fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆောင်းရာသီခရီးသွားတော့မယ်ဆိုရင်  မမေ့သင့်တဲ့အချက် ၃ ချက်

115
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/11/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဆောင်းရာသီခရီးသွားတော့မယ်ဆိုရင်  မမေ့သင့်တဲ့အချက် ၃ ချက်

ဆောင်းတွင်းဝင်စပြုလာပြီဆိုရင် မြန်မာသာမကဘဲ တစ်ကမ္ဘာလုံးမှာ အပန်းဖြေခရီးတွေသွားဖို့ အလျှိုလျှို စီစဉ်နေတတ်ကြပါတယ်။ ဆောင်းတွင်းအခါက ခရစ်စမတ်နဲ့ နှစ်သစ်ကူးအချိန်အခါ ပိတ်ရက်ရှည်လည်း ရှိထားတာကြောင့် ရုံးဝန်ထမ်းတွေ အုပ်စုလိုက်ဖြစ်စေ မိသားစုလိုက်ဖြစ်စေ ခရီးသွားဖို့အလွန်ကောင်းပါတယ် ။ခရီးသွားရာသီက မိုးအကုန်ဆောင်းအကူးမှာ ပြန်စတင်လာပါတယ်။ ခရီးသွား အေဂျင်စီတွေကလည်းသူ့ထက်ငါ အပြင်အဆိုင်ကြော်ငြာတွေနဲ့ ခရီးထွက်ချင်စရာပါ ။

ခရီး တစ်ခုထွက်တော့မယ်ဆို ဒီခရီးအတွင်းမှာ ကျန်းမာပျော်ရွှင်နေမှ ခရီးထွက်ခြင်းရဲ့ အနှစ်သာရကို ခံစားရမှာပါ။ ခရီးထွက်ပြီး နေမကောင်းဖြစ်နေရင် ကိုယ်သာမကဘဲ ကိုယ်နဲ့ အတူ ခရီးထွက်လာတဲ့သူတွေကိုပါ စိတ်အနှောင့်အယှက်ပေးရာ ရောက်ပါတယ် စိတ်ချလက်ချပျော်လို့မရတော့ပါဘူး ။ဒါကြောင့်ခရီးမသွားခင် ပြင်ဆင်စဉ်တည်းက ကျန်းမာရေးကောင်းဖို့ ကြိုတင်ပြင်ဆင်ဖို့လိုပါတယ် ။

ခရီးထွက်ဖို့ ဘာတွေပြင်ဆင်မလဲ ဆိုရင် အပိုင်းသုံးပိုင်းပါဝင်ပါတယ်။ ပထမအပိုင်းက ကိုယ့်ကိုယ်ကို ကျန်းမာအောင် ပြုပြင်နေထိုင်တာပါ။ ဒုတိယကတော့ ကိုယ်သွားမယ့်နေရာမှာ ဖြစ်နိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်တာပါ။ တတိယကတော့မလွှဲသာလို့ ကျန်းမာရေးတစ်ခုခုဖြစ်ခဲ့ရင် သုံးနိုင်မယ့် ဆေးဝါးတွေ ကြိုတင်ပြင်ဆင်တာပါ ။

ပထမအပိုင်းအနေနဲ့ မိမိကိုယ်ကို ပြုပြင်နေထိုင်တယ်ဆိုတာ ခရီးထွက်မှ လုပ်ရမှာတော့ မဟုတ်ပါဘူး။အမြဲ ကျန်းမာရေးနဲ့အညီနေမယ်ဆိုရင် တကူးတက ပြင်ဆင်ဖို့မလိုပါဘူး။ အိပ်ရေးဝအောင်အိပ်ဖို့၊ နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့၊ အာဟာရသင့်တင့်မျှတတဲ့ အစားအသောက်တွေ စားဖို့၊ အဆီအဆိမ့်များတာတွေ အစားစားချိန်မမှန်တာတွေ ရှောင်နိုင်ဖို့၊ အသီးအနှံပိုစားဖို့ မျက်စိအားစိုက်လုပ်ရတာတွေရှောင်ဖို့၊ အညောင်းမထိုင်ဖို့၊ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိဖို့ စတာတွေက ကျန်းမာရေးကောင်းဖို့ အထောက်အကူဖြစ်စေပါတယ် ။

