်မှတ်ပေးထားပြီးဖြစ်ကြောင်းလည်း တွေ့ခဲ့ရတယ်။ အီကွေတိုရီယမ်၊ ဂီနီ၊ ဇမ်ဘီယာ၊ ဆော်ဒီအာရေဗျ၊ ဆိုမာလီယာ၊ တောင်ဆူဒန်နဲ့ ယီမင်နိုင်ငံမှာ အနိမ့်ဆုံးရှိရမယ့် အသက်ကို တရားဝင် သတ်မှတ်ပေးခြင်းမရှိသေးကြောင်း တွေ့ရတယ်ဆိုတယ်။
၁၁၇ နိုင်ငံက ကလေးအိမ်ထောင်ပြုမှုကို ဥပဒေအရ ခွင့်ပြုထားဆဲဖြစ်တယ်။ အသက် ၁၈ နှစ်ကျော်မှ အိမ်ထောင်ပြုခွင့်ရှိတယ်လို့ တရားဝင် သတ်မှတ်ထားတဲ့ နိုင်ငံတွေမှာပင် ချွင်းချက်နဲ့ ၁၈ နှစ်အောက်တွေ အိမ်ထောင်ပြုခွင့်ပေးတဲ့ ဥပဒေများ ရှိနေဆဲဖြစ်တယ်ဆိုတယ်။

သြစတြေးလျမှ တရားရုံးခွင့်ပြုပါက ၁၈နှစ်အထက်ဟာ ၁၆ နှစ်နဲ့ ၁၈ နှစ်ကြား လူတစ်ဦးကို လက်ထပ်နိုင်တယ်။ အီရတ်၊ ဂျာမေကာ၊ ဥရုဂွေးတို့မှာလည်း နှစ်ဖက်မိဘသဘောတူရင် ကလေးတွေ လက်ထပ်ပေးခွင့်ရှိတယ်။ စစ်တမ်းပါဝင်တဲ့ နိုင်ငံတွေအနက် ငါးပုံတစ်ပုံ ၃၈ နိုင်ငံဟာ ယောကျာၤးလေးများနဲ့ မိန်းကလေးတွေအတွက် အိမ်ထောင်ပြုခွင့် အနိမ့်ဆုံး အသက်ကန့်သတ်ချက်တွေ မတူကြတာတွေ့ရတယ်။ မိန်းကလေးရဲ့ အသက်ကန့်သတ်ချက်က နိမ့်နေတာ ဘင်္ဂလားဒေ့ရ်ှမှာ မိန်းကလေးတွေ ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ပြုနိုင်ပေမယ့် ယောကျာၤးလေးက ၂၁ နှစ်ပြည့်မှ ပြုခွင့်ရှိတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၂ သန်းခန့်ရှိရာ၊ အသက် ၁၀ နှစ်မှ ၁၉ နှစ်အတွင်း အမျိုးသမီးငယ် စုစုပေါင်း ငါးသန်းခန့်ရှိကြောင်း သိရတယ်။ အစိုးရမဟုတ်တဲ့ ကျန်းမာရေးအဖွဲ့ တွေ့ရှိချက်အရ ကမ္ဘာပေါ်မှာ အသက် ၂၀ အောက်မိခင်မှ မွေးတဲ့ကလေး ၁၃ သန်းရှိရာ မြန်မာနိုင်ငံလည်း ပါဝင်တယ်ဆိုတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ အသက် ၁၂ မှှ ၁၉ နှစ်ကြားကိုယ်ဝန်ဆောင်သူတွေဟာ အသက် ၂၀ မှ ၂၄ နှစ်အရွယ်အမျိုးသမီး ကိုယ်ဝန်ဆောင်ပါက အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင်ထက် မီးတွင်း သေဆုံးနှုန်း ငါးဆမြင့်လာမယ်ဆိုတယ်။ မြန်မာနိုင်ငံမှာ အသက် ၁၃ နှစ် သက်ငယ်ကိုယ်ဝန်ဆောင်တွေ ပိုမိုတွေ့လာရကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) သားဖွားနှင့်မီးယပ်ပါမောက္ခ ဒေါက်တာ စိုးလွင်က ဇူလိုင် (၈) ရက်မှာ ပြောခဲ့တယ်။

