ပိုးသတ်ဆေးအဆိပ်သင့်ခြင်းမှာ ရုတ်တရက်ပိုးသတ်ဆေးအဆိပ်သင့်ခြင်းနှင့် ကာလရှည်ပိုးသတ်ဆေးအဆိပ် သင့်ခြင်းဆိုပြီး ခွဲခြားနိုင်တယ်။ ရုတ်တရက်ပိုးသတ်ဆေးအဆိပ်သင့်ခြင်းမှာ ပိုလိုကြမ်းပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံစည်ခြင်း၊ တစ်နည်းနည်း (ဥပမာ-ပုလင်းမှားပြီးသောက်မိခြင်း) ပိုးသတ်ဆေးအဆိပ်သင့်ခြင်း ရုတ်တရက်ဖြစ်ရင် တင်ကူးကြံစည်မှုပါဝင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရုတ်တရက်ပိုးသတ်ဆေးအဆိပ်သင့်ခြင်း (Acute Intentional Pesticide Poisoning) ခေါ်တယ်။
ချောင်းဆိုးပျောက်ဆေးရည်ကို အလွယ်တကူပုလင်းလွတ်တစ်လုံးမှာ ထည့်ထားတဲ့ပိုးသတ်ဆေးရည်နဲ့ မှားယွင်း ကာကောက်မော့သောက်လိုက်ခြင်းကို ရုတ်တရက်မတော်တဆပိုးသတ်ဆေးအဆိပ်သင့်ခြင်း လို့ခေါ်တယ်။
ကာလရှည်ပိုးသတ်ဆေးအဆိပ်သင့်ခြင်းမျိုးက သစ်သီးများ၊ ဟင်းသီးဟင်းရွက်များအထားခံဖို့ ပိုးသတ်ဆေးဖြန်း ခြင်း၊ မြို့ပြအနီးကန်စွန်းခင်းမှာ ပိုးမကျအောင်ပိုးသတ်ဆေးဖြန်းထားပြီး ညနေခူးဆွတ်ရောင်းချကာ စားသုံးသူ လက်ထဲရောက်ရှိရာမှ စနစ်တကျမဆေးကြောလို့ ခန္ဓာကိုယ်တွင်းအနည်းငယ်နဲ့ နေ့စဉ်လောက်နီးနီးရောက်ရှိ ကာ ကာလရှည်ပိုးသတ်ဆေးဝင်နေသလို ခံစားနေရခြင်းမျိုးဖြစ်တယ်။
ပိုးသတ်ဆေး (Pesticide) လို့ခေါ်တဲ့ အကြောင်းရင်းကိုက ပိုး (Pest) များသေစေတဲ့ဆေးဖြစ်လို့ပါပဲ။ ယင်းပိုး မွှား (Pest) တွေဟာလူသားတို့ ကျန်းမာရေးနဲ့ကာယသုခ၊ စိတ္တသုခ၊ လူမှုသုခဆိုတဲ့သုခကြီးသုံးပါးနဲ့ ပြည့်စုံမှုကို လာရောက်ခြိမ်းခြောက်တဲ့အပင်၊ တိရိစ္ဆာန် (သို့) အဏုဇီဝပိုးမွှားတို့ရဲ့ ဘယ်မျိုးစိတ်မဆိုခေါ်ဆိုနိုင်တယ်။
အမေရိကန်ပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ (USEPA) ကပြည်သူ့ကျန်းမာရေးကို ထိခိုက်စေတဲ့ပိုးမွှားအမျိုး အစား (၇) မျိုးကိုခွဲခြားပြသထားပါတယ်။
(၁) ပိုးဟပ် (ရင်ကျပ်ပန်းနာထစေခြင်း၊ ဓာတ်မတည့်ခြင်း၊ အလာဂျီနှင့်အစားအသောက် ညစ်ညမ်းစေကာ၊ အ သည်းရောင်အသားဝါ အေ၊ ဝမ်းလျှောဝမ်းပျက်ရောဂါ၊ အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်တယ်။
(၂) သန်း (အရေပြားယားယံခြင်း၊ အင်ပြင်ထစေခြင်းအပြင် သန်းကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါများ၊ တိုက်ဖတ် ရောဂါ၊ သရပ်အဖျား (Thypus & Trench Fever) ဖြစ်စေနိုင်ပါတယ်။
