(Zawgyi)
ဆီးခ်ိဳေသြးခ်ိဳ ေရာဂါဆိုတာ အသက္အ႐ြယ္မေ႐ြးျဖစ္ႏိုင္ပါတယ္။ ဒီတခါေတာ့ ေရာဂါေဝဒနာရွင္ေတြသိခ်င္တဲ့ အစားအစာအေၾကာင္းေလးေျပာျပပါမယ္.. .ေဆးခန္းလာျပတဲ့ လူနာတိုင္းေမးတဲ့ေမးခြန္းပါ..ဆရာ …”ဘာစားရမလဲ? ဘာနဲ႔တည့္သလဲ?” အၾကမ္းအားျဖင့္ေျပာရရင္ ခ်ိဳတာ အကုန္မတည့္ပါဘူး။ ဒါဆို …သရက္သီး ခ်ဥ္တာတည့္ပါသလားလို႔ ေမးၾကျပန္ေရာ…မတည့္ပါဘူး…လို႔ပဲ ျပန္ေျဖပါရေစ။ လွ်ာေပၚမွာပဲ ခ်ဥ္တာပါ အစာအိမ္ထဲေရာက္သြားရင္ ဓာတ္ေျပာင္းမႈေတြျဖစ္လာၿပီး အခ်ိဳဓာတ္ေျပာင္းသြားပါတယ္။ဒါေၾကာင္ပါ့..ဒါဆို ခါးတာေကာ စားလို႔ရလား ခါးတဲ့ အရသာကို လူေတြမႀကိဳက္ၾကပါဘူး…ႀကိဳက္ရင္စားေပါ့လို႔….ကပ္တတ္တတ္လူနာေတြကေမးၾကတယ္..ဆရာ ေကာ္ဖီခါးခါး ေသာက္လို႔ရလား? !!! သၾကား၊ ႏို႔ဆီမပါရင္ ရပါတယ္။ အဲ့က်ေတာ့ …ဆရာ ရယ္ ႏို႔ဆီေလးပါမွ သၾကားေလးပါမွ ေသာက္ေကာင္းမွာေပါ့တဲ့ ….စိတ္မေကာင္းပါဘူး…မတည့္လို႔ပါ။ ေကာ္ဖီႀကိဳက္တယ္ ဆိုရင္ ေသာက္လို႔ရတာရွိ တယ္…အဲ့က်မွ …လူနာက ..ဆရာ …ဆီးခ်ိဳေကာ္ဖီလားတဲ့…. လုံးဝမဟုတ္ပါဘူး…. ဆီးခ်ိဳေကာ္ဖီဆိုတာ မရွိပါဘူး….ေျပာရရင္ရွည္ေတာ့မယ္… ဒီလိုဗ်…. ႀကိဳက္ရင္နည္းနည္းေတာ့ အပင္ပန္းခံရတယ္…ေကာ္ဖီမႈန႔္ၾကမ္းကိုေရေႏြးနဲ႔ ႏွပ္ပါ…ေမႊးလာရင္ အရည္စစ္လိုက္ပါ..အဲ့ေကာ္ဖီရည္ ခါးထဲကို ဆီးခ်ိဳ သၾကားခဲ ( ေဆးဆိုင္ေတြမွာရေနပါၿပီ) တစ္ခဲ ႏွစ္ခဲေပါ့ ထည့္ေသာက္ပါ…ဒါဆို အဆင္ေျပမွာပါ…ႏို႔ အရသာ ႀကိဳက္တယ္ဆိုရင္ေတာ့ ႏို႔မႈန႔္အျဖဴေရာင္ (အခ်ိဳမပါ)နည္းနည္းထည့္ေသာက္ပါ…. အသင့္ျပင္ၿပီး ေကာ္ဖီမစ္ တစ္ခုမွမရပါဘူး….ဆိုင္ေဖ်ာ္ေတြလဲ ဘယ္ေလာက္ခါးခါး မေသာက္ပါနဲ႔လို႔ ေျပာပါရေစ….
