ခဏခဏ သမ်းဝေနေတာ အသည်းမကောင်းလို့လား
သင် လူအများရှေ့ မကြာခဏသမ်းဝေတတ်ပါသလား? သမ်းဝေခြင်း မိမိကိုယ်တိုင်သတိမထားဘဲ သူ့အလိုလိုဖြစ်တတ်ပါတယ်။သမ်းဝေခြင်းသည် ပင်ပန်းနွယ်နယ်ခြင်းကြောင့် သမ်းဝေခြင်းသည် သဘာဝကျလှပါတယ်။အဓိက အိပ်ငိုက်ခြင်းဖြစ်လျှင်ပိုမိုသမ်းဝေတတ်ကြပါတယ်။သမ်းဝေခြင်းနှင့်အတူတပြိုင်နက် မျက်ရည်ထွက်ပြီး အသံထွက်တတ်ပါတယ်။
သမ်းဝေခြင်းသည် မကြာခဏဆက်တိုက်မူမမှန်ဖြစ်လာပါကစိုးရိမ်မူရှိလာပါပြီ။တမိနစ်မကြာပဲခဏခဏသမ်းပါကအကြောင်းရင်းရှာသင့်ပါတယ်။သမ်းဝေခြင်းဖြစ်ရသောအကြောင်းရင်းများစွာရှိပါတယ်။
(1) မူးဝေခြင်းနှင့်ပင်ပန်းခြင်း
ပင်ပန်းနွမ်းနယ်ပါက သမ်းဝေခြင်းသည် ပုံမှန်ဖြစ်သည်ဟုယူဆနိုင်သော်လည်းအမြဲဖြစ်နေပါက သေချာအကြောင်းရင်းရှာပါ။
(2) အိပ်မပျော်ခြင်း
ကောင်းစွာအိပ်စက်ခြင်းမရရှိပါက သမ်းဝေခြင်းဖြစ်စေနိုင်ပါတယ်။ဦးနှောက်ကောင်းစွာအနားမယူရခြင်းလက္ခဏာပင်ဖြစ်ပါတယ်။အိပ်ရေးမဝခြင်းနှင့်အိပ်မပျော်ခြင်းကြောင့် နေ့ဘက်တွင်သမ်းဝေခြင်းဆက်တိုက်ဖြစ်လာနိုင်ပါတယ်။
(3) ဆေးဝါးများ
အချို့အယားပျောက်ဆေးများနှင့်စိတ်ဆေးများသည် အိပ်ငိုက်ခြင်းနှင့်သမ်းဝေခြင်းဖြစ်စေပါတယ်။
(4) နှလုံးပြသနာ
နှလုံးနှင့်နှလုံးသွေးကြောမကြီးအနီးအနား သွေးထွက်နေလျှင်အာရုံကြောလူံဆော်မူကြောင့် ဆက်တိုက်သမ်းဝေလာတတ်ပါတယ်။ထို့ကြောင့် အိပ်ငိုက်ခြင်းပင်ပန်းခြင်းမရှိဘဲဆက်တိုက်သမ်းဝေလာပါက နှလုံးထိခိုက်မူကို သတိထားသင့်ပါတယ်။
(5) အတက်ရောဂါ
အတက်ရောဂါရှိသူများသည် အချို့သောအကြောင်းရင်းများကြောင့် ဆက်တိုက်သမ်းဝေလာတတ်ပါတယ်။အဆိုပါ လူနာများတွင်ဆက်တိုက်သမ်းဝေလာပါက တက်ခြင်းလက္ခဏာဖြစ်လာပါလိမ့်မယ်။
(6) ဦးနှောက်အကျ်တ်ရှိခြင်းနှင့် လေဖြတ်ခြင်း
ဦးနှောက်ထဲတွင်အကျ်တ်ရှိပါက ဆက်တိုက်သမ်းဝေခြင်းဖြစ်နိုင်ပါတယ်။ဦးနှောက်သို့ အောက်ဆီဂျင်ရောက်ရှိမူနည်းကာ သမ်းဝေခြင်းဆက်တိုက်ဖြစ်လာပါတယ်။
(7) အသည်းရောဂါများ
အသည်းလုပ်ဆောင်မူပျက်ဆီးပါက ပင်ပန်းနုံးချိမူဖြစ်ကာ ဆက်တိုက်သမ်းဝေခြင်းဖြစ်စေပါတယ်။
ရောဂါရှာဖွေခြင်း
အလွန်အမင်းသမ်းဝေခြင်းဖြစ်လာပါက အိပ်ငိုက်ခြင်းရှိမရှိ ပင်ပန်းခြင်းရှိမရှိဦးစွာစစ်ဆေးပါ။မရှိပါက ဦးနှောက်အတွက် EEG ဆွဲကြည့်ပါ။EEGသည်ဦးနှောက်အတွင်းလျှပ်စစ်လိူင်းကိုတိုင်းတာခြင်းဖြစ်ပါတယ်။အတက်ရောဂါကိုရှာဖွေကုသရာတွင်အထောက်အကူပြုပါတယ်။ဦးနှောက်အတွင်းအလုံးအကျ်တ်ရှိမရှိ MRIရိုက်ကြည့်ပါ။နှလုံးအတွက်လိုအပ်သောစစ်ဆေးမူများလည်းပြုလုပ်သင့်ပါတယ်။
ကုသမူနည်းလမ်းများ
သမ်းဝေခြင်းဖြစ်စေသောအကြောင်းရင်းပေါ်မူတည်ကုသရပါမယ်။
-အိပ်ပျော်စေရန်ဆေးဝါးဖြင့်ကုသခြင်း
-စိတ်ဖိဆီးမူလျော့ချခြင်း
-အတက်ရောဂါကုသခြင်း
-လေဖြတ်နိုင်သောအကြောင်းရင်းများလျော့ချခြင်း
-နှလုံးရောဂါကုသခြင်း
-အသည်းရောဂါကုသခြင်းစသည်ဖြင့် ဖြစ်စေသောအကြောင်းအရာအလိုက် သေချာကုသမူခံယူသင့်ပါတယ်။
သမ်းဝေခြင်းကို သတိမမူဘဲ ထားပါက လေဖြတ်ခြင်းနှင့်နှလုံးထိခိုက်မူဖြစ်သည်အထိ ဆိုးရွားလာနိုင်ကြောင်း သိထားသင့်ပါတယ်။