(Zawgyi)
လိင္ဆက္ဆံစဥ္နာက်င္မႈ (Dyspareunia)
လိင္ဆက္ဆံစဥ္နာက်င္မႈကို Primary အေျခခံႏွင့္ Secondary ဒုတိယအဆင့္ဟူၿပီး ႏွစ္မ်ိဳးခြဲျခားထားသည္။ လိင္ဆက္ဆံစဥ္ ကာလတစ္ေလွ်ာက္လုံး နာက်င္မႈေဝဒနာ ခံစားရပါလွ်င္ Primary အေျခခံဟုသတ္မွတ္၍ နာက်င္မရွိေသာကာလၿပီးမွ နာက်င္မႈခံစားရလွ်င္ (ဆက္ဆံမႈ၌နာက်င္မႈ၊ မနာက်င္မႈေရာယွက္ေနလွ်င္) Secondary ဒုတိယအဆင့္ဟု သတ္မွတ္ပါသည္။
အေပၚယံနာက်င္မႈသည္ စိတ္ႏွင့္ဆက္ႏြယ္မႈရွိၿပီး အတြင္းပိုင္းနာက်င္မႈသည္ ေရာဂါတစ္စုံတစ္ရာေၾကာင့္ျဖစ္ ႏိုင္ပါသည္။ နာက်င္မႈႏွင့္ပတ္သက္၍ (က) နာက်င္ေသာေနရာ (ခ) နာက်င္မႈအမ်ိဳးအစာ (ဘယ္လိုနာက်င္သ လဲ) (ဂ) နာက်င္မႈ၏ျပင္းထန္ျခင္း (ဃ) နာက်င္မႈျဖစ္ေပၚခ်ိန္ (င) ၾကာျမင့္သည့္ကာလ (စ) အျခားဆက္စပ္မႈအ ေၾကာင္းျခင္းရာမ်ားကို အေသးစိတ္ေမးျမန္းရန္ လိုအပ္ပါသည္။ ေဆးပညာရွင္မ်ားအေနျဖင့္ ႐ုပ္ပိုင္းဆိုင္ရာခ်ိဳ႕ ယြင္းမႈမ်ားကို ရွာေဖြေဖာ္ထုတ္ရမည္ ျဖစ္၏။ ႐ုပ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈမ်ား လုံးဝရွာေဖြမေတြ႕ရွိမွသာ စိတ္ပိုင္း ဆိုင္ရာ ျပႆနာအေၾကာင္းထည့္သြင္းစဥ္းစားသင့္ပါသည္။ လိင္ဆက္ဆံမႈကို ေၾကာက္႐ြံ႕ျခင္းပင္လွ်င္နာက်င္မႈ ေဝဒနာကို ျဖစ္ေပၚေစေသာအေၾကာင္းရင္းတစ္ခု ျဖစ္ႏိုင္ပါသည္။ လိင္ဆက္ဆံစဥ္ နာက်င္မႈသည္ ဆႏၵႏိုးႂကြမႈ၊ ဆႏၵျပည့္ေျမာက္မႈႏွင့္ဆက္ဆံလိုေသာ ဆႏၵတို႔အားအေႏွာင့္အယွက္၊ အဟန႔္အတားျဖစ္ေစသည္။
အေပၚယံနာက်င္မႈ
အေပၚယံနာက်င္မႈမွာ အဂၤါအဝနာက်င္မႈကို ဆိုလိုျခင္းျဖစ္ပါသည္။ အေပၚယံနာက်င္မႈသည္ အမ်ားဆုံး ျဖစ္ေလ့ျဖစ္ထရွိၿပီး ျဖစ္ေစႏိုင္ေသာအေၾကာင္းဇာစ္ျမစ္မ်ားစြာ ရွိေၾကာင္းေတြ႕ရသည္။ သို႔ေသာ္အေၾကာင္းဇာစ္ ျမစ္ကိုရွာေဖြရန္ ခက္ခဲေနတတ္သျဖင့္ လူနာအဖို႔ကုသမႈအေပၚ ေက်နပ္မႈမရႏိုင္ဘဲ ရွိေနတတ္သည္။ ကုသရာ တြင္ေဝဒနာ သက္သာေပ်ာက္ကင္းမႈျပည့္ဝစြာ မရရွိႏိုင္သျဖင့္ ဆရာဝန္ကိုယ္တိုင္ေခါင္းေျခာက္ရေသာ ကိစၥ တစ္ခုျဖစ္၏။
အဂၤါအဝနာက်င္မႈသည္ ေဝဒနာသက္သာေပ်ာက္ကင္းလိုက္၊ ျပန္လည္ျဖစ္ေပၚလိုက္ႏွင့္ လိပ္ပတ္လည္ ေနတတ္သည္။ ပူေလာင္သည့္ေဝဒနာ၊ ယားယံျခင္းႏွင့္ေနရထိုင္ရခက္သလို ျဖစ္ျခင္းမ်ားလည္း ျဖစ္ႏိုင္ပါသည္။ တစ္ခါတစ္ရံ နာက်င္မႈသည္ လိင္ဆက္ဆံျခင္းျပဳမွသာမဟုတ္ဘဲ အခ်ိန္ျပည့္နာက်င္ေနတတ္ပါေသးသည္။ တခ်ိဳ႕ကဆိုလွ်င္ လမ္းေလွ်ာက္စဥ္မွာပင္ နာက်င္လာတတ္ၾက၏။ အထူးသျဖင့္ အမ်ိဳးသမီးျပင္ပအဂၤါမ်ား ေရာင္ ရမ္းျခင္းေၾကာင့္ျဖစ္ေလ့ရွိ၏။ လိင္ဆက္ဆံရာတြင္ ေခ်ာေမြ႕ေစရန္ သုံးေသာပစၥည္းမ်ား၊ သုတ္ပိုးေသေစရန္သုံး ေသာေဆးဝါးမ်ားႏွင့္ အျခားဓာတုေဗဒပစၥည္းမ်ားေၾကာင့္လည္း နာက်င္မႈေဝဒနာ ျဖစ္ေစႏိုင္သည္။
သားေမြးလမ္းေၾကာင္းနာက်င္မႈ
သားေမြးလမ္းေၾကာင္းနာက်င္မႈမွာ ျဖစ္ပြားမႈႏႈန္းအလြန္နည္းပါးပါသည္။ သားေမြးလမ္းေၾကာင္းသည္ သဘာဝအားျဖင့္ပင္ အာ႐ုံခံစားမႈနည္းေသာ အဂၤါတစ္ခုျဖစ္ေသာေၾကာင့္ ျဖစ္သည္။
အတြင္းပိုင္းနာက်င္မႈ
