fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

လိင်တူဆက်ဆံခြင်း

1.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/02/2017
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

လိင်တူဆက်ဆံသူများ၌လည်း လိင်ပိုင်းဆိုင်ရာ ပြဿနာများရှိကြကြောင်းတွေ့ရသည်။ အမျိုးသားအ ချင်းချင်း ဆက်ဆံခြင်း (သို့) အမျိုးသမီးများအချင်းချင်း ဆက်ဆံခြင်း၌ပင် ပြဿနာအမျိုးမျိုးရှိနိုင်ပါသည်။ ဆေး ပညာရှင် များ (ဆွေးနွေးပညာပေးသူများ) အနေဖြင့် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ လိင်ကွဲဆက် ဆံကြသူများ နည်းတူကူညီပေးရန် လိုအပ်မည်ဖြစ်၏။ လိင်တူဆက်ဆံခြင်းသည် HIV ရောဂါကူးစက်နိုင်သည့် အခွင့်အလမ်းရှိ နေသဖြင့် အန္တရာယ်ကင်းသောဆက်ဆံမှုများ ဆောင်ရွက်စေရန် ပညာပေးခြင်းကဏ္ဍမှ အထူးအရေးကြီးသည်။

လိင်တူဆက်ဆံသူများသည် လက်ရှိအခြေအနေပေါ်၌သာ အာရုံစူးစိုက်မှုရှိနေကြ၏။ လိင်ကွဲဆက်ဆံသူများကဲ့ သို့လက်ထပ်ခြင်းနှင့် သားသမီးယူခြင်းတို့အထိ နောက်ပိုင်းအခြေအနေတို့ကို ထည့်သွင်းစဉ်းစားမှုမရှိကြပေ။ လိင်တူဆက်ဆံသူများကို ပညာပေးဆွေးနွေးရာတွင် လုံးဝဘက်လိုက်မှုမရှိစေရပါ။ အပြုအမူတစ်ခုကို လုပ် ဆောင်ရန် ဇွတ်အတင်းတိုက်တွန်းခြင်း မပြုသင့်ပါ။
လိင်တူဆက်ဆံသူများအား ပညာပေးဆွေးနွေးသောအခါ ဆွေးနွေးအကြံပေးမည့်သူသည် ကြိုတင်ကြံ စည်တွေး တောထားခြင်းမပြုရန် အရေးကြီးပါသည်။ လိင်တူဆက်ဆံသူတိုင်းသည် စအိုဆက်ဆံခြင်းအမှု ကိုပြုလုပ်ကြ သည်မဟုတ်ပေ။ လိင်တူဆက်ဆံသူများတွင် အကြမ်းသဘောအားဖြင့် Active ဖြစ်သူနှင့် Passive ဖြစ်သူဟူ၍ နှစ်မျိုးတွေ့ရမည် ဖြစ်၏။ ထိုသို့ခွဲခြားထားမှုရှိသော်လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စ အိုဆက်ဆံမှု ပြုတတ် လေ့ရှိ၏။ Passive ဖြစ်သူသည်အများအားဖြင့် ယောက်ျားပီသမှုနည်း၍ တက်ကြွမှု မရှိကြောင်းတွေ့ရ၏။ အမျိုး သမီးအချင်းချင်း လိင်ဆက်ဆံရာတွင် တစ်ဦးသည်စိတ်ပိုင်းဆိုင်ရာ ပိုမို Active တက်ကြွမှုရှိကြောင်းတွေ့နိုင် သည်။

ဆွေးနွေးအကြံပေးသူ (သို့) ဆေးပညာရှင်သည်လိင်တူ ဆက်ဆံသူများအား ပညာပေးဆွေးနွေးရာတွင် ထိုသူ များ၏စိတ်ပိုင်းဆိုင်ရာစံနှုန်းများ၊ နှစ်သက်မှု၊ မနှစ်သက်မှုစသည်တို့ကို နားလည်သဘောပေါက်ထားရန် လိုအပ် မည်ဖြစ်၏။ တစ်ခါတစ်ရံ လိင်တူဆက်ဆံသူများနှင့် ပတ်သက်၍ဆွေးနွေးအကြံပေးသူ၌ လုံလောက် သောပညာ ဗဟုသုတမရှိခဲ့ပါလျှင် သူတို့အားလမ်းညွှန်ပေးရန် လွယ်ကူမည်မဟုတ်ပေ။