မိမိကိုယ်တိုင်မှာ ရောဂါအခံတစ်ခုခုရှိတယ်ဆိုရင်လည်း ခရီးမထွက်ခင်တည်းက ကိုယ့်ရောဂါက ဒီခရီးတစ်လျှောက် အဆင်ပြေနိုင်မလား စဉ်းစားပါ။ ရောဂါအတွက်လိုအပ်တဲ့ ဆေးတွေ လုံလောက်အောင် ကြိုတင်ပြင်ဆင်ပါ။ အပိုစုဆောင်းထားပါ။ ရောဂါနဲ့ ဆိုင်တဲ့ အရေးကြီး ဆေးမှတ်တမ်းတွေကို တစ်ပါတည်းယူဆောင်သွားဖို့လည်း မမေ့စေချင်ပါဘူး ။

ဒုတိယအပိုင်းကတော့ သွားမယ့်ခရီးနေရာမှာဖြစ်နိုင်တဲ့ ရောဂါတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ပါ။ နိုင်ငံတစ်နိုင်ငံအတွင်းမှာပဲ ခရီးထွက်တယ်ဆိုရင်တော့ အရမ်းအရေးမကြီးပေမယ့် တစ်နိုင်ငံကနေတစ်နိုင်ငံ သွားတော့မယ်ဆို အရမ်းအရေးကြီးပါတယ်။ တစ်ချို့ကာကွယ်ဆေးတွေ ကြိုတင်ထိုးလို့ ရပါတယ်။ ဥပမာ တုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင်အသားဝါ အေ၊ ဘီ စတဲ့ကာကွယ်ဆေးတွေ ဝမ်းကိုက်ပိုးကာကွယ်ဆေးတွေ ကလေးငယ်ကနေ လူကြီး အထိ ထိုးလို့ရပါတယ်။ ခရီးထွက်တဲ့နေရာပေါ်မူတည်ပြီး ခွေးရူးကာကွယ်ဆေးတွေလည်း ကြိုထိုးလို့ရပါတယ်။ တစ်ချို့ဒေသတွေမှာ ငှက်ဖျား ဖြစ်နိုင်ခြေများတယ်ဆို ခရီးမထွက်ခင်တည်းကငှက်ဖျားအတွက် ကြိုတင်ကာကွယ်ဖို့ တစ်ချို့ဆေးတွေ ကြိုသောက်လို့ရပါတယ်။ ဒီအချက်က ခရီးသွားမယ့်လူတော်တော်များများမေ့နေတဲ့ အချက်တွေပါ ။

တတိယအချက်ကတော့ ဘယ်လိုပဲကြိုတင်ပြင်ဆင်ထားပါစေ တစ်ခါတစ်လေမှာကျန်းမာရေးပြဿနာတွေ ကြုံလာတဲ့အခါ အသုံးလိုနိုင်တဲ့ ဆေးဝါးတစ်ချို့ကို ကြိုတင်ပြင်ဆင်သွားဖို့ပါ။ ရောဂါအခံရှိတဲ့သူတွေမှာ သောက်နေရတဲ့ဆေးတွေ မပါမဖြစ်သယ်ဖို့လိုပါတယ်။ ဒါ့အပြင် အကိုက်အခဲပျောက်ဆေး၊ အစာအိမ်ဆေး၊ အအန်သက်သာတဲ့ဆေး၊ ခေါင်းမူးသက်သာတဲ့ဆေး၊ ဝမ်းပိတ်ဆေး ၊အားဆေး၊ ဓာတ်ဆား စတဲ့ သောက်ဆေးတွေကို ပြင်ဆင်ထားဖို့လိုပါတယ်။ ပလာစတာ၊ ပတ်တီး၊ ဂွမ်း ၊ဘီတာဒိုင်းလိုအနာထည့်ဆေးလေးတွေလည်း ဆောင်ထားဖို့လိုပါတယ်။ ပရုတ်ဆီ ရှူဆေး စတဲ့ ပစ္စည်းလေးတွေလည်း လိုအပ်တတ်ပါတယ် ။

အကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်စေ အပန်းဖြေခရီးဖြစ်စေ ခရီးသွားရတော့မယ်ဆိုရင် ဒီသုံးချက်ကို သေချာပြင်ဆင်သွားမယ်ဆိုရင် ခရီးတစိလျှောက်မှာ စိတ်ရောကိုယ်ပါ စိတ်ချလက်ချဖြစ်စေဖို့ အထောက်အကူအများကြီးပေးပါတယ် ။

Dr. CST

Previous Post

Healthy Q 1.3

Next Post

ခဏေလးအတြက္ လဲလိုက္ရတဲ့ ဘဝေလးမ်ား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
611

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခဏေလးအတြက္ လဲလိုက္ရတဲ့ ဘဝေလးမ်ား

အသည်းကောင်းမှ ပွဲတောင်းနိုင်မှာနော်

Healthy Q 1.4

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.