အတြင္းပိုင္းနာက်င္မႈသည္လည္း ျဖစ္ပြားမႈမ်ားေၾကာင္းေတြ႕ရသည္။ အဓိကအေၾကာင္းရင္းဇာစ္ျမစ္မ်ား မွာဝမ္းဗိုက္ေအာက္ပိုင္း ေရာင္ျခင္း၊ အမ်ိဳးသမီး မ်ိဳးပြားအဂၤါမ်ားခြဲစိပ္ကုသခံယူရျခင္း၊ ဝမ္းဗိုက္ပိုင္းခြဲစိပ္ကုသခဲ့ ျခင္းမ်ား၊ လိင္အဂၤါအဖုအက်ိတ္မ်ား၊ ဝမ္းဗိုက္အတြင္းအဖုအက်ိတ္မ်ား၊ ဆီးလမ္းေၾကာင္းပိုးဝင္ခံရျခင္း၊ မမ်ိဳးဥ အိမ္အက်ိတ္မ်ားစသည္တို႔ေၾကာင့္ အတြင္းပိုင္းနာက်င္မႈျဖစ္ႏိုင္သည္။
ကုသျခင္း
႐ုပ္ပိုင္းဆိုင္ရာ ျပႆနာမ်ားကိုအဓိကကုသေပးရန္ လိုအပ္ပါသည္။ စိတ္ပိုင္းဆိုင္ရာ အားေပးကူညီမႈ ႏွင့္ ႏွစ္သိမ့္ေဆြးေႏြးပညာေပးျခင္းကိုလည္း ထိေရာက္စြာလုပ္ေဆာင္ေပးသင့္ပါသည္။
သားေမြးလမ္းေၾကာင္းက်ဳံ႔ျခင္း (ဆက္ဆံေရးလမ္းေၾကာင္းက်ဳံ႔ျခင္း)
သားေမြးလမ္းေၾကာင္းက်ဳံ႔ျခင္းသည္ လိင္ဆက္ဆံသည့္အခါ နာက်င္ေစျခင္းႏွင့္ လိင္ဆက္ဆံရန္ ေၾကာက္လန႔္မႈတို႔ကို ျဖစ္ေစႏိုင္ပါသည္။ သားေမြးလမ္းေၾကာင္း က်ဳံ႔ျခင္းေၾကာင့္႐ုပ္ပိုင္းဆိုင္ရာ နာက်င္မႈႏွင့္ စိတ္ပိုင္းဆိုင္ရာနာက်င္မႈ ႏွစ္မ်ိဳးစလုံးျဖစ္ေစပါသည္။ အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားႏွင့္ဆက္ဆံရမည္ကို ပင္ေၾကာက္လန႔္တုန္လႈပ္ေနတတ္ၾကသည္။ သားေမြးလမ္းေၾကာင္း ေအာက္ပိုင္းရွိႂကြက္သားမ်ား က်ဳံ႔ျခင္း ေၾကာင့္ျဖစ္ေပၚရျခင္းျဖစ္၏။
သားေမြးလမ္းေၾကာင္း က်ဳံ႔ျခင္းသည္တစ္ႀကိမ္တစ္ခါမွ် လိင္ဆက္ဆံျခင္းမျပဳဖူးသူ အမ်ိဳးသမီးမ်ား၌ ျဖစ္ပါက “Primary Vaginismus” ဟုေခၚပါသည္။ အကယ္၍ ယခင္ကလိင္ဆက္ဆံစဥ္က မျဖစ္ခဲ့ေသာ္လည္း ေနာက္ပိုင္းဆက္ဆံမႈမ်ားတြင္ သားေမြးလမ္းေၾကာင္း က်ဳံ႔ျခင္းျဖစ္ပါက “Seconary Viginismus” ဟုသုံးႏႈန္း ေခၚဆိုပါသည္။ ေဝဒနာ၏ ျပင္းထန္မႈသည္လိင္ဆက္ဆံမႈကို ေရွာင္ၾကဥ္ျခင္းႏွင့္ လိင္ဆက္ဆံမႈကိုျငင္းပယ္ျခင္း တို႔ကိုျဖစ္ေစပါသည္။ သားေမြးလမ္းေၾကာင္းက်ဳံ႔ျခင္းသည္ လိင္ဆက္ဆံမႈျပဳမွသာ ျဖစ္တတ္ျခင္းမဟုတ္ဘဲ အ မွန္တကယ္ဆက္ဆံမႈ မျပဳေသာ္လည္းလႈံ႕ေဆာ္မႈအဆင့္မွာပင္ ျဖစ္တတ္ပါသည္။ ထိုသို႔သားေမြးလမ္းေၾကာင္း က်ဳံ႔ျခင္းရွိေနပါက လိင္ဆက္ဆံမႈမျပဳဘဲ ျပင္ပလႈံ႕ေဆာ္မႈျဖင့္သာ ဆႏၵျပည့္ဝေအာင္ေဆာင္႐ြက္ေပးသင့္ပါ သည္။
သားေမြးလမ္းေၾကာင္းက်ဳံ႔ေနသူ အမ်ိဳးသမီးအားအတင္းအက်ပ္ လိင္ဆက္ဆံရန္ႀကိဳးပမ္းမႈျပဳပါက နာ က်င္မႈ၊ ေၾကာက္႐ြံ႕မႈ၊ ထိတ္လန႔္တုန္လႈပ္မႈ၊ ေၾကကြဲဝမ္းနည္းမႈႏွင့္ စိတ္ဓာတ္က်ဆင္းမႈမ်ားျဖစ္ေပၚေစႏိုင္သည္။ သားေမြးလမ္းေၾကာင္းက်ဳံ႔ျခင္း Vaginismus ရွိပါကဇြတ္အတင္း ဆက္ဆံမႈကိုေရွာင္ၾကဥ္ၾကရန္ အေရးႀကီး သည္။
ေရာဂါျဖစ္ရျခင္း၏ဇာတ္ျမစ္မ်ား
