fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့် ဆက်ဆံရမည်ကိုကြောက်ရွံ့ခြင်း (Sexual Pain and Sexual Fears)

615
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/02/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

လိင်ဆက်ဆံစဉ်နာကျင်မှုကို Primary အခြေခံနှင့် Secondary ဒုတိယအဆင့်ဟူပြီး နှစ်မျိုးခွဲခြားထားသည်။ လိင်ဆက်ဆံစဉ် ကာလတစ်လျှောက်လုံး နာကျင်မှုဝေဒနာ ခံစားရပါလျှင် Primary အခြေခံဟုသတ်မှတ်၍ နာကျင်မရှိသောကာလပြီးမှ နာကျင်မှုခံစားရလျှင် (ဆက်ဆံမှု၌နာကျင်မှု၊ မနာကျင်မှုရောယှက်နေလျှင်) Secondary ဒုတိယအဆင့်ဟု သတ်မှတ်ပါသည်။

အပေါ်ယံနာကျင်မှုသည် စိတ်နှင့်ဆက်နွယ်မှုရှိပြီး အတွင်းပိုင်းနာကျင်မှုသည် ရောဂါတစ်စုံတစ်ရာကြောင့်ဖြစ် နိုင်ပါသည်။ နာကျင်မှုနှင့်ပတ်သက်၍ (က) နာကျင်သောနေရာ (ခ) နာကျင်မှုအမျိုးအစာ (ဘယ်လိုနာကျင်သ လဲ) (ဂ) နာကျင်မှု၏ပြင်းထန်ခြင်း (ဃ) နာကျင်မှုဖြစ်ပေါ်ချိန် (င) ကြာမြင့်သည့်ကာလ (စ) အခြားဆက်စပ်မှုအ ကြောင်းခြင်းရာများကို အသေးစိတ်မေးမြန်းရန် လိုအပ်ပါသည်။ ဆေးပညာရှင်များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာချို့ ယွင်းမှုများကို ရှာဖွေဖော်ထုတ်ရမည် ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ လုံးဝရှာဖွေမတွေ့ရှိမှသာ စိတ်ပိုင်း ဆိုင်ရာ ပြဿနာအကြောင်းထည့်သွင်းစဉ်းစားသင့်ပါသည်။ လိင်ဆက်ဆံမှုကို ကြောက်ရွံ့ခြင်းပင်လျှင်နာကျင်မှု ဝေဒနာကို ဖြစ်ပေါ်စေသောအကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။ လိင်ဆက်ဆံစဉ် နာကျင်မှုသည် ဆန္ဒနိုးကြွမှု၊ ဆန္ဒပြည့်မြောက်မှုနှင့်ဆက်ဆံလိုသော ဆန္ဒတို့အားအနှောင့်အယှက်၊ အဟန့်အတားဖြစ်စေသည်။

အပေါ်ယံနာကျင်မှု

အပေါ်ယံနာကျင်မှုမှာ အင်္ဂါအဝနာကျင်မှုကို ဆိုလိုခြင်းဖြစ်ပါသည်။ အပေါ်ယံနာကျင်မှုသည် အများဆုံး ဖြစ်လေ့ဖြစ်ထရှိပြီး ဖြစ်စေနိုင်သောအကြောင်းဇာစ်မြစ်များစွာ ရှိကြောင်းတွေ့ရသည်။ သို့သော်အကြောင်းဇာစ် မြစ်ကိုရှာဖွေရန် ခက်ခဲနေတတ်သဖြင့် လူနာအဖို့ကုသမှုအပေါ် ကျေနပ်မှုမရနိုင်ဘဲ ရှိနေတတ်သည်။ ကုသရာ တွင်ဝေဒနာ သက်သာပျောက်ကင်းမှုပြည့်ဝစွာ မရရှိနိုင်သဖြင့် ဆရာဝန်ကိုယ်တိုင်ခေါင်းခြောက်ရသော ကိစ္စ တစ်ခုဖြစ်၏။

