(Zawgyi)
“ဆရာေရ ၊ေျပာရဦးမယ္ ။” ဟု အစခ်ီကာ ေဆးခန္းထဲ ဝင္လာသူက
ဝတ္ဆန္နဲ႔ သူငယ္မ တစ္ေယာက္ ။
ဇီဝက။ ။ ဟဲ့ ၊ဟဲ့ ။အသက္ကေလးလည္း ရွဴၿပီးမွ ေျပာစမ္းပါ ၊ဝတ္ဆန္ ရယ္။
ဝတ္ဆန္။ ။ ဆရာေရ ၊ေျပာ မေျပာခ်င္ေတာ့ဘူး ။
ကြၽန္မ့ ညီမ ၊မိဝတ္မႈန္ေလ ။လူကျဖင့္ အပ်ိဳဖ်န္းျဖစ္ေနၿပီ ခုထိ ကေလး
လို လက္သည္း အကိုက္ေကာင္းတုန္း ။
ဘယ္လို ဆုံးမ ၊ဆုံးမ မရဘူး ။
လစ္ရင္ လစ္သလို ၊အားရင္ အားသလို ကိုက္ ကိုက္ေနတာ ။
ဝတ္မႈန္။ ။မဟုတ္ပါဘူး ၊ဆရာ ။
မမႀကီး တမင္ သမီးကို စြပ္စြဲေနတာ ။
သမီးက အပ်င္းေျပကိုက္တဲ့ဟာ ၊တခါတေလတည္းပါ ။
ဝတ္ဆန္။ ။ဘာတခါတေလလည္း ။ငါ မေျပာလိုက္ခ်င္ဘူး ။
ဇီဝက ။ ။ ကဲ ၊ကဲ ေတာ္ၾကပါကြယ္ ။
ငါလည္း ေဆးမကုရဘဲ ၊ေပါင္ခ်ိန္ လုပ္ရမလိုျဖစ္ေနၿပီ ။
ကဲ ဆို ၊ခု ဆရာက ဘာလုပ္ေပးရမလဲ ။
ဝတ္ဆန္။ ။ဒီလိုပါဆရာ ။သူလက္သည္း အကိုက္ေကာင္းတာနဲ႔ သူ႔လက္ညႇိဳး
ကေလးပါ ကိုက္မိၿပီး အနာျဖစ္ေနတာ ။ခုစာေတာင္ မေရးႏိုင္လို႔ပါ ။
အဲ့တာ လာျပရင္းနဲ႔ လက္သည္းကိုက္တဲ့ အက်င့္ေပ်ာက္ေအာင္
ဘယ္လို လုပ္ရမလဲ ဆိုတာ ဆရာ့ ဆီ အႀကံလာေတာင္းတာ ။
ဇီဝက။ ။ လက္ကေလးေပးစမ္းပါဦး ၊ဆရာ ၾကည့္ရေအာင္ ။
စမ္းသပ္ၿပီးေနာက္
ဇီဝက ။ ။ လက္အနာက အဆိုးႀကီး မဟုတ္ပါဘူး ။
ပိုးသတ္ေဆး ရက္ျပည့္ေအာင္ ေသာက္လိုက္ ၊အနာသက္သာေအာင္
အကိုက္အခဲ ေပ်ာက္ေဆးပါ ထည့္ေပးလိုက္မယ္ ။
ဝတ္ဆန္။ ။ ဆရာ ၊သူလက္သည္းကိုက္တာကေရာ ။စိတ္ေရာဂါလား ဆရာ ။
ဇီဝက ။ ။ အဲ့လိုေတာ့လည္း မဟုတ္ဘူးဟ ။
ညည္းတို႔ ငါတို႔လည္း ကေလးဘဝက လက္သည္းထိပ္ကေလးေတြ
ကိုက္ဖူးၾကတာပဲေလ။တခ်ိဳ႕ က်ေတာ့ လူႀကီးျဖစ္တဲ့အထိ ဒီအက်င့္က
ေဖ်ာက္ရခက္တတ္တယ္ ။အထူးသျဖင့္ စိတ္ဖိစီးမႈမ်ားတဲ့အခါတို႔မွာ
သတိမထားမိဘဲ ဒီအက်င့္ကို လုပ္မိေနတတ္တယ္ ။
ဝတ္ဆန္။ ။က်န္းမာေရးဆိုးက်ိဳးေရာ ရွိလား ၊ဆရာ ။
ဇီဝက ။ ။ ေအး ၊ရွိတာေပါ့ကြာ ။
အရင္ဆုံး ဘာျဖစ္မလဲဆိုရင္ လက္သည္း မလွေတာ့ဘူးေပါ့ကြာ ။
