fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ပုံမှန်ချစ်တင်းနှောခြင်းအားဖြင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ကြောင်း တွေ့ ရှိ

73
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/10/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသားကျန်းမာရေး
1 min read
A A

 

ဒီနေ့ခေတ် နေထိုင်စားသောက်မှုပုံစံအပြောင်းအလဲတွေကြောင့် ကိုယ်အလေးချိန်တက်လာတာ အဝလွန်တာ အများအပြားကို တွေ့ရှိလာရပါတယ်။ အရင်ခေတ်က လူတွေဟာ အစာရေစာ မလုံလောက်လို့ ငတ်ပြတ်သေကြတာတွေ့ရပြီး  ဒီဘက်ခေတ်ရောက်တော့ မချိမဆန့်စားကြလို့ အဝလွန်ပြီး နောက်ဆက်တွဲရောဂါတွေကြောင့် သေကြတာတွေ တွေ့လာရပါတယ်။ ဒါကြောင့်လည်း အဝလွန်နေတာကို လျော့ချနိုင်ဖို့  ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ လှပကျော့ရှင်းပြီး ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်မျိုးပိုင်ဆိုင်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းလာကြပါတယ်။

Gym ကစားတာ ညစာမစားတာ အစားရှောင်တာ ယောဂကစားတာ စသဖြင့် နည်းလမ်းတွေကလည်း စုံလို့ပါပဲ။ အန္တရာယ်များတဲ့နည်းလမ်းဖြစ်တဲ့ ပိန်ဆေးတွေသောက်တာတွေလည်း မြင်တွေ့နေရပါတယ်။ ဒါ့အပြင် အဆီပိုတွေကို စုပ်ထုတ်တာ ခွဲစိတ်လှီးဖြတ်ပစ်တာ အစရှိတဲ့ ကြောက်စရာနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ လူသိပ်မသိသေးတဲ့သဘာဝတရားကပေးထားတဲ့ နည်းလမ်းတစ်ခု ကျန်ပါသေးတယ်။ သူကတော့ အိမ်ထောင်သည်တွေအတွက်ပဲ သင့်တော်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အပေးအယူမျှမျှ လိင်ဆက်ဆံခြင်း မို့လို့ပါ။ အိမ်ထောင်သည်မဟုတ်ဘူးဆိုရင်တော့ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တာမို့ ဒီနည်းလမ်းကို မသုံးဖို့ ကြိုတင်မေတ္တာရပ်ခံထားလိုက်ပါတယ်။

 

အိမ်ထောင်သည်တွေအတွက်တော့ ပုံမှန် အပေးအယူမျှမျှ လိင်ဆက်ဆံမှုပြုခြင်းဟာ ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျစေတယ်လို့  လေ့လာတွေ့ရှိမှုတွေက ဆိုပါတယ်။ တွေ့ရှိချက်တွေအရ

၁) လိင်ဆက်ဆံခြင်းဟာ ကယ်လိုရီအများအပြား လောင်ကျွမ်းစေပါတယ်။

အိပ်ယာထဲမှာ တူတူလှဲပြီး တီဗွီစီးရီးစ်တွေကြည့်နေမဲ့အစား နှစ်ယောက်စလုံးအတွက်လည်း အကျိုးရှိမဲ့ ရင်ခုန်စရာလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်သင့်ပါတယ်။ ၂၅ မိနစ်ပဲ အချိန်ပေးပါ။ ကလူကျီစယ်တာ ၁၀ မိနစ်  တကယ့်ဇာတ်လမ်းက ၁၅ မိနစ်ပေါ့။ ဟုတ်ပါတယ်။ ၂၅ မိနစ်လောက် အပေးအယူမျှမျှ တက်တက်ကြွကြွ လိင်ဆက်ဆံကြည့်ဖို့ ပြောတာပါ။

အဲဒီ ၂၅ မိနစ်ဟာ ပေါင် ၁၅၀ ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ၈၈ ကယ်လိုရီလောက် လောင်ကျွမ်းစေနိုင်ပြီး ပေါင် ၁၈၀ အမျိုးသားတစ်ယောက်ဆိုရင်တော့ ၁၀၆ ကယ်လိုရီအထိ လောင်ကျွမ်းပေးနိုင်ပါလိမ့်မယ်။ ဒီပမာဏဟာ သင် Gym မှာ ၂၅ မိနစ်လောက် စက်ဘီးစီးတဲ့ အပေါ့စားပြေးတဲ့ ပမာဏနဲ့ တူတူပါပဲ။ ဒါကြောင့် Gym သွားဖို့အချိန်မရှိလည်း အပေးအယူမျှတတဲ့ အိမ်ထောင်ဘက်ကောင်းတစ်ယောက် ပိုင်ဆိုင်ထားရင် အဆင်ပြေတယ်လို့ ပြောလို့ရမှာပေါ့နော့။

 

၂) ပုံမှန်လိင်ဆက်ဆံခြင်းဟာ ကိုယ်အလေးချိန်တိုးစေမဲ့ အစားအစာတွေ စားချင်စိတ်ကိုလည်း လျော့ကျစေပါတယ်။

ကိုယ်အလေးချိန်တက်စေတဲ့ အဆီဓာတ် ကစီဓာတ်စတဲ့အစားအစာတွေကို စားချင်တဲ့စိတ်ဟာ ကိုယ်ထဲမှာ Cortisol လို့ခေါ်တဲ့ ဟော်မုန်းတွေများနေတဲ့အခါ ဖြစ်ပေါ်ပါတယ်။ ပုံမှန်လိင်ဆက်ဆံခြင်းဟာ အဆိုပါ ဟော်မုန်းပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးတဲ့အတွက် ကိုယ်အလေးချိန်မတက်အောင် သိသာစွာ ကူညီပေးနိုင်ပါတယ်။

 

၃) လိင်ဆက်ဆံခြင်းဟာ သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့အတွက်  အိပ်ရေးပျက်တာများရင်ဖြစ်တတ်တဲ့ ကိုယ်အလေးချိန်တိုးလာခြင်းမှ ကာကွယ်ပေးပါတယ်။

အချုပ်ပြောရရင် အလုပ်တွေများပြီး Gym တွေ ဘာတွေလည်း မသွားနိုင် အစားအသောက်ကလည်း သေချာမရှောင်နိုင်မစားနိုင်ဖြစ်ပြီး ဝမှာကြောက်နေတဲ့ အိမ်ထောင်သည်တွေအတွက် သိထားသင့်တဲ့ အချက်လေးတွေမို့ ကျန်းမာရေးရှုထောင့်ကနေ အကြံပေးခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည်မဟုတ်သူတွေအတွက်ကတော့ တခြားနည်းလမ်းတွေနဲ့ပဲ ကိုယ်အလေးချိန်လျော့ချသင့်ကြောင်း ထပ်မံသတိပေးလိုက်ရပါတယ်။

Dr. KG

Previous Post

   အကြောပြတ်ခြင်း(Stretch Marks)အတွက် အကောင်းဆုံးအဖြေ                                

Next Post

သားအိမ်ထဲထည့်တဲ့သန္ဓေတားပစ္စည်း IUD ဟာ ဘယ်လောက်စိတ်ချရသလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ထဲထည့်တဲ့သန္ဓေတားပစ္စည်း IUD ဟာ ဘယ်လောက်စိတ်ချရသလဲ

ကလေးတွေမှာ မက်ကလောင်ဖောက်တာ ဘယ်လောက်ဆိုးသလဲ

အသားအရေခြောက်သွေခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.