fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

” လက်မောင်းတွင်းထည့် သန္ဓေတားဆေး “

1.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/09/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

” လက်မောင်းတွင်းထည့် သန္ဓေတားဆေး ” ( Implant )

ဒီနည်းကတော့ အရမ်းကိုအဆင်ပြေပေမဲ့ သန္ဓေတားဆေးတွေ ၊ သုံးလခံဆေးတွေလောက်တော့ လူအသုံးမများပါဘူး ။ Implant  ( သို့ ) Implanon လို့လည်း ခေါ်ကြပါတယ် ။

– Implant ဆိုတာဘာလဲ ?

သူက ၄ စင်တီမီတာ အရှည်လောက်ရှိတဲ့ မီးခြစ်ဆံအထူလောက်ပဲရှိတဲ့ ပလက်စတစ်အချောင်းလေးပါ ။ အထဲမှာ Progestogen ဆိုတဲ့ ဟော်မုန်းတစ်မျိုး ပါဝင်တယ် ။ အဲ့ဟော်မုန်းက မမျိုးဥကနေထွက်တဲ့ ဟော်မုန်းနဲ့ ဆင်တူအောင် အထူးပြူလုပ်ထားတာဖြစ်ပါတယ် ။

– ဘယ်လိုနည်းနဲ့ ကာကွယ်ပေးတာလဲ ?

သူ့မှာ Progestin ဆိုတဲ့ Hormone ပါဝင်ပြီး လုပ်ဆောင်ပုံ နှစ်မျိုးနဲ့ တားပါတယ်။

သန္ဓေသားဖြစ်ဖို့ဆိုရင် မမျိုးဥ နဲ့ သုတ်ကောင် ပေါင်းစပ်ဖို့လိုအပ်ပါတယ်။ မမျိုးဥကတော့ အမျိုးသမီးတွေမှာ တစ်လတစ်ခါ သားအိမ်ထဲကို ကြွေကျလေ့ရှိပါတယ်။ Progestin ရဲ့အလုပ်က ဥမကြွေအောင် တားပါတယ်။ ကြွေထားတဲ့ မမျိုးဥမရှိမှတော့ သုတ်ကောင်ရှိလည်း သန္ဓေသား မဖြစ်နိုင်ပါဘူး။

နောက်တစ်မျိုးကတော့ သားအိမ်နံရံမှာ ရှိတဲ့ အကျိအချွဲတွေကို ပိုများပြီး ပိုထူစေတာပါ။ မမျိုုးဥနဲ့ သုတ်ကောင် ပေါင်းထားတဲ့ သန္ဓေသားလေးက သားအိမ်ရဲ့ တစ်နေရာရာမှ ကပ်ရပါတယ်။ အကျိအချွဲ အရမ်းများနေရင်တော့ မကပ်နိုင်တော့ဘဲ ကွာကျသွားလေ့ရှိပါတယ်။

– ဘယ်လောက်ထိ ထိရောက်မှုရှိလဲ ?

သန္ဓေတားနည်းတွေအကုန်လုံး ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်ဆိုတာ မရှိပါဘူး ။ Implant ကတော့ ၁၀၀ ရာခိုင်နှုန်း မကာကွယ်ပေးနိုင်ပေမဲ့ ၉၉ ရာခိုင်နှုန်းတော့ စိတ်ချရပါတယ် ။ ဆိုလိုတာက တစ်နှစ်မှာ ကိုယ်ဝန် ၁၀၀ မွေးရင် တစ်ယောက်သာ ကံဆိုးပြီး ကိုယ်ဝန် ရနိုုင်တာ ဖြစ်ပါတယ် ။ စိတ်အချရဆုံး သန္ဓေတားနည်းလို့တောင် ယဆလို့ရပါတယ် ။

– လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ(STD) တွေကိုရော ကာကွယ်ပေးနိုင်လား?

မကာကွယ်ပေးနိုင်ပါဘူး။ Condom ကတော့ကာကွယ်ပေးနိုင်တဲ့အတွက် Implant နဲ့တွဲသုံးမယ်ဆိုရင်တော့ အရမ်းထိရောက်တဲ့ သန္ဓေတားနည်းတစ်မျိုး အပြင် STD ကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

– ထည့်ပြီး ဘယ်အချိန်ကစပြီး အစွမ်းပြတာလဲ?

Implant စထည့်တဲ့အချိန်က ရာသီလာနေတဲ့ ပထမဆုံး ၅ရက်ဆိုရင်တော့ ထည့်လိုက်တာနဲ့ ချက်ချင်းအစွမ်းပြပါတယ် ။

တခြားအချိန်မှာထည့်ရင်တော့ စိတ်ချရအောင် ပထမဆုံး တစ်ပတ်ကိုတော့ Condom သုံးသင့်ပါတယ် ။ တစ်ပတ်ကြာတာနဲ့ Implant က စအလုပ်လုပ်လာပြီး သန္ဓေမရအောင် ၃ နှစ် လောက်အထိ ကာကွယ်ပါတယ် ။

– Implant ကို ဘယ်လိုထည့်မှာလဲ ?

