fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

မနီလာ ကိုယ်ဝန်မရသေးတာ ဘာကြောင့်လဲ

246
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/01/2019
in အမျိုးသားကျန်းမာရေး
1 min read
A A

 

မနီလာ ကိုယ်ဝန်မရသေးတာ ဘာကြောင့်လဲ

မောင်ကျော်နှင့် နီလာတို့ မင်္ဂလာနှစ်ပတ်လည် ၁၀ နှစ်ပြည့်သို့ ရောက်ခဲ့ပြီ။  သို့သော် သားသမီး ရတာနာ မထွန်းကားသည့်အတွက် နှစ်ဦးသား၏ ဘဝမှာ မပြည့်စုံသလို ခံစားရသည်။ မောင်ကျော်သည် ကလေး မြင်တိုင်း နီလာကို သားသမီး မွေးပေးရန် တိုက်တွန်းမိသည်။ သစ်တော အရာရှိဖြစ်သော မောင်ကျော် ပြောင်းရာ သို့သာ နီလာ လိုက်နေရသဖြင့် မြို့ကြီးပြကြီးများနှင့် လည်း အလှမ်းဝေးလှသည်။

“ဒီတစ်ခေါက် ခွင့်ရရင် ရန်ကုန်သွားပြီး ဆေးခန်း ပြရမယ်   ” နီလာ တစ်ယောက် မောင်ကျော် ခွင့် ရမည့်ရက်ကို စောင့်နေမိသည်။ သြင်္ကန်တွင်းခွင့်ရသည် ဆိုတော့ နီလာတို့လင်မယား ရန်ကုန်မြို့ကြီးဆီသို့ ရောက်ခဲ့သည်။ သားဖွားမီးယပ်ဆရာဝန်နှင့် ပြကြည့်သည်။

” အိမ်ထောင်ကျပြီးတော့ ဘာတားဆေးတွေ သုံးဖူးလဲ၊ အခုရော ဘာတားဆေးတွေ သုံးနေလဲ”

” အိမ်ထောင်ကျပြီးတော့ သုံးလခံဆေး သုံးပါတယ်။ ကလေး ယူတော့မယ်ဆိုတော့ သုံးလခံ ဆေးကို ဖြတ်လိုက်တယ်။ ”

”  အိမ်ထောင်ကျပြီးကတည်းက တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးတာနော်”

” အိမ်ထောင်ကျပြီး တစ်ခါတော့ ကိုယ်ဝန်ရဖူးတယ်။ သုံးလခံ ဆေး ဖြတ်ပြီး တစ်နှစ်လောက်အကြာမှာ ကလေး ရတာပါ။ ပြီးတော့ ပျက်ကျသွားတယ်။ အဲဒီတုန်းက နယ်မှာဆိုတော့ ဆရာဝန်တွေနဲ့လည်း မပြဖြစ်ပါဘူး။ ရိုးရိုးသားဖွားဆရာမနဲ့ပဲ ပြဖြစ်တယ်။  ”

” ကလေး ပျက်ကြပြီးတော့ရော ဘာတားဆေး သုံးသေးလဲ။  ”

” ဘာတာားဆေးမှ မသုံးဖြစ်ဘူး ဆရာမ။ ကိုယ်ဝန်ပျက်ကျပြီးကတည်း က ဘာတားဆေးမှ မသုံးပဲနဲ့ ကိုယ်ဝန်မရတော့တာပါ ”

” ကိုယ်ဝန်ပျက်ကျတာ ဘယ်လောက်ကြာပြီလဲ ”

” ငါးနှစ်လောက်ရှိပါပြီ ”

“ကိုယ်ဝန်ပျက်ကျပြီး ရာသီလာတာရော မှန်ပါသလား။ ပုံမှန်လာ သလား ။ ရက်ကျော်တာတွေများဖြစ်တတ်သလား ”

