ခြင်ကိုက်ဖုတွေ မြန်မြန်သက်သာစေတဲ့နည်းလမ်းများ
ခြင်ကိုက်ခြင်းကြောင့် ယားယံပြီး အဖုထလာချင်သည် ဆိုးရွားသောခံစားချက်ပါ။ကုတ်လေ အဖုကြီးလေ အယားမပြေသော ခံစားချက်ကို လူတိုင်းခံစားဖူးပါလိမ့်မယ်။ခြင်သည် လူ့အရေပြားအတွင်းသို့ ၎င်းတံထွေးထိုးသွငိးရန်ကိုက်သောကြောင့် ကိုယ်ခန္ဓာခုခံမူက တုံ့ပြန်ခြင်းကြောင့် ယားယံရျ်အရေပြားရောင်ရမ်းဖောင်းကြွလာခြင်းဖြစ်ပါတယ်။
ခြင်ကိုက်ဖုသည် စိုးရိမ်စရာအထွေအထူးမရှိဟုထင်စရာရှိသော်လည်း အချို့လူများတွင် ယားယံကာအဖုသည်ကုတ်လို့မနိုင်လောက်အောင် ကြီးမားများပြားနေပါတယ်။ခြင်ကြောင့်ဖြစ်ပွားနိုင်သောအရေးကြီးသောရောဂါများသည်လည်း သတိထားသင့်ပါတယ်။ ခြင်ကိုက်ဖုသည် နုနယ်သောကလေးငယ်များ။မိန်းမပျိုများတွင် ထင်ရှားတတ်ပြီးယားယံသောကြောင့် အမြန်ပျောက်ကင်းစေနိုင်သော အိမ်တွင်းနည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ခြင်ကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာသော ယားယံသောအဖုများသက်သာစေရန်နည်းလမ်းများမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
(1)ရေခဲကပ်ခြင်း
ခြင်ကိုက်ဖုများအပေါ်သို့ ရေခဲကပ်ပေးပါ။ရေခဲသည် ရောင်ရမ်းမူကိုသက်သာစေပါတယ်။ခြင်ကိုက်ခံရပြီးပြီးခြင်း အဖုကို ကပ်ပေးပါက ရောင်ရမ်းခြင်း။ယားယံခြင်းနှင့် မသက်မသာဖြစ်ခြင်းကို လျော့ပါစေပါတယ်။ရေခဲကိုအရေပြားပေါ်တိုက်ရိုက်မကပ်ပဲအဝတ်နှင့်ပတ်ရျ် ကပ်ပေးပါဝ
(2)Antihistamines
ခြင်ကိုက်သောနေရာသို့ antihistaminesပါသောလိမ်းဆေးလိမ်းပေးခြင်းသည် ထိရောက်သောသက်သာမူကိုဖြစ်စေပါတယ်။Histaminesသည် ခြင်ကိုက်ခြင်းကို တုံပြန်သောကိုယ်တွင်းခုခံမူဓာတုဓာတ်တမျိုးဖြစ်ပါတယ်။ယားယံခြင်းကိုလည်းဖြစ်စေပါတယ်။ယားယံမူသက်သာစေရန် တန်ပြန်တုံပြန်ခြင်းအားဖြင့် Antihistamineပါသောဆေးဝါးသောက်သုံးခြင်းနှင့်အရေပြားလိမ်းဆေးလိမ်းခြင်းအားဖြင့်သက်သာစေနိုင်ပါတယ်။
(3)Hydrocortisone