ထိုသူတို့၏အပြုအမူ၊ စိတ်နေသဘောထား၊ တွေးခေါ်စဉ်းစားမှု၊ စိတ်ခံစားမှုစသည်တို့ကို သူတို့သာလျှင်အသိ နိုင်ဆုံးဖြစ်၏။ ထိုအချက်ကိုပင် ဆွေးနွေးအကြံပေးသူများ နားလည်သဘောပေါက်ရန်လိုအပ်ပါသည်။ လိင်တူ ဆက်ဆံသူတို့အားအကြံပေးသူများကိုယ်တိုင် နားမလည်နိုင်သောကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့် ပါ။ မိမိပေးသောအကြံအစည် လမ်းညွှန်မှုများသည် ထိုသူတို့အတွက်သင့်လျော်ချင်မှသင့်လျော်ပါလိမ့်မည်။

လိင်ပိုင်းဆိုင်ရာအပြုအမူများ

လိင်တူဆက်ဆံကြသူများ၏ စိတ်နေသဘောထားနှင့်နေထိုင်မှုဘဝပုံစံကို ရှင်းလင်းပြတ်သားစွာ နား လည်နိုင်ရန်မလွယ်ကူပေ။ လိင်တူဆက်ဆံကြသူများ၏ နေထိုင်ပြုမူမှုသည်အမျိုးမျိုးကွဲပြားမှုများ ရှိနေကြသည်။ တချို့သောလိင်တူဆက်ဆံသူများသည် ဆက်ဆံဖော်တစ်ဦးတည်းသာ ထားတတ်ကြ၏။ အခြားမည်သူတစ်ဦး တစ်ယောက်နှင့်မျှ နောက်ထပ်ဆက်ဆံခြင်းမပြုကြပေ။ တချို့မှာ တစ်ဦးထက်မကသော ဆက်ဆံဖော်များထား တတ်ကြသည်။ လိင်ကွဲဆက်ဆံသူများတွင် ဆက်ဆံဖော်တစ်ဦးထက်ပိုထားပါက “သစ္စာမဲ့ခြင်း” (သစ္စာဖောက် ခြင်း) ဟုသတ်မှတ်သကဲ့သို့ လိင်တူဆက်ဆံသူများသည်လည်း ဆက်ဆံဖော်အားသစ္စာရှိတတ်ကြပါသည်။ ထို သူတို့၌လည်း တစ်ဦးထက်ပိုသောဆက်ဆံဖော်ထားသူများအား “သစ္စာမဲ့သူ” အဖြစ်သတ်မှတ်ပါသည်။

လိင်တူဆက်ဆံသူ အမျိုးသားများ

လူ့အသိုက်အဝန်းများက စအိုဆက်ဆံခြင်းကို မကောင်းမှုတစ်ခု၊ ရှောင်ကြဉ်ဖွယ်ရာကိစ္စတစ်ခုဟု သတ် မှတ်ခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှုအရ တဘူး (Taboo) တစ်ခုဟုပင်ဆိုနိုင်ပါသည်။ လိင်ဆက်ဆံရာတွင်အပြုအ မူအမျိုးမျိုး တွေ့နိုင်သည်။ အပြန်အလှန်စိတ်ဖြေဖျောက်ပေးခြင်း၊ ပါးစပ်ဖြင့်လိင်ကိစ္စပြုခြင်း၊ စအိုဆက်ဆံခြင်းစ သည်တို့ပြုလုပ်တတ်ကြသည်။