ေနာက္ၿပီး လက္ထိပ္အေရျပားမွာ မွားကိုက္ရင္ အေရျပားအနာျဖစ္မယ္
လက္အေရျပား ၊လက္သည္းၾကားမွာ ရွိတဲ့ ပါးစပ္ထဲ ဝင္မယ္ ၊ဝမ္းပ်က္
ဝမ္းေလွ်ာျဖစ္မယ္ ၊သန္ေကာင္ တုတ္ေကာင္ေတြပြားမယ္ ၊ပြားေတာ့
ပိန္မယ္ ။LCD ကိုယ္လုံးျဖစ္မယ္ေပါ့ကြာ ။
ဝတ္မႈန္။ ။ဟုတ္တယ္ေနာ္ ၊ဆရာ ။
ဝတ္ဆန္။ ။ လူၾကားထဲ သတိလက္လြတ္ကိုက္ေနေတာ့ ရွက္ဖို႔လည္းေကာင္း
ေသး ။ဒါဆိုရင္ ဘယ္လိုလုပ္ရမလဲ ၊ဆရာ ။
ဒီအက်င့္က ေဖ်ာက္လို႔ မရေတာ့ဘူးလား ။
ဇီဝက။ ။ အဓိက ကေတာ့ စိတ္နဲ႔ အျပဳအမူ ကိုျပဳျပင္ရမွာေပါ့ ။
၁)လက္သည္း တိုတို ညႇပ္ပါ ။မညီမညာျဖစ္ေနေသာ လက္သည္းမ်ား
ကို တိပစ္ပါ။
၂)လက္ထိပ္ကို ပလာစတာလည္း ကပ္ထားႏိုင္တယ္။
၃)မွန္ေရွ႕တြင္ ထိုင္ကာ လက္သည္းကိုက္ရင္ ဘယ္လို လက္က
အက်ည္းတန္ ရွက္ဖို႔ေကာင္းလဲ ျမင္ေယာင္လာေအာင္ ရႈ ပါ။
၄)လက္သည္း ကိုက္တတ္တဲ့ အခ်ိန္ကို မွတ္ထားၿပီး ထိုအခ်ိန္မ်ိဳးတြင္
လက္ကို အအားမထားဘဲ စာေရးျခင္း ၊စာကူးျခင္း ၊ပုတီးစိပ္ျခင္းလုပ္
၅)လက္သည္း အစား ပီေက ဝါးေနပါ ။
၆)လက္သည္း တု စြပ္ထားပါ ။
၇)လက္သည္း မကိုက္မိလို႔ လက္ေခ်ာင္းမ်ားလွပလာျခင္းအတြက္
ဆုေပးပါ ။
ဝတ္ဆန္။ ။ ၾကားတယ္ေနာ္ ၊မိဝတ္မႈန္ ။
ဆရာ မွာတဲ့အတိုင္း ေသခ်ာ လိုက္လုပ္ရမွာေနာ္ ။
ဝတ္မႈန္ ။ ။ သိပါတယ္ ၊မမႀကီးကလည္း ။
သမီးလည္း ခု သေဘာေပါက္သြားပါၿပီ ။
ဆရာ ေသခ်ာရွင္းျပလို႔ ေသခ်ာ နားလည္သြားၿပီ ။
ဝတ္ဆန္။ ။ အမေလး ၊ဆရာေျပာေတာ့မွပဲေနာ္ ။
ေက်းဇူးတင္ပါတယ္ ၊ဆရာ ။
ခုလို က်န္းမာေရး အသိေတြ တိုးသြားလို႔ ဆရာ့ ကို ေက်းဇူး
အမ်ားႀကီးတင္ပါတယ္ ။
ညီမ တို႔ကို ျပန္ခြင့္ျပဳပါဦးေနာ္ ။
ဇီဝက။ ။ ေအး ၊ေအး ။
လမ္းမွာ ရန္မျဖစ္ၾကနဲ႔ ေနာ္ ။
ေသာ့ ေသာ့ကေလး ေဆးခန္းထဲမွ ထြက္သြားေသာ ဝတ္ဆန္တို႔ ညီအစ္မကို ၾကည့္ရင္း “အိမ္က တူေတာ္ေမာင္ကို လက္သည္းညႇပ္ေပးရဦးမွာ ပါလား”ဟူေသာအေတြးတစ္စႏွင့္…
Author – ေခတ္သစ္ ဇီဝက
(Unicode)