သားေမြးလမ္းေၾကာင္း က်ဳံ႔ျခင္း၏အဓိကအေၾကာင္းရင္းမွာ စိတ္ဆႏၵမဲ့ (သိစိတ္ျဖင့္မဟုတ္ေသာ) သား ေမြးလမ္းေၾကာင္း ႂကြက္သားမ်ားက်ဳံ႔ညႇစ္ျခင္းမ်ား ျဖစ္သည္။ မည္သည့္အတြက္ တခ်ိဳ႕အမ်ိဳးသမီးမ်ားတြင္သား ေမြးလမ္းေၾကာင္းက်ဳံ႔ျခင္းျဖစ္တတ္၍ တခ်ိဳ႕တြင္မျဖစ္က်သည္ကို အတိအက်မသိႏိုင္ေပ။ လိင္ဆက္ဆံစဥ္နာ က်င္မႈေဝဒနာသည္ သားေမြးလမ္းေၾကာင္းကိုျဖစ္ေစေသာ အေၾကာင္းရင္းျဖစ္ႏိုင္ပါသည္။ ႐ုပ္ပိုင္းဆိုင္ရာ (သို႔) လိင္ပိုင္းဆိုင္ရာေစာ္ကားခံရမႈသည္ လိင္ဆက္ဆံရမည္ကို ေၾကာက္လန႔္ေစသည္။ ပထမဦးဆုံးလိင္ဆက္ဆံစဥ္ က ခံစားခဲ့ရေသာနာက်င္မႈေဝဒနာကို ေၾကာက္လန႔္မႈေၾကာင့္လည္း ေနာက္တစ္ႀကိမ္လိင္ဆက္ဆံရမည္ကို စိုး ရိမ္ႏိုင္တတ္ပါသည္။ အျခားတစ္ခ်က္မွာ လိင္ဆက္ဆံသျဖင့္ ကိုယ္ဝန္ရရွိမည္ကို စိုးရိမ္ေၾကာင့္ၾကမႈေၾကာင့္ သားေမြးလမ္းေၾကာင္း က်ဳံ႔ျခင္းလည္းျဖစ္ႏိုင္ပါေသးသည္။
ဘာသာေရးယုံၾကည္မႈမ်ား၊ လိင္ပိုင္းဆိုင္ရာဗဟုသုတမ်ားနည္းပါးျခင္း၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရ ျခင္း၊ မုဒိမ္းက်င့္ခံခဲ့ရျခင္း၊ ဆက္ဆံေဖာ္အေပၚေဒါသျဖစ္ျခင္း စသည္တို႔သည္လည္းအေၾကာင္းရင္း ဇာစ္ျမစ္မ်ား ျဖစ္တတ္ပါသည္။ အခ်စ္ပ်က္ျပယ္မည္ကို စိုးရိမ္ျခင္း၊ ကိုယ္ဝန္ရွိမည္ကိုေၾကာက္ျခင္း၊ ေဒါသျဖစ္ျခင္းႏွင့္ အဂၤါ လမ္းေၾကာင္းေသးငယ္သည္ဟု ယုံမွားသံသယရွိျခင္းတို႔ေၾကာင့္ သားေမြးလမ္းေၾကာင္းက်ဳံ႔ေနတတ္၏။ စိတ္ ပိုင္းဆိုင္ရာျပႆနာမ်ားသည္လည္း ျပႆနာ၏ဇာစ္ျမစ္ျဖစ္ႏိုင္ပါေသးသည္။
ကုသျခင္း
အျပဳအမူပိုင္းဆိုင္ရာ ကုသမႈသည္ သားေမြးလမ္းေၾကာင္းက်ဳံ႔ျခင္းအတြက္ အေရးႀကီးေသာကုသမႈျဖစ္ ၏။ အထူးေလ့က်င့္ခန္းမ်ားျဖင့္ ႂကြက္သားမ်ား အေၾကာေလ်ာ့ေအာင္ေဆာင္႐ြက္ရမည္ ျဖစ္၏။ သားေမြးလမ္း ေၾကာင္းအားစနစ္တက် ေလ့က်င့္မႈျပဳလုပ္ေပးရပါသည္။ သားေမြးလမ္းေၾကာင္းအား ေလ့က်င့္ေပးျခင္းမွာအထူး ဖန္တီးျပဳလုပ္ထားေသာ အ႐ြယ္အစားမတူသည့္ ပစၥည္းမ်ားကိုအသုံးျပဳရ၏။ ေသးငယ္ေသာပစၥည္းမွစ၍ တ ျဖည္းျဖည္းႀကီးေသာပစၥည္းကို ထည့္သြင္းၿပီးနာက်င္မႈ မျဖစ္ေပၚေအာင္ေလ့က်င့္နည္းပင္ ျဖစ္သည္။ သားေမြး လမ္းေၾကာင္းက်ဳံ႔ျခင္းမွာ ေလ့က်င့္မႈျဖင့္ ေပ်ာက္ကြယ္သြားမည္ျဖစ္၏။
ဆႏၵၿပီးေျမာက္မႈျပႆနာ (Female Orgasmic Disorder or Anorgasmia)
အမ်ိဳးသမီးမ်ား ဆႏၵၿပီးေျမာက္ျခင္းဆိုသည္မွာ အတိအက်သတ္မွန္ရန္ မလြယ္ကူေပ။ မည္သည့္အ ဆင့္သည္စိတ္ဆႏၵျပည့္ဝမႈ အရွိဆုံးဆိုျခင္းမွာပင္ ရွင္းလင္းစြာမသိႏိုင္ပါ။ တခ်ိဳ႕ေသာအမ်ိဳးသမီးမ်ားသည္ ဆႏၵ ၿပီးေျမာက္မႈမရွိႏိုင္ပါ။ တခ်ိဳ႕ေသာအမ်ိဳးသမီးမ်ားသည္ ဆႏၵၿပီးေျမာက္မႈ မရွိသည့္တိုင္ေက်နပ္မႈရွိခဲ့ၾကေၾကာင္း ေတြ႕ရသည္။
အမ်ိဳးသမီးမ်ား ဆႏၵျပည့္ဝမႈႏွင့္ပတ္သက္ၿပီး အမ်ိဳးသားမ်ားကိုယ္တိုင္ နားလည္သေဘာေပါက္ထား သင့္ၾကသည္။ အမ်ိဳးသားမ်ားသည္ မိမိကဲ့သို႔ပင္ အမ်ိဳးသမီးမ်ားသည္ ဆႏၵၿပီးေျမာက္မႈမရွိၾကလွ်င္ လိင္ဆက္ဆံ မႈအေပၚေၾကနပ္မႈရရွိမည္မဟုတ္ဟု ထင္ျမင္ယူဆခဲ့ၾကသည္။ သို႔အတြက္ေၾကာင့္ပင္ အမ်ိဳးသမီးမ်ားဆႏၵၿပီး ေျမာက္ေစရန္ ဆႏၵလြန္ကဲမႈမ်ား ျဖစ္တတ္ၾက၏။