(၃) ခြင်၊ ငှက်ဖျားရောဂါ၊ အဝါရောင်အဖျား (Yellow Fever) တောက်ဆိုပလာမိုးစစ် (Toxoplasmosis) သွေး လွန်တုပ်ကွေးရောဂါ၊ ဇီကာဗိုင်းရပ်စ်ရောဂါ၊ ဆင်ခြေထောက်ရောဂါတို့ ဖြစ်စေနိုင်ပါတယ်။
(၄) ကြွက်မျိုးစုံ (လက်ပတိုဆပိုင်ရိုးဆစ်-Leptospirosis၊ ပလိပ်ရောဂါ-Plegue ဖြစ်နိုင်တယ်။
(၅) ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့်ကပ်ပါး ရောဂါပိုးများအပါအဝင်၊ အဏုဇီဝပိုးများကြောင့်ဖြစ်တဲ့ရောဂါများ
(၆) တွားသွားသတ္တဝါများနှင့် ငှက်များ၊ ကြက်ငှက်တုပ်ကွေးရောဂါ-Avian Fever ၊ မားစ်ရောဂါ-MERS
(၇) နို့တိုက်သတ္တဝါများ (ခွေးရူးရောဂါရစေတဲ့ခွေး၊ ထောင့်သန်းရောဂါ-Antrex ဖြစ်စေတဲ့ကျွဲ၊ နွား)
(၈) သန်ကောင်ဥများ (Parasite Eggs ၊ တွယ်ချိတ်ကောင် Hook Worms) များကလူ့အရေပြားမှကူးစက် တယ်။
ယင်းပိုးမွှားကြီးငယ်တို့ကို ချေမှုန်းတဲ့ပိုးသတ်ဆေးကိုလည်း အမျိုးမျိုးခွဲခြားသတ်မှတ်တယ်။ အင်းဆက်ပိုးကို သတ်ရင် (Insecticide) ၊ မှိုသတ်လိုလျှင် (Fungicide) ၊ ပေါင်းပိုးသတ်လိုလျှင် (Herbicide) (သို့) Weed Taller ၊ ရေညှိရေမှော်သေလိုလျှင် (Algicide) အင်းဆက်ပိုးဥကိုသတ်လိုပါက (Ovicide) လို့သတ်မှတ်ပါတယ်။
ပိုးသတ်ဆေးမှာပါဝင်တဲ့ ဓာတုပစ္စည်း (AI- Active Ingredient) ကိုစိုက်ပျိုးရေးဌာနက အဆိပ်ရှိပစ္စည်းလို့ခေါ် တယ်။ ပိုးသတ်ဆေးအမျိုးအစားခွဲခြားထားတယ်။ မူရင်း (၄)မျိုးရှိပါတယ်။
(၁) အော်ဂဲနိုဖော့စဖိတ် – Orgmanophosphate – OP (malathicn, Diagenon, Pheritrithiun)
(၂) အော်ဂဲနိုကလိုရိုက် – Orgmanophosphate – OP (DDT, Endosulfan, Lindane)
(၃) ကာဘာမိတ် – Carbamate (Cabaryl, Aldicarb, Carbofuran)
(၄) ပိုင်ရီသာရင် (Pyrethrine & Pyrethroid – Fanvalerate, Deltamethrin, Cypemethrin) စတာတွေဖြစ် ကြတယ်။
ပိုးသတ်ဆေးရဲ့အန္တရာယ်ဖြစ်စေနိုင်မှု (Hagard) ကိုလိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကအမျိုးအစားခွဲ ပေးထားပါတယ်။ ယင်းတို့မှာ –
(၁) အဆင့်တစ် အေ (Class I A) – အလွန်အန္တရာယ်များတဲ့ပိုးသတ်ဆေး (Extremely Hagardous)
