တရုတ်နိုင်ငံဟာ နှစ်စဉ် ဆန်တန်ချိန် သန်း၂၀၀ကျော် ထုတ်လုပ်လျက်ရှိပြီး ကမ္ဘာပေါ်မှာ ဆန်ထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ဆန်အချို့မှာ ပလက်စတစ် ပါဝင်လျက်ရှိပြီး စားသုံးသူတွေအတွက် အန္တရာယ် ဖြစ်စေနိုင်တယ်လို့ Korean Times သတင်းစာက ဆိုထားပါတယ်။
ထိုသတင်းစာရဲ့ အဆိုအရ တရုတ်ဆန်ကုမ္ပဏီတွေဟာ ပလက်စတစ်နဲ့ အာလူးကစီဓာတ်တွေကို ရောနှောပြီး ဆန်အနံ့ကိုသာထည့်ထားတဲ့ ဆန်အတုတွေ ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ ၎င်းဆန်အတုတွေကို သဘာဝဆန်အစစ်တွေနဲ့ ရောနှောပြီး စာသုံးသူတွေကို လှည့်စား ရောင်းချကြပါတယ်။
ဒီလိုစွပ်စွဲပြောဆိုတာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြရာမှာ တွေ့ရှိခဲ့ရတဲ့ ရလဒ်ကတော့ မယုံနိုင်စရာပါပဲ။
တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ဆန်တွေမှာ ပလက်စတစ်အိတ်အငယ်စား တစ်ခုစာလောက် ပလက်စတစ်တွေ ပါဝင်နေပါတယ်။ သို့သော်လည်း ၎င်းဆန်၂မျိုးကြားမှာ ကွာခြားမှု အများအပြားရှိပါတယ်။ ယင်းကွာခြားချက်တွေကို အောက်ပါနည်းလမ်းတွေနဲ့ စမ်းသပ်ပြီး ခွဲခြားနိုင်ပါတယ်။
စမ်းသပ်နည်း(၁)။ ။ရေ
ဆန် လက်ဖက်ရည်ဇွန်း(၁)ဇွန်းစာကို ရေ(၁)ဖန်ခွက်ထဲ ထည့်ပါ။ ဖန်ခွက်အောက်ခြေကို ဆန်များ ကျဆင်းသွားပါက ၎င်းဟာ သဘာဝဆန်ဖြစ်ပါတယ်။
စမ်းသပ်နည်း(၂)။ ။မီး
ဆန်စေ့အနည်းငယ်ကို ယူ၍ မီးရှို့ကြည့်ပါ။ အကယ်၍ မီးလောင်ကျွမ်းမှုမရှိပါက သဘာဝဆန် ဖြစ်ပြီး မီးလောင်မည်ဆိုပါက ထိုဆန်မှာ ပလက်စတစ် ပါဝင်နေပါတယ်။
စမ်းသပ်နည်း(၃)။ ။ငရုတ်ဆုံနှင့် ငရုတ်ကျည်ပွေ့
ဆန်စေ့အနည်းငယ်ကို ငရုတ်ဆုံထဲထည့်၍ ထောင်းပါ။ ဆန်စေ့များ အဖြူရောင်အမှုန့် ဖြစ်သွားပါက သဘာဝဆန်ဖြစ်ပြီး အကယ်၍ အဝါရောင်များတွေ့မြင်ရပါက ထိုဆန်ဟာ သဘာဝအတိုင်း မဟုတ်ပါ။
စမ်းသပ်နည်း(၄)။ ။မှိုစွဲခြင်း
ဆန်အနည်းငယ်ကို ထမင်းအဖြစ် ချက်၍ ပလက်စတစ်ဘူးထဲသို့ ပြောင်းထည့်ပါ။ ထို့နောက် နေရောင်ထိုးသော နေရာတွင် ရက်အနည်းငယ်ထားပါ။ အကယ်၍ မှိုများစွဲလာပါက ယင်းဆန်ဟာ သဘာဝဆန်ဖြစ်ပါတယ်။
အထက်ပါနည်းလမ်းများဟာ အလွန်ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။ ထိုသို့စမ်းသပ်ခြင်းဖြင့် စားသုံးရမည့်ဆန်အကြောင်းကို ကောင်းစွာသိရှိနားလည်နိုင်ပြီး ကျန်းမာရေး အတွက်လည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
Author – AKS (OnDoctor)
(ဆောင်းပါးရှင် Jack Brown ၏ “Here’s How to Identify Rice That Contains Plastic” ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)