ပြောင်းလဲလာသောခေတ်ရေစီးကြောင်းအရအရက်သေစာသောက်စားသူများ
ကမ္ဘာနှင့် အဝှမ်း တိုးတက်များပြားလာပေသည် ။ထို့ အတူအရက်နှင့် ပတ်သက်သော ဝေဒနာ
များလည်းတိုးပွားလျက်ရှိသည် ။ထို ဝေဒနာတွေထဲမှ အဖြစ်များဆုံး ဖြစ်သည့် အရက်နာကျခြင်း
ကိုပြောပြပါမည်။
အရက်နာကျခြင်းဆိုသည်မှာအသောက်လွန်၍ နောက်တစ်နေ့မနက်တွင် နေမထိ
ထိုင်မသာ ဖြစ်သော ဝေဒနာပင် ဖြစ်ပါသည် ။ခြွင်းချက် အနေဖြင့် လူအချို့မှာမူအယ်လ်ကိုဟော
ပမာဏာအနည်းငယ် သောက်သုံးမိရုံမျှဖြင့် အလားတူခံစားရတတ်ပါသည်။ ထိုသို့ ခံစားရခြင်းမှာ
အရက် သို့မဟုတ် ယမကာတွင် ပါသောအယ်လ်ကိုဟောကြောင့် ကိုယ်တွင်းမှ ရေနှင့် ဆားဓာတ်
တို့ ဆုံးရှုံးရခြင်းကြောင့်လည်းကောင်း ၊၎င်းတို့တွင် အနံ့၊အရသာအတွက် ထည့်လေ့ရှိသောဖြည့်
စွက်ပစ္စည်းများကြောင့်လည်းကောင်း ဖြစ်တတ်ပါသည် ။အထူးသဖြင့် အရောင်ရင့် ယမကာများဖြစ်
ကြသည့် ဝိုင် ၊ဘရန်ဒီစသည်တို့သောက်မိပါကပိုဖြစ်တတ်သည် ။ထို့အပြင် အသည်းတွင် သိုမှီး
ထားသောအချိုဓာတ်များ ၊တစ်သျှူးထဲရှိအချိုဓာတ်များကုန်ခမ်းသွားပါသည်။
ထို့ကြောင့် အရက်နာကျလှျှင် နောက်နေ့မနက် အိပ်ရာထကခေါင်းကိုက် ၊ခေါင်းမကြည် ၊
ကတုန်ကယင် ၊ရင်တုန်ပန်းတုန်ဖြစ် ၊နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော် ၊အာခေါင်ခြောက် ၊ရေငတ် ၊နုန်းချိ ၊
မရွှင်မလန်းနဲ့ မစားချင် မသောက်ချင် ၊ပျို့ အန် စသဖြင့် ဝေဒနာ ခံစားရတတ်ပါသည်။
မည်သို့ ကာကွယ်မလဲဆိုလှျှင် အရက် မသောက်မီအစာနည်းနည်းစားပါ။ အရက်ကိုဆက်တိုက်မသောက်ပါနဲ့။ အစားတစ်ခုခု ကြားညှပ်စားပါ။ အရက်ကြောင့် နောက်နေ့ မနက်တွင်
ကိုယ်တွင်းမှ ရေနှင့် ဓာတ်ဆားဓာတ် မဆုံးရှုံးစေရန် ရေချိန်လွန်လာသည့်အခါ ညအိပ်ရာ မဝင်မီ
အချိုရည် ၊သစ်သီးဖျော်ရည်တစ်ခုခုသောက်ပေးသင့်ပါသည် ။အိပ်ရာဘေးတွင် ရေတစ်ဖန်ခွက်
ထားထားပါ ။တစ်ရေးနိုးရေငတ်ကသောက်ပေးပါ ။သဘာ၀ သကြားဓာတ် ဖရပ်စ်တို့စ် ပါသော
သစ်သီးဖျော်ရည်များသောက်ခြင်း ၊စားခြင်းကပို၍ အထောက်အကူ ဖြစ်စေပါသည် ။လက်ဖက်ရည်
၊ကော်ဖီမသောက်သင့်ပါ ။အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ရေနှင့် ဆားဓာတ်ကိုပိုမိုဆုံးရှုံးစေ
ပြီးအစာအိမ်ကိုလည်းထိခိုက်စေပါသည်။
ဘယ်လိုကုသရမလဲဆိုလျှင် အရက်နာကျပါကမောနင်းပက်ဖြင့် မဖြေရ။ အရက်နာကျ
ဝေဒနာကို ပိုဆိုးစေရုံမကအရက်ပါစွဲသွားတတ်သည် ။ခေါင်းကိုက်ပါကအကိုက်အခဲပျောက်ဆေးများ
သောက်နိုင်သည် ။အစာအိမ်ဆေးကိုလည်းသောက်လို့ရသည် ။ ဆုံးရှုံးသွားသောရေနှင့် ဆားဓာတ်
ကို ပြန်ဖြည့်ပါ ။သဘာ၀ သစ်သီးသစ်ဥများစားခြင်း ၊ဖျော်ရည်များသောက်သုံးခြင်းဖြင့် ပြန်လည်ဖြည့်
တင်း နိုင်ပါသည် ။အိပ်ရေး ဝအောင် အိပ်ပါ ။သက်သာသည့်အထိနားနားနေနေနေပါ။
အထက်ပါအတိုင်းလုပ်ကြည့်ပြီး နှစ်ပတ် ၊သုံးပတ် ကြာသည့်တိုင် ဆက်လက်ဝေဒနာ
ခံစားနေရက ၊မည်မျှသောက်မိသည်ကိုပင် မခန့်မှန်းမိနိုင်လောက်အောင်ဖြစ်လာက ၊မနက်တိုင်း
အရက်နှင့် မျက်နှာသစ်နေရာက ဆရာဝန်နှင့် ပြသဖို့လိုပေသည်။
Author -ခေတ်သစ် ဇီဝက