fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လက်သည်းခြေသည်းတွေကပြောတဲ့ သင့်ကျန်းမာရေး

777
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/11/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

လက်သည်းခြေသည်းတွေကပြောတဲ့ သင့်ကျန်းမာရေး

လက်သည်းခြေသည်းတွေဟာ ကျွန်တော်တို့ရဲ့လက်ထိပ်ခြေထိပ်လေးတွေကို ထိခိုက်ဒဏ်ရာမရအောင်ကာကွယ်ပေးရုံသာမက ခန္ဓာကိုယ်တွင်းမှာဘာတွေဖြစ်နေလဲဆိုတာကိုလည်း သူတို့ရဲ့အရောင်၊ ပုံသဏ္ဍာန်၊အနေအထားစတဲ့အချက်တွေကိုကြည့်ခြင်းဖြင့် တစိတ်တပိုင်းသိနိုင်တယ်လို့ သုတေသနပညာရှင်များက ပြောထားပါတယ်။

လက်သည်းခြေသည်းတွေရဲ့ပုံမှန်အရောင်ကတော့ နီမြန်းတဲ့အရောင်ဖြစ်ပါတယ်။

လက်သည်းခြေသည်းတွေရဲ့အရောင်၊ပုံသဏ္ဍာန်၊အနေအထားတွေကိုကြည့်ပြီး ခန္ဓာကိုယ်တိုင်းမှာဖြစ်နေနိုင်တဲ့အခြေအနေတွေကို သုတေသနပညာရှင်များက အောက်ပါအတိုင်းပြောထားပါတယ်။

လက်သည်းခြေသည်းအရောင်က ဖျော့နေတယ်ဆိုရင် သွေးအားနည်းနေတာ၊ အာဟာရဓါတ်မပြည့်ဝတာ၊ အသည်းမှာရောဂါရှိနေတာ၊ နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တာစသဖြင့် ဖြစ်နေနိုင်ပါတယ်။

လက်သည်းခြေသည်းအရောင်က ဖြူနေတယ်ဆိုရင် အသည်းရောင်နေတာ၊ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်ဓါတ်တွေများနေတာ တွေဖြစ်နေနိုင်ပါတယ်။

လက်သည်းခြေသည်းအရောင်က ပြာနေတယ်ဆိုရင်

ကိုယ်ခန္ဓာမှာအောက်စီဂျင်နည်းနေတာဖြစ်နိုင်ပြီး နှလုံးရောဂါ၊နမိုးနီးယား (အဆုတ်ရောင်) ရောဂါတွေနဲ့လည်းဆက်စပ်မှုရှိနေနိုင်ပါတယ်။

လက်သည်းခြေသည်းအရောင်က ဝါနေတယ်ဆိုရင် လက်သည်းခြေသည်းမှိုစွဲတာ၊ သိုင်းရွက်ဟော်မုန်းရောဂါရှိတာ၊ အဆုတ်ရောဂါရှိတာ၊ ဆီးချိုရောဂါ၊ ဆိုရီရေးစစ်အရေပြားရောဂါရှိတာတွေဖြစ်နေနိုင်ပါတယ်။

လက်သည်းဝါတာအပြင် လက်သည်းခြေသည်းတွေကွဲအက်နေတာ၊ ကျိုးပဲ့လွယ်တာတွေရှိနေတယ်ဆိုရင် မှိုပိုးစွဲတာ၊ သိုင်းရွက်ဟော်မုန်းရောဂါရှိတာတွေဖြစ်နိုင်ဖို့ပိုများပါတယ်။

လက်သည်းခြေသည်းတွေရဲ့မျက်နှာပြင်ပေါ်မှာချိုင့်ခွက်လေးတွေအပေါက်လေးတွေဖြစ်တာ သို့မဟုတ် လှိုင်းထနေတာဆိုရင် အဆစ်ရောင်ရောဂါရှိတာ၊ ဆိုရီးရေးဆစ်အရေပြားရောဂါရှိတာတွေဖြစ်နိုင်ပါတယ်။

လက်သည်းခြေသည်းဘေးနားတဝိုက်က အရေပြားနေရာတွေဖောင်းကားရောင်ရမ်းနေတယ်ဆိုရင် တွယ်ဆက်တစ်သျှူးရောဂါ (Connective tissue disorder)၊ အရေပြားလေးဖက်နာဖြစ်တာ(SLE) တွေဖြစ်နေနိုင်ပါတယ်။

လက်သည်းခြေသည်းအောက်မှာ အနက်စင်းလေးတွေပေါ်လာတယ်ဆိုရင် လက်သည်းခြေသည်း အနည်းငယ်ထိခိုက်ဒဏ်ရာရပြီး လက်သည်းခြေသည်းအောက်မှာသွေးအနည်းငယ်ယိုတာ၊ လက်သည်းခြေသည်းအောက်ကသွေးကြောလေးတွေရောင်ရမ်းတာ တွေလည်းဖြစ်နိုင်သလို လက်သည်းခြေသည်းအောက်မှာ မှဲ့ဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်။

ထိခိုက်ဒဏ်ရာအနည်းငယ်ရပြီး သွေးနည်းနည်းယိုလို့ သို့မဟုတ် လက်သည်းခြေသည်းအောက် သွေးကြောလေးတွေရောင်ရမ်းလို့ သွေးထွက်ရာကနေ အနက်အစင်းကြောင်းဖြစ်တာက တဖြည်းဖြည်းချင်းပျောက်သွားနိုင်ပါတယ်။

တကယ်လို့ အနက်အစင်းကြောင်းက တော်တော်နဲ့မပျောက်ဘူး။ ပိုကြီးလာတယ်ဆိုရင်တော့ လက်သည်းခြေသည်းအောက်မှာမှဲ့ဖြစ်တာဖြစ်နိုင်ပါတယ်။ လက်သည်းခြေသည်းအောက်မှာမှဲ့ဖြစ်တာက မှဲ့ကင်ဆာ(အရေပြားကင်ဆာ)ဖြစ်နိုင်ခြေများတဲ့အတွက် အရေပြားဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။

ဒါတွေကတော့ လက်သည်းခြေသည်းတွေရဲ့အရောင်၊ ပုံသဏ္ဍာန်၊ အနေအထားတွေကိုကြည့်ပြီး ကိုယ်ထဲမှာဘာတွေဖြစ်နေနိုင်လဲဆိုတာကို သုတေသနပညာရှင်တွေက ခန့်မှန်းပြောကြားထားတာတွေပါ။

လက်သည်းခြေသည်းတွေရဲ့အရောင်၊ ပုံသဏ္ဍာန်၊ အနေအထားတွေကိုကြည့်ပြီးပြောတာအပြင် လက်သည်းခဏခဏကိုက်တဲ့အကျင့်ရှိပါက ထိုသူမှာ စိုးရိမ်စိတ်လွန်ကဲတဲ့စိတ်ရောဂါ၊ စိတ်ပူပန်မှုများတဲ့စိတ်ရောဂါတွေရှိနေဖို့များတယ်လို့ သုတေသနပညာရှင်များက ထပ်ဆောင်းပြောကြားထားပါသေးတယ်။

Dr 528

Previous Post

အသံဝင်တာ မြန်မြန်သက်သာအောင်

Next Post

အင်ဆူလင်ဆိုတာ ဘာလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Concept of insulin, fake label

အင်ဆူလင်ဆိုတာ ဘာလဲ

ငရုတ်သီးစားခြင်းကပေးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ

အမျိုးသားများ ဆီးထဲမှာ သုတ်ရည်ပါနေခဲ့ပြီဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.