ရှားစောင်းလက်ပပ်အနှစ် ဘယ်လိုလုပ်ရမလဲ၊ ဘယ်မှာရှာရမလဲ။
သင့်အိမ်မှာ ရှားစောင်းလက်ပပ်ပင် ရှိရင်
အသားထူတဲ့အပိုင်းကိုယူ၊ အဖျားမှာရှိတဲ့ ဆူးများကိုဓားဖြင့်ဖယ်ကာ အထဲမှာရှိတဲ့ ဂျယ်လ်ကို ဇွန်းနဲ့ယူပြီး သုံးလို့ရပါတယ်။
အလုပ်ရှုပ်မခံချင်ရင် Aloe vera gel ဘူးလေးတွေ
စျေးဝယ်စင်တာတွေမှာ အလွယ်တကူဝယ်လို့ရပါတယ်။
အရေပြားဆိုင်ရာ ပြဿနာများအတွက်
ရှားစောင်းလက်ပပ် Aloe vera ရဲ့ အသုံးဝင်ပုံ နဲ့ ကောင်းကျိုးများကို မျှဝေပေးမှာ ဖြစ်ပါတယ်။
၁။ အပူလောင်ခြင်း
အပူလောင်ခြင်းအတွက် ရှားစောင်းလက်ပပ် Aloe vera ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးနိုင်ပါတယ်။
၂။ နေလောင်ဒဏ်ရာ
Aloe vera သည် နေလောင်ဒဏ်ရာ များကို အမြန်သက်သာစေပါတယ်။ နေလောင်ဒဏ်ကာကွယ်ရန် အတွက်တော့ UV ကာနိုင်တဲ့ sunscreen ကိုအသုံးပြုရန် အကြံပေးပါတယ်။
၃။ အရေပြားပွန်းခြင်း
ချော်လဲလို့ဖြစ်စေ၊ မတော်တဆ အရေပြားပွန်းပဲ့ပါက Aloe vera ကို လိမ်းပေးခြင်းဖြင့် ပူစပ်ခြင်းများကို သက်သာစေပါတယ်။
Aloe vera ရဲ့ မော်လီကျူးဖွဲ့စည်းမှုက ဒဏ်ရာများကို လျင်မြန်စွာကုသပေးပြီး ကော်လာဂျင်ကိုလှုံဆော်ပေးတဲ့အပြင် ဘက်တီးရီးယားများကို တိုက်ခိုက်နိုင်သောကြောင့် အမာရွတ်ဖြစ်ခြင်းကို
သက်သာစေပါတယ်။
၅။ အရေပြား အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်း
Aloe vera သည် အသားထဲကို အလွယ်တကူစုပ်ယူနိုင်တဲ့အတွက် အဆီပြန်သောအသားအရေ
အတွက်အကောင်းဆုံးဖြစ်သည်။ ထို့အပြင် အစိုဓာတ်ဖြည့်တင်းပေးတဲ့အတွက် အရေပြားခြောက်သွေ့မှုကိုပါ သက်သာကောင်းမွန်စေပါတယ်။
၆။ ပါးစပ်တစ်ဝိုက် အနာများ
Aloe vera သည် ပါးစပ်တစ်ဝိုက် ဖြစ်တတ်သော ရေယုန် အစရှိသောအနာများအတွက် အသုံးပြုလို့ ရပါတယ်။ တစ်နေ့ ၂ ကြိမ် လိမ်းပေးနိုင်ပါတယ်။
၇။ အရေပြားယားယံရောဂါများ
Aloe vera ရဲ့ အစိုဓာတ်ဖြည့်တင်းပေးနိုင်မှုကြောင့် အရေပြားကြမ်းခြင်း၊ အဖုအပိမ့်များထွက်ခြင်း အရေပြားယားယံသောရောဂါများကို သက်သာစေပါတယ်။
၈။ ဝက်ခြံများ
Aloe vera ရဲ့ ရောင်ရမ်းခြင်း လျှော့ချပေးနိုင်သောအကျိုးသက်ရောက်မှုကြောင့် ရောင်ရမ်းနေသော
ဝက်ခြံများအတွက်လည်း အသုံးပြုနိုင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။