ထမင်းစားပြီးပြီးချင်း လုံးဝမလုပ်သင့်တဲ့အချက် (၇) ချက်
အချို့ရှေးဟောင်းအယူအဆတွေက မှန်တာရှိသလို မမှန်တာလည်းရှိပါတယ်။ယခု တိုးတက်နေသောခေတ်တွင် အလုပ်ကိုကြိုးစားလုပ်ကိုင်နေသောအချိန်မှာ လူတိုင်းသည် မိမိရဲ့စားခြင်း၊သောက်ခြင်းနှင့်အိပ်ခြင်းအချိန်များကို အချိန်မပေးနိုင်တော့ပါ။ထိုအခါ စားခြင်းသောက်ခြင်းပြုလုပ်ပြီးနောက် မပြုလုပ်သင့်သောအရာများကို ပြုလုပ်တတ်ကြပါတယ်။ဒါကြောင့် ဘာတွေကိုမလုပ်သင့်ဘူးလည်းဆိုတာကို သိထားရန်အထူးလိုအပ်ပါတယ်။အဓိကအနေဖြင့် မပြုလုပ်သင့်သောအချက်များမှာ
(1)လူတိုင်းနီးပါးပြုလုပ်သော ခါးပတ်ကြိုးလျော့ခြင်း။စကတ်ချိတ်လျော့ခြင်းနှင့် ထမိန်ချိတ်လျော့ခြင်း
အစားအသောက်များ မိမိရှေ့စားပွဲပေါ်တွင် မြင်တွေ့နေရလျှင် လူတိုင်းနီးပါးသည် အလျင်အမြန်စားချင်စိတ်ဖြစ်လာပါတယ်။အစာအနည်းငယ်စားပြီးနောက် မိမိခါးပါတ်တင်းလာသည်ကိုသတိထားမိပြီး ခါးပတ်လျော့ရန်အလျင်အမြန်စဉ်းစားလိုက်ပါတယ်။ခါးပတ်လျော့လိုက်လျှင် နေထိုင်ရသက်သာပြီး အစာပိုဝင်စေသော်လည်း အစာခြေဖျက်မူတွင် အန္တရာယ်အလွန်များပါတယ်။အူများကို ခွေခေါက်စေနိုင်ပါတယ်။ထိူ့ကြောင့် ခါးပတ်ပတ်ထားလျက် အစာကို သက်တောင့်သက်သာအနေအထားဖြင့်သာစားသုံးပါ။ပြည့်ဝတောင့်တင်းအောင်မစားသင့်ပါ။
(2)အိပ်ခြင်း
ရုံးပတ်ရက်များတွင် မိမိတပတ်လုံးပင်ပန်းထားသများကို စားပြီးအိပ်လိုက်မည်ဆိုသောအတွေးဖြင့် လူတိုင်းနီးပါးအထက်ပါနည်းအတိုင်းအနားယူကြပါတယ်။စားပြီးနောက် တန်းအိပ်ခြင်းသည် လန်းဆန်းသောအားအင်များကို ပြန်လည်ရရှိနိုင်ပါတယ်လို့ ယူဆကြပါတယ်။ထိုအယူအဆက လုံးဝမှားယွင်းောအပြုအမူတစ်ခုပါ။စားပြီးနောက်တန်းအိပ်ခြင်းသည် အစာခြေဖျက်မူ အားနည်းရျ် မအီမသာပြည့်အင်နေတတ်ပါတယ်။ထို့ကြောင့် အစာစားပြီးအိပ်ခြင်းသည် အားအင်ပြည့်သည်မှာ မှန်ကန်မူမရှိပါ။
(3)ဆေးလိပ်သောက်ခြင်း
အမျိုးသားအများစုသည် ထမင်းစားပြီးနောက်ခံတွင်းချဉ်သည်ဟု အကြောင်းပြလျက် ဆေးလိပ်သောက်တတ်ကြပါတယ်။အစာစားပြီးဆေးလိပ်တစ်လိပ်သောက်ခြင်းသည် အခြားအချိန်ဆေးလိပ်ဆယ်လိပ်သောက်သော ဆိုးကျိုးနှင့် ညီမျှပါ။
(4)ရေချိုးခြင်း
ထမင်းစားပြီးနောက်ရေချိုးခြင်းသည် အစာမကြေခြင်းကို အကျိုးသက်ရောက်မူဖြစ်စေပါတယ်။ရေချိုးနေစဉ် အစာအိမ်သို့သွေးလှည့်ပတ်မူနည်းစေပြီး အစာမကြေမူဖြစ်စေပါတယ်။ထို့ကြောင့်ထမင်းစားပြီး အစာကြေမူသေချာမှရေချိုးပါ။
(5)ရေနွေးကြမ်း သို့မဟုတ် လက်ဖက်ရည်
လက်ဖက်ရွက်သည် အက်ဆစ်ဓာတ်ဖြစ်သောကြောင့်အစာကြေချက်မူကိုနှောက်ယှက်ပါတယ်။အက်ဆစ်ကြောင့် အသားဓာတ်များ ချေဖျက်ရန်ခက်ခဲပြီး ဝမ်းခေါင်းတောင့်စေပါတယ်။လက်ဘက်ရည်ကြောင့် သံဓာတ်စုပ်ယူမူအားနည်းသေပါတယ်။သံဓာတ်အားနည်းသောလက္ခဏာများဖြစ်သည့် ရင်ဘတ်အောင့်ခြင်း။ခြေလက်အေးခြင်း။မောပန်းလွယ်ခြင်းများဖြစ်စေသောကြောင့် ထမင်းစားပြီး လဘက်ရည်သောက်ခြင်းရှောင်ကြဉ်သင့်ပါတယ်။
(6)လမ်းလျောက်ခြင်း
ထမင်းစားပြီးလမ်းလျောက်ခြင်းသည် ကယ်လိုရီကိုပိုမိုလောင်ကျွမ်းစေသည်ဟု အများအားဖြင့်ယုံကြည်ကြပါတယ်။သို့သော် မည်သည့်ကိုယ်လက်လူပ်ရှားမူမဆို အစာမကြေဖြစ်စေပြီး အက်ဆစ်ပြန်လျှံမူကိုအားပေးကြောင်းတွေ့ရှိရပါတယ်။
(7)ရေခဲရေသောက်ခြင်း
ယခုအခါ လူအများစုသည် ထမင်းစားပြီးနောက်ရေခဲရေအေးတစ်ခွက်သောက်မှသာ ရင်ထဲအေးသည်ဟုယူဆကြပါတယ်။ထမင်းစားပြီးရေခဲရေသောက်ခြင်းသည် အစာမကြေမူကို ပိုမိုဖြစ်စေပါတယ်။ရေခဲရေသည် အစာအစားများကို တခုနဲ့တခုပေါင်းစပ်စေပြီး အစိုင်အခဲကြီးထွားလာသောကြောင့်စုပ်ယူမူ အားနည်းစေပါတယ်။အာဟာရစုပ်ယူမူကို အားနည်းစေပါတယ်။
ထို့ကြောင့်အထက်ပါအချက်များကို သတိပြုလိုက်နာခြင်းအားဖြင့် ထမင်းစားပြီး အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်း ကင်းဝေးစေရန်သတိပြုဆင်ခြင်သင့်ပါတယ်။
Dr.ပြည့်ရှင်း