fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သင့်မှာ သွေးတိုးရောဂါရှိနေပြီလား

953
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/07/2021
in ရောဂါကြီးများ
1 min read
A A

ဘယ်လောက်တိုးရင် သွေးတိုးရောဂါလဲ

သွေးတိုးရောဂါဆိုတာဟာ မကူးစက်နိုင်တဲ့နာတာရှည်ရောဂါအမျိုးအစားဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့ သွေးတိုးရောဂါဟာ အသက်ကြီးမှဖြစ်တဲ့ရောဂါလို့ထင်မြင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ယခုခေတ်လေ့လာချက်တွေ သုတေသနစာတမ်းတွေအရ သွေးတိုးရောဂါဟာ အသက်၂၀အောက်အရွယ်တွေမှာပါ ဖြစ်နိုင်ကြောင်းသိရှိရပါတယ်။

အကြမ်းအားဖြင့် သွေးပေါင်ချိန်ကြည့်လို့ အပေါ်သွေး၁၄၀၊ အောက်သွေး၉၀နဲ့အထက်ရှိရင် သွေးတိုးနေတယ်လို့ သတ်မှတ်ပါတယ်။

သွေးတိုးရောဂါရှိတယ်လို့ သတ်မှတ်ဖို့အတွက်ကတော့ ၇ ရက်ဆက်တိုက် သွေးပေါင်ချိန်ကြည့်ဖို့လိုပါတယ်။ ဒီလို ၇ ရက်ဆက်တိုက်သွေးပေါင်ချိန်တဲ့အခါ ချိန်လိုက်တဲ့အကြိမ်တိုင်းမှာ အပေါ်သွေး၁၄၀၊ အောက်သွေး၉၀ နဲ့အထက်ရှိနေမှ သွေးတိုးရောဂါရှိပြီလို့သတ်မှတ်ပါတယ်။

၇ရက်ဆက်တိုက်မချိန်ကြည့်ဘဲ ရံဖန်ရံခါ တစ်ခါတလေ မှသွေးပေါင်ချိန်ကြည့်လို့ သွေးပေါင်ချိန်အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ရှိတာနဲ့ သွေးတိုးရောဂါရှိတယ်လို့ပြောမရပါ။

သွေးတိုးရောဂါဖြစ်ရတဲ့အကြောင်းတွေ

မျိုးရိုးလိုက်တာ

အဆီအဆိမ့်အငန်အစားများတာ

အဝလွန်တာ

ဆေးလိပ်၊အရက်သောက်တာ

ကျောက်ကပ်ရောဂါနဲ့အခြားရောဂါအခံတွေရှိတာ

သန္ဓေတားဆေးတွေရေရှည်သောက်တာ

ကိုယ်လက်လှုပ်ရှားမှုနည်းတာ

စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။ ဒီလိုသွေးတိုးစေတဲ့အကြောင်းတွေအများကြီးရှိပေမဲ့ သွေးတိုးရောဂါဖြစ်တဲ့သူတွေရဲ့ ၉၅ရာခိုင်နှုန်းလောက်မှာ ဘာကြောင့်သွေးတိုးရသလဲဆိုတဲ့ တိကျတဲ့အကြောင်းရင်းရှာမရတတ်ပါဘူး။ ၅ ရာခိုင်နှုန်းလောက်မှာပဲ ဘာကြောင့်သွေးတိုးရသလဲဆိုတဲ့ အကြောင်းရင်းကိုရှာလို့ရပါတယ်။

သွေးတိုးရောဂါဟာ ရောဂါလက္ခဏာအနေနဲ့တော့ ထွေထွေထူးထူးပြလေ့မရှိပါဘူး။ ဒီလိုထွေထွေထူးထူးပြလေ့မရှိတဲ့အတွက်လူအများစုဟာ မိမိကိုယ်မိမိ သွေးတိုးရှိမှန်းမသိကြသလို သွေးတိုးရောဂါရှိမှန်းသိတဲ့သူတွေကလည်း သေချာကုသမှုမခံယူကြတာများပါတယ်။

အဲဒီအခါ ရေရှည်ကြာလာတာနဲ့အမျှ သွေးတိုးရောဂါရဲ့နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါပါတွဲဖြစ်လာတာ၊နှလုံးကြီးခြင်း၊နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း စတဲ့နှလုံးရောဂါတွေဖြစ်တာ၊ မျက်စိထိခိုက်ပြီးမျက်စိကွယ်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ ရုတ်တရက် သွေးဆောင့်တိုးသောကြောင့် ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီးလေဖြတ်တာ စတဲ့ဆိုးကျိုးတွေဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အသက်ကြီးကြီးငယ်ငယ် မိမိမှာသွေးတိုးရောဂါရှိမရှိ ဆရာဝန်နဲ့ပြသပြီးစမ်းသပ်ကြည့်ဖို့လိုပါတယ်။ သွေးပေါင်ချိန်မကြာခဏချိန်ကြည့်သင့်ပါတယ်။

စမ်းသပ်ကြည့်လို့ သွေးတိုးရောဂါရှိနေပြီဆိုရင်တော့ ဆရာဝန်ကညွန်တဲ့သွေးပေါင်ချိန်ထိန်းဆေးကို စွဲသောက်ဖို့လိုပါတယ်။ သွေးတိုးရောဂါအတွက်ဆေးများသည် အမျိုးအစားအများကြီးရှိကာ လူနာတစ်ဦးနဲ့တစ်ဦးမှာ အာနိသင်နဲ့ဆိုးကျိုးတွေ ရရှိပုံခြင်းမတူနိုင်သောကြောင့် ဆရာဝန်နဲ့ပြသပြီးမှ သောက်သင့်ပါတယ်။ အရပ်ထဲကသွေးတိုးရောဂါဖြစ်တဲ့သူအချင်းချင်းညွှန်တဲ့သွေးတိုးကျဆေးတွေ၊ ဆေးဆိုင်ကညွှန်တဲ့သွေးတိုးကျဆေးတွေ မသောက်သင့်ပါဘူး။

သွေးတိုးရောဂါဖြစ်ပွားနိုင်ခြေနည်းအောင်

ဆေးလိပ်ဖြတ်ပါ။

အရက်ကိုအလွန်အကျွံမသောက်ပါနဲ့။

မိနစ်၃၀မှ ၁နာရီအထိ နေ့တိုင်းနီးပါး လမ်းလျှောက်ပါ။

စက်ဘီစီးပါ။ ရေကူးပါ။

အဝမလွန်အောင် ကိုယ်အလေးချိန်ကိုထိန်းပါ။

အမျှင်ဓာတ်နဲ့ဗီတာမင်ဓါတ်များတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ များများစားပါ။

အဆီ၊အဆိမ့်၊အငန်ကို တတ်နိုင်သလောက်လျှော့စားပါ။

ငါးကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်စားပါ။

တစ်ပတ်ကို တစ်ခါလောက်သွေးပေါင်ချိန်ပါ။ ဆီးချိုရှိမရှိနဲ့သွေးတွင်းအဆီဓါတ်များမများကို ခြောက်လတစ်ကြိမ်စစ်ဆေးပါ။

Author : Dr. 528

Previous Post

ခေါင်းကိုက်အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းများ

Next Post

စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်မည့် လွယ်ကူသောနည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်မည့် လွယ်ကူသောနည်းလမ်းများ

အအေးမိ ချောင်းဆိုးနဲ့ ပန်းနာရင်ကျပ်အတွက် ပူစီနံကောင်းကျိုးများ

အမျိုးသမီးများ လျစ်လျူရှုမသင့်တဲ့ ကင်ဆာလက္ခဏာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.