Hydrocortisoneလိူ့ခေါ်တဲ့စတီးရွိုက်ပါသော လိမ်းဆေးလိမ်းခြင်းဖြင့်လည်း ရောင်ရမ်းခြင်းနှင့်ယားယံခြင်းကိုသက်သာစေနိုင်ပါတယ်။ဆေးဆိုင်တိုင်းတွင် အလွယ်တကူဝယ်ယူရရှိနိုင်သောလိမ်းဆေးဖြစ်သော်လည်း လူတိုင်းနှင့်မသင့်တော်ပါ။ကလေးများ။ကိုယ်ဝန်ဆောင်များနှင့်အရေပြားရောဂါအချို့တွင် အသုံးမပြုသင့်ပါ။အဆိုပါ လိမ်းဆေးကို ခဏတာသက်သာစေရန်သာ အသုံးပြုသင့်ပြီး ရေရှည်အသုံးပြုပါက ဆရာဝန်နှင့်သေချာတိုင်ပင်ပါ။
(4)စုစည်းထားသောအပူ
ခြင်က်ုက်ဖုကိုသက်သာစေရန် စုစည်းထားျသာအပူ ထုတ်လွှတ်ပေးနိုင်သောကိရိယာဖြင့် ကုသမူပေးပါက အမြန်ဆုံးသက်သာစေနိုင်ပါတယ်။ယားယံမူကို ဆယ်မိနစ်အတွင်းသက်သာစေနိုင်ပါတယ်။
(5)ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်တွင် ရှိသောရောင်ရမ်းမူသက်သာစေသောဂုဏ်သတ္တိနှင့်အနာကျက်မြန်သောအစွမ်းတို့သည်အရေပြားပြဿနာများနှငိ့အထူးသင့်တော်ပါတယ်။ရှားစောင်းလက်ပတ်နှင့်ပြုလုပ်သောအဆီသည် မီးလောင်ဖုများအကောင်ကိုက်မူများကိုသက်သာစေပါတယ်။ခြင်ကိုက်ဖုနေရာသို့ ရှားစောင်းလက်ပတ်အဆီလိမ်းခြင်းသည် ရောင်ရမ်းမူကို လျင်မြန်စွာလျော့ပါးပျောက်ကင်းစေပါတယ်။
(6)ပျားရည်
ပျားရည်သည် အနာကျက်မြန်စေသောအစွမ်းရှိပါတယ်။ခြင်ကိုက်သောနေရာသို့ပျားရည်လိမ်းခြင်းသည် ရောင်ရမ်းမူသက်သာစေပြီး ပိုးကူးစက်မူသက်သာစေနိုင်ပါတယ်။အရေပြားအဖုကို အလျင်အမြန်ချောမွေ့စေသောအစွမ်းလည်းရှိပါတယ်။
အရေးကြီးသောခြင်ကိုက်ဖု
တခါတရံခြင်ကိုက်ဖုသည် ပျားကိုက်သည်ကဲ့သို့ဆိုးရွားသောဓာတ်မတည့်မူအခြေအနေဖြစ်စေပါတယ်။အချို့လူများတွင် ဓာတ်မတည့်မူသည် ပြင်းထန်တတ်ပြီ းသွေးပေါင်ကျကာ သတိလစ်သည်အထိ အခြေအနေဆိုးစေပါတယ်။လျင်မြန်သောအရေးပေါ်ကုသမူခံယူသင့်သောအေုခအနေများမှာ
-အသက်ရူရခက်ခြင်း
-ရောင်ရမ်းခြင်း
-ပျို့အန်ခြင်း
-မူးမောခြင်းစသည့်အခြေအနေများပင်ဖြစ်ပါတယ်။ယားယံသောကြောင့်ခြင်ကိုက်ဖုကိုအမြဲကုတ်ရာမှ ပေါက်ပြဲကာ အနာဖြစ်တတ်ပါတယ်။
ကာကွယ်မူ
ထို့ကြောင့်ခြင်ကိုက်မခံရအောင် ဖုံး။သွန်။လဲ။စစ် နည်းလမ်းများအပြင်
-ခြင်ကိုက်မခံရသောလိမ်းဆေးလိမ်းခြင်း
-ဘောင်းဘီရှည်။လက်ရှည်ဝတ်ဆင်ခြင်း
-ခြင်ထောင်ထောင်အိပ်ခြငိး
-ခြင်လုံဇကာတပ်ခြင်းစသည့်တိုကိုပြုလုပ်ပါ။