ဆႏၵမၿပီးေျမာက္ျခင္းမွာ ဆႏၵၿပီးေျမာက္မႈျဖစ္စဥ္ကို အလိုအေလ်ာက္ (မသိစိတ္ျဖင့္) ဆႏၵမဲ့ဟန႔္တား ထားမႈကို ဆိုလိုပါသည္။ တခ်ိဳ႕အမ်ိဳးသမီးမ်ားသည္ သာမန္လိင္အဂၤါျခင္းဆက္ဆံမႈျဖင့္ ဆႏၵၿပီးေျမာက္ႏိုင္ၾက သည္။ တခ်ိဳ႕မွာမူ အျခားလႈံ႕ေဆာ္မႈမ်ား (ဥပမာ-အဂၤါေစ့အားလႈံ႕ေဆာ္ေပးမႈ) ရွိမွသာ ဆႏၵၿပီးေျမာက္တတ္ၾက ၏။ လိင္ဆက္ဆံျခင္းျဖင့္ ဆႏၵမၿပီးေျမာက္တတ္ေသာ အမ်ိဳးသမီးမ်ားသည္ စိတ္ေျဖေဖ်ာက္မႈျဖင့္ ဆႏၵၿပီး ေျမာက္ႏိုင္ေၾကာင္းေတြ႕ရသည္။ ေဆးပညာရွင္တခ်ိဳ႕က ဆႏၵၿပီးေျမာက္ျခင္းကို “Mini-death” “အငယ္စားေသ ဆုံးျခင္း” ဟုတင္စားသုံးႏႈန္းေလ့ရွိ၏။ လိင္ပညာေပးျခင္းႏွင့္ အက်ိဳးအေၾကာင္းေဆြးေႏြးျခင္းမ်ားသည္ ဆႏၵမၿပီး ေျမာက္ျခင္းအတြက္ အေရးႀကီးေသာက႑မွပါဝင္လ်က္ရွိပါသည္။
ကုသျခင္း
ေၾကာက္႐ြံ႕မႈကိုဖယ္ရွားပစ္ျခင္းႏွင့္ အားေပးကူညီျခင္းလိုအပ္သည္။ ပဋိပကၡကိုေျဖရွင္းေပးရမည္ျဖစ္ သည္။ လႈံ႕ေဆာ္မႈအပိုင္းကို ပိုမိုျပဳေဆာင္ေပးရန္အေရးႀကီးသည္။ လိင္ဆက္ဆံေဖာ္ႏွစ္ဦးအၾကား ဆက္ဆံေရး ေကာင္းမြန္ေျပျပစ္ေစရန္ ေဆာင္႐ြက္ေပးရပါမည္။
လိင္ပညာေပးျခင္း လက္ခံယုံၾကည္မႈမ်ားကို မွန္ကန္ေစျခင္းႏွင့္ဆက္ဆံေဖာ္၏ လိုအပ္ခ်က္ကို နား လည္ေစျခင္းတို႔အတြက္ ေဆြးေႏြးပညာေပးျခင္းလိုအပ္မည္ ျဖစ္ေပသည္။
သားေမြးလမ္းေၾကာင္း (ဆက္ဆံေရးလမ္းေၾကာင္း) က်ဳံ႔ျခင္းအားကုသမႈ
၁။ လိင္ပညာေပးေဆြးေႏြးျခင္း
၂။ သားေမြးလမ္းေၾကာင္း ႂကြက္သားမ်ားအားေလ့က်င့္ေပးျခင္း။
၃။ လိင္ပိုင္းဆိုင္ရာ ခႏၶာေဗဒကို ကိုယ္တိုင္စမ္းသပ္သိရွိနားလည္ေပးျခင္း။
၄။ သားေမြးလမ္းေၾကာင္းအားေလ့က်င့္ေပးျခင္း။
၅။ ဆက္ဆံေဖာ္အား ပူးေပါင္းေလ့က်င့္ေစျခင္း။
၆။ စမ္းသပ္၍လိင္ဆက္ဆံမႈျပဳေစျခင္း။
၇။ ေၾကာက္႐ြံ႕စိုးရိမ္မႈကို ေဆြးေႏြးပညာေပးျခင္း။
ဆႏၵမၿပီးေျမာက္ျခင္းအမ်ိဳးအစား
အေျခခံအဆင့္ ဆႏၵမၿပီးေျမာက္ျခင္း (လုံး၀ ဆႏၵမၿပီးေျမာက္ဖူးျခင္း။)
ဒုတိယအဆင့္ ဆႏၵမၿပီးေျမာက္ျခင္း (ယခင္က ဆႏၵၿပီးေျမာက္ခဲ့ေသာ္လည္း ယခုအခ်ိန္၌ ဆႏၵမၿပီး ေျမာက္ေစႏိုင္ျခင္း။)
လုံး၀ ဆႏၵမၿပီးေျမာက္ျခင္း။ (မည္သည့္အေျခအေန၌ မဆိုျပည့္ဝရန္မျဖစ္ႏိုင္ျခင္း။)
အေျခအေနအရ ဆႏၵမၿပီးေျမာက္ျခင္း။ (တခ်ိဳ႕ေသာ အေျခအေန၌ ဆႏၵမၿပီးေျမာက္ေသာ္လည္းအျခား ေနရာမ်ား၌ ဆႏၵမၿပီးေျမာက္ႏိုင္ျခင္း။)
ဆႏၵမၿပီးေျမာက္မႈကို ကုသျခင္း
လိင္ပိုင္းဆိုင္ရာ ခႏၶာေဗဒကို မိမိတို႔ကိုယ္တိုင္စမ္းသပ္သိရွိနားလည္ေစျခင္း။
ဆႏၵေျဖေဖ်ာက္ျခင္း။
ေၾကာက္႐ြံ႕ထိတ္လန႔္မႈတို႔ကို ေျဖရွင္းေပးျခင္း။
လိင္ဆက္ဆံျခင္းအေပၚ အာ႐ုံစူးစိုက္ခံစားေစျခင္း။
ပစၥည္းကိရိယာသုံးစြဲျခင္း။ (ဥပမာ-Vibrators)
အာ႐ုံေျပာင္းေစျခင္း။
လိင္ဆႏၵျဖစ္ေပၚမႈ ျမႇင့္တင္ရန္ေလ့က်င့္ျခင္း။
အေျခအေနေျပာင္းလဲေစျခင္း။
ဆက္ဆံမႈအရ ဆႏၵၿပီးေျမာက္ေစျခင္း။
Author – ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)
(Unicode)
လိင်ဆက်ဆံစဉ်နာကျင်မှု (Dyspareunia)
လိင်ဆက်ဆံစဉ်နာကျင်မှုကို Primary အခြေခံနှင့် Secondary ဒုတိယအဆင့်ဟူပြီး နှစ်မျိုးခွဲခြားထားသည်။ လိင်ဆက်ဆံစဉ် ကာလတစ်လျှောက်လုံး နာကျင်မှုဝေဒနာ ခံစားရပါလျှင် Primary အခြေခံဟုသတ်မှတ်၍ နာကျင်မရှိသောကာလပြီးမှ နာကျင်မှုခံစားရလျှင် (ဆက်ဆံမှု၌နာကျင်မှု၊ မနာကျင်မှုရောယှက်နေလျှင်) Secondary ဒုတိယအဆင့်ဟု သတ်မှတ်ပါသည်။