ဆယ်ကျောက်သက်အရွယ် မြန်မာမိန်းကလေးတွေ ကြုံတွေ့နေရတဲ့ အခက်အခဲများ စိန်ခေါ်မှုတွေဟာ ကမ္ဘာကြီးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေကြောင်း အထူးသဖြင့် ယောကျာၤးလေးများထက် ပိုပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်ကြုံတွေ့နေရကြောင်း နိုင်ငံအများစုက အပျိုဝင်စမိန်းကလေးတွေကို အိမ်ထောင်ပြုကိုယ်ဝန်ဆောင်ဖို့၊ ကလေးမွေးဖို့ အချိန်တန်ပြီလို့ မိသားစုနဲ့ ပတ်ဝန်းကျင်က ယူဆလေ့ရှိကြောင်း သည့်အတွက် မိန်းကလေးငယ်တွေ မလိုလားအပ်တဲ့ ဝေဒနာခံစားရပြီး ငယ်စဉ်ဘဝလွတ်လပ်တဲ့ လူ့အခွင့်အရေးများ ဆုံးရှုံးစေနိုင်ကြောင်း ၂၀၁၆ ခုနှစ် ဇူလိုင်လ ည ၁၁ ရက်နေ့ ကမ္ဘာ့လူဦးရေနေ့မှာ နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားမှာ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်က ဆယ်ကျော်သက် အမျိုးသမီးဘ၀ မြှင့်တင်ရေး ရင်းနှီးမြှပ်နှံ ပံ့ပိုးပေးဖြစ်တယ်။ ပါမောက္ခ ဒေါက်တာစိုးလွင်က ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်များရခြင်းက အင်တာနက်၊ ဖေ့ဘွတ်ခေတ်စားခြင်းလို့ သုံးသပ်ပြသွားသလို ဆယ်ကျော်သက်အရွယ် အသက် ၁၅ နှစ် ၁၆ နှစ်ကိုယ်ဝန်ဆောင်သူတွေ ရှိတဲ့အနက် အချို့အသက် ၁၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်များပါတွေ့လာရတယ်ဆိုတယ်။ ဖျက်ချပြီးမှ ရောက်လာတာတို့ ကိုယ်ဝန်ရှိမှန်း မသိဘဲလာပြမှ ကိုယ်ဝန်ရှိမှန်း သိလာတာတို့ တွေ့ရတယ်။ လွတ်လပ်ပွင့်လင်းလာတာ၊ အနေအထိုင်၊ စားသောက်ပုံ၊ အရက်၊ ဘီယာယဉ်ကျေးမှု၊ နိုက်ကလပ်၊ ပတ်ဝန်းကျင်ပြောင်းလဲလာမှုက အကြောင်းမျိုးစုံ ဖြစ်လာနိုင်ပါတယ်။ ဆယ်ကျော်သက် ကိုယ်ဝန် ၁.၃၉ က ဖျက်ချခံရတယ်။
ဆူဒန်နိုင်ငံမှာ မိန်းကလေး ၁၀ နှစ်ကျော်ရင် ယော်ကျာၤးလေး ၁၅ နှစ်လူပျိုဖော်ဝင်ရင် အိမ်ထောင်ပြုခွင့်ရှိတယ်။ တန်ဇန်းနီးယားမှာ ၁၅ နှစ်ရောက်မှ အစစ်အမှန် အိမ်ထောင်မှုကိစ္စပြုစေမယ်လို့ ကတိခံနိုင်ရင် ၁၂ နှစ်ကတည်းက ကြိုတင်လက်ထပ်ပေးထားခွင့် ရှိနေတယ်။

တရားဥပဒေက ကန့်သတ်ထားတဲ့တိုင် အစဉ်အလာများ ကိုင်စွဲတာ ငယ်ငယ်ကတည်းက လက်ထပ်ပေးကြတယ်။ အာဖဂန်နစ္စတန်မှာ မိန်းကလေး ၁၆ နှစ် မိဘ၊ တရားရုံးခွင့်ပြုရင် ဆယ့်ငါးနှစ်၊ ယောကျာၤးလေး ၁၈ နှစ်ပြည့်မှ လက်ထပ်ခွင့်ရှိပေမယ့် ဥပဒေချိုးဖောက်ကာ ငယ်ငယ်နဲ့ လက်ထပ်ပေးမှုများနေဆဲပါပဲ။

Girls Not Brides အဖွဲ့ အစီရင်ခံချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီး သုံးပုံတစ်ပုံဟာ ၁၈ နှစ်မပြည့်ဘဲ အိမ်ထောင်ချတာ ခံနေရကြောင်း သိရတယ်။ ဘယ်သူနဲ့ ဘယ်အချိန် အိမ်ထောင်ပြုမယ်ဆိုတာ မိန်းကလေးတိုင်း ရွေးချယ်ခွင့်မှန်ပေမယ့် ကမ္ဘာပေါ်မှာ နှစ်စဉ် မိန်းကလေးသန်းပေါင်းများစွာဟာ ယင်းအခွင့်အရေးဆုံးရှုံးနေရှာတယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ အရာရှိချုပ်ကဆိုပါတယ်။

