fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အိပ်ရေးဝဝအိပ်၊ အိမ်မက်လှလှမက်စေဖို့အတွက်

102
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/02/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အရွယ်ရောက်ပြီးသူ (၁၄%)သာတစ်ည ရှစ်နာရီလောက်ပြည့်အောင် အိပ်ပျော်ကြပြီး၊ ကျန်တဲ့သူများစံနှုန်းမ ပြည့်ဘဲဖြစ်နေကြကြောင်း သုတေသီတို့ကဆိုတယ်။ ငါးယောက်မှာတစ်ယောက်ဟာ ညညနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာမျိုးသိပ်ရှားသွားပြီဆိုတယ်။ လူတို့အခက်တွေ့နေတဲ့ အိပ်မရပြဿနာပြေလည်စေဖို့ နည်းလမ်း ကောင်းများအကြံပြုချက်များကို စုစည်းတင်ပြလိုက်ပါတယ်။

(၁) ငှက်ပျောသီးစားပါ၊ အသီးအရွက်ညှပ်ပေါင်မုန့်စားပါ။

ကိုယ်စားတဲ့အစားအသောက်က ကိုယ့်ကိုအိပ်ပျက်အောင်လည်းလုပ်နိုင်တယ်။ အိပ်စက်အောင်လည်းလုပ်နိုင် တယ်။ ဆလပ်ရွက်ဟာ လူကိုအိပ်ကောင်းစေတယ်လို့ ရောမခေတ်ကတည်းကလက်ခံခဲ့ကြတယ်။ ဆလပ်ရွက် ချည်းစားရာမှာ စိတ်မပါရင်၊ တခြားအသီးအရွက်များကို ပေါင်မုန့်ဖြင့်ညှပ်စားစေခြင်းဖြင့်ဗိုက်လည်းဝ၊ အာဟာရ လည်းဖြစ်၊ အိပ်လည်းကောင်းစေလိမ့်မယ်။ နောက်တစ်မျိုးက ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်ကြွယ် ဝစွာပါဝင်တယ်။ ယင်းဓာတ်နှစ်မျိုးဟာ တင်းရင်းနေတဲ့ကြွက်သားများကို ပြေလျော့ကာနေသာထိုင်သာရှိစေလို့ လူကိုသက်တောင့်သက်သာရှိကာ အိပ်ပျော်စေတယ်။

(၂) ကိုယ့်ကိုယ်ကိုစကားပြောပါ။

ခေါင်းနဲ့ခေါင်းအုံးထိလိုက်တာနဲ့ တစ်နေ့လုံးကြုံခဲ့သမျှတွေပြန်တွေးခြင်းက စလာတယ်။ အများစုကအဆိုးတွေ၊ ယင်းအတွေးတွေကြောင့်စိတ်မောပြီး၊ အိပ်ပျော်ဖို့ပိုခက်ခဲစေတယ်။ ယင်းအပြုအမူအစား အကောင်းကိစ္စရပ်များ တွေးကာစိတ်ချမ်းသာစေခြင်း၊ မိမိကိုယ်ကိုစကားပြောခြင်းတို့နဲ့ အစားထိုးသင့်တယ်။ လူဟာစိတ်အေးသက်သာ ရှိနေတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ခြေပိုများတယ်။

(၃) လေ့ကျင့်ခန်းဆိုတာလုပ်တတ်မှဖြစ်မှာ။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်ဆိုတယ်။ ဘယ်အချိန်မျိုးမှာ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာ ပြည့်စုံအောင်ထည့်ပြောမှ အမှန်နဲ့နီးစပ်လိမ့်မယ်။ လေ့လာမှုတွေအရ အိပ်ချိန်နဲ့ နီးနီးလေ့ကျင့်ခန်းလုပ်မိရင် လူကလန်းဆန်းနေလို့ အိပ်မပျော်တဲ့ဆီပိုရောက်ရတာ တွေ့ရတယ်။ ကိုယ်တိုင်က အိပ်မပျော်ပြဿနာကြုံနေရသူမျိုးဖြစ်ရင် ညမှောင်လာပြီး နောက်ပိုင်းလေ့ကျင့်ခန်းမလုပ်ဘဲ သက်တောင့်သက် သာနေသင့်ပါတယ်။