အပေါ်ယံနာကျင်မှုသည် စိတ်နှင့်ဆက်နွယ်မှုရှိပြီး အတွင်းပိုင်းနာကျင်မှုသည် ရောဂါတစ်စုံတစ်ရာကြောင့်ဖြစ် နိုင်ပါသည်။ နာကျင်မှုနှင့်ပတ်သက်၍ (က) နာကျင်သောနေရာ (ခ) နာကျင်မှုအမျိုးအစာ (ဘယ်လိုနာကျင်သ လဲ) (ဂ) နာကျင်မှု၏ပြင်းထန်ခြင်း (ဃ) နာကျင်မှုဖြစ်ပေါ်ချိန် (င) ကြာမြင့်သည့်ကာလ (စ) အခြားဆက်စပ်မှုအ ကြောင်းခြင်းရာများကို အသေးစိတ်မေးမြန်းရန် လိုအပ်ပါသည်။ ဆေးပညာရှင်များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာချို့ ယွင်းမှုများကို ရှာဖွေဖော်ထုတ်ရမည် ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ လုံးဝရှာဖွေမတွေ့ရှိမှသာ စိတ်ပိုင်း ဆိုင်ရာ ပြဿနာအကြောင်းထည့်သွင်းစဉ်းစားသင့်ပါသည်။ လိင်ဆက်ဆံမှုကို ကြောက်ရွံ့ခြင်းပင်လျှင်နာကျင်မှု ဝေဒနာကို ဖြစ်ပေါ်စေသောအကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။ လိင်ဆက်ဆံစဉ် နာကျင်မှုသည် ဆန္ဒနိုးကြွမှု၊ ဆန္ဒပြည့်မြောက်မှုနှင့်ဆက်ဆံလိုသော ဆန္ဒတို့အားအနှောင့်အယှက်၊ အဟန့်အတားဖြစ်စေသည်။
အပေါ်ယံနာကျင်မှု
အပေါ်ယံနာကျင်မှုမှာ အင်္ဂါအဝနာကျင်မှုကို ဆိုလိုခြင်းဖြစ်ပါသည်။ အပေါ်ယံနာကျင်မှုသည် အများဆုံး ဖြစ်လေ့ဖြစ်ထရှိပြီး ဖြစ်စေနိုင်သောအကြောင်းဇာစ်မြစ်များစွာ ရှိကြောင်းတွေ့ရသည်။ သို့သော်အကြောင်းဇာစ် မြစ်ကိုရှာဖွေရန် ခက်ခဲနေတတ်သဖြင့် လူနာအဖို့ကုသမှုအပေါ် ကျေနပ်မှုမရနိုင်ဘဲ ရှိနေတတ်သည်။ ကုသရာ တွင်ဝေဒနာ သက်သာပျောက်ကင်းမှုပြည့်ဝစွာ မရရှိနိုင်သဖြင့် ဆရာဝန်ကိုယ်တိုင်ခေါင်းခြောက်ရသော ကိစ္စ တစ်ခုဖြစ်၏။
အင်္ဂါအဝနာကျင်မှုသည် ဝေဒနာသက်သာပျောက်ကင်းလိုက်၊ ပြန်လည်ဖြစ်ပေါ်လိုက်နှင့် လိပ်ပတ်လည် နေတတ်သည်။ ပူလောင်သည့်ဝေဒနာ၊ ယားယံခြင်းနှင့်နေရထိုင်ရခက်သလို ဖြစ်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံ နာကျင်မှုသည် လိင်ဆက်ဆံခြင်းပြုမှသာမဟုတ်ဘဲ အချိန်ပြည့်နာကျင်နေတတ်ပါသေးသည်။ တချို့ကဆိုလျှင် လမ်းလျှောက်စဉ်မှာပင် နာကျင်လာတတ်ကြ၏။ အထူးသဖြင့် အမျိုးသမီးပြင်ပအင်္ဂါများ ရောင် ရမ်းခြင်းကြောင့်ဖြစ်လေ့ရှိ၏။ လိင်ဆက်ဆံရာတွင် ချောမွေ့စေရန် သုံးသောပစ္စည်းများ၊ သုတ်ပိုးသေစေရန်သုံး သောဆေးဝါးများနှင့် အခြားဓာတုဗေဒပစ္စည်းများကြောင့်လည်း နာကျင်မှုဝေဒနာ ဖြစ်စေနိုင်သည်။
သားမွေးလမ်းကြောင်းနာကျင်မှု
သားမွေးလမ်းကြောင်းနာကျင်မှုမှာ ဖြစ်ပွားမှုနှုန်းအလွန်နည်းပါးပါသည်။ သားမွေးလမ်းကြောင်းသည် သဘာဝအားဖြင့်ပင် အာရုံခံစားမှုနည်းသော အင်္ဂါတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။
အတွင်းပိုင်းနာကျင်မှု