အင်္ဂါအဝနာကျင်မှုသည် ဝေဒနာသက်သာပျောက်ကင်းလိုက်၊ ပြန်လည်ဖြစ်ပေါ်လိုက်နှင့် လိပ်ပတ်လည် နေတတ်သည်။ ပူလောင်သည့်ဝေဒနာ၊ ယားယံခြင်းနှင့်နေရထိုင်ရခက်သလို ဖြစ်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံ နာကျင်မှုသည် လိင်ဆက်ဆံခြင်းပြုမှသာမဟုတ်ဘဲ အချိန်ပြည့်နာကျင်နေတတ်ပါသေးသည်။ တချို့ကဆိုလျှင် လမ်းလျှောက်စဉ်မှာပင် နာကျင်လာတတ်ကြ၏။ အထူးသဖြင့် အမျိုးသမီးပြင်ပအင်္ဂါများ ရောင် ရမ်းခြင်းကြောင့်ဖြစ်လေ့ရှိ၏။ လိင်ဆက်ဆံရာတွင် ချောမွေ့စေရန် သုံးသောပစ္စည်းများ၊ သုတ်ပိုးသေစေရန်သုံး သောဆေးဝါးများနှင့် အခြားဓာတုဗေဒပစ္စည်းများကြောင့်လည်း နာကျင်မှုဝေဒနာ ဖြစ်စေနိုင်သည်။

သားမွေးလမ်းကြောင်းနာကျင်မှု

သားမွေးလမ်းကြောင်းနာကျင်မှုမှာ ဖြစ်ပွားမှုနှုန်းအလွန်နည်းပါးပါသည်။ သားမွေးလမ်းကြောင်းသည် သဘာဝအားဖြင့်ပင် အာရုံခံစားမှုနည်းသော အင်္ဂါတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

အတွင်းပိုင်းနာကျင်မှု

အတွင်းပိုင်းနာကျင်မှုသည်လည်း ဖြစ်ပွားမှုများကြောင်းတွေ့ရသည်။ အဓိကအကြောင်းရင်းဇာစ်မြစ်များ မှာဝမ်းဗိုက်အောက်ပိုင်း ရောင်ခြင်း၊ အမျိုးသမီး မျိုးပွားအင်္ဂါများခွဲစိပ်ကုသခံယူရခြင်း၊ ဝမ်းဗိုက်ပိုင်းခွဲစိပ်ကုသခဲ့ ခြင်းများ၊ လိင်အင်္ဂါအဖုအကျိတ်များ၊ ဝမ်းဗိုက်အတွင်းအဖုအကျိတ်များ၊ ဆီးလမ်းကြောင်းပိုးဝင်ခံရခြင်း၊ မမျိုးဥ အိမ်အကျိတ်များစသည်တို့ကြောင့် အတွင်းပိုင်းနာကျင်မှုဖြစ်နိုင်သည်။

ကုသခြင်း

ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကိုအဓိကကုသပေးရန် လိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု နှင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကိုလည်း ထိရောက်စွာလုပ်ဆောင်ပေးသင့်ပါသည်။

သားမွေးလမ်းကြောင်းကျုံ့ခြင်း (ဆက်ဆံရေးလမ်းကြောင်းကျုံ့ခြင်း)

သားမွေးလမ်းကြောင်းကျုံ့ခြင်းသည် လိင်ဆက်ဆံသည့်အခါ နာကျင်စေခြင်းနှင့် လိင်ဆက်ဆံရန် ကြောက်လန့်မှုတို့ကို ဖြစ်စေနိုင်ပါသည်။ သားမွေးလမ်းကြောင်း ကျုံ့ခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှု နှစ်မျိုးစလုံးဖြစ်စေပါသည်။ အမျိုးသမီးများသည် အမျိုးသားများနှင့်ဆက်ဆံရမည်ကို ပင်ကြောက်လန့်တုန်လှုပ်နေတတ်ကြသည်။ သားမွေးလမ်းကြောင်း အောက်ပိုင်းရှိကြွက်သားများ ကျုံ့ခြင်း ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်၏။

သားမွေးလမ်းကြောင်း ကျုံ့ခြင်းသည်တစ်ကြိမ်တစ်ခါမျှ လိင်ဆက်ဆံခြင်းမပြုဖူးသူ အမျိုးသမီးများ၌ ဖြစ်ပါက “Primary Vaginismus” ဟုခေါ်ပါသည်။ အကယ်၍ ယခင်ကလိင်ဆက်ဆံစဉ်က မဖြစ်ခဲ့သော်လည်း နောက်ပိုင်းဆက်ဆံမှုများတွင် သားမွေးလမ်းကြောင်း ကျုံ့ခြင်းဖြစ်ပါက “Seconary Viginismus” ဟုသုံးနှုန်း ခေါ်ဆိုပါသည်။ ဝေဒနာ၏ ပြင်းထန်မှုသည်လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ခြင်းနှင့် လိင်ဆက်ဆံမှုကိုငြင်းပယ်ခြင်း တို့ကိုဖြစ်စေပါသည်။ သားမွေးလမ်းကြောင်းကျုံ့ခြင်းသည် လိင်ဆက်ဆံမှုပြုမှသာ ဖြစ်တတ်ခြင်းမဟုတ်ဘဲ အ မှန်တကယ်ဆက်ဆံမှု မပြုသော်လည်းလှုံ့ဆော်မှုအဆင့်မှာပင် ဖြစ်တတ်ပါသည်။ ထိုသို့သားမွေးလမ်းကြောင်း ကျုံ့ခြင်းရှိနေပါက လိင်ဆက်ဆံမှုမပြုဘဲ ပြင်ပလှုံ့ဆော်မှုဖြင့်သာ ဆန္ဒပြည့်ဝအောင်ဆောင်ရွက်ပေးသင့်ပါ သည်။