(၂) အဆင့်တစ် ဘီ (Class I B) – အန္တရာယ်များတဲ့ပိုးသတ်ဆေး (Highly Hagardous)
(၃) အဆင့်နှစ် (Class II) – အတန်အသင့် အန္တရာယ်များတဲ့ပိုးသတ်ဆေး (Moderately Hagardous)
(၄) အဆင့်သုံး (Class III) – အန္တရာယ်အနည်းငယ်ရှိတဲ့ ပိုးသတ်ဆေး (Slightly Hagardous) ဆိုပြီးလေးမျိုးခွဲ ခြားထားပါတယ်။
ပိုးသတ်ဆေးအဆိပ်သင့်ခြင်းဟာ အစာအဆိပ်သင့်မှုမှာ ယခင်ကနည်းပါးခဲ့လို့ အစားအသောက်မှအစာအဆိပ် သင့်ခြင်းနဲ့ရောနှောနေတတ်တယ်။ ဓာတ်ခွဲခန်းစမ်းသပ်အဖြေရမှသာ တိတိကျကျပြောဆိုနိုင်လို့ “သက်သေမရှိ တဲ့လူသတ်ကောင်” လို့တင်စားခေါ်ဆိုကြပါတယ်။
ပိုးသတ်ဆေးအဆိပ်သင့်ခြင်း (Pesticide Toxicity) မှာယေဘူယျအနေနဲ့ ရုတ်တရက်အဆိပ်သင့်ခြင်း (Acute Toxicity) နဲ့ရေရှည်အဆိပ်သင့်ခြင်း (Chronic Toxicity) ဆိုပြီးနှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံးတွဲတွေ့နိုင်ပါတယ်။ အများအားဖြင့် အော်ဂဲနိုဖော့စဖိတ် ပိုးသတ်ဆေးနဲ့ ကာဘာမိတ်ပိုးသတ်ဆေး အမျိုးအစားဖြစ်လေ့ရှိပါတယ်။
သေကြောင်းကြံခြင်း (Intentional) နဲ့မတော်တဆမှားယွင်းခြင်း (Accidental) တို့ဖြစ်တယ်။ ယင်းပိုးသတ်ဆေး ထဲပါအဆိပ်ရှိပစ္စည်း ဓာတုဒြပ်ပေါင်းများဟာ ပြင်ပအာရုံခံနာဗ်ကြော (Peripheral Nerves) နဲ့နာဗ်ကြောရှိ အက်ဆီကိုင်ကိုလင်း အင်ဇိုင်းရဲ့အာနိသင်ကို ပိတ်ဆို့ပြီး အဆိပ်အတောက်ဖြစ်စေပါတယ်။
ပိုးသတ်ဆေးကြောင့် ကနဦးခံစားရတဲ့ဝေဒနာစုကို (SLUDGP – Salivation, Lacrimation, Urination, Diarrhea, G1 Upset, Pulmonary Oedema) တို့ပေါင်းစုပြီး (သို့) ဝမ်းလျှောခြင်း (Diarrhoea) ၊ ဆီးထွက်ကျ ခြင်း (Urination) ၊ မျက်လုံးပြူးခြင်း (Meiosis) ၊ အသက်ရှုခက်ခဲလာခြင်း (bronchospasm) ၊ အန်ခြင်း (Emesis) ၊ မျက်ရည်ကျခြင်း (Lacrimation) ၊ တံတွေးထွက်ခြင်း (Salivation) တို့ပေါင်းစုကာ DUMBEL လို့အ မှတ်အသားပြုခေါ်ဆိုကြပါတယ်။
အပြင်းစားရုတ်တရက်အဆိပ်သင့်ရင် ယင်းရောဂါဝေဒနာစုမှ တစ်ဆင့်အသက်ရှုကျပ်၊ သတိလစ်၊ တက်ချက်အ ကြောဆွဲကာသေဆုံးတယ်။ အက်ဆီတိုင်းကိုလင်းအင်ဇိုင်း တားဆီးမှု (Acetylcholinesterase Enzyme Inhibitor) ဒြပ်ပေါင်းများဖြစ်ရာ ရှိသမျှကိုယ်တွင်းအရည် နှပ်၊ မျက်ရည်၊ ချွေး၊ တံတွေး၊ ချွဲ၊ သလိပ်၊ ဆီး၊ ဝမ်း အကုန်ထွက်တဲ့အခါ တစ်ကိုယ်လုံးစိုရွှဲနစ်နေသလို အဆုတ်ထဲကိုလည်းရေဝင်လို့ အသက်ရှင်ဖို့မလွယ်ကူပါဘူး။ ယင်းလက္ခဏာကို (Internal Drowning) လို့ခေါ်တယ်။
