ကိုယ်လုံးတီးအိပ်တာ ဘာတွေကောင်းသလဲ
လူတိုင်းငယ်စဉ်ကလေးဘဝကတည်းက အိပ်ရာဝင်ခါနီး လူကြီးမိဘများရဲ့အမှာစကားဖြစ်တဲ့ အိပ်ခါနီးနွေးနွေးထွေးထွေအိပ်ပါ သို့မဟုတ် အိပ်ခါနီး ပေါ့ပေါ့ပါပါးချောင်ချိတာဝတ်အိပ်ပါအစရှိသည်ကိုသာအမြဲကြားဖူးနေကြပါ။သို့သော် ယခုလိုဘယ်အရာမဆို သုတေသနပြုပြီးကျန်းမာရေးအတွက် ဖော်ထုတ်နေသောခေတ်ကာလတွင် ညဘက်အိပ်လျှင် ကိုယ်လုံးတီးအိပ်ခြင်းသည် ကျန်းမာရေးကောင်းကျိုးတွေရှိကြောင်းလေ့လာချက်အရသိရသည်ကို သင်အနေဖြင့် ရယ်စရာအဖြစ်အဆန်းတကြယ်လက်ခံရပါလိမ့်မယ်။ဒါဆိုရင် ဘယ်လိုကျန်းမာရေးကောင်းကျိုးရှိမလဲ သင်သိချင်မယ် စမ်းသပ်ကြည့်မယ်ဆိုရင် အောက်ပါအချက်များကို ဖတ်ကြည့်လိုက်ပါ။
(1)နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း
အဆိုပါအချက်သည် ညဘက်ကောင်းစွာအိပ်မပျော်သူများအတွက်သတင်းကောင်းတစ်ခုပါ။နှစ်ခြိုက်စွာအိပ်မပျော်ခြင်းဖြစ်ရသောအကြောင်းရင်းတချက်မှာ ကိုယိတွင်းအပူချိန်မထိန်းနိုင်သောကြောင့်ဖြစ်ပါတယ်။အပူချိန်သာထိန်းညှိနိုင်ပါက ကောင်းစွာအိပ်ပျော်စေပါတယ်။လေ့လာချက်များအရ အဝတ်မပါအိပ်ပါက အရေပြားအပူချိန်သည် ကိုယ်တွင်းအပူချိန်ထက်နိမ်းကျပါက နှစ်ခြိုက်စွာအိပ်ပျော်စေကြောင်းတွေ့ရှိရပါတယ်။
(2)အဆီများကျစေပြီး Cortisol ပမာဏလျော့ချခြင်း
Cortisol သည် စိတ်ဖိစီးမူကိုဖြစ်စေသောဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။Cortisolသည် သွေးပေါင်တက်ခြင်း။ကိုလက်စထရောများခြင်း။ဟော်မုန်းမညီမျှခြင်း။ကိုယ်ခံအားနည်းခြင်းနှင့် ကောင်းစွာအိပ်မပျော်ခြင်းအစရှိသည်တို့ကိုဖြစ်စေသော အဓိကဟော်မုန်းတမျိုးဖြစ်ပါတယ်။သင့်ကိုယ်ခန္ဓာကိုသဘာဝအတိုင်းအေးစေပါက Cortisolထွက်ရှိမှုကျဆင်းကာ အဆိုပါပြဿနာများနည်းစေပါတယ်။သင်အိပ်မပျော်လျင် ဗိုက်ဆာလာနိုင်ပါတယ်။ဗိုက်ဆာလျှင်အချိုပိုစားဖြစ်ပါတယ်။ဒါကြောင့် အိပ်ပျော်ရန်အရေးကြီးပါတယ်။
(3)အရွယ်တင် နုပျိုစေသောဟော်မုန်းများထွက်စေခြင်း
လူတယောက်အိပ်နေစဉ် အိပ်ခန်းအပူချိန်သည် 21 degree Celsiusအတွင်းရှိသင့်ပါတယ်။မည်သည့်အတွက်ကြောင့်အပူချိန်မြင့်လာသည်ဖြစ်စေ အရွယ်တင်နုပျိုစေသော ဟော်မုန်းများထွက်မူကို လျော့နည်းစေပါတယ်။Melatoninသည် အေးမြတိတ်ဆိတ်သောအချိန်တွင် ထွက်စေပြီးကောင်းစွာအိပ်စက်လျှင် အရွယ်တင်နုပျိုစေသောဟော်မုန်းကို ပိုမိုထွက်စေပါတယ်။
(4)ကျန်းမာရေးကောင်းမွန်စေခြင်း
ကိုယ်ခန္ဓာအပူချိန်နှင့်အခန်းအပူချိန်မြင့်မားလျှင်ကိုယ်မှ Growth hormonesကိုအထွက်နှေးစေပါတယ်။Growth hormones သည် အသားအရေပြန်လည်ကျန်းမာစေရန်လိုအပ်ပါတယိ။ခြောက်နာရီခန့်နှစ်ခြိုက်စွာအိပ်လျှင် ဆီးချိုနှင့်နှလုံးကိုကာကွယ်ပေးပါတယ်။ကောင်းစွာအိပ်မပျော်လျှင် ပိုမိုဆာလောင်စေပြီး အဆီလောင်ကျွမိးမူကို နည်းစေပါတယ်။
(5)အချစ်စိတ်များတိုးစေခြင်း
အချစ်ဟော်မုန်းလို့ခေါ်တဲ့ oxytocinဟော်မုန်းသည် စိတ်ဓာတ်ကျခြင်းနှင့်စိတ်ဖိစီးမူကို ပျောက်စေပြီး အချစ်စိတ်များဖြစ်စေပါတယ်။သွေးပေါင်ချိန် ထိန်းညှိရန်လည်း အရေးကြီးသော အရာတစ်ခုပင်ဖြစ်ပါတယ်။နှစ်ဦးသားထိတွေ့မူမှစရျ် ဟော်မုန်းထွက်စေပြီး အိမ်ထောင်ရေးသုခအပြည့်အဝရရှိစေနိုင်ပါတယ်။
ကောင်းမွန်စွာအိပ်စက်အနားယူရန်မှာ လူတိုင်းအတွက် မရှိမဖြစ်အထူးလိုအပ်ပါတယ်။သို့သော်မမျှော်လင့်သောအခြေအနေများကြောင့် အမြဲအိပ်ရေးပျက်နိုင်ပါတယ်။ကောင်းစွာအိပ်စက်ခြင်း၊ကိုယ်အပူချိန်နှင့်အခန်းအပူချိန်အားလုံးသည် မိမိတို့ကျန်းမာရေးကောင်းမွန်မူအပေါ်အများကြီးအကျိုးသက်ရောက်ပါတယ်။အိပ်ရေးဝဝအိပ်ခြင်းကိုသေချာဂရုစိုက်ပါက ကျန်းမာရေး၊အသားအရေနှင့် ကိုယ်ခံအားကောင်းမွန်မူကို ရရှိစေနိုင်ပါလိမ့်မယ်။အဝတ်မပါအိပ်ခြင်းသည် အိပ်ရေးဝဝအိပ်စေခြင်းကိုဖြစ်စေသောကြောင့် အသားအရေကြည်လင်ကာ သွေးပေါင်ထိန်းပေးခြင်း၊ဆီးချိုနှင့်အဝလွန်ရောဂါ ကိုကာကွယ်ပေးပါတယ်။