“ဆရာရေ ၊ပြောရဦးမယ် ။” ဟု အစချီကာ ဆေးခန်းထဲ ဝင်လာသူက
ဝတ်ဆန်နဲ့ သူငယ်မ တစ်ယောက် ။
ဇီဝက။ ။ ဟဲ့ ၊ဟဲ့ ။အသက်ကလေးလည်း ရှူပြီးမှ ပြောစမ်းပါ ၊ဝတ်ဆန် ရယ်။
ဝတ်ဆန်။ ။ ဆရာရေ ၊ပြော မပြောချင်တော့ဘူး ။
ကျွန်မ့ ညီမ ၊မိဝတ်မှုန်လေ ။လူကဖြင့် အပျိုဖျန်းဖြစ်နေပြီ ခုထိ ကလေး
လို လက်သည်း အကိုက်ကောင်းတုန်း ။
ဘယ်လို ဆုံးမ ၊ဆုံးမ မရဘူး ။
လစ်ရင် လစ်သလို ၊အားရင် အားသလို ကိုက် ကိုက်နေတာ ။
ဝတ်မှုန်။ ။မဟုတ်ပါဘူး ၊ဆရာ ။
မမကြီး တမင် သမီးကို စွပ်စွဲနေတာ ။
သမီးက အပျင်းပြေကိုက်တဲ့ဟာ ၊တခါတလေတည်းပါ ။
ဝတ်ဆန်။ ။ဘာတခါတလေလည်း ။ငါ မပြောလိုက်ချင်ဘူး ။
ဇီဝက ။ ။ ကဲ ၊ကဲ တော်ကြပါကွယ် ။
ငါလည်း ဆေးမကုရဘဲ ၊ပေါင်ချိန် လုပ်ရမလိုဖြစ်နေပြီ ။
ကဲ ဆို ၊ခု ဆရာက ဘာလုပ်ပေးရမလဲ ။
ဝတ်ဆန်။ ။ဒီလိုပါဆရာ ။သူလက်သည်း အကိုက်ကောင်းတာနဲ့ သူ့လက်ညှိုး
ကလေးပါ ကိုက်မိပြီး အနာဖြစ်နေတာ ။ခုစာတောင် မရေးနိုင်လို့ပါ ။
အဲ့တာ လာပြရင်းနဲ့ လက်သည်းကိုက်တဲ့ အကျင့်ပျောက်အောင်
ဘယ်လို လုပ်ရမလဲ ဆိုတာ ဆရာ့ ဆီ အကြံလာတောင်းတာ ။
ဇီဝက။ ။ လက်ကလေးပေးစမ်းပါဦး ၊ဆရာ ကြည့်ရအောင် ။
စမ်းသပ်ပြီးနောက်
ဇီဝက ။ ။ လက်အနာက အဆိုးကြီး မဟုတ်ပါဘူး ။
ပိုးသတ်ဆေး ရက်ပြည့်အောင် သောက်လိုက် ၊အနာသက်သာအောင်
အကိုက်အခဲ ပျောက်ဆေးပါ ထည့်ပေးလိုက်မယ် ။
ဝတ်ဆန်။ ။ ဆရာ ၊သူလက်သည်းကိုက်တာကရော ။စိတ်ရောဂါလား ဆရာ ။
ဇီဝက ။ ။ အဲ့လိုတော့လည်း မဟုတ်ဘူးဟ ။
ညည်းတို့ ငါတို့လည်း ကလေးဘဝက လက်သည်းထိပ်ကလေးတွေ
ကိုက်ဖူးကြတာပဲလေ။တချို့ ကျတော့ လူကြီးဖြစ်တဲ့အထိ ဒီအကျင့်က
ဖျောက်ရခက်တတ်တယ် ။အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့အခါတို့မှာ
သတိမထားမိဘဲ ဒီအကျင့်ကို လုပ်မိနေတတ်တယ် ။
ဝတ်ဆန်။ ။ကျန်းမာရေးဆိုးကျိုးရော ရှိလား ၊ဆရာ ။
ဇီဝက ။ ။ အေး ၊ရှိတာပေါ့ကွာ ။
အရင်ဆုံး ဘာဖြစ်မလဲဆိုရင် လက်သည်း မလှတော့ဘူးပေါ့ကွာ ။
