အမျိုးသားများ ဆီးထဲမှာ သုတ်ရည်ပါနေခဲ့ပြီဆိုရင်
ဆီးထဲ သုတ်ရည်ပါခြင်းကိစ္စသည် အမျိုးသားများအတွက်ပြႆနာတစ်ရပ်ဖြစ်ပါတယ်။ သုတ်ရည်ဆိုသည်မှာ ပုံမှန်အားဖြင့် လိင်ဆက်ဆံနေစဉ်နှင့် အာသာဖြေမှသာ လိင်တံမှထွက်ခြင်းဖြစ်ပါတယ်။ သို့သော် လိင်စိတ်မရှိသူများတွင် သုတ်ရည်သည် လိင်တံတွင်ကျန်ရှိနေတတ်ပါတယ်။
သုတ်ရည်ထွက်ကျခြင်းသည် လိင်ဆက်ဆံနေစဉ် အတောအတွင်း ဖြစ်ခြင်းသည် အများဆုံးဖြစ်လေ့ရှိပါတယ်။ သုတ်ရည်ထွက်ကျခြင်းဖြစ်စေသော အကြောင်းရင်းများစွာရှိသော်လည်း ကုသစရာလိုအပ်သော အခြေအနေဖြစ်နိုင်သော်လည်း အချို့ကတော့ မလိုအပ်ပါ။
ဖြစ်စေနိုင်သောအကြောင်းရင်းများမှာ
– လိင်စိတ်နည်းပါးသူများ
ငယ်ရွယ်သူများတွင် သုတ်ရည်ဆီးထဲပါနေခြင်းမှာ လိင်စိတ်နည်းပါးခြင်းကြောင့်ဟု ယူဆ၍ ရနိုင်ပါတယ်။ သုတ်ရည်ပုံမှန်လမ်းကြောင်းမထွက်ဘဲ နောက်ပြန်နေခြင်း ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် လိင်ဆက်ဆံစဉ်သုတ်ရည်မထွက်ဘဲ အရည်ကြည်ထွက်သောအခါတွင်လည်း ကိုယ်ဝန်ရနိုင်သည်ဆိုခြင်းမှာ အဆိုပါအရည်တွင် သုတ်ပိုးပါလာသောကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် စဆက်ဆံစဉ်ကတည်းက ကွန်ဒုံးသုံးပါ။
– ညဘက်သုတ်လွှတ်တတ်သူများ
အရွယ်ရောက်သူများ အထူးသဖြင့်အသက် ၂၀ ဝန်းကျင်ရှိသူများအနေဖြင့် ညအိပ်ပျော်နေစဉ် သူ့အလိုလို့ သုတ်ရည်ထွက်ကျနေတတ်ပါတယ်။ ထို့သို့ဖြစ်ရခြင်းမှာ မိမိစိတ်ကူးအိပ်မက်ကြောင့် ဖြစ်နိုင်ပါတယ်။ အထွေအထူးကုသရန် မလိုသော်လည်း အိပ်ရာဝင်ခါနီး လိင်စိတ်ပြင်ထန်စေသော အကြောင်းအရာများမကြည့်မိအောင် ရှောင်ပါ။
– ဆေးဝါးဆိုးကျိုးများ
အချို့စိတ်ရောဂါအတွက် ကုသသောဆေးများနှင့် ဟော်မုန်းဆေးများသည် သုတ်ရည်မထိန်းနိုင်မူဖြစ်စေပါတယ်။ လိင်စိတ်နည်းပါးခြင်း၊ သုတ်လွှတ်နောက်ကျခြင်းနှင့် ပန်းညိူးခြင်းစသည်တို့ကို ဖြစ်စေနိုင်ပါတယ်။ ထိုအခါသေချာဆရာဝန်နှင့် တိုင်ပင်ကုသမႈခံယူပါ။
– ဆီးကြိတ်ပြဿနာများ
ဆီးကြိတ်သည် သုတ်ရည်သည် လိင်တံမှထွက်ရန် ကူညီပေးသော ဂလင်းဖြစ်ပါတယ်။ ပိုးကူးစက်ခြင်းနှင့် အာရုံကြောထိခိုက်ခြင်းတို့ကြောင့် ဆီးကြိတ်ရောင်ခဲ့သော် သုတ်လွှတ်ရာတွင် ထိခိုက်နိုင်ပါတယ်။ ဆီးကြိတ်ရောင်ခြင်းအပြင် ဆီးကြိတ်ကင်ဆာဖြစ်ပါကလည်း ဆီးသွားရခက်ခဲခြင်း၊ သုတ်လွှတ်အဆင်မပြေခြင်းနှင့် သုတ်ရည်ထဲသွေးပါခြင်းစသည့်တို့ကိုပါ ခံစားရနိုင်ပါတယ်။ ထို့ကြောင့် သေချာကုသမႈခံယူသင့်ပါတယ်။
– အာရုံကြောထိခိုက်ဒဏ်ရာရခြင်း
အကြောင်းတစုံတရာကြောင့် အာရုံကြောထိခိုက်ခဲ့လျှင် သုတ်လွှတ်ပြသနာနှင့် သုတ်ရည်မထိန်းနိုင်ခြင်းစသည်တို့ကို ခံစားရပါလိမ့်မယ်။ အသက်ကြီးခြင်း၊ အာရုံကြောမကြီးပိုးဝင်ခြင်း၊ ဒဏ်ရာရခြင်း၊ ခွဲစိတ်မႈခံယူရခြင်း စသည်တို့ကြောင့် ဖြစ်ပါတယ်။
ဆီးသွားပြီးနောက် သုတ်ရည်ထွက်လာခြင်းသည် ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။ သို့သော် သုတ်ရည်ချည်းမဟုတ်ဘဲ လိင်ဆက်ဆံခြင်းကြောင့် ရောဂါကူးစက်မႈကြောင့် ဖြစ်ခဲ့လျှင် ကုသမႈခံယူရန်လိုအပ်ပါတယ်။ သုတ်ရည်သည် ပုံမှန်လမ်းကြောင်းအတိုင်း မဆင်းဘဲ ဆီးအိမ်ထဲပြန်ဝင်မႈကြောင့် ဆီးအရောင်နောက်နေတတ်ပါတယ်။ ဆီးသွားပြီးနောက်သုတ်ရည်ထွက်ခြင်းသည် စိတ်ပူရန်မလိုဟုဆိုသော်ငြားလည်း အောက်ပါလက္ခဏာများဖြစ်လာပါက အမြန်ဆုံးဆေးကုသရန်လိုအပ်ပါတယ်။
– သုတ်ရည် သို့မဟုတ် ဆီးထဲသွေးပါခြင်း
– သုတ်ရည်အနံဆိုးနံခြင်း
– သုတ်လွှတ်ရာတွင် ခက်ခဲခြင်း
– သုတ်ရည်လွှတ်ရာနှင့် ဆီးသွားရာတွင်နာကျင်ခြင်း
– ပုံမှန်သုတ်ရည်အရောင်မဟုတ်ခြင်း တို့ဖြစ်လာပါက သေချာဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်နှင့်သေချာကုသမူခံယူရန်လိုအပ်ပါတယ်။
Dr. Kyaw