( ဒါဆို ေကာ္ဖီ ကိစၥ ရေလာက္မွာပါ) ေန႔စဥ္ အစားအေသာက္ပုံစံေလးေတြ ေျပာၾကည့္ရေအာင္… လူတိုင္းနီးပါး တစ္ေန႔ ၃ ႀကိမ္စားၾကပါတယ္။ * ** မနက္သြားရည္စာ_ ထမင္းေၾကာ္ – တခါျပင္စာ တစ္ပန္ကန္ အဆီေလ်ာ့၊ အခ်ိဳမႈန႔္ေရွာင္ပါ ။ မုန႔္ဟင္းခါး- တစ္ပြဲ (အခ်ိဳမႈန႔္ေရွာင္ပါ) အိမ္ခ်က္မွအဆင္ေျပမယ္ေနာ္၊ အေၾကာ္စားခ်င္ရင္ မုန႔္ဖတ္ေလ်ာ့ပါ။ အသုတ္.. တစ္ပြဲ အိမ္မွာပဲသုတ္စားပါ ( အခ်ိဳမႈန႔္ေရွာင္ပါ) လက္ဖက္ရည္၊ေကာ္ဖီ -(အေပၚကနည္းအတိုင္း ဆိုင္ေဖ်ာ္ခြက္တစ္ခြက္စာ), မုန႔္- အဆီမပါ အခ်ိဳနည္း မုန႔္ တစ္ခ်ပ္ႏွစ္ခ်ပ္စားႏိုင္ပါသည္။ နမူနာျပအစားအစာမ်ား တစ္ခုပဲ စားရမွာ…အကုန္မစားရဘူးေနာ္။
***ေန႔လည္စာ -ပုံမွန္ ထမင္းဟင္း တခါျပင္စာ ( ထမင္းစားဇြန္း ၁၀ဇြန္းထက္မပိုရ)၊ အဆီးေလ်ာ့ထာတဲ့ဟင္း၊ အငန္ေလ်ာ့ထားတဲ့ဟင္း ပဲစားရမွာပါ။ အသီးအ႐ြက္ပိုစားပါ ထမင္း နဲ႔ ဇတူ စားပါ။ ေၾကာ္စားမယ္ဆို အဆီ အငန္ေလ်ာ့ပါ။ သန႔္သန႔္ရွင္းရွင္း အစိမ္းစား၊ ျပဳတ္စား ရင္ပိုေကာင္းပါတယ္။
***ညစာ- ပုံမွန္အတိုင္းစားပါ(ေန႔လည္စာအတိုင္း) ထပ္ေလ်ာ့ႏိုင္ရင္ပိုေကာင္းပါတယ္
***တခါတေလ ေန႔လည္စာနဲ႔ ညစာၾကားမွာ ဗိုက္စာရင္ေတာ့…ဘီစကစ္ တစ္ခ်ပ္/ႏွစ္ခ်ပ္ေလာက္စားႏိုင္ပါတယ္ (သို႔) သိပ္မခ်ိဳ တဲ့ အသီး အနည္းငယ္ ေလာက္စားႏိုင္ပါတယ္..
***** ဆရာဝန္ၫႊန္ၾကားတဲ့ ဆီးခ်ိဳ ေသာက္ေဆးမ်ား ပုံမွန္ေသာက္ေနရပါမယ္၊ ပုံမွန္ ဆီးခ်ိဳ စစ္ေနရပါမယ္ ( ဆီးခ်ိဳ အတက္ အက်ေပၚမူတည္ၿပီး အစားအေသာက္ ေျပာင္းလဲ ႏိုင္ပါတယ္)။
Author: ေမာင္လူေခ်ာ (အေရးေပၚကုသမႈေဆးပညာ)
(Unicode)
ဆီးချိုသွေးချို ရောဂါဆိုတာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒီတခါတော့ ရောဂါဝေဒနာရှင်တွေသိချင်တဲ့ အစားအစာအကြောင်းလေးပြောပြပါမယ်.. .ဆေးခန်းလာပြတဲ့ လူနာတိုင်းမေးတဲ့မေးခွန်းပါ..ဆရာ …”ဘာစားရမလဲ? ဘာနဲ့တည့်သလဲ?” အကြမ်းအားဖြင့်ပြောရရင် ချိုတာ အကုန်မတည့်ပါဘူး။ ဒါဆို …သရက်သီး ချဉ်တာတည့်ပါသလားလို့ မေးကြပြန်ရော…မတည့်ပါဘူး…လို့ပဲ ပြန်ဖြေပါရစေ။ လျှာပေါ်မှာပဲ ချဉ်တာပါ အစာအိမ်ထဲရောက်သွားရင် ဓာတ်ပြောင်းမှုတွေဖြစ်လာပြီး အချိုဓာတ်ပြောင်းသွားပါတယ်။ဒါကြောင်ပါ့..ဒါဆို ခါးတာကော စားလို့ရလား ခါးတဲ့ အရသာကို လူတွေမကြိုက်ကြပါဘူး…ကြိုက်ရင်စားပေါ့လို့….ကပ်တတ်တတ်လူနာတွေကမေးကြတယ်..ဆရာ ကော်ဖီခါးခါး သောက်လို့ရလား? !!! သကြား၊ နို့ဆီမပါရင် ရပါတယ်။ အဲ့ကျတော့ …ဆရာ ရယ် နို့ဆီလေးပါမှ သကြားလေးပါမှ သောက်ကောင်းမှာပေါ့တဲ့ ….