တစ်ကမ္ဘာလုံးတွင်သွေးတိုးရောဂါခံစားရသူ လူသန်းပေါင်းများစွာရှိပါတယ်။သွေးတိုးနောက်ဆက်တွဲ နှလုံးရောဂါဖြစ်နိုင်ချေရှိသူများလည်း တိုးပွားလာလျက်ရှိပါတယ်။အချို့လူများသည် သွေးကျဆေးကိုအမြဲသောက်ရန်လိုအပ်လျက်ရှိပါတယ်။ထိုအခါမျိုးတွင် ဆေးသောက်ရသည်မှာစိတ်ဖိစီးမူဖြစ်လာတတ်ပါတယ်။သွေးတိုးကျရန် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အထောက်အကူကောင်းတစ်ရပ်ဖြစ်ပါသလား။
CDCရဲ့ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံရဲ့ အရွယ်ရောက်သူ 75သန်းသည် သွေးတိုးရောဂါခံစားရလျက်ရှိပြီး လေဖြတ်ရောဂါ နှင့်နှလုံးရောဂါကြောင့် အသက်သေဆုံးရသည့်နူန်းလည်း မြင့်မားလာပါတယ်ဟု အဆိုပြုထားပါတယ်။
ထို့အပြင်သွေးတိုးရောဂါရှိသူသည် ဆေးကုသစရိတ်အပြင် အလုပ်ဝင်ငွေမရှိခြင်းကြောင့် ငွေကြေးကုန်ကျစရိတ်များလည်း မြင့်မားလာပါတယ်။
သွေးတိုးမြင့်မားနေသူများသည် သွေးကျဆေးနှင့်အခြားလိုအပ်သောဆေးဝါးများ အချိန်မှန်သောက်ရန်လိုအပ်ပြီး တစ်ပြိုင်နက်တည်းမှာပင် လူ့နေထိုင်မူပုံစံကိုပါ ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်မူပုံစံပါပြောင်းလဲသင့်ပါတယ်။
ကျန်းမာသောလူ့ဘဝနေထိုင်မူပုံစံတွင် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။လမ်းလျောက်ခြင်း၊ရေကူးခြင်းမှစရျ် မိမိပြုလုပ်နိုင်သောလေ့ကျင့်ခန်းမှန်သမျှပြုလုပ်သင့်ပါတယ်။
သုတေသနပြုလေ့လာချက်အရ လူအုပ်စု၂အုပ်စုယှဉ်တွဲလေ့လာခဲ့ကြပါတယ်။ပထမအုပ်စုတွင် သွေးတိုးကျဆေးဖြင့် သွေးတိုးကျစေသောလူဦးရေ ၁၉၄ဦးနှင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်ကျစေသောအုပ်စု ၁၉၇ဦးကို လေ့လာခဲ့ပါတယ်။ပထမဦးစွာ သွေးတိုးကျဆေးအုပ်စုမျိုးစုံနှင့်လေ့ကျင့်ခန်းမျိုးစုံကို ယှဉ်
တွဲလေ့လာပါတယ်။
နောက်ဆုံးတွေ့ရှိချက်အရ အကြမ်းဖျင်းအားဖြင့် ပုံမှန်သွေးတိုးအုပ်စုတစ်ခုလုံးကိုခြုံငုံကြည့်လျှင် သွေးကျဆေးသည် လေ့ကျင့်ခန်းလုပ်သည်ထက် သွေးတိုးကျစေနိုင်သည့်အချက်ကိုတွေ့ရှိရပါတယ်။သို့သော် သွေးတိုးတအားမြင့်မားစွာတက်နေသောလူအုပ်စုတွင်မူ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သွေးတိုးကျဆေးသောက်ခြင်းကြောင့်သွေးတိုးကျစေသော အစွမ်းရှိကြောင့်တွေ့ရှိရပါတယ်။ထို့အပြင် အချို့သောလေ့ကျင့်ခန်းမျိုးသည်အပေါ်သွးတိုးခြင်းကိုကျစေကြောင်းတွေ့ရှိရပါတယ်။
အချို့သောလေ့လာချက်အရ သွေးတိုးကျဆေးသောက်ခြင်းကိုရပ်တန့်ပြီး လေ့ကျင့်ခနိးပြုလုပ်ခြင်းဖြင့်သာသွေးတိုးခြင်းကို ထိန်းသိမ်းကုသနိုင်ကြောင်း အခိုင်အမာပြုရေးသားထားပါတယ်။ထို့ကြောင့်ဆေးဝါးသောက်သုံးရနိစိုးရွံသူများသည် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းဖြင့်ထိန်းနိုင်ပါတယ်။
သွေးတိုးရောဂါရှိသူများအတွက် ကျန်းမာသောဘဝနေထိုင်မူနည်းလမ်းများမှာ
-အဆီ၊ အမဲသား-ဝက်သား-ဆိတ်သား၊ အချိုတွေနဲ့သကြားပါ သောက်စရာတွေကို လျှော့ပါ
-ဆားလျော့စားပါ ။အကြမ်းဖျင်းပြောရရင် ပါးစပ်ထဲဝင်သမျှ အစာ-အရည်တွေထဲမှာ တနေ့ကိုဆား လက်ဖက်ရည်-ဇွန်းလေး တဇွန်းစာသာ ပါပါစေ။
-ငါးပိ-ငံပြာရည်-ငါးခြောက်-ပုဇွန်ခြောက်၊ ပဲငံပြာရည်၊ (ဆိုယာ-ဆော့စ်)၊(ဘာဘီကျူး-ဆော့စ်)၊ စတာတွေလျှော့ပါ။
– အချဉ်တည်ထားတာ မစားပါနဲ့၊ ဆားသုံး-အခြောက်လှမ်းအစာ မတည့်ပါ။
– ဟင်းချိုမှုံ့ Monosodium glutamate (MSG) မှာ (ဆိုဒီယမ်) ပါလို့ မသင့်ပါ။
• ငါး၊ ပင်လယ်စာ၊ ချဉ်တဲ့အသီး၊ ပန်းသီး၊ ငှက်ပျောသီး တွေနဲ့ ပန်းပွင့်စိမ်း၊ ပဲ၊ ပဲသီး၊ ခရမ်းချဉ်၊ အာလူး၊ ဟင်းနုနွယ်ရွက်၊ မုံညင်းဖြူတွေ စားပါ။
အဆီအမျိုးအစား များဆဲ့အစာအစာတွေ မလိုင်၊ Cheese ဒိတ်ခဲ၊ ထောပတ်၊ စားအုံးဆီ၊ ချော့ကလက်တွေရှောင်ပါ။
သွေးတိုးသမားတွေအတွက် လေ့ကျင့်ခန်း
1. သွေးပူ-လေ့ကျင့်ခန်း ၅-၁ဝ မိနစ် နဲ့စပါ။
2. (ယောဂ) ဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ် လုပ်ပါ။
3.မပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပါ
4. တခါလုပ်ရင် ၂ဝ-၃ဝ မိနစ် ကြာသင့်တယ်။ ၇ ရက်တပါတ်မှ ၄ ရက်လုပ်သင့်တယ်။ ပြီးရင် ၅-၁ဝ မိနစ် နားလိုက်ပါ။
5.လေ့ကျင့်ခန်း လုပ်နေတုံးမှာ အသက်ရှူ အောင့်ထားတာမျိုး မလုပ်ပါနဲ့။
အဓိကကတော့သွေးတိုး သက်သာအောင် ငန်-ချို-ဆီ ရှောင်ပါ။
Author: Dr.Pyae Shin