ရေရှည်အဆိပ်သင့်မှု (Chronic Poising) ကြောင့် ဟော့ကင်းလင်ဖိုမား၊ လူကီးမီးယား၊ မိုင်လိုမား (Non- hodgkin Lymphoma, Leukemia, Multiple Myeloma Soft Tissue Sarcoma)တို့အပြင် ပန်ကရိယကင်ဆာ (Pancreatic Cancer)၊ အဆုတ်ကင်ဆာ (Lung Cancer)၊ ရင်သားကင်ဆာ (Breast Cancer)၊ ဝှေးစေ့ကင် ဆာ (Testicular Cancer) စတဲ့ကင်ဆာမျိုးစုံပါဝင်ပါတယ်။
ယင်းရောဂါတွေဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ပိုးသတ်ဆေးများရဲ့မျိုးဆက်ပွား အဆိပ်သင့်ခြင်း (Reproduction Toxicology) နဲ့ပြွန်မဲ့ဂလင်းနှောင့်ယှက်ခံရခြင်း (Endocrine Disruption) အာနိသင်များပါဝင် ပါတယ်။ ရေရှည်အဆိပ်သင့်မှုတွေ အထူးသဖြင့် (OP, OC – Orgmanophosphate, Carbomato) မှိုသတ် ဆေးများ (Fungicide) နဲ့ပေါင်းသတ်ဆေး (Fumigators) တွေကြောင့်ဖြစ်ရင် အာရုံကြေစနစ်အပေါ်သက် ရောက်မှုရှိလို့ အာရုံကြောသိမှတ်မှုမပြည့်စုံ (Neurobehavioral Performance Deficit) ကျန်နေတယ်။ အာရုံ ကြောပုံမှန်လုပ်ငန်းဆောင်ရွက်မှု မူမမှန်ဖြစ်စေပါတယ်။
ဖော်ပြခဲ့မှုများဟာ ပိုးသတ်ဆေးသောက်ခြင်းကြောင့်မဟုတ်ဘဲ ပိုးသတ်ဆေးရုတ်တရက် လတ်တလောအဆိပ် သင့်ခြင်းနဲ့ ရေရှည်အဆိပ်သင့်မှုများ ပိုးသတ်ဆေးနဲ့နိစ္စဓူ၀ ထိတွေ့ကိုင်တွယ်ဖျော်စပ် ပက်ဖျန်းနေရသူများမှာဖြစ် ပျက်ပုံယေဘူယျသဘောကို ဖော်ပြထားခြင်းဖြစ်တယ်။ ပိုးသတ်ဆေးဓာတ်ကြွင်းရဲ့ သက်ရောက်မှု (စားသုံးသူ Customers များဖက်ကသက်ရောက်မှု) မဟုတ်သေးပါဘူး။
စားသုံးသူဖက်သက်ရောက်မှုအနေနဲ့ အသည်းမာရွတ်ထင်ခြင်း၊ အသည်းကျွတ်ဆတ်ခြင်း၊ အစောပိုင်းပြောသ လိုသွေးကင်ဆာတို့အပြင် ပန်ကရိယကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဝှေးစေ့ကင်ဆာစတဲ့ကင်ဆာ မျိုးစုံဖြစ်စေနိုင်တာက ရေရှည်မှာပါ။ ရုတ်တရက်ဖြစ်နိုင်တာက ဝမ်းလျှောခြင်း၊ ဆီးထွက်ကျခြင်း၊ မျက်လုံးပြူး ခြင်း၊ အသက်ရှုခက်ခဲခြင်း၊ အန်ခြင်း၊ မျက်ရည်ကျခြင်း၊ တံတွေးထွက်ခြင်းလို့ အမှတ်ပြုထားပါတယ်။
Author – ဒေါက်တာလွင်သန့်