စိတ်မကောင်းပါဘူး…မတည့်လို့ပါ။ ကော်ဖီကြိုက်တယ် ဆိုရင် သောက်လို့ရတာရှိ တယ်…အဲ့ကျမှ …လူနာက ..ဆရာ …ဆီးချိုကော်ဖီလားတဲ့…. လုံးဝမဟုတ်ပါဘူး…. ဆီးချိုကော်ဖီဆိုတာ မရှိပါဘူး….ပြောရရင်ရှည်တော့မယ်… ဒီလိုဗျ…. ကြိုက်ရင်နည်းနည်းတော့ အပင်ပန်းခံရတယ်…ကော်ဖီမှုန့်ကြမ်းကိုရေနွေးနဲ့ နှပ်ပါ…မွှေးလာရင် အရည်စစ်လိုက်ပါ..အဲ့ကော်ဖီရည် ခါးထဲကို ဆီးချို သကြားခဲ ( ဆေးဆိုင်တွေမှာရနေပါပြီ) တစ်ခဲ နှစ်ခဲပေါ့ ထည့်သောက်ပါ…ဒါဆို အဆင်ပြေမှာပါ…နို့ အရသာ ကြိုက်တယ်ဆိုရင်တော့ နို့မှုန့်အဖြူရောင် (အချိုမပါ)နည်းနည်းထည့်သောက်ပါ…. အသင့်ပြင်ပြီး ကော်ဖီမစ် တစ်ခုမှမရပါဘူး….ဆိုင်ဖျော်တွေလဲ ဘယ်လောက်ခါးခါး မသောက်ပါနဲ့လို့ ပြောပါရစေ….
( ဒါဆို ကော်ဖီ ကိစ္စ ရလောက်မှာပါ) နေ့စဉ် အစားအသောက်ပုံစံလေးတွေ ပြောကြည့်ရအောင်… လူတိုင်းနီးပါး တစ်နေ့ ၃ ကြိမ်စားကြပါတယ်။ * ** မနက်သွားရည်စာ_ ထမင်းကြော် – တခါပြင်စာ တစ်ပန်ကန် အဆီလျော့၊ အချိုမှုန့်ရှောင်ပါ ။ မုန့်ဟင်းခါး- တစ်ပွဲ (အချိုမှုန့်ရှောင်ပါ) အိမ်ချက်မှအဆင်ပြေမယ်နော်၊ အကြော်စားချင်ရင် မုန့်ဖတ်လျော့ပါ။ အသုတ်.. တစ်ပွဲ အိမ်မှာပဲသုတ်စားပါ ( အချိုမှုန့်ရှောင်ပါ) လက်ဖက်ရည်၊ကော်ဖီ -(အပေါ်ကနည်းအတိုင်း ဆိုင်ဖျော်ခွက်တစ်ခွက်စာ), မုန့်- အဆီမပါ အချိုနည်း မုန့် တစ်ချပ်နှစ်ချပ်စားနိုင်ပါသည်။ နမူနာပြအစားအစာများ တစ်ခုပဲ စားရမှာ…အကုန်မစားရဘူးနော်။
***နေ့လည်စာ -ပုံမှန် ထမင်းဟင်း တခါပြင်စာ ( ထမင်းစားဇွန်း ၁၀ဇွန်းထက်မပိုရ)၊ အဆီးလျော့ထာတဲ့ဟင်း၊ အငန်လျော့ထားတဲ့ဟင်း ပဲစားရမှာပါ။ အသီးအရွက်ပိုစားပါ ထမင်း နဲ့ ဇတူ စားပါ။ ကြော်စားမယ်ဆို အဆီ အငန်လျော့ပါ။ သန့်သန့်ရှင်းရှင်း အစိမ်းစား၊ ပြုတ်စား ရင်ပိုကောင်းပါတယ်။
***ညစာ- ပုံမှန်အတိုင်းစားပါ(နေ့လည်စာအတိုင်း) ထပ်လျော့နိုင်ရင်ပိုကောင်းပါတယ်
***တခါတလေ နေ့လည်စာနဲ့ ညစာကြားမှာ ဗိုက်စာရင်တော့…ဘီစကစ် တစ်ချပ်/နှစ်ချပ်လောက်စားနိုင်ပါတယ် (သို့) သိပ်မချို တဲ့ အသီး အနည်းငယ် လောက်စားနိုင်ပါတယ်..
***** ဆရာဝန်ညွှန်ကြားတဲ့ ဆီးချို သောက်ဆေးများ ပုံမှန်သောက်နေရပါမယ်၊ ပုံမှန် ဆီးချို စစ်နေရပါမယ် ( ဆီးချို အတက် အကျပေါ်မူတည်ပြီး အစားအသောက် ပြောင်းလဲ နိုင်ပါတယ်)။
Author: မောင်လူချော (အရေးပေါ်ကုသမှုဆေးပညာ)