လိင်တူဆက်ဆံသူ အမျိုးသမီးများ

အမျိုးသမီးများအကြား လိင်တူဆက်ဆံမှုနှင့်ပတ်သက်၍ သုတေသနပြုလုပ်ထားမှု အင်မတန်နည်းပါး လှပါသည်။ အမျိုးသမီးများလိင်တူဆက်ဆံရာတွင် အများဆုံးအသုံးပြုသည့်နည်းမှာ အပြန်အလှန်စိတ်ဖြေ ဖျောက်ပေးခြင်းပင်ဖြစ်၏။ ပါးစပ်ဖြင့်လိင်ကိစ္စပြုခြင်းနှင့် ခန္ဓာကိုယ်အားထိတွေ့ပွတ်သပ်ပေးခြင်း အပြုအမူများ လည်းပြုလုပ်တတ်ကြ၏။ ပစ္စည်းကိရိယာများအသုံးပြုခြင်းများလည်း ရှိကြသည်။

ဝေါဟာရအသုံးအနှုန်းများ

လိင်တူဆက်ဆံကြသူများအကြား အချင်းချင်းပြောဆိုဆက်ဆံရာတွင် သုံးနှုန်းသောဝေါဟာရများစွာရှိ ကြကြောင်းတွေ့ရသည်။ ဆေးပညာရှင်များနှင့်ဆွေးနွေးအကြံပေးမည့်သူများအဖို့ ယင်းဝေါဟာရများနှင့်လည်း ရင်းနှီးကျွမ်းဝင်ရန်လိုအပ်ပါသည်။
Active နှင့် Passive ဟူသောဝေါဟာရမှာ လိင်တူဆက်ဆံသူများအကြားသုံးလေ့မရှိပေ။ အပြင်လူတစ် ဦးအနေဖြင့်သာ လိင်တူဆက်ဆံသူနှစ်မျိုးရှိပြီး တချို့ Active ဖြစ်သူ၊ တချို့ Passive ဖြစ်သူစသည်ဖြင့် ခွဲခြား သုံးနှုန်းခြင်းဖြစ်၏။ Active နှင့် Passive ဟူသောဝေါဟာရကိုပင် ထိုသူများအားဆွေးနွေးပညာပေးရာတွင် မသုံး မိအောင်သတိထားရမည်ဖြစ်သည်။

ပြဿနာများ
  • လိင်တူဆက်ဆံသူများတွင်တွေ့ရတတ်သော ပြဿနာများမှာ-
  • လိင်အင်္ဂါတောင့်တင်းမှု ပြဿနာ။
  • သုက်မလွှတ်နိုင်ခြင်း။
  • လိပ်ခေါင်းရောဂါ
  • စအိုကွဲနာ

အမျိုးသမီးများတွင်ဆက်ဆံလမ်းကြောင်း ကျုံ့ခြင်း။ ဆန္ဒပြီးမြောက်မှုမရှိခြင်း။ လိင်ဆန္ဒလျော့နည်းခြင်း။ ရောဂါ ပိုးမွှားများ ကူးစက်ခံရခြင်း။ ဥပမာ – ဗိုင်းရပ်စ်ပိုး၊ အသည်းရောင်ရောဂါ၊ အခြားလိင်ဆက်ဆံမှုကြောင့် ကူးစက် တတ်သောရောဂါများ။

လိင်တူဆက်ဆံခြင်းအား ပညာပေးဆွေးနွေးခြင်း

ဆေးပညာရှင် (သို့) နှစ်သိမ့်ဆွေးနွေးပညာပေးသူသည် အောက်ပါအချက်များကိုလိုက်နာဆောင်ရွက် သင့်သည်။

