fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ရာသီအကူးအပြောင်းမှာ ဂရုစိုက်ရမယ့် တုပ်ကွေးရောဂါ

312
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/10/2021
in ကျန်းမာသော နေထိုင်မှုပုံစံ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

အခုလိုရာသီအကူးအပြောင်းကာလမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးရောဂါဖြစ်ပွားလျှင် အလွန်ခံရခက်လှပါတယ်။အလုပ်မလုပ်နိုင်၊ ကျောင်းမသွားနိုင်သည်အထိ ခံစားရဆိုးရွားပါတယ်။ လည်ချောင်းနာ၊ နှာပိတ်၊နှာရည်ကျ၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ဖျား၊ ကိုယ်လက်ကိုက်ခဲစသောတုပ်ကွေးလက္ခဏာတွေဟာ ကူးစက်ခံရသူအဖို့ အလွန်ခံရခက်သောလက္ခဏာတွေပဲ ဖြစ်ပါတယ်။

အအေးမိနှာစေးခြင်းဟာ သာမန်ရောဂါလေးမှစ၍ အဆုတ်ပွအဆုတ်ရောင်ပြီး ဆေးရုံတက်ကုသရသည်အထိ ပြင်းထန်နိုင်ပါတယ်။ အအေးမိတုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ရှိပြီ ရောဂါဖြစ်ပွားသူ ချောင်းဆိုး၊ နှာစေးခြင်းမှတစ်ဆင့် သေးငယ်သောအမှုန်အမွှားများလေထဲသို့ ပျံနှံ့ကူးစက်နိုင်ပါတယ်။ အဲဒီအမှုန်အမွှားများ ကပ်ငြိနေနိုင်တဲ့အရာပစ္စည်းများ ထိတွေ့ကိုင်တွယ်ခြင်းမှတစ်ဆင့်လည်း ကူးစက်ခံရတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်ဖြစ်လျှင် တစ်အိမ်လုံးအလျင်အမြန်ကူးစက်နိုင်ပါတယ်။

တုပ်ကွေးရောဂါဟာ ကိုယ်ခံအားနည်းသောအချိန်မှာ ပိုမိုကူးစက်တတ်ပါတယ်။ တုပ်ကွေးရောဂါဟာ ကိုယ်ခံအားမကောင်းတဲ့ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါတွေများ မကူးစက်အောင် အထူးဂရုစိုက်ရပါတယ်။ တုပ်ကွေးကူးစက်သူတွေဟာ အနည်းဆုံး၅ရက်မှ တစ်ပတ်ထိ ကြာမြင့်တတ်ပါတယ်။ ကိုယ်လက်ကိုက်ခဲ၊ ဖျားနာမှုပျောက်သည့်တိုင်အောင်ရက်သတ္တပတ်အနည်းငယ်ထိ နွမ်းလျနေတတ်ပါတယ်။

သက်သာစေတဲ့နည်းလမ်းများကတော့ အပြည့်အဝအနားယူပါ။ အာဟာရရှိတဲ့အရည်များများသောက်ပါ၊ လတ်ဆတ်တဲ့အသီးဖျော်ရည်များ သောက်ပါ၊ ဓာတ်ဆားရည် သောက်ပါ၊ ရေဓာတ် အလျင်အမြန် ဖြည့်တင်းပေးပါ။ ကိုယ်ခံအားတက်စေတဲ့ အစားအစာများ စားပေးပါ။ ရေနွေးငွေ့ရှူပါ။ လည်ချောင်းနာအတွက် ဆားရည်နဲ့အာလုတ်ကျင်းပါ။

ကိုယ်လက်ကိုက်ခဲမှု့ သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးများ ၊ နှာစေး၊နှာပိတ်ခြင်း၊ချောင်းဆိုးခြင်းသက်သာစေသော အိမ်သုံးဆေးဝါးများ သောက်သုံးနိုင်ပါတယ်။ လိုအပ်မှသာ ပိုးသတ်ဆေး၊ ဗိုင်းစ်ရပ်သတ်ဆေးများကို ဆရာဝန်ညွန်ကြားချက်ဖြင့် သောက်သုံးရမှာ ဖြစ်ပါတယ်။

တုပ်ကွေးရောဂါကာကွယ်နည်းများမှာ

– ကိုယ်ခံအားကောင်းစေရန် ပြုမူနေထိုင်ပါ။ အိပ်ရေးဝဝ အိပ်ပါ။ အနားယူပါ။ စိတ်ဖိဆီးမှု့လျှော့ချပါ။ကိုယ်ခံအားတက်စေမယ့် အစားအစာများ စားသုံးပါ။

– လက်ဆေးပါ။ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို သေချာစွာ ဆပ်ပြာနှင့် ဆေးပါ။ မျက်စိ၊နှာခေါင်းနဲ့ ပါးစပ်ကိုလက်ဖြင့် အလွယ်တကူ မထိတွေ့ပါစေနဲ့။

– ချောင်းဆိုးနှာချေခဲ့လျှင် နှာခေါင်းကို အဝတ်စ၊ တစ်ရူးစဖြင့် ပိတ်၍ဆိုးပါ။ နှာခေါင်းစည်းတပ်ပြီးနေပါ။ တုပ်ကွေးရှိသူဟာ အိမ်သားများနဲ့ ဝေးဝေးနေပါ။

– လူနေထူထပ်သောနေရာများကို ရှောင်ရှားပါ။

–  ကြိုတင်ကာကွယ်မှုအနေဖြင့် ကာကွယ်ဆေး ထိုးထားနိုင်ပါတယ်။ ဒါပေမဲ့ တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်အမျိုးအစားများစွာရှိပြီး တစ်ရာသီနှင့် တစ်ရာသီဖြစ်စေသော တုပ်ကွေးကွာခြားနိုင်သောကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ထိုးပါ။

တုပ်ကွေးရောဂါဟာ အချို့လူတွေမှာ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရလေ့ရှိပါတယ်။အသက်ကြီးသူများ၊ ငယ်ရွယ်သူများ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါသည်များမှာ  အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများပိုမို ဖြစ်ပွားတတ်ပါတယ်။

တုပ်ကွေးကြောင့်ခံစားရတဲ့ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာစေး၊နှာပိတ်၊နှာချေ၊ လည်ချောင်းနာ၊ ချောင်းဆိုးခဲ့လျှင် အလျင်အမြန်သက်သာစေနိုင်တဲ့အိမ်သုံးဆေးဝါးများ သောက်သုံးခြင်း၊ ကိုယ်ခံအားကောင်းအောင်နေထိုင်ခြင်းနှင့် ကူးစက်မှု့ မပြန့်ပွားအောင် ကာကွယ်ခြင်း စသည်တို့ဖြင့် ရာသီတုပ်ကွေးဝေဒနာကို ကုသသင့်ပါတယ်။

Author : Dr. ပြည့်ရှင်း

Previous Post

သတိထားရမယ့် ကိုဗစ်နောက်ဆက်တွဲပြဿနာများ

Next Post

အောက်ဆီဂျင်ကျခဲ့တဲ့ ၁၀ ရက်အတွေ့အကြုံကို ပြောပြလာတဲ့ မချိုမာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
382

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အောက်ဆီဂျင်ကျခဲ့တဲ့ ၁၀ ရက်အတွေ့အကြုံကို ပြောပြလာတဲ့ မချိုမာ

လူ့ခန္ဓာကိုယ်အတွက် အသည်းကျန်းမာရေး ဘာကြောင့်အရေးကြီးလဲ

အရေပြားကျန်းမာရေးအတွက် ရှားစောင်းလက်ပပ်၏ကောင်းကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.