(Zawgyi)
ခင္ခင္ေလးတစ္ေယာက္ အခုတစ္ေလာ အစားအေသာက္ပ်က္၍ မစားခ်င္မေသာက္ခ်င္ျဖစ္ေနသည္။ ေဆာင္းဝင္လာလို႔ အေအးပတ္ၿပီးဖ်ားခ်င္တာလို႔ထင္သည္။ ကိုယ္လက္ေတြလည္း မသယ္ခ်င္။ ဒါေပမယ့္ ကိုယ္ေတြက လက္လုပ္လက္စားေတြဆိုေတာ့လည္း အလုပ္က မသြားလို႔မျဖစ္။ ေယာက်ာ္းကေတာ့ လမ္းထိပ္ကားမွတ္တိုင္တြင္ ကြမ္းယာဆိုင္ေလးဖြင့္ထားသည္။ ခင္ခင္ေလးက မနက္ပိုင္းအိမ္အလုပ္မ်ား လုပ္ကိုင္ၿပီးလွ်င္ ေယာက်္ား ကြမ္းယာဆိုင္ကို ကူညီေပးသည္။ အကူလည္း ေခၚမထားေတာ့ လင္မယားႏွစ္ေယာက္ပဲ ဆိုင္ကို တစ္ေယာက္တစ္လွည့္ၾကည့္ေနရသည္။ မနက္မိုးလင္းက မိုးခ်ဳပ္ ဆိုင္ထိုင္ၿပီး ကြမ္းယာေရာင္းရသည္။ ကားမွတ္တိုင္ဆိုေတာ့လည္း အၿပိဳင္အဆိုင္မ်ားသည္။ တစ္ေန႔တစ္ေန႔ ဝင္လာေသာ ကားမ်ားကို အလုအယက္ အၿပိဳင္အဆိုင္ အေျပးအလႊား ေရာင္းရသည္မွာ လြယ္ကူသည္ေတာ့ မဟုတ္။
ဒီေန႔ေတာ့ ေယာက်္ားက ညေနေဆးခန္းသြားျပလိုက္ဦးဆိုလို႔ ညေန ေဆးခန္းသို႔ ထြက္လာခဲ့သည္။ ဆရာဝန္မေလးက သေဘာေကာင္းပုံရသည္။ စမ္း သပ္ၿပီးေတာ့ ကိုယ္ဝန္ရွိမရွိသိရေအာင္ဆိုၿပီး ဆီး စစ္ၾကည့္သည္။ ဆီးစစ္တံေလးႏွင့္ စစ္ၾကည့္ၿပီး ကိုယ္ဝန္ရွိေနၿပီတဲ့။. ႐ုပ္ရွင္ေတြထဲကလိုမ်ိဳး ေပ်ာ္လြန္းလို႔မ်က္ရည္က်တာမ်ိဳးေတြလည္းမရွိပါဘူး ။ ေပ်ာ္ေတာ့ ေပ်ာ္တာေပါ့။ ေယာက်္ားကို ေျပးၿပီးေျပာခ်င္ေပမဲ့လည္း ေနပူတာနဲ႔ အိမ္မွာပဲ ျပန္ၿပီး နားေနလိုက္ သည္။ ညေန ေယာက်ာ္းျပန္လာေတာ့ ေျပာျပလိုက္သည္။
“ေဟ ဟုတ္လား ေသခ်ာရဲ႕လား” လို႔လားပဲ ျပန္ေမးသည္။
သူမ်ားေတြလိုမ်ိဳး ထခုန္တာေတြ ထၿပီးကတာမ်ိဳးေတြ မလုပ္။ဒီတစ္ခြန္းပဲေမးသည္။ ေမာေမာႏွင့္ ထမင္းစားၿပီးအိပ္ေပ်ာ္သြားသည္။ ကိုယ္ဝန္ကိစၥ ဘာမွ ထပ္မေျပာေတာ့ ။ တစ္ေနကုန္ပင္ပန္းေနလို႔ ေမာေမာႏွင့္ အိပ္ေပ်ာ္သြားတာလည္း ျဖစ္ႏိုင္သည္။ လူခြဲမရွိေတာ့ ဆိုင္ကိုထြက္ရတာပါပဲ။ ကားေတြနားကိုေတာ့ ကပ္ၿပီးကြမ္းယာ မေရာင္းေတာ့။ေယာက်ားကပဲ ကားေတြနားထိသြားၿပီးေရာင္းသည္။ ခင္ခင္ေလးက ဆိုင္တြင္သာ ထိုင္ေနသည္။ ႏွစ္ပတ္ေလာက္ေနေတာ့ ေသြးနည္းနည္းဆင္းသည္။ နည္းနည္းဆို နည္းနည္းေလး ထမီ စို႐ုံေလး ေသြးဆင္းတာပါ။ ညေနထိ ထပ္မဆင္းေတာ့ ေဆးခန္းသြားမျပေတာ့ ။မ်ားလာရင္ေတာ့ သြားျပမလို႔ပါပဲ။ ေသြးက တစ္ခါပဲဆင္းတာႏွင့္ပဲ ေဆးခန္းသြားမျပပဲေနလိုက္သည္။ ေနာက္တစ္ရက္ေနေတာ့ ေနာက္တစ္ခါထပ္ဆင္းသည္။ ဒီတစ္ခါလည္း မေန႔ကလိုပဲ ထမီစြန္း႐ုံုေလးပဲ ျဖစ္သည္။ ညေနက်ရင္ သြားျပမယ္လို႔စိတ္ထဲေတးထားလိုက္သည္။ ညေနေရာက္ေတာ့ ေသြးမဆင္းေတာ့တာႏွင့္ပဲ ေဆးခန္းသို႔ သြားမျပျဖစ္လိုက္။ ေနာက္တစ္ရက္ျခားေလာက္ၾကာေတာ့ ေသြးထပ္ဆင္းသည္။ သူငယ္ခ်င္းျဖစ္သူ မိထူးမွ ေဆးခန္းသြားျပခိုင္းသည္။ သူပါအေဖာ္လိုက္ခဲ့မည္ဟု ေျပာလို႔ ေဆးခန္းသို႔ထြက္လာခဲ့သည္။ ျဖစ္ေၾကာင္းကုန္စင္ေျပာျပေတာ့ ဆရာဝန္မေလးမွ “ျဖစ္ျဖစ္ခ်င္းကတည္းက ဘာလို႔လာမျပတာလဲ”လို႔အျပစ္တင္သည္။ ကိုယ္ေတြက ဒီလိုကိစၥမ်ိဳးကိုအေရးႀကီးသည္ဟုမထင္။ ေသြးေလးထမိစြန္း႐ုံေလာက္ႏွင့္ ေဆးခန္းသြားျပသင့္သည္လိုလဲမထင္ ပါ။ ကိုယ္ေတြလို လူမ်ိဳးေတြအတြက္ ေဆးခန္းကို အိမ္ဦးႏွင့္ ၾကမ္းျပင္ လိုမ်ိဳး ခဏခဏ သြားေကာင္းသည္လည္း မဟုတ္။
“အေရးမႀကီးဘူးလို႔ ထင္လို႔ပါ”
“အမယ္ေလးရွင္ ကိုယ္ဝန္သည္တစ္ေယာက္ ေသြးဆင္းတာ အေရးမႀကီးဘူးလို႔ထင္တယ္”
ဆရာဝန္မေလးကဂ႐ုဏာ ေဒါေသာႏွင့္ ေျပာေနသည္။ ကိုယ္ေတြကေတာ့ အျပစ္ေျပာရင္လည္းခံရေတာ့မည္ပင္။ ျပန္ေတာ့ အတြန႔္တက္လိုက္ေသးသည္။
“နည္းနည္းေလးမို႔ပါ။ တကယ္ပါ ဆရာမရယ္ နည္းနည္းေလးဆို နည္းနည္းေလးပါပဲ။ ဒါေၾကာင့္လာမျပတာပါ”
“နည္းနည္း မ်ားမ်ား ကိုယ္ဝန္သည္တစ္ေယာက္ ေသြးဆင္းတယ္ဆိုတာ အရမ္းကိုအေရးႀကီးတယ္။ ေပါ့ေပါ့တန္တန္ေတြးလို႔မရဘူး။ ကိုယ္ဝန္ပ်က္က်ႏိုင္တဲ့ လကၡဏာပဲ”
ဆရာဝန္မေလးေျပာစကားမ်ားကို နားေထာင္ရင္း ခင္ခင္ေလးတစ္ေယာက္ နည္းနည္းေတာ့ လန႔္သြားသည္။
“ကုတင္ေပၚကေန မဆင္းနဲ႔ဦး။ အခုကားေခၚၿပီး ေဆး႐ုံကို တန္းသြားရမယ္။ လုံးဝလမ္းမေလွ်ာက္နဲ႔”
သူငယ္ခ်င္းက ေယာက်ာ္းကို ေျပးေခၚေတာ့ ဆိုင္ကယ္ေလးႏွင့္ ေရာက္လာသည္။ အခုလိုဆိုေတာ့လည္း ပ်ာပ်ာသလဲႏွင့္။