“ရက် မှန်ပါတယ်။ ရက်ကျော်တာမျိုးတွေ မရှိပါဘူး။ ဒါပေမဲ့ ရာသီလာတာတော့ များလာတယ်။ အရင် အပျိုတုန်းက ဆိုရင် နည်းတယ်လို့ပြောလို့ရတယ်။ သုံးလခံဆေးထိုးပြီးတော့ ရာသီမလာတော့ ဘူး။ ကိုယ်ဝန်ပျက်ကျပြီးကတည်း က ရာသီသွေးလာတာ အရမ်းများပါတယ်။ သိသိသာသာကို များလာတာပါ။   ”

” အားနည်းသလိုခံစားရလား ”

“သွေးဆင်းတာ များလို့ သွေးအားနည်းတယ်ဆိုပြီး ဆရာမတွေက ပြောလို့   သံဓာတ်အားဆေးတွေ အမြဲ ပြန်သောက်နေရတယ်။  ” ဆရာဝန်သည် လူနာ မှတ်တမ်းကို ရေးမှတ်နေသည်။

” ကိုယ်ဝန်လည်းတစ်ခါဆောင်ဖူးတယ်ဆိုတော့  ကိုယ်ဝန်ရနိုင်ပါတယ်။   ” ဆရာဝန်၏ စကားသည် နီလာတို့လင်မယားကို အားတက်စေသည်။  ဒီလိုစကားမျိုးသာ ကြားချင်သည်။

”  နယ်ကလာတယ်ဆိုတော့ လင်မယားနှစ်ယောက် လုံးတခါတည်း စစ်သွားလိုက်ပါ။ ခဏခဏ သွားလိုက်လာလိုက်နဲ့ဆိုရင် လူပင်ပန်းမယ်။ အချိန်ကုန်ပါမယ်။  ”

ဆရာဝန်သည် လိုအပ်သည်များကို စစ်ဆေး၏။ ထို့အပြင် နီလာ တစ်ယောက် သားဥ ကြွေမကြွေလည်း စစ်ဆေးကြည့်ခိုင်းသည်။ သားဥကြွေသည့် ရက် တွင် လင်မယားနှစ်ယောက်အတူနေပါဟုလည်း သင်ကြားလိုက်သည်။ သားဥကြွေမကြွေ စမ်းသပ်ရသည်ကလည်း ကိုယ်ဝန်ရှိမရှိ စစ်ဆေးရသလိုမျိုး လွယ်ကူသည်။ ဆီးစစ်ကြည့်ရုံနှင့် သိနိုင်သည်။

သားဥကြွေမကြွေ ဆီးစစ်သံနှင့် စစ်ကြည့်ပြီး နှစ်ကြောင်းပေါ်သည့်နေ့က နီလာတို့လင်မယား ပျော်လိုက်ကြတာ။ သားဥကြွေသည်ဆိုလျှင် နီလာတွင် အပြစ်မရှိတော့။  သားဥကြွေလျှင် ကိုယ်ဝန်ဆောင်နိုင်မည်ဖြစ်သည်။

သို့သော် လကုန်ရာသီသွေးဆင်းသော် အခါ နီလာတစ်ယေက်ဝမ်းနည်းရသည်။  မောင်ကျော် ကြောင့်များလား ဟု သံသယ ဖြစ်မိသည်။

ရန်ကုန်ထိတော့ သွားမပြသေးပဲ မြို့ရှိ ဆရာဝန်လေးဆီသာ သွားပြခဲ့သည်။

” ဒီတစ်လ မအောင်မြင် နောက်တစ်လပေါ့  ” ဟု ဆရာဝန်လေးက အားပေးစကားဆိုသည်။

”

သားဥကြွေမကြွေ စစ်မြဲ စစ်ကြသည်။ သားဥသည် ကြွေပါသည်။ သားဥ ကြွေသည့် ရက်တွင် လည်း လင်မယားနှစ်ယောက်အတူနေကြသည်ပင်။ သို့သော် လကုန် ရာသီသွေးဆင်းသော်အခါ လင်မယားနှစ်ယောက် မျှောင်လင့်ချက်တို့ကင်းမဲ့ကုန်၏ ” မောင်ကျော်သည်လည်း သူ့အပြစ်လားဟု သံသယဝင်လာသည်။