ဆယ်ကျော်သက် အိမ်ထောင်သည်များ တိုးပွားမှုဖြစ်စဉ်ဟာ ဝင်ငွေနည်းပါးတဲ့ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများမှဖြစ်ကာ ၂၀၁၅ ခုနှစ်စာရင်းအရ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်အရေအတွက်ဟာ ကမ္ဘာပေါ်မှာ သန်း ၆၈၀ ခန့်ရှိပြီး သန်း ၅၀၀ ကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံကဖြစ်သော ပညာရေးအဆင့်အတန်းနိမ့်ကျသလို ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ နိုင်ငံတွေဖြစ်ကြောင်း မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုတွေရရှိဖို့ခဲယဉ်းပြီး အလုပ်အကိုင်သစ် အခွင့်အလမ်းနည်းပါးတဲ့ နိုင်ငံတွေဖြစ်ကာ ဆယ်ကျော်သက် အမျိုးသမီးတွေ မြှင့်တင်ပေးဖို့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးဖို့ ပညာရေးအစီအစဉ်နဲ့ ကျန်းမာရေးမူဝါဒချမှတ်ပြီး ရင်းနှီးမြှပ်နှံဖို့ အလွန်အရေးကြီးကြောင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်ပံ့ဖြစ်စေပြီး လူဦးရေ ထိန်းချုပ်မှုသတိပြုဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ အရွယ်မတိုင်မီ အိမ်ထောင်ပြုခြင်း ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း၊ အိမ်ထောင်ပြိုကွဲခြင်းများစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေလို ခံစားကြရတယ်။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တွေဟာ သွေးအားနည်းခြင်း၊ လမစေ့မီမွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ အလိုအလျောက်သားပျက်သားလျှောခြင်းနဲ့ အသေမွေးဖွားခြင်း၊ မိခင်နဲ့ ကလေးသေဆုံးမှုများခြင်း၊ အာဟာရချို့တဲ့မှုစတဲ့ ကျန်းမာရေးဆိုးကျိုးတွေလည်း ခံစားလာရတဲ့အတွက် ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ရမည်။

အမျိုးသမီးငယ်တွေ ပညာရေးရင်းနှီးမြှပ်နှံမှုဟာ ရေရှည်စီးပွားရေးအတွက်ဖြစ်ရာ၊ လူငယ်တွေရဲ့ ပညာရေး၊ အသက်မွေးဝမ်းကျောင်း ပညာရေးမြှင့်တင်ပေးခြင်းက ကျွမ်းကျင်ရေး လုပ်သားအင်အားစု တည်ဆောက်နိုင်မှပဲဖြစ်ပြီး၊ ဆယ်ကျော်သက် အမျိုးသမီးတွေအတွက် ရင်းနှီးမြှပ်နှံမှု ဆောင်ရွက်ဖို့ လိုအပ်နေပါတတယ်။ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အရွယ်မတိုင်မီ မိန်းကလေးများ အိမ်ထောင်ပြုခြင်းမှ မလိုလားအပ်တဲ့ ဝေဒနာတွေ ခံစားနေရပြီး ပညာသင်ခွင့်စတဲ့ အခွင်းအရေးတွေ ဆုံးရှုံးစေနိုင်သလို စိန်ခေါ်မှုများ ကြုံတွေ့နေကာ သားမွေးပြီး အိမ်ထောင်ပြိုကွဲခြင်းများ ပိုမိုတွေ့မြင်နေရတယ်။ အမျိုးသမီးတွေအတွက် ပညာရေးနှင့် အသက်မွေဝမ်းကျောင်း ပညာရေး သင်ကြားတတ်မြောက်ဖို့ လိုအပ်နေပြီး ဆင်းရဲမွဲနေမှုလျှော့ချနိုင်မှ ရမှာဖြစ်တယ်။

Author – ဒေါက်တာလွင်သန့် Healthcare Journal (VOL:8/ NO:1/ PG:10)

Previous Post

လက်မစုပ်ခြင်း

Next Post

သာမန် စိတ်ကြွရောဂါနှင့် အပြင်းစား စိတ်ကြွရောဂါ (Hypomania ၊ Mania)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သာမန် စိတ်ကြွရောဂါနှင့် အပြင်းစား စိတ်ကြွရောဂါ (Hypomania ၊ Mania)

ရေလားမီးလား ရောဂါ

သားအိမ်အသားလုံး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.