fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အဆုတ်ကင်ဆာရဲ့    မသိမသာ လက္ခဏာ (၉)ခု

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/01/2019
in ရောဂါကြီးများ
1 min read
A A

အဆုတ်ကင်ဆာရဲ့    မသိမသာ လက္ခဏာ (၉)ခု

အဆုတ်ကင်ဆာဟာ စဖြစ်ဖြစ်ချင်းကာလတွေမှာ လက္ခဏာရယ်လို့ မပြသလောက်ကို ရှားပါတယ်။နောက်ပိုင်းမှာတော့ ချောင်းဆိုးတာ အသက်ရှုကြပ်တာ ရင်ဘတ်အောင့်တာတွေ စဖြစ်လာပါတယ်။အဆုတ်ကင်ဆာရယ်လို့ ရောဂါအမည်တပ်လိုက်နိုင်ချိန်မှာတော့ ရောဂါကကျွမ်းသလောက် ဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ တခါတလေ မထင်ထားတဲ့နေရာမျိုး တွေမှာ မသိမသာ သူ့ရဲ့ လက္ခဏာတွေကို ပြတတ်ပါတယ်။တခုသိထားဖို့က ခုပြောပြမဲ့လက္ခဏာတွေဟာ အဆုတ်ကင်ဆာတခုထဲကြောင့် ဖြစ်နိုင်တာတော့ မဟုတ်ဘူးဆိုတာကိုပါ။ဒါပေမဲ့ အဆုတ်ကင်ဆာဟာ ကြောက်မက်ဖွယ်ရာရောဂါတခုဖြစ်ပြီး သေဆုံးနှုန်းလည်း မြင့်မားတာကြောင့် တချို့လက္ခဏာတွေကို သိရှိထားတာဟာ မမှားတဲ့အပြင် အကူအညီတောင်ဖြစ်နိုင်တဲ့အတွက် ဒီဆောင်းပါးကို ဖော်ပြပေးလိုက်ရပါတယ်။

၁။လက်ချောင်းထိပ်များ ပြည့်ဖောင်းလာခြင်း

တချို့ အဆုတ်ကင်ဆာတွေဟာ ဟော်မုန်းပုံစံဓာတုဗေဒပစ္စည်းအချို့ ကို ထွက်စေပြီး အာ့ပစ္စည်းတွေက လက်ချောင်းထိပ်တွေကို သွေးနဲ့အရည်တွေ ပိုပြီးရောက်ရှိစေပါတယ်။ဒီအခါမှာ လက်ထိပ်တွေဟာ နဂိုထက်ပိုပြီး ဖောင်းဖောင်းတုတ်တုတ်တွေဖြစ်လာပါတယ်။လက်သည်းခွံနဲ့ကပ်ရက်က အရေပြားဟာ သိသိသာသာအရောင်တောက်နေတတ်တယ်။လက်ချောင်းတွေကို ဘေးတိုက်ကြည့်ရင် မူလထက်ပိုပြီး ခုံးနေတာမျိ ုး တွေ တွေ့ရနိုင်ပါတယ်။အင်္ဂလိပ်လို finger clubbing လို့ ခေါ်ပါတယ်။ဖြစ်ခဲတယ်ဆိုပေမဲ့ ဖြစ်ခဲ့ပြီဆိုရင်တော့ ၈၀ % လောက်ဟာ အဆုတ်ကင်ဆာနဲ့တွဲလေ့ရှိပါတယ်။

၂။ဝမ်းဗိုက် မကြာခဏ မအီမသာဖြစ်ခြင်း

ကင်ဆာဖြစ်တဲ့လူဆယ်ယောက်အနက် တယောက် ဒါမှမဟုတ် နှစ်ယောက်မှာ သွေးတွင်း ကယ်လ်ဆီယမ်ပမာဏ မြင့်မားနေတာတွေ့ရတတ်ပါတယ်။သွေးထဲမှာ ကယ်လ်ဆီယမ်များနေတာဟာ ဗိုက်ကို မကြာခဏအောင့်စေပြီး ဗိုက်ရစ်တာ ဝမ်းချုပ်တာတွေလည်း ဖြစ်စေပါတယ်။စားချင်သောက်ချင်စိတ်မရှိပဲ ရေခဏခဏ ငတ်နေတတ်ပါတယ်။

၃။စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများ

ကင်ဆာကြောင့် သွေးထဲမှာ ကယ်လ်ဆီယမ်တက်နေတဲ့အခါ စိတ်မငြိမ်တာ ပူပန်သောကရောက်နေတာ စိတ်ဓာတ်ကျဆင်းနေတာ အစရှိတာတွေ ခံစားရတတ်ပါတယ်။မကြာမကြာဆိုသလို ဖြစ်နေရင် ရှင်းရှင်းလင်းလင်းသိရအောင် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသဖို့လိုပါမယ်။