ပထမဆုံး လက်မောင်းရဲ့ အတွင်းပိုင်းနေရာကို အရင်သန့်ရှင်းပါတယ် ။ ပြီးမှ Implant ထည့်ရင် မနာမကျင်အောင်လို့ ထုံဆေးထိုးပါတယ် ။ Implant ကို ကိရိယာတစ်ခုရဲ့ အကူအညီနဲ့ လက်မောင်းအောက်ကို ထည့်ပါတယ် ။ ဒီအဆင့်လေးတွေက မိနစ်ပိုင်းလေးတွေပဲ ကြာပါတယ် ။ ထုံဆေးပြယ်သွားရင်တော့ နည်းနည်းအောင့်နေတတ်ပါတယ် ။ ဒါပေမဲ့ ဒါကလည်း ရက်အနည်းငယ်ကြာရင် သူ့အလိုလို ပျောက်သွားမှာပါ ။

– ကောင်းကျိုးတွေက ဘာတွေလဲ ?

အလွန်ထိရောက်တဲ့ သန္ဓေတားနည်းဖြစ်ခြင်း ။
တစ်ခါထည့်ထားရုံနဲ့ သုံးနှစ်လောက်အထိ လှည့်ကြည့်စရာမလိုအောင် စိတ်ချရခြင်း ။
၃နှစ်လောက်ကြာအောင် ထိရောက်မှုရှိနေခြင်း ။
မိန်းမကိုယ်မှ သွေးကျခြင်းကို သုံးစွဲသူ အနည်းစုသာ ခံစားရလေ့ရှိခြင်း ။
ရာသီလာလျှင် ဖြစ်ပေါ်သော နာကျင်မှု လျော့ကျသွားခြင်း ။
ဝက်ခြံထွက် သက်သာခြင်း ။
Progestogen ဟော်မုန်း တစ်မျိုးထဲပါဝင်သောကြောင့် ဟော်မုန်း ၂မျိုးပါဝင်သော OC pills ထက် ဆိုးကျိုးနည်းခြင်း ။
နို့တိုက်မိခင်များလည်း အသုးံပြုလို့ အဆင်ပြေခြင်း ။
ပြန်ထုတ်ရတာ အလွန်လွယ်ကူခြင်း ။
ထုတ်ပြီးတာနဲ့ အလွယ်တကူ ကိုယ်ဝန်ဆောင်နိုင်ခြင်း ။
– ဆိုးကျိုးတွေက ဘာတွေလဲ ?

အချို့ အမျိုးသမီးများက ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးအနည်းငယ် ကျတတ်ပါတယ် ။ ဒီလိုသွေးကျတာကလည်း အချိန်ကြာလာတာနဲ့ အမျှ သက်သာသွားပါလိမ့်မယ် ။ ၂၀% လောက်ကတော့ ရာသီလုံးဝ ရပ်သွားတတ်ပါတယ် ။ ဒီလိုရပ်သွားခြင်းက ဘာမှမဖြစ်ဘူးဆိုတာ သိရပါမယ် ။

တခြား ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးတွေကတော့

ခေါင်းကိုက်ခြင်း ။
ဗိုက်ကယ်ခြင်း ။
ရင်သားမှာ နာကျင်မှု ခံစားရခြင်း ။
ပျို့ခြင်း ။
ကိုယ်အလေးချိန် တက်လာခြင်း ။
သားဥအိမ် အရည်အိတ် တည်ခြင်း ။
Implant ထည့်တဲ့နေရာမှာ နာကျင်ခြင်း ၊ အညိုအမည်းစွဲခြင်း ။
Implant ထည့်တဲ့နေရာမှာ ပိုးဝင်ခြင်း ။
– ဘယ်လိုပြန်ထုတ်မလဲ ?

၃နှစ်လောက် ကြာတဲ့အခါမှာ Implant ကို ဆက်အသုံးပြုချင်ရင်ဖြစ်ဖြစ် ၊ မသုံးချင်တော့ရင်ဖြစ်ဖြစ် အသစ်လဲကိုလဲရပါမယ် ။ ပြန်ထုတ်တဲ့ အဆင့်လေးတွေထက် နည်းနည်းတော့ ပိုအချိန်ယူပါတယ် ။ Implant ကို ဆက်အသုံးပြုချင်သူများကလည်း အသစ်ပြန်ထည့်နိုင်ပြီး တခြားသန္ဓေတားနည်းကို စိတ်ဝင်စားသူများကလည်း အလွယ်တကူ ပြောင်းသုံးနိုင်ပါတယ် ။

Dr.Z

Previous Post

ဆေးရဲ့ဆိုးကျိုးများ (၂)

Next Post

ဆီးချို ဝေဒနာရှင်တွေ အတွက် အသင့်တော်ဆုံး ဆန် ဘာဖြစ်မလဲ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
750
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
634

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချို ဝေဒနာရှင်တွေ အတွက် အသင့်တော်ဆုံး ဆန် ဘာဖြစ်မလဲ။

ဝမ်းပျော့ပျော့လေး သွားချင်ရင်

အရေးပေါ်တားဆေးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.