“တရားဝင်ခွင့်ပြုထားသောဆေးများသည် တရားမဝင်သာဆေးများထက် အန္တရာယ်ပိုများသည်”ဟုဆိုသည်။ ဆေးလိပ်၊ စီးကရက်သည် မူးယစ်စေသောဆေးများနှင့် စိတ်ကိုပြောင်းလဲစေသောဆေးများထက် ပို၍အန္တရာယ်များသည်ဟုရည်ညွှန်းခြင်းဖြစ်ပါသည်။
စီးကရက်သောက်၍တရားဥပဒေအရအရေးယူ၍မရပေ။ မူးယစ်ဆေးဝါးများနှင့် စိတ်ပြောင်းလဲစေသော ဆေးဝါးများကို သုံးစွဲပါက အရေးယူအပြစ်ပေးနိုင်သည်။ တရားဝင်ခွင့်ပြုထားသော စီးကရက်အန္တရာယ်မှာကျမ်းမာရေးအတွက် အဆိုးဝါးဆုံး ရန်သူဖြစ်သည်။
စီးကရက်ကိုတစ်ဖွာရှိုက်ပင် မသောက်ကြပါနှင့်ဟု ကျမ်းမာရေးတာဝန်ရှိသူများက တဖွဖွပြောကြားလျှက်ရှိသည်။တစ်ဖွာတစ်ရှိုက်သည်ပင် ရောဂါဖြစ်စေနိုင်သည်။ စီးကရက်ကြောင့်သောက်သူကိုယ်တိုင်သာမက ပတ်ဝန်းကျင်မှကလေးများမှာ စီးကရက်သောက်သူများ၏ သားကောင်များဖြစ်ကြရသည်။
စီးကရက်သောက်သုံးမှုကိုနည်းမျိုးစုံနှင့် တားမြစ်လျှက်ရှိသည်။ နည်းလမ်းများစွာအတွက် စီးကရက်၊ ဆေးလိပ်မသောက် ရနယ်မြေများကိုတိုးချဲ့သတ်မှတ်ခြင်းသည် ထိရောက်မှုရှိသောနည်းလမ်းကောင်းတစ်ခုရှိသည်။ နယ်မြေကျယ်ပြန့်လာသည်နှင့် အမျှ သောက်ရန်အခွင့်အလမ်းလျော့နည်းသွားမည်ဖြစ်သည်။ ဆေးရုံများ၊ ကျောင်းများ၊ ရုပ်ရှင်ရုံများ၊ လူအများစုဝေးနေသော နေရာများမှစ၍နေရာတော်တော်များများကိုဆေးလိပ်၊ စီးကရက်မသောက်ရန် တားမြစ်ပိတ်ပင်လာကြသည်။
ပြင်သစ်ကျမ်းမာရေးဝန်ကြီးက သက်ဆိုင်ရာဒေသတာဝန်ရှိသူများအား ပန်းခြံများနှင့်ကမ်းခြေများတွင် စီးကရက် မသောက်ရနယ်မြေအဖြစ် သတ်မှတ်ရန် ညွှန်ကြားလိုက်ပြီဖြစ်သည်။ စီးကရက်၊ဆေးလိပ်မသောက်ရနယ်မြေများတိုးချဲ့ သတ်မှတ်ခြင်းဖြင့် ကလေးငယ်များ၏ ကျမ်းမာရေးကိုမြှင့်တင်ပေးနိုင်မည်ဟု ဝန်ကြီးကလက်ခံယုံကြည်ထားသည်။ ကျောင်းပြင်ပ နှင့်တက္ကသိုလ် ပရဝဏ်အတွင်း၌လည်းစီးကရက်မသောက်ရန် တားမြစ်ပိတ်ပင်ထားသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်းစီးကရက်မသောက်ရနယ်မြေများကိုတိုးချဲ့သတ်မှတ်သင့်မည်ဖြစ်သည်။ စီးကရက် သောက်ခြင်းကိုရပ်တန့်ပစ်လိုက်ခြင်းဖြင့် ရောဂါပေါင်းများစွာကိုကာကွယ်နိုင်မည်ဖြစ်သည်။ အဆုပ်ကင်ဆာရောဂါဖြစ်ပွားမှု၏ အဓိကအန္တရာယ်ဇာစ်မြစ်မှာစီးကရက်မသောက်ခြင်းပင်ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းရှိသည်။
သင်၊ သင်၏မိသားစုနှင့် သင်၏ပတ်ဝန်းကျင်မှ လူသားအားလုံး၏ကျမ်းမာပျော်ရွှင်ရေးအတွက် စီးကရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါဟုတိုက်တွန်းလိုက်ရပေသည်။
Author -ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)