(၄) ပူပင်သောကစာရင်းရေးချပါ။

အိပ်ရာထဲမှာ ပူပင်သောကကိစ္စတွေတစ်လှေကြီး စဉ်းစားနေခြင်းဟာအိပ်မပျော်စေတဲ့ အကြောင်းဖြစ်တယ်။ ယင်းကိုဖြေရှင်းဖို့ စိတ်ငြိမ်အောင်တရားရှုမှတ်တဲ့နည်းကို သုံးရမယ်။ ဒါမှမဟုတ်ရင် အပူစာရင်းရေးချတဲ့နည်းကို သုံးဖို့ဖြစ်တယ်။ အိပ်ရာဘေးမှာဘောပင်နဲ့စာရွက်ချထားကာ ပူပင်သောကမှန်သမျှစဉ်းစားမိသလောက် ခေါင်း ထဲကရှိသလောက်ရေးချပြီး ခေါင်းထဲကထုတ်ပစ်လိုက်ဖို့လိုတယ်။ ပူပင်သောကစာရင်းမှာ စာမေးပွဲအောင်ဖို့၊ ရုံး ကားဖယ်ရီမှီဖို့၊ ကျောင်းကားဖယ်ရီမှီဖို့၊ အိပ်ရေးဝဖို့၊ လကုန်ခါနီးလစာအလျဉ်မှီဖို့ ပါလာလိမ့်မယ်။ ရေးပြီးရင် ခေါင်းထဲကထုတ်လိုက် အလိုလိုအိပ်ပျော်သွားလိမ့်မယ်။

(၅) အိပ်ချိန်နားနီးမှစားသောက်ခြင်းရှောင်ရမယ်။

အိပ်ချိန်နားနီးမှ စားသောက်ခြင်းရှောင်ရမယ်။ အိပ်ခါနီးမှစားသောက်မိရင် ဗိုက်တင်းပြီးတော်တော်နဲ့ အိပ်မပျော် ဖြစ်တတ်တယ်လို့ လူအများလက်ခံထားကြတယ်။ ယင်းကိစ္စအလုံးစုံတော့မမှန်ပါဘူး။ အိပ်မရပြဿနာကြုံရသူ များယင်းစကားကို အားကိုးနေဖို့မလိုပါ။ အလွန်အမင်းဗိုက်တင်းအောင်စားသောက်ခြင်းဟာ လူကိုအိပ်မရ အောင်လုပ်နိုင်တဲ့နည်းတူ ဆာလောင်ခြင်းကလည်းအိပ်ပျက်အောင် လုပ်စေတယ်။ အိပ်မရပြဿနာကြုံရသူများ ဟာညဖက်မှာပိုပြီးဗိုက်ဆာလာတယ်။ မအိပ်ခင်ဗိုက်ဆာရင် အဆာပြေတစ်ခုခုစားပြီးမှအိပ်ပါ။ လူကအနေတော် ဖြစ်သွားလို့ အိပ်ပျော်ဖို့ပိုမိုနီးစပ်ပါတယ်။

(၆) အစေ့အဆန်များများစားပါ။

အိပ်ကောင်းဖို့ကူညီပေးနိုင်တဲ့ အစားအစာများရှိပါတယ်။ စားတတ်၊ သောက်တတ်ခြင်းဟာကောင်းကောင်းအိပ် ပျော်စေတဲ့ အကြောင်းရင်းဖြစ်တယ်။ အဆီနဲ့သကြားဓာတ်နည်းနည်း အမျှင်ဓာတ်များများအစားအစာမျိုးဟာလူ ကိုအိပ်စက်မှု မူမှန်အောင်လုပ်နိုင်စွမ်းရှိတယ်။ အဆီနဲ့သကြားဓာတ်လျော့ချစားသုံးဖို့လိုတယ်။ အဆီနဲ့သကြား သင့်တင့်ရုံ၊ အမျှင်ဓာတ်များများအစားအစာများဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ရာခိုင်နှုန်းပိုများလာလိမ့်မယ်။

