သင်၏ကျန်းမာရေးအခြေအနေ ကောင်းမွန်သည်ထက် ကောင်းမွန်ပြီး၊ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်ရှိလိုလျှင် အောက်ပါအချက်များကို လိုက်နာပါဟုအကြံပေးလိုက်ပါရစေ။
(က) ကိုယ်အလေးချိန်မှန်မှန်ချိန်ပေးပါ
မိမိကိုယ်အလေးချိန် လွန်ကဲမှုမရှိအောင် အမြဲဂရုစိုက်ရန်လိုအပ်ပါသည်။ ကိုယ်အလေးချိန်လွန်ကဲလျှင် ခန္ဓာကိုယ်လှုပ်ရှားမှု သွက်လက်မြန်ဆန်နိုင်မည်မဟုတ်ပေ။ ကိုယ်အလေးချိန်များသူဖြစ်လျှင် အစားအစာဆင် ခြင်စားသုံးခြင်းနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း ပြုလုပ်ပေးရပါမည်။
(ခ) လန်းဆန်းစေမည့်ရနံ့ သုံးစွဲပါ
နေအိမ်၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေ လန်းဆန်းမှုဖြစ်စေမည့် ရနံ့များပက်ဖျန်းပေးထားပါ။ ငရုတ် ကောင်း၊ လိမ္မော်၊ ရှောက်၊ သံပရာရနံ့များသည် လန်းဆန်းမှုကို ဖြစ်စေနိုင်ပါသည်။
(ဂ) စောစောအိပ်ပြီးစောစောထပါ
အိပ်ရာစောစောဝင်ခြင်းနှင့် နံနက်စောစောထခြင်းသည် တက်ကြွလန်းဆန်းမှုကို ရစေနိုင်ပါသည်။ အိပ် ချိန်မှန်ရမည်။ နှစ်ခြိုက်စွာအိပ်စက်ရမည်။ အိပ်ချိန်လုံလောက်ရမည်ဖြစ်ပါသည်။
(ဃ) တောက်ပသောအရောင်အသွေးရွေးချယ်ပါ
သင်၏ အခန်းအားလန်းဆန်းတက်ကြွမှုကို အားပေးစေမည့်အရောင်တစ်မျိုးမျိုး သုတ်ထားသင့်သည်။ လိမ္မော်ရောင်၊ အနီရောင်နှင့်တောက်ပသော အဝါရောင်တို့မှတစ်မျိုးဖြစ်သင့်ပါသည်။
(င) အိမ်ထဲမှာကုပ်မနေပါနှင့်
အိမ်ထဲမှာချည်းမနေပါနဲ့။ အပြင်သို့လည်းထွက်ပေးရန် လိုပါသည်။ ပြင်ပထွက်ခြင်းဖြင့် သင့်ခန္ဓာကိုယ်၌ လည်းဗီတာမင် “ဒီ”ရရှိမည့်အကျိုးလည်း ခံစားရနိုင်ပါသည်။
(စ) လေ့ကျင့်ခန်းတစ်ခုလောက်တော့ ပြုလုပ်ပေးပါ
ကခုန်ခြင်း၊ ရေကူးခြင်း၊ လမ်းလျှောက်ခြင်း၊ ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ အေရိုးဗစ်ကစားခြင်းစသည် တို့မှသင်ဝါသနာပါရာတစ်ခုခုကို တစ်ပတ်တစ်ကြိမ်လောက် အနည်းဆုံးလုပ်ဆောင်ပေးပါ။
(ဆ) ပြုံးပါ၊ ရယ်ပါ
ရယ်မောခြင်းသည်စိတ်ရော၊ ကိုယ်ပါလန်းဆန်းတက်ကြွစေပါသည်။ ရယ်စရာပြောပါ၊ နားထောင်ပါ။ ရယ်စရာဖတ်ပါ။ ရယ်ရာမှာပင် အသံထွက်ပြီးရယ်လိုက်ပါ။
(ဇ) အားလပ်ရက်အပန်းဖြေခရီးထွက်ပါ
အနားယူအပန်းဖြေခြင်းသည် အားအင်ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ပင်ပန်းသမျှပြေပျောက်ကာ ပျော်ရွှင်လန်းဆန်းစေမည်ဖြစ်၏။
(ဈ) အစားအစာပြည့်ဝလုံလောက်မျှတစွာ စားသုံးပါ
စွမ်းအင်သင့်တင့်မျှတရုံ စားသုံးရန်ဖြစ်သည်။ အလွန်အကျွံမစားသုံးရပါ။ ဗီတာမင်နှင့် သတ္ထုဓာတ်တို့ ပြည့်ဝစွာရရှိရန်လိုအပ်ပါသည်။
(ည) ရေ သို့မဟုတ်အရည်များများ သောက်ပေးပါ
သင်ရေများများသောက်ခြင်းဖြင့် ဆီးပမာဏပိုပြီးသွားရပါလိမ့်မည်။ ဆီးနှင့်အတူ ခန္ဓာကိုယ်တွင်းမှအ ညစ်အကြေးများကို စွန့်ထုတ်နိုင်သောကြောင့် ပေါ့ပါးလန်းဆန်းလာနိုင်ပါလိမ့်မည်။ ရေများများသောက်လေသင် ၏ကျန်းမာရေး ပိုမိုကောင်းမွန်လေဖြစ်ကြောင်း သိလာနိုင်ပါလိမ့်မည်။
(ဋ) နံနက်အိပ်ယာထလျှင် အစာစားပေးပါ
တချို့လူများသည် နံနက်အိပ်ယာထလျှင် အစားအစာမစားဘဲ နေတတ်ကြပါသည်။ နံနက်စာစားခြင်း သည်သင့်ခန္ဓာကိုယ်အား ပထမဦးဆုံး အင်အားဖြည့်ပေးလိုက်ခြင်း၊ စွမ်းအင်ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
(ဌ) အချိုဓာတ် (သကြားဓာတ်) လျှော့ပါ
သကြားဓာတ်ကို မျှတရုံထက်ပိုပြီးမစားသုံးသင့်ပါ။ လုံးဝရှောင်ကြဉ်ရန်လည်း မလိုပါ။ အလွန်အကျွံ မစားသုံးရန်သာဖြစ်ပါသည်။
သကြားအစားထိုးထုတ်ကုန် တစ်ခုပြောင်းလဲ အသုံးပြုသင့်ပါသည်။
(ဍ) အသင့်စားသုံးနိုင်သော အစားအစာများ၊ ကြာရှည်ခံအောင်ပြုပြင်ထားသော အစားအစာများရှောင်ကြဉ်ပါ
အသင့်စားသုံးနိုင်သော (သို့) ကြာရည်ခံအောင်ပြုပြင်ထားသော အစားအစာများသည်ကျန်းမာရေးအ တွက်အန္တရာယ်ဖြစ်စေသည်။ လတ်ဆတ်သောအသီးအနှံ၊ ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားသုံးပေးသင့်ပါ သည်။
တက်ကြွလန်းဆန်းကျန်းမာပျောရွှင်စွာ ရရှိစေရန်အတွက် ဖော်ပြပါအချက်များကိုလိုက်နာလုပ်ဆောင် ကြည့်ပါ။ သင့်အတွက် ထူးခြားမှုအမှန်တကယ် တွေ့ရပါလိမ့်မည်။