အတွင်းပိုင်းနာကျင်မှုသည်လည်း ဖြစ်ပွားမှုများကြောင်းတွေ့ရသည်။ အဓိကအကြောင်းရင်းဇာစ်မြစ်များ မှာဝမ်းဗိုက်အောက်ပိုင်း ရောင်ခြင်း၊ အမျိုးသမီး မျိုးပွားအင်္ဂါများခွဲစိပ်ကုသခံယူရခြင်း၊ ဝမ်းဗိုက်ပိုင်းခွဲစိပ်ကုသခဲ့ ခြင်းများ၊ လိင်အင်္ဂါအဖုအကျိတ်များ၊ ဝမ်းဗိုက်အတွင်းအဖုအကျိတ်များ၊ ဆီးလမ်းကြောင်းပိုးဝင်ခံရခြင်း၊ မမျိုးဥ အိမ်အကျိတ်များစသည်တို့ကြောင့် အတွင်းပိုင်းနာကျင်မှုဖြစ်နိုင်သည်။
ကုသခြင်း
ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကိုအဓိကကုသပေးရန် လိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု နှင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကိုလည်း ထိရောက်စွာလုပ်ဆောင်ပေးသင့်ပါသည်။
သားမွေးလမ်းကြောင်းကျုံ့ခြင်း (ဆက်ဆံရေးလမ်းကြောင်းကျုံ့ခြင်း)
သားမွေးလမ်းကြောင်းကျုံ့ခြင်းသည် လိင်ဆက်ဆံသည့်အခါ နာကျင်စေခြင်းနှင့် လိင်ဆက်ဆံရန် ကြောက်လန့်မှုတို့ကို ဖြစ်စေနိုင်ပါသည်။ သားမွေးလမ်းကြောင်း ကျုံ့ခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနှင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှု နှစ်မျိုးစလုံးဖြစ်စေပါသည်။ အမျိုးသမီးများသည် အမျိုးသားများနှင့်ဆက်ဆံရမည်ကို ပင်ကြောက်လန့်တုန်လှုပ်နေတတ်ကြသည်။ သားမွေးလမ်းကြောင်း အောက်ပိုင်းရှိကြွက်သားများ ကျုံ့ခြင်း ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်၏။
သားမွေးလမ်းကြောင်း ကျုံ့ခြင်းသည်တစ်ကြိမ်တစ်ခါမျှ လိင်ဆက်ဆံခြင်းမပြုဖူးသူ အမျိုးသမီးများ၌ ဖြစ်ပါက “Primary Vaginismus” ဟုခေါ်ပါသည်။ အကယ်၍ ယခင်ကလိင်ဆက်ဆံစဉ်က မဖြစ်ခဲ့သော်လည်း နောက်ပိုင်းဆက်ဆံမှုများတွင် သားမွေးလမ်းကြောင်း ကျုံ့ခြင်းဖြစ်ပါက “Seconary Viginismus” ဟုသုံးနှုန်း ခေါ်ဆိုပါသည်။ ဝေဒနာ၏ ပြင်းထန်မှုသည်လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ခြင်းနှင့် လိင်ဆက်ဆံမှုကိုငြင်းပယ်ခြင်း တို့ကိုဖြစ်စေပါသည်။ သားမွေးလမ်းကြောင်းကျုံ့ခြင်းသည် လိင်ဆက်ဆံမှုပြုမှသာ ဖြစ်တတ်ခြင်းမဟုတ်ဘဲ အ မှန်တကယ်ဆက်ဆံမှု မပြုသော်လည်းလှုံ့ဆော်မှုအဆင့်မှာပင် ဖြစ်တတ်ပါသည်။ ထိုသို့သားမွေးလမ်းကြောင်း ကျုံ့ခြင်းရှိနေပါက လိင်ဆက်ဆံမှုမပြုဘဲ ပြင်ပလှုံ့ဆော်မှုဖြင့်သာ ဆန္ဒပြည့်ဝအောင်ဆောင်ရွက်ပေးသင့်ပါ သည်။
သားမွေးလမ်းကြောင်းကျုံ့နေသူ အမျိုးသမီးအားအတင်းအကျပ် လိင်ဆက်ဆံရန်ကြိုးပမ်းမှုပြုပါက နာ ကျင်မှု၊ ကြောက်ရွံ့မှု၊ ထိတ်လန့်တုန်လှုပ်မှု၊ ကြေကွဲဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျဆင်းမှုများဖြစ်ပေါ်စေနိုင်သည်။ သားမွေးလမ်းကြောင်းကျုံ့ခြင်း Vaginismus ရှိပါကဇွတ်အတင်း ဆက်ဆံမှုကိုရှောင်ကြဉ်ကြရန် အရေးကြီး သည်။
ရောဂါဖြစ်ရခြင်း၏ဇာတ်မြစ်များ
