ကျွန်တော်တို့တွေအားလုံးနီးပါး အိပ်စက်တဲ့အခါမှာ အိမ်မက်တွေ မက်ဖူးကြမှာပါ။
အိပ်စက်ခြင်းမှာ မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep) နဲ့ မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန်ဆိုပြီး(REM sleep) အချိန်အပိုင်းအခြား၂ခုရှိပါတယ်။
မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep)အပိုင်းအခြားမှာ အဆင့်သုံးဆင့်ရှိပါတယ်။
ကျွန်တော်တို့တွေစစအိပ်တဲ့အခါမှာ သက်တောင့်သက်သာနဲ့ပေါလောမျောနေတဲ့ခံစားချက်မျိုးကိုခံစားရပြီး နိုးတဝက်အိပ်တဝက်အနေအထားမှာဖြစ်နေတတ်ပါတယ်။
အဲ့ဒါက မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်အပိုင်းအခြားရဲ့ပထမအဆင့်(NREM sleep stage 1)ပါ။အဲ့ပထမအဆင့်မှာ ပတ်ဝန်းကျင်က ရုတ်တရက် ဆူညံသံတခုခုထွက်ပေါ်လာပါက ကျွန်တော်တို့တွေအိပ်နေရာကတဆင့်နိုးလာနိုင်ပါတယ်။
တကယ်လို့ပတ်ဝန်းကျင်က ရုတ်တရက်ဆူညံသံမထွက်ဘူးဆိုရင်တော့ ခဏအကြာမှာ ဒုတိယအဆင့်ကိုရောက်သွားပါလိမ့်မယ်။မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်အပိုင်းအခြားရဲ့ဒုတိယအဆင့်ရောက်သွားပါပြီဆိုရင်တော့ ပတ်ဝန်းကျင်က ရုတ်တရက်ဆူညံသံထွက်ပေါ်လာလည်းကျွန်တော်တို့တွေမနိုးနိုင်တော့ပါ။
ဒုတိယအဆင့်ရောက်ပြီးမိနစ်သုံးဆယ်ပြည့်ခါနီးမှာ တတိယအဆင့်ရောက်သွားပါလိမ့်မယ်။
တတိယဆင့်ရောက်သွားပြီဆိုရင်တော့ သင်ဟာပိုမိုနှစ်ခြိုက်စွာအိပ်ပျော်နေပါပြီ။
တတိယအဆင့်ရောက်ပြီး နာရီဝက်အကြာမှာတော့ ကျွန်တော်တို့တတွေဟာ မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep)အပိုင်းအခြားကနေ မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန် အပိုင်းအခြားကို(REM sleep)ရောက်သွားပါပြီ။
မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန်အပိုင်းအခြား(REM sleep)မှာ ၄၅မိနစ်လောက်ကြာပြီးနောက် တခါ မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep)အပိုင်းအခြား အဆင့်တစ်ကိုပြန်ရောက်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့အိပ်ပျော်နေတဲ့တလျှောက်လုံးမှာ မျက်လုံးလှုပ်ရှားမှုမရှိတဲ့အချိန်(NREM sleep)အပိုင်းအခြား နဲ့ မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန်အပိုင်းအခြား(REM sleep)ဟာ တလှည့်စီအစဉ်လိုက်ဖြစ်နေပါတယ်။
အိမ်မက်တွေဟာ အိပ်စက်ခြင်းရဲ့ မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန် အပိုင်းအခြား(REM sleep)မှာပဲ ဖြစ်ပါတယ်။
မျက်လုံးလှုပ်ရှားမှုရှိတဲ့အချိန် အပိုင်းအခြား(REM sleep)ဟာ ညအိပ်ချိန်တလျှောက်မှာ ၄ခါ ကနေ ၅ခါလောက်ထိရှိတတ်တာမို့ အိမ်မက်မက်တာဟာလည်း တညမှာ ၄ခါ ကနေ ၅ခါထိမက်နိုင်ခြေရှိပါတယ်။
ဘာလို့အိမ်မက်မက်ရလဲဆိုတဲ့အကြောင်းအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကျွန်တော်တို့ဟာနေ့ဘက်မှာ အကြောင်းအရာတခုကိုစူးစူးစိုက်စိုက်တွေးမိတာ၊စိတ်ဖိစီးစရာတခုခုကိုတွေးမိနေတာစတဲ့အတွေးတွေရှိခဲ့ရင် ထိုအတွေးဟာညထိဆက်ရှိနေတတ်ပါတယ်။
ကျွန်တော်တို့အိပ်ပျော်သွားတဲ့အခါမှာ ကျွန်တော်တို့ရဲ့ဦးနှောက်ကမအိပ်ပါဘူး။နေ့ဘက်မှာတွေးတဲ့အတွေးတွေကို ဆက်တွေးနေပါတယ်။အဲ့အခါ မှာ နေ့ဘက်အတွေးတွေဟာညမှာအိမ်မက်အဖြစ်ပြန်လည်ထွက်ပေါ်လာပါတယ်။
ပူပန်စရာအတွေးတွေ မကောင်းတာအတွေးတွေ စိတ်ညစ်စရာအတွေးတွေ နေ့မှာတွေးတာများရင် ညမှာအိမ်မက်ဆိုးမက်နိုင်ပါတယ်။
အိမ်မက်ကတအားဆိုးရင် ကျွန်တော်တို့တွေဟာ အထိတ်တလန့်နဲ့ဇောချွေးတွေပျံ ရင်တွေတုန်ကာ အိပ်နေရာကနေလန့်နိုးလာတတ်ပါတယ်။
ကြည်နူးစရာအတွေးတွေ စိတ်ပျော်စရာအတွေးတွေ နေ့မှာတွေးတာများရင်တော့ ညမှာအိမ်မက်ကောင်းမက်နိုင်ပါတယ်။
Author : Dr 528