၄။ပခုံးနှင့်နောက်ကျော မကြာခဏ အောင့်ခြင်း

Pancoast tumour လို့ခေါ်တဲ့ အဆုတ်ကင်ဆာတမျို းဟာ အဆုတ်ရဲ့ အပေါ်ဘက်အပိုင်းမှာ ဖြစ်ပြီး နံရိုးတွေ ကျောရိုးတွေ အာရုံကြောတွေနဲ့ သွေးကြောတွေဆီ ပျံ့နှံ့တတ်ပါတယ်။ဒီကင်ဆာဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ သိပ်မပြတတ်ပဲ ပခုံး လက်မောင်း နဲ့ နောက်ကျောတွေသာ မကြာခဏ ကိုက်ခဲနာကျင်စေတတ်ပါတယ်။

၅။မောပန်းလွယ်ခြင်း

အဆုတ်ကင်ဆာရဲ့ အဖြစ်များတဲ့သက်ရောက်မှုတခုက သွေးနီဥပမာဏကို သိသိသာသာနည်းသွားစေတာပါ။ဒါကြောင့် သွေးအားနည်းလာပြီး မလှုပ်ချင်မရှားချင် တစုံတခုက ဆွဲထားသလို ခံစားရတတ်ပါတယ်။အလွယ်တကူ မောပန်းလာတတ်ပါတယ်။

၆။အထိုင်အထမလွယ်ခြင်း

အဆုတ်ကင်ဆာဟာ အာရုံကြောအဖွဲ့အစည်းကိုလည်း ထိခိုက်စေပါတယ်။ဒါကြောင့် ကြွက်သားတွေအလုပ်လုပ်တဲ့ပုံစံ မမှန်ဖြစ်လာပါတယ်။ထိုင်ရာကနေ အလွယ်တကူ မထနိုင်တာမျို း  မတ်တပ်ရပ်နေရင်း ယိုင်ယိုင်သွားတာမျို းတွေ ဖြစ်တတ်ပါတယ်။

၇။ကိုယ်အလေးချိန်အပြောင်းအလဲ

တချို့အဆုတ်ကင်ဆာသမားတွေမှာ Cushion’s syndrome ဆိုတဲ့အခြေအနေတမျိုး ဖြစ်တတ်ပါတယ်။အဲ့အခါ ခန္ဓာကိုယ်မှာ Cortisol ဟော်မုန်းပမာဏများလာပြီး ဖောလာတာ အလေးချိန်တွေတက်လာတာတွေ ဖြစ်စေပါတယ်။အလွယ်တကူ သွေးခြေဥတတ်သလို အမြဲငိုက်မြည်းနေတတ်တာမျိုးလည်း တွေ့ရတတ်ပါတယ်။နောက်တခုကတော့ ကယ်လ်ဆီယမ်များလာတာကြောင့် ကျောက်ကပ်ထိခိုက်လာပါတယ်။ဒါကကျတော့ စားချင်သောက်ချင်စိတ်လျော့လာပြီး အလိုလိုနေရင်း ပိန်လာတတ်ပါတယ်။

၈။အမျိုးသားတွေမှာ ရင်သားအရမ်းကြီးလာခြင်း

ရှားတော့ရှားပေမဲ့ ဖြစ်နိုင်ပါတယ်။ရင်သားတွေကြီးလာပြီး ထိလိုက်ရင်တောင် နာနေတတ်ပါတယ်။

၉။ခေါင်းမကြာခဏ ကိုက်တတ်ခြင်း

အဆုတ်ညာဘက်ခြမ်းမှာ အကျိတ်ဖြစ်တဲ့အခါ ခေါင်းပေါ်ကဆင်းလာတဲ့ သွေးပြန်ကြောမကြီးတချောင်းကို ဖိထားမိသလိုဖြစ်ပြီး သွေးမစီးဆင်းနိုင်ဖြစ်စေပါတယ်။အဲဒီသွေးတွေအပေါ်ပြန်တက်တဲ့အခါ ခေါင်းအရမ်းကိုက်တော့တာပါပဲ။ကယ်လ်ဆီယမ်ပမာဏများနေတာကလည်း ခေါင်းကိုက်စေပါသတဲ့။

အခုပြောခဲ့တဲ့အချက်တွေရှိနေရင် အဆုတ်ကင်ဆာဖြစ်ပြီလို့ ပြောလို့မရပေမဲ့ အဆုတ်ကင်ဆာရောဂါသည်တွေစောစောပိုင်းမှာ ခံစားတတ်ကြရတဲ့လက္ခဏာတွေထဲမှာ ဒါတွေ ပါဝင်နေတာမို့ မကြာခဏဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့ အကြံပေးလိုက်ပါရစေ။

Dr.KG

Previous Post

အမေရောကလေးပါ အသက်အန္တရာယ်ရှိနိုင်တဲ့ ရေမွှာရေပိုးဝင်ခြင်း

Next Post

အမျိုးသားတွေ ကြိုသိထားဖို့လိုတဲ့ ဝှေးစေ့ရောင်ခြင်းပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
901
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
758
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
444

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသားတွေ ကြိုသိထားဖို့လိုတဲ့ ဝှေးစေ့ရောင်ခြင်းပြဿနာ

ဗီတာမင် ဒီ ပါတဲ့ ဖြည့်စွက်စာတွေ သောက်သင့်ရဲ့ လား

ကိုယ်လုံးတီးအိပ်တာ ဘာတွေကောင်းသလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.