  • မိမိကိုယ်တိုင်ရိုးသား ပွင့်လင်းမှုရှိပါ။ အကယ်၍ လိင်တူဆက်ဆံသူများနှင့် စကားပြောဆိုရန်မနှစ်မြို့ပါ က အခြားဆေးပညာရှင် (သို့) ဆွေးနွေးအကြံပေးပုဂ္ဂိုလ်ထံ လွှဲပြောင်းပေးပါ။ ဆိုလိုသည်မှာစိတ်မ ကြည်လင်သောကိစ္စကို မဆောင်ရွက်ပါနှင့်။
  • အကယ်၍ လိင်တူဆက်ဆံသူသည်ဆယ်ကျော်သက်အရွယ်များ ဖြစ်ပါကလိင်မှုကိစ္စ နားမလည်မှု၊ ရှုပ်ထွေးနေမှု များကို လမ်းညွှန်အကြံပေးပါ။ ဆုံးဖြတ်မှုပေးသင့်ပါက ဆုံးဖြတ်ပေးပါ။
  • ကြိုတင်ထင်မြင်ယူဆချက်များ၊ ခန့်မှန်းမှုများ မထားရပါ။
  • လိင်တူဆက်ဆံသူများအား ပြန်လှန်ပြောဆိုခွင့်များများပေးပါ။
  • လိင်ဆက်ဆံမှုသည် အမြဲတမ်းတစ်သမတ်တည်း ရှိနေခြင်းမဟုတ်ပေ။ ပြောင်းလဲတတ်သော သဘော ရှိသည်ကိုနားလည် ထားရမည်ဖြစ်၏။
စအိုဆက်ဆံမှု (Anal Sex)

ဗြိတိန်နိုင်ငံတွင်လိင်ကွဲဆက်ဆံသူများ၏ သုံးပုံတစ်ပုံခန့်သည် စအိုဆက်ဆံမှုကို တစ်ခါတစ်ရံပြုလေ့ရှိ ကြောင်းတွေ့ရသည်။ လိင်တူဆက်ဆံကြသူများ၏ သုံးပုံနှစ်ပုံမှာ စအိုဆက်ဆံမှုပြုကြ၏။ ထို့ကြောင့်စုစုပေါင်းအ ရေအတွက်ကိုလေ့လာကြည့်လျှင် လိင်ကွဲဆက်ဆံသူအမျိုးသားများ အရေအတွက်က စအိုဆက်ဆံမှုတွင်သာ လွန်နေကြောင်းတွေ့ရမည်ဖြစ်၏။

စအို၏ခန္ဓာဗေဒသဘော

စအိုအား မျိုးပွားအင်္ဂါများသို့သွားသော အာရုံကြောများကပင် အာရုံကြောငယ်များ၊ ပေးပို့ထားခြင်းဖြစ် ၏။ အပြင်ပိုင်းသည် ထိတွေ့မှုနှင့်အပူအအေးကို ခံစားနိုင်ပြီးအတွင်းပိုင်းသည် ကျဉ်းမြောင်းခြင်း၊ ကျယ်ခြင်းအာ ရုံကိုသိရှိနိုင်ကြောင်း တွေ့ရ၏။ စအိုရှိကြွက်သားများသည် စိတ်ဆန္ဒဖြင့်ကျုံ့ညှစ်နိုင်ကြသည်။

လူနာများအားအကြံပေးခြင်း
  • အမှန်တကယ်စအိုဆက်ဆံမှု လိုလားခြင်းရှိ၊ မရှိမေးမြန်းရပါမည်။ ဆက်ဆံဖော်၏ ဖိအားပေးမှုကြောင့် ဆက်ဆံရခြင်းမျိုး မဖြစ်သင့်ပါ။
  • စအိုလမ်းကြောင်း ကြွက်သားများလျော့အောင်ပြုသင့်သည်။
  • Condoms ကွန်ဒုံးအသုံးပြုခြင်းကို တိုက်တွန်းအားပေးပါ။
  • စအိုလမ်းကြောင်းကျယ်အောင်ပြုလုပ်သည့် နည်းလမ်းကိုညွှန်ပြပေးပါ။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

အသားဝါအသည်းရောင်ရောဂါများ (Hepatitis)

Next Post

မိခင်နို့တိုက်ကျွေးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိခင်နို့တိုက်ကျွေးခြင်း

ဆားဝက်ခြံကြောင့် စိတ်ညစ်နေရတာလား

အိပ်ရေးဝဝအိပ်၊ အိမ်မက်လှလှမက်စေဖို့အတွက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.