“ရန်ကုန်ကို နောက်တစ်ခေါက်လောက်သွားပြကြည့်ပါလား  ” ဟု ဆရာဝန်လေးက အကြံဉာဏ်ပေး၏။

ရန်ကုန်သို့ နောက်တစ်ခါ ထပ်မံသွားရပြန်သည်။ ဆရာဝန်မကြီးသည် ဆေးစစ်ထားသော စာရွက်များကို ပြန်ဖတ်သည်။ အခေါက်ခေါက် အခါခါ ဖတ်ကြည့်သည်။

” အမျိုးသားကို စစ်ဆေးကြည့်တာလည်း အားလုံးအဆင်ပြေတယ်။ အမျိုးသားမှာလည်း ဘာ ချို့ယွင်းချက်မှ မရှိဘူး။ အမျိုးသမီးမှာလည်း တစ်လ တစ်ခါ မျိုးဥ ကြွေတယ်  ”

“သေချာပါတယ်ဆရာမရယ်။ မျိုးဥ ကြွေမကြွေ ဆီးစစ်ကြည့်တာ သုံးရက်လောက်ကို ပေါ်နေတတ်ပါတယ်။  ”

” အမျိုးသမီး သားအိမ်ကို တစ်ချက် စမ်းကြည့်ပါမယ် ” ဆရာဝန်မကြီးသည် သားအိမ်ကို စမ်းသပ်ကြည့်သည်။

“တွေ့ပါပြီ။ တရားခံကို တွေ့ပါပြီ။  ” ဆရာဝန်မကြီးသည် ဝမ်းသာ အားရနှင့် ပြောလိုက်သည်။

”  ဘာတွေ့တာလဲဟင် ဆရာမကြီး ဘာတွေ့တာလဲ” မောင်ကျော် အလောတကြီးမေးလိုက်သည်။

” တွေ့ပြီ။ ကလေးမရအောင် သားအိမ်ထဲမှာ ကလေး မရအောင် ထည့်ထားတဲ့ ပစ္စည်းတွေ့ပြီ။  ”

” ဟောဗျာ။ ဘယ်သူက လာထည့်ထားတာလဲ ” မောင်ကျော် ဆရာဝန်မကြီးကို မေးလိုက်သည်။

”  နီလာ ဘယ်တုန်းကထည့်ထားတာလဲ ” ဆရာဝန်မကြီးသည် လည်း နီလာကို မေးလိုက်သည်။

” နီလာမထည့်ထားပါဘူး။ သူ့ဘာသာ ဘာလို့ သားအိမ်ထဲရောက်နေလဲ နီလာလည်း မသိဘူး  ” နီလာလည်း အကြောက်အကန် ငြင်းသည်။  ဆရာဝန်မကြီးနှင့် မောင်ကျော် မျက်လုံးပြူးရသည်။

”  တစ်ယောက်ယောက် မထည့်ပဲနဲ့တော့ သားအိမ်ထဲမှာ ဒီပစ္စည်းရောက်နေစရာ အကြောင်းမရှိဘူး။ တစ်ယောက်ယောက်ထည့်လို့ ဒီပစ္စည်းရောက်နေတာ ”

နီလာသည် ခေါင်းကုတ်၏။ မောင်ကျော်သည် မျက်မှောင်ကျုတ်၏။ ဆရာဝန်သည် စဉ်းစား ခြင့်ချိန်ကြည့်နေသည်။

“ကလေး ပျက်ကျသွားတုန်းက သားဖွားဆရာမနဲ့ သားအိမ်အတွင်းပိုင်းစမ်းသပ်တာတွေရှိသေးလား။ ဘယ်တုန်းက နောက်ဆုံးသားအိမ်အတွင်းပိုင်း စမ်းသပ်ခဲ့သလဲ   ” နီလာသည် စဉ်းစားရကျပ်နေသည်။