သားမွေးလမ်းကြောင်း ကျုံ့ခြင်း၏အဓိကအကြောင်းရင်းမှာ စိတ်ဆန္ဒမဲ့ (သိစိတ်ဖြင့်မဟုတ်သော) သား မွေးလမ်းကြောင်း ကြွက်သားများကျုံ့ညှစ်ခြင်းများ ဖြစ်သည်။ မည်သည့်အတွက် တချို့အမျိုးသမီးများတွင်သား မွေးလမ်းကြောင်းကျုံ့ခြင်းဖြစ်တတ်၍ တချို့တွင်မဖြစ်ကျသည်ကို အတိအကျမသိနိုင်ပေ။ လိင်ဆက်ဆံစဉ်နာ ကျင်မှုဝေဒနာသည် သားမွေးလမ်းကြောင်းကိုဖြစ်စေသော အကြောင်းရင်းဖြစ်နိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ (သို့) လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုသည် လိင်ဆက်ဆံရမည်ကို ကြောက်လန့်စေသည်။ ပထမဦးဆုံးလိင်ဆက်ဆံစဉ် က ခံစားခဲ့ရသောနာကျင်မှုဝေဒနာကို ကြောက်လန့်မှုကြောင့်လည်း နောက်တစ်ကြိမ်လိင်ဆက်ဆံရမည်ကို စိုး ရိမ်နိုင်တတ်ပါသည်။ အခြားတစ်ချက်မှာ လိင်ဆက်ဆံသဖြင့် ကိုယ်ဝန်ရရှိမည်ကို စိုးရိမ်ကြောင့်ကြမှုကြောင့် သားမွေးလမ်းကြောင်း ကျုံ့ခြင်းလည်းဖြစ်နိုင်ပါသေးသည်။
ဘာသာရေးယုံကြည်မှုများ၊ လိင်ပိုင်းဆိုင်ရာဗဟုသုတများနည်းပါးခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ ခြင်း၊ မုဒိမ်းကျင့်ခံခဲ့ရခြင်း၊ ဆက်ဆံဖော်အပေါ်ဒေါသဖြစ်ခြင်း စသည်တို့သည်လည်းအကြောင်းရင်း ဇာစ်မြစ်များ ဖြစ်တတ်ပါသည်။ အချစ်ပျက်ပြယ်မည်ကို စိုးရိမ်ခြင်း၊ ကိုယ်ဝန်ရှိမည်ကိုကြောက်ခြင်း၊ ဒေါသဖြစ်ခြင်းနှင့် အင်္ဂါ လမ်းကြောင်းသေးငယ်သည်ဟု ယုံမှားသံသယရှိခြင်းတို့ကြောင့် သားမွေးလမ်းကြောင်းကျုံ့နေတတ်၏။ စိတ် ပိုင်းဆိုင်ရာပြဿနာများသည်လည်း ပြဿနာ၏ဇာစ်မြစ်ဖြစ်နိုင်ပါသေးသည်။
ကုသခြင်း
အပြုအမူပိုင်းဆိုင်ရာ ကုသမှုသည် သားမွေးလမ်းကြောင်းကျုံ့ခြင်းအတွက် အရေးကြီးသောကုသမှုဖြစ် ၏။ အထူးလေ့ကျင့်ခန်းများဖြင့် ကြွက်သားများ အကြောလျော့အောင်ဆောင်ရွက်ရမည် ဖြစ်၏။ သားမွေးလမ်း ကြောင်းအားစနစ်တကျ လေ့ကျင့်မှုပြုလုပ်ပေးရပါသည်။ သားမွေးလမ်းကြောင်းအား လေ့ကျင့်ပေးခြင်းမှာအထူး ဖန်တီးပြုလုပ်ထားသော အရွယ်အစားမတူသည့် ပစ္စည်းများကိုအသုံးပြုရ၏။ သေးငယ်သောပစ္စည်းမှစ၍ တ ဖြည်းဖြည်းကြီးသောပစ္စည်းကို ထည့်သွင်းပြီးနာကျင်မှု မဖြစ်ပေါ်အောင်လေ့ကျင့်နည်းပင် ဖြစ်သည်။ သားမွေး လမ်းကြောင်းကျုံ့ခြင်းမှာ လေ့ကျင့်မှုဖြင့် ပျောက်ကွယ်သွားမည်ဖြစ်၏။
ဆန္ဒပြီးမြောက်မှုပြဿနာ (Female Orgasmic Disorder or Anorgasmia)
အမျိုးသမီးများ ဆန္ဒပြီးမြောက်ခြင်းဆိုသည်မှာ အတိအကျသတ်မှန်ရန် မလွယ်ကူပေ။ မည်သည့်အ ဆင့်သည်စိတ်ဆန္ဒပြည့်ဝမှု အရှိဆုံးဆိုခြင်းမှာပင် ရှင်းလင်းစွာမသိနိုင်ပါ။ တချို့သောအမျိုးသမီးများသည် ဆန္ဒ ပြီးမြောက်မှုမရှိနိုင်ပါ။ တချို့သောအမျိုးသမီးများသည် ဆန္ဒပြီးမြောက်မှု မရှိသည့်တိုင်ကျေနပ်မှုရှိခဲ့ကြကြောင်း တွေ့ရသည်။
အမျိုးသမီးများ ဆန္ဒပြည့်ဝမှုနှင့်ပတ်သက်ပြီး အမျိုးသားများကိုယ်တိုင် နားလည်သဘောပေါက်ထား သင့်ကြသည်။ အမျိုးသားများသည် မိမိကဲ့သို့ပင် အမျိုးသမီးများသည် ဆန္ဒပြီးမြောက်မှုမရှိကြလျှင် လိင်ဆက်ဆံ မှုအပေါ်ကြေနပ်မှုရရှိမည်မဟုတ်ဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့အတွက်ကြောင့်ပင် အမျိုးသမီးများဆန္ဒပြီး မြောက်စေရန် ဆန္ဒလွန်ကဲမှုများ ဖြစ်တတ်ကြ၏။