(၇) ပုံမှန်အိပ်၊ ပုံမှန်ထပါ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သူတိုင်းဟာ ပုံမှန်အိပ်၊ ပုံမှန်ထသူများဖြစ်တယ်။ ညပိုင်းအလုပ်ဆင်းရသူကို နေ့ပိုင်း ပြောင်းလဲဆင်းစေတဲ့အခါ ညဖက်အိပ်ပျော်ဖို့ မနည်းအိပ်စက်ဖို့ကြိုးစားနေရတယ်။ ညဖက်အိပ်မရဖြစ်နေသူများ “ပုံမှန်အိပ်၊ ပုံမှန်ထ”စက်ဝိုင်းကိုအပျက်မခံဖို့ အရေးကြီးပါတယ်။ အိပ်ချိန်နီးလာရင် အခန်းထဲမှာမီးမှိန်မှိန်ထား၊ ဖေ့ဘွတ်သုံးတာရပ်၊ စာဖတ်မီးလောက်နဲ့စာဖတ်၊ သီချင်းအေးအေး (သို့) တရားခွေနားထောင်၊ တရားထိုင်၊ ပု တီးစိပ်လုပ် ဒါတွေကအိပ်ပျော်စေပါတယ်။

(၈) နေ့လည်ဖက်တစ်ရေးအိပ်ပါ။

အိပ်မရပြဿနာကြုံနေရသူများဟာ နေ့ဖက်မှာအိပ်ဖို့တွန့်ဆုတ်နေတတ်တယ်။ နေ့ဖက်တစ်ရေးအိပ်လိုက်ရင် ညဖက်မအိပ်ချင်ဖြစ်သွားလိမ့်မယ်လို့ ထင်ကြတယ်။ အိပ်မရပြဿနာကြုံရသူအဖို့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အိပ်စက်မှုဖြည့်ဆည်းပေးဖို့ အရေးကြီးတယ်။ နေ့ဖက်အိပ်ငိုက်လာရင် (၁၅)မိနစ် (၃၀)မိနစ်လောက်တရေးအိပ် လိုက်ခြင်းကခန္ဓာကိုယ်လိုအပ်ချက်များ ဖြည့်ဆည်းပေးရာရောက်တယ်။ နေ့ခင်းဖက်အလွန်အကျွံအိပ်စက်ခြင်း မျိုးကသာလူကိုညပိုင်း မျက်လုံးကြောင်၊ အိပ်မရခြင်းဖြစ်စေတာပါ။

(၉) အိပ်ဆေးအကူအညီ

ဘယ်လိုမှအိပ်မရရင်တော့မိသားစု ဆရာဝန်နဲ့ပြသပြီး အိပ်ဆေးအကူအညီလိုအပ်တတ်တယ်။ အိပ်ဆေးကိုမိမိ သဘောနဲ့မိမိမသောက်သင့်ဘူး။ နောက်တစ်ချက်က လွယ်လွယ်ဝယ်လို့မရတတ်လို့ ဆရာဝန်နဲ့ပြသပြီး၊ ဆရာ ဝန်လက်မှတ်နဲ့ဝယ်ယူရလို့ တစ်ညတစ်လုံး (ဥပမာ – ဗေလီယံ Diazepam 5mg) တစ်ညတစ်လုံးသောက်ပေး ရင်လုံလောက်ပါတယ်။ အိပ်ဆေးစွဲသွားတာမျိုး သတိထားရပါမယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

ဆားဝက်ခြံကြောင့် စိတ်ညစ်နေရတာလား

Next Post

အရက်နာကျတဲ့အကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရက်နာကျတဲ့အကြောင်း သိကောင်းစရာ

ပိုးသတ်ဆေးအဆိပ်သင့်ခြင်း

ပလက်စတစ်ပါတဲ့ ဆန်ကို ဘယ်လိုခွဲခြားမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.