နောက်ပြီး လက်ထိပ်အရေပြားမှာ မှားကိုက်ရင် အရေပြားအနာဖြစ်မယ်
လက်အရေပြား ၊လက်သည်းကြားမှာ ရှိတဲ့ ပါးစပ်ထဲ ဝင်မယ် ၊ဝမ်းပျက်
ဝမ်းလျှောဖြစ်မယ် ၊သန်ကောင် တုတ်ကောင်တွေပွားမယ် ၊ပွားတော့
ပိန်မယ် ။LCD ကိုယ်လုံးဖြစ်မယ်ပေါ့ကွာ ။
ဝတ်မှုန်။ ။ဟုတ်တယ်နော် ၊ဆရာ ။
ဝတ်ဆန်။ ။ လူကြားထဲ သတိလက်လွတ်ကိုက်နေတော့ ရှက်ဖို့လည်းကောင်း
သေး ။ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ ၊ဆရာ ။
ဒီအကျင့်က ဖျောက်လို့ မရတော့ဘူးလား ။
ဇီဝက။ ။ အဓိက ကတော့ စိတ်နဲ့ အပြုအမူ ကိုပြုပြင်ရမှာပေါ့ ။
၁)လက်သည်း တိုတို ညှပ်ပါ ။မညီမညာဖြစ်နေသော လက်သည်းများ
ကို တိပစ်ပါ။
၂)လက်ထိပ်ကို ပလာစတာလည်း ကပ်ထားနိုင်တယ်။
၃)မှန်ရှေ့တွင် ထိုင်ကာ လက်သည်းကိုက်ရင် ဘယ်လို လက်က
အကျည်းတန် ရှက်ဖို့ကောင်းလဲ မြင်ယောင်လာအောင် ရှု ပါ။
၄)လက်သည်း ကိုက်တတ်တဲ့ အချိန်ကို မှတ်ထားပြီး ထိုအချိန်မျိုးတွင်
လက်ကို အအားမထားဘဲ စာရေးခြင်း ၊စာကူးခြင်း ၊ပုတီးစိပ်ခြင်းလုပ်
၅)လက်သည်း အစား ပီကေ ဝါးနေပါ ။
၆)လက်သည်း တု စွပ်ထားပါ ။
၇)လက်သည်း မကိုက်မိလို့ လက်ချောင်းများလှပလာခြင်းအတွက်
ဆုပေးပါ ။
ဝတ်ဆန်။ ။ ကြားတယ်နော် ၊မိဝတ်မှုန် ။
ဆရာ မှာတဲ့အတိုင်း သေချာ လိုက်လုပ်ရမှာနော် ။
ဝတ်မှုန် ။ ။ သိပါတယ် ၊မမကြီးကလည်း ။
သမီးလည်း ခု သဘောပေါက်သွားပါပြီ ။
ဆရာ သေချာရှင်းပြလို့ သေချာ နားလည်သွားပြီ ။
ဝတ်ဆန်။ ။ အမလေး ၊ဆရာပြောတော့မှပဲနော် ။
ကျေးဇူးတင်ပါတယ် ၊ဆရာ ။
ခုလို ကျန်းမာရေး အသိတွေ တိုးသွားလို့ ဆရာ့ ကို ကျေးဇူး
အများကြီးတင်ပါတယ် ။
ညီမ တို့ကို ပြန်ခွင့်ပြုပါဦးနော် ။
ဇီဝက။ ။ အေး ၊အေး ။
လမ်းမှာ ရန်မဖြစ်ကြနဲ့ နော် ။
သော့ သော့ကလေး ဆေးခန်းထဲမှ ထွက်သွားသော ဝတ်ဆန်တို့ ညီအစ်မကို ကြည့်ရင်း “အိမ်က တူတော်မောင်ကို လက်သည်းညှပ်ပေးရဦးမှာ ပါလား”ဟူသောအတွေးတစ်စနှင့်…
Author – ခေတ်သစ် ဇီဝက