ဆန္ဒမပြီးမြောက်ခြင်းမှာ ဆန္ဒပြီးမြောက်မှုဖြစ်စဉ်ကို အလိုအလျောက် (မသိစိတ်ဖြင့်) ဆန္ဒမဲ့ဟန့်တား ထားမှုကို ဆိုလိုပါသည်။ တချို့အမျိုးသမီးများသည် သာမန်လိင်အင်္ဂါခြင်းဆက်ဆံမှုဖြင့် ဆန္ဒပြီးမြောက်နိုင်ကြ သည်။ တချို့မှာမူ အခြားလှုံ့ဆော်မှုများ (ဥပမာ-အင်္ဂါစေ့အားလှုံ့ဆော်ပေးမှု) ရှိမှသာ ဆန္ဒပြီးမြောက်တတ်ကြ ၏။ လိင်ဆက်ဆံခြင်းဖြင့် ဆန္ဒမပြီးမြောက်တတ်သော အမျိုးသမီးများသည် စိတ်ဖြေဖျောက်မှုဖြင့် ဆန္ဒပြီး မြောက်နိုင်ကြောင်းတွေ့ရသည်။ ဆေးပညာရှင်တချို့က ဆန္ဒပြီးမြောက်ခြင်းကို “Mini-death” “အငယ်စားသေ ဆုံးခြင်း” ဟုတင်စားသုံးနှုန်းလေ့ရှိ၏။ လိင်ပညာပေးခြင်းနှင့် အကျိုးအကြောင်းဆွေးနွေးခြင်းများသည် ဆန္ဒမပြီး မြောက်ခြင်းအတွက် အရေးကြီးသောကဏ္ဍမှပါဝင်လျက်ရှိပါသည်။
ကုသခြင်း
ကြောက်ရွံ့မှုကိုဖယ်ရှားပစ်ခြင်းနှင့် အားပေးကူညီခြင်းလိုအပ်သည်။ ပဋိပက္ခကိုဖြေရှင်းပေးရမည်ဖြစ် သည်။ လှုံ့ဆော်မှုအပိုင်းကို ပိုမိုပြုဆောင်ပေးရန်အရေးကြီးသည်။ လိင်ဆက်ဆံဖော်နှစ်ဦးအကြား ဆက်ဆံရေး ကောင်းမွန်ပြေပြစ်စေရန် ဆောင်ရွက်ပေးရပါမည်။
လိင်ပညာပေးခြင်း လက်ခံယုံကြည်မှုများကို မှန်ကန်စေခြင်းနှင့်ဆက်ဆံဖော်၏ လိုအပ်ချက်ကို နား လည်စေခြင်းတို့အတွက် ဆွေးနွေးပညာပေးခြင်းလိုအပ်မည် ဖြစ်ပေသည်။
သားမွေးလမ်းကြောင်း (ဆက်ဆံရေးလမ်းကြောင်း) ကျုံ့ခြင်းအားကုသမှု
၁။ လိင်ပညာပေးဆွေးနွေးခြင်း
၂။ သားမွေးလမ်းကြောင်း ကြွက်သားများအားလေ့ကျင့်ပေးခြင်း။
၃။ လိင်ပိုင်းဆိုင်ရာ ခန္ဓာဗေဒကို ကိုယ်တိုင်စမ်းသပ်သိရှိနားလည်ပေးခြင်း။
၄။ သားမွေးလမ်းကြောင်းအားလေ့ကျင့်ပေးခြင်း။
၅။ ဆက်ဆံဖော်အား ပူးပေါင်းလေ့ကျင့်စေခြင်း။
၆။ စမ်းသပ်၍လိင်ဆက်ဆံမှုပြုစေခြင်း။
၇။ ကြောက်ရွံ့စိုးရိမ်မှုကို ဆွေးနွေးပညာပေးခြင်း။
ဆန္ဒမပြီးမြောက်ခြင်းအမျိုးအစား
- အခြေခံအဆင့် ဆန္ဒမပြီးမြောက်ခြင်း (လုံး၀ ဆန္ဒမပြီးမြောက်ဖူးခြင်း။)
- ဒုတိယအဆင့် ဆန္ဒမပြီးမြောက်ခြင်း (ယခင်က ဆန္ဒပြီးမြောက်ခဲ့သော်လည်း ယခုအချိန်၌ ဆန္ဒမပြီး မြောက်စေနိုင်ခြင်း။)
- လုံး၀ ဆန္ဒမပြီးမြောက်ခြင်း။ (မည်သည့်အခြေအနေ၌ မဆိုပြည့်ဝရန်မဖြစ်နိုင်ခြင်း။)
- အခြေအနေအရ ဆန္ဒမပြီးမြောက်ခြင်း။ (တချို့သော အခြေအနေ၌ ဆန္ဒမပြီးမြောက်သော်လည်းအခြား နေရာများ၌ ဆန္ဒမပြီးမြောက်နိုင်ခြင်း။)
ဆန္ဒမပြီးမြောက်မှုကို ကုသခြင်း
- လိင်ပိုင်းဆိုင်ရာ ခန္ဓာဗေဒကို မိမိတို့ကိုယ်တိုင်စမ်းသပ်သိရှိနားလည်စေခြင်း။
- ဆန္ဒဖြေဖျောက်ခြင်း။
- ကြောက်ရွံ့ထိတ်လန့်မှုတို့ကို ဖြေရှင်းပေးခြင်း။
- လိင်ဆက်ဆံခြင်းအပေါ် အာရုံစူးစိုက်ခံစားစေခြင်း။
- ပစ္စည်းကိရိယာသုံးစွဲခြင်း။ (ဥပမာ-Vibrators)
- အာရုံပြောင်းစေခြင်း။
- လိင်ဆန္ဒဖြစ်ပေါ်မှု မြှင့်တင်ရန်လေ့ကျင့်ခြင်း။
- အခြေအနေပြောင်းလဲစေခြင်း။
- ဆက်ဆံမှုအရ ဆန္ဒပြီးမြောက်စေခြင်း။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)