“စိုးရိမ္ရလား ဆရာမ” လို႔ေမးေနသည္။
ဘယ္သူကို စိုးရိမ္ေနမွန္းေတာ့ ခင္ခင္ေလး မခန႔္မွန္းတတ္ပါ။ ဗိုက္ထဲက ကေလးကို စိုးရိမ္တာလား။ ကိုယ္ကိုစိုးရိမ္တာလား။
“အခုခ်က္ခ်င္း ေဆး႐ုံသြားျပလိုက္ပါ။ ကိုယ္ဝန္ေဆာင္ ေသြးဆင္းတာ မေကာင္းဘူး။ ကားငွားၿပီးသြားၿပီလား”
ဆရာဝန္မေလးမွ စိုးရိမ္စိတ္ႏွင့္ သတိေပးလိုက္သည္။ ကားသံမၾကား၍ ကားပါမပါလည္း လိုက္ကာေလးမ၍ အျပင္ကို ေခါင္းထြက္ၾကည့္လိုက္ေသးသည္။ ေယာက်္ားက ကားပါမလာ။ ေဘးဆိုင္က ဆိုင္ကယ္တစ္စင္း ငွားလာပုံရသည္။
“ကြၽန္ေတာ္သူငယ္ခ်င္းတစ္ေယာက္ ဆိုင္ကယ္ပါတယ္ ဆရာမ။ ကြၽန္ေတာ္တို႔ ဆိုင္ကယ္နဲ႔ပဲ သြားလိုက္မယ္ေလ”
“အမယ္ေလး ဆိုင္ကယ္နဲ႔သြားလို႔မျဖစ္ဘူး။ ကားနဲ႔သြားမွျဖစ္မယ္”
ဆရာဝန္မေလးက ကားႏွင့္ပဲ အတင္းသြားခိုင္းေနသည္။
“ေဆး႐ုံက နီးနီးေလးပဲကို ကားငွားမေနေတာ့ပါဘူး။ ကားကမွ ျမန္ျမန္မေရာက္ႏိုင္ဘူး။ လမ္းပိတ္ေနဦးမယ္။ ဆိုင္ကယ္ေလးနဲ႔ဆိုရင္ ခဏေလးနဲ႔ ခ်က္ခ်င္းကိုေရာက္သြားမွာ။ ”
ေယာက်ာ္းမွ ဆရာဝန္မေလးအား အတြန႔္ျပန္တက္လိုက္သည္။
“ကိုယ္ဝန္ေဆာင္ဆိုတာ ဆိုင္ကယ္စီးလို႔ ေကာင္းတာမဟုတ္ဘူး။ ကေလး ပ်က္က်ႏိုင္တယ္။ ဆိုင္ကယ္ဆိုတာ ကားလိုမဟုတ္ဘူး ခ်ိမ့္ေတြဆိုရင္ ကားက ကိစၥမရွိေပမဲ့ ဆိုင္ကယ္က ေဆာင့္ေတာ့ ကိုယ္ဝန္ပ်က္က်ႏိုင္တယ္။ အခုလိုမ်ိဳးကိုယ္ဝန္ပ်က္က်ခ်င္ေနတဲ့ အေျခအေနမ်ိဳးမွာ ဆိုင္ကယ္စီးမယ္ဆိုရင္ တစ္ခါတည္းကို ကေလးပ်က္က်သြားႏိုင္တယ္။ ကိုယ္ဝန္သည္ကို ဆိုင္ကယ္စီးဖို႔ေနေနသာသာ လမ္းေတာင္မေလွ်ာက္ခိုင္းေတာ့ဘူး။ ကေလးပ်က္က်မွစိုးလို႔ နားလည္ၿပီလား”
မ်က္ႏွာငယ္ကေလးႏွင့္ပဲ ဆရာမေလးကိုျပန္ေတာင္းပန္လိုက္သည္။ ကိုယ္ေတြက မသိလို႔ေျပာမိတာကို ဆရာမေလး ခြင့္လႊတ္ေကာင္းပါရဲ႕။
“ဟုတ္ကဲ့ပါ ဆရာမ၇ယ္ ဟုတ္ကဲ့ပါ”
လင္မယားႏွစ္ေယာက္ ေဆး႐ုံကို ကားေလးငွားလာၿပီးေရာက္လာသည္။ ေရာက္ေရာက္ျခင္း စစ္ေဆးၾကည့္ေတာ့ ကိုယ္ဝန္ပ်က္က်ေနသည္တဲ့။ ကိုယ္ဝန္၇လာတုန္းက မေပ်ာ္ခဲ့ေသာ ေယာက်္ားက အခုကိုယ္ဝန္ပ်