” ကိုယ်ဝန်ပျက်ကျသွားတုန်းက ထင်တာပါပဲ ဆရာမရယ်  ” နီလာသည် စဉ်းစားမိပုံမရ။

” သွားဖွားဆရာမက ထည့်ပေးလိုက်တာ ဖြစ်မှာပါ  ” ဆရာဝန်သည် အဖြစ်နိုင်ဆုံးကို စဉ်းစားပြီး ပြောလိုက်သည်။

” ကျွန်မ မမှတ်မိဘူး ဆရာမရယ်  ” နီလာသည် မျက်နှာငယ်လေးနှင့် ပြောရှာသည်။ မောင်ကျော်သည် ဆရာဝန်မကြီးများ ဆူ မလားလို့ စိုးရိမ်မိသည်။

”  သားအိမ်ထဲ ပစ္စည်းထည့်ထားမှတော့ ကိုယ်ဝန်ဘယ်လိုလုပ်ရနိုင်ပါ့မလဲ။ သားအိမ်ထဲ ထည့်ထားလို့လည်း ရာသီသွေးလာတာက များနေတာ။ သားအိမ်ထဲ ပစ္စည်းထည့်ထားတဲ့သူတွေ တော်တော်များများက သွေးဆင်းတာ များ လှတယ်။  ”

” ဟုတ်ကဲ့ ပါ “နီလာသည် ခေါင်းညိမ့်လိုက်သည်။

” ဒီပစ္စည်းထည့်ထားလို့ ကိုယ်ဝန်မရတာပါ။ လူနာကိုယ်တိုင်တောင် မသိလိုက်တဲ့ အချိန်မှာ သားဖွားဆရာမ ကထည့်ပေးလိုက်တယ်ဆိုရင် တော့ တော်တော်ဆိုးတဲ့သားဖွားဆရာမပဲ။   ” ဆရာဝန်သည် သားဖွားဆရာမကို စိတ်ဆိုးနေပုံရသည်။

မောင်ကျော်သည် နီလာကို စိတ်ဆိုးသည်။ ကိုယ့်သားအိမ်ထဲကို ကိုယ်ဝန်တားပစ္စည်း တစ်ခု ထည့်ထားသည်ကို မသိသည်ကို ဒေါသထွက်သည်။ သို့သော် ဆရာဝန်ရှေ့တွင်တော့ စကား တစ်ခွန်းမှ ဝင်မပြော။ နီလာ သည်  ဝမ်းနည်း ဒေါသ ထွက်သည်။ ဝမ်းနည်းသည်ကား မိမိ၏ အဖြစ်။ ဒေါသထွက်သည်က မိမိကိုယ်ကို။ ကိုယ်ဝန်တား ပစ္စည်းတစ်ခုကို ထည့်လိုက်သည်ကို မသိသည့် မိမိ အဖြစ်။

‘ ကိုယ်ဝန်တား ပစ္စည်းထုတ်လိုက်ပြီဆိုတော့ ကလေး ရနိုင်ပါတယ်။ ကြိုးစားကြည့်ပါဦး  ” လို့ ဆရာဝန်ပြောသည်နှင့် ပြန်လာကြသည်။ မောင်ကျော်သည် နီလာကို အပြစ်ပြောလို စိတ်မရှိတော့ပါ။ နီလာကိုယ်တိုင်လည်း ဝမ်းနည်းနေမည်ကို သိသည်။ လင်မယားနှစ်ယောက် လက်တွဲကာ ဆေးခန်းထဲမှ ထွက်လာခဲ့သည်။ သို့သော် ရင်ထဲတွင် ဟာတာတာနှင့် နှုံးချိလျှက်။

Dr.အေးချမ်းမိုး

Previous Post

ဖျက်ခြင်းဆိုးကျိုး

Next Post

အသက်ကြီးပေမဲ့ မပျက်စီးရတဲ့အကြောင်းအရင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
783
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသက်ကြီးပေမဲ့ မပျက်စီးရတဲ့အကြောင်းအရင်း

အဖြူမဆင်းအောင် ဒါတွေဆောင်

ချွေးပေါက်ကျယ်နေပြီလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.