သားမွေးလမ်းကြောင်းကျုံ့နေသူ အမျိုးသမီးအားအတင်းအကျပ် လိင်ဆက်ဆံရန်ကြိုးပမ်းမှုပြုပါက နာ ကျင်မှု၊ ကြောက်ရွံ့မှု၊ ထိတ်လန့်တုန်လှုပ်မှု၊ ကြေကွဲဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျဆင်းမှုများဖြစ်ပေါ်စေနိုင်သည်။ သားမွေးလမ်းကြောင်းကျုံ့ခြင်း Vaginismus ရှိပါကဇွတ်အတင်း ဆက်ဆံမှုကိုရှောင်ကြဉ်ကြရန် အရေးကြီး သည်။

ရောဂါဖြစ်ရခြင်း၏ဇာတ်မြစ်များ

သားမွေးလမ်းကြောင်း ကျုံ့ခြင်း၏အဓိကအကြောင်းရင်းမှာ စိတ်ဆန္ဒမဲ့ (သိစိတ်ဖြင့်မဟုတ်သော) သား မွေးလမ်းကြောင်း ကြွက်သားများကျုံ့ညှစ်ခြင်းများ ဖြစ်သည်။ မည်သည့်အတွက် တချို့အမျိုးသမီးများတွင်သား မွေးလမ်းကြောင်းကျုံ့ခြင်းဖြစ်တတ်၍ တချို့တွင်မဖြစ်ကျသည်ကို အတိအကျမသိနိုင်ပေ။ လိင်ဆက်ဆံစဉ်နာ ကျင်မှုဝေဒနာသည် သားမွေးလမ်းကြောင်းကိုဖြစ်စေသော အကြောင်းရင်းဖြစ်နိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ (သို့) လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုသည် လိင်ဆက်ဆံရမည်ကို ကြောက်လန့်စေသည်။ ပထမဦးဆုံးလိင်ဆက်ဆံစဉ် က ခံစားခဲ့ရသောနာကျင်မှုဝေဒနာကို ကြောက်လန့်မှုကြောင့်လည်း နောက်တစ်ကြိမ်လိင်ဆက်ဆံရမည်ကို စိုး ရိမ်နိုင်တတ်ပါသည်။ အခြားတစ်ချက်မှာ လိင်ဆက်ဆံသဖြင့် ကိုယ်ဝန်ရရှိမည်ကို စိုးရိမ်ကြောင့်ကြမှုကြောင့် သားမွေးလမ်းကြောင်း ကျုံ့ခြင်းလည်းဖြစ်နိုင်ပါသေးသည်။

ဘာသာရေးယုံကြည်မှုများ၊ လိင်ပိုင်းဆိုင်ရာဗဟုသုတများနည်းပါးခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ ခြင်း၊ မုဒိမ်းကျင့်ခံခဲ့ရခြင်း၊ ဆက်ဆံဖော်အပေါ်ဒေါသဖြစ်ခြင်း စသည်တို့သည်လည်းအကြောင်းရင်း ဇာစ်မြစ်များ ဖြစ်တတ်ပါသည်။ အချစ်ပျက်ပြယ်မည်ကို စိုးရိမ်ခြင်း၊ ကိုယ်ဝန်ရှိမည်ကိုကြောက်ခြင်း၊ ဒေါသဖြစ်ခြင်းနှင့် အင်္ဂါ လမ်းကြောင်းသေးငယ်သည်ဟု ယုံမှားသံသယရှိခြင်းတို့ကြောင့် သားမွေးလမ်းကြောင်းကျုံ့နေတတ်၏။ စိတ် ပိုင်းဆိုင်ရာပြဿနာများသည်လည်း ပြဿနာ၏ဇာစ်မြစ်ဖြစ်နိုင်ပါသေးသည်။

ကုသခြင်း

အပြုအမူပိုင်းဆိုင်ရာ ကုသမှုသည် သားမွေးလမ်းကြောင်းကျုံ့ခြင်းအတွက် အရေးကြီးသောကုသမှုဖြစ် ၏။ အထူးလေ့ကျင့်ခန်းများဖြင့် ကြွက်သားများ အကြောလျော့အောင်ဆောင်ရွက်ရမည် ဖြစ်၏။ သားမွေးလမ်း ကြောင်းအားစနစ်တကျ လေ့ကျင့်မှုပြုလုပ်ပေးရပါသည်။ သားမွေးလမ်းကြောင်းအား လေ့ကျင့်ပေးခြင်းမှာအထူး ဖန်တီးပြုလုပ်ထားသော အရွယ်အစားမတူသည့် ပစ္စည်းများကိုအသုံးပြုရ၏။ သေးငယ်သောပစ္စည်းမှစ၍ တ ဖြည်းဖြည်းကြီးသောပစ္စည်းကို ထည့်သွင်းပြီးနာကျင်မှု မဖြစ်ပေါ်အောင်လေ့ကျင့်နည်းပင် ဖြစ်သည်။ သားမွေး လမ်းကြောင်းကျုံ့ခြင်းမှာ လေ့ကျင့်မှုဖြင့် ပျောက်ကွယ်သွားမည်ဖြစ်၏။

ဆန္ဒပြီးမြောက်မှုပြဿနာ (Female Orgasmic Disorder or Anorgasmia)

အမျိုးသမီးများ ဆန္ဒပြီးမြောက်ခြင်းဆိုသည်မှာ အတိအကျသတ်မှန်ရန် မလွယ်ကူပေ။ မည်သည့်အ ဆင့်သည်စိတ်ဆန္ဒပြည့်ဝမှု အရှိဆုံးဆိုခြင်းမှာပင် ရှင်းလင်းစွာမသိနိုင်ပါ။ တချို့သောအမျိုးသမီးများသည် ဆန္ဒ ပြီးမြောက်မှုမရှိနိုင်ပါ။ တချို့သောအမျိုးသမီးများသည် ဆန္ဒပြီးမြောက်မှု မရှိသည့်တိုင်ကျေနပ်မှုရှိခဲ့ကြကြောင်း တွေ့ရသည်။

အမျိုးသမီးများ ဆန္ဒပြည့်ဝမှုနှင့်ပတ်သက်ပြီး အမျိုးသားများကိုယ်တိုင် နားလည်သဘောပေါက်ထား သင့်ကြသည်။ အမျိုးသားများသည် မိမိကဲ့သို့ပင် အမျိုးသမီးများသည် ဆန္ဒပြီးမြောက်မှုမရှိကြလျှင် လိင်ဆက်ဆံ မှုအပေါ်ကြေနပ်မှုရရှိမည်မဟုတ်ဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့အတွက်ကြောင့်ပင် အမျိုးသမီးများဆန္ဒပြီး မြောက်စေရန် ဆန္ဒလွန်ကဲမှုများ ဖြစ်တတ်ကြ၏။
ဆန္ဒမပြီးမြောက်ခြင်းမှာ ဆန္ဒပြီးမြောက်မှုဖြစ်စဉ်ကို အလိုအလျောက် (မသိစိတ်ဖြင့်) ဆန္ဒမဲ့ဟန့်တား ထားမှုကို ဆိုလိုပါသည်။ တချို့အမျိုးသမီးများသည် သာမန်လိင်အင်္ဂါခြင်းဆက်ဆံမှုဖြင့် ဆန္ဒပြီးမြောက်နိုင်ကြ သည်။ တချို့မှာမူ အခြားလှုံ့ဆော်မှုများ (ဥပမာ-အင်္ဂါစေ့အားလှုံ့ဆော်ပေးမှု) ရှိမှသာ ဆန္ဒပြီးမြောက်တတ်ကြ ၏။ လိင်ဆက်ဆံခြင်းဖြင့် ဆန္ဒမပြီးမြောက်တတ်သော အမျိုးသမီးများသည် စိတ်ဖြေဖျောက်မှုဖြင့် ဆန္ဒပြီး မြောက်နိုင်ကြောင်းတွေ့ရသည်။ ဆေးပညာရှင်တချို့က ဆန္ဒပြီးမြောက်ခြင်းကို “Mini-death” “အငယ်စားသေ ဆုံးခြင်း” ဟုတင်စားသုံးနှုန်းလေ့ရှိ၏။ လိင်ပညာပေးခြင်းနှင့် အကျိုးအကြောင်းဆွေးနွေးခြင်းများသည် ဆန္ဒမပြီး မြောက်ခြင်းအတွက် အရေးကြီးသောကဏ္ဍမှပါဝင်လျက်ရှိပါသည်။

ကုသခြင်း

ကြောက်ရွံ့မှုကိုဖယ်ရှားပစ်ခြင်းနှင့် အားပေးကူညီခြင်းလိုအပ်သည်။ ပဋိပက္ခကိုဖြေရှင်းပေးရမည်ဖြစ် သည်။ လှုံ့ဆော်မှုအပိုင်းကို ပိုမိုပြုဆောင်ပေးရန်အရေးကြီးသည်။ လိင်ဆက်ဆံဖော်နှစ်ဦးအကြား ဆက်ဆံရေး ကောင်းမွန်ပြေပြစ်စေရန် ဆောင်ရွက်ပေးရပါမည်။

လိင်ပညာပေးခြင်း လက်ခံယုံကြည်မှုများကို မှန်ကန်စေခြင်းနှင့်ဆက်ဆံဖော်၏ လိုအပ်ချက်ကို နား လည်စေခြင်းတို့အတွက် ဆွေးနွေးပညာပေးခြင်းလိုအပ်မည် ဖြစ်ပေသည်။

သားမွေးလမ်းကြောင်း (ဆက်ဆံရေးလမ်းကြောင်း) ကျုံ့ခြင်းအားကုသမှု
  1. လိင်ပညာပေးဆွေးနွေးခြင်း။
  2. သားမွေးလမ်းကြောင်း ကြွက်သားများအားလေ့ကျင့်ပေးခြင်း။
  3. လိင်ပိုင်းဆိုင်ရာ ခန္ဓာဗေဒကို ကိုယ်တိုင်စမ်းသပ်သိရှိနားလည်ပေးခြင်း။
  4. သားမွေးလမ်းကြောင်းအားလေ့ကျင့်ပေးခြင်း။
  5. ဆက်ဆံဖော်အား ပူးပေါင်းလေ့ကျင့်စေခြင်း။
  6. စမ်းသပ်၍လိင်ဆက်ဆံမှုပြုစေခြင်း။
  7. ကြောက်ရွံ့စိုးရိမ်မှုကို ဆွေးနွေးပညာပေးခြင်း။
  8. ဆန္ဒမပြီးမြောက်ခြင်းအမျိုးအစား

-အခြေခံအဆင့် ဆန္ဒမပြီးမြောက်ခြင်း (လုံး၀ ဆန္ဒမပြီးမြောက်ဖူးခြင်း။)
-ဒုတိယအဆင့် ဆန္ဒမပြီးမြောက်ခြင်း (ယခင်က ဆန္ဒပြီးမြောက်ခဲ့သော်လည်း ယခုအချိန်၌ ဆန္ဒမပြီး မြောက်စေနိုင်ခြင်း။)
-လုံး၀ ဆန္ဒမပြီးမြောက်ခြင်း။ (မည်သည့်အခြေအနေ၌ မဆိုပြည့်ဝရန်မဖြစ်နိုင်ခြင်း။)
-အခြေအနေအရ ဆန္ဒမပြီးမြောက်ခြင်း။ (တချို့သော အခြေအနေ၌ ဆန္ဒမပြီးမြောက်သော်လည်းအခြား နေရာများ၌ ဆန္ဒမပြီးမြောက်နိုင်ခြင်း။)

ဆန္ဒမပြီးမြောက်မှုကို ကုသခြင်း

-လိင်ပိုင်းဆိုင်ရာ ခန္ဓာဗေဒကို မိမိတို့ကိုယ်တိုင်စမ်းသပ်သိရှိနားလည်စေခြင်း။
-ဆန္ဒဖြေဖျောက်ခြင်း။
-ကြောက်ရွံ့ထိတ်လန့်မှုတို့ကို ဖြေရှင်းပေးခြင်း။
-လိင်ဆက်ဆံခြင်းအပေါ် အာရုံစူးစိုက်ခံစားစေခြင်း။
-ပစ္စည်းကိရိယာသုံးစွဲခြင်း။ (ဥပမာ-Vibrators)
-အာရုံပြောင်းစေခြင်း။
-လိင်ဆန္ဒဖြစ်ပေါ်မှု မြှင့်တင်ရန်လေ့ကျင့်ခြင်း။
-အခြေအနေပြောင်းလဲစေခြင်း။
-ဆက်ဆံမှုအရ ဆန္ဒပြီးမြောက်စေခြင်း။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ဝက်သက်

Next Post

သားအိမ်ခေါင်းကင်ဆာ


ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ခေါင်းကင်ဆာ

စိတ်ဒုက္ခတော်တော်ပေးနိုင်တဲ့ အရေပြားရောဂါတွေ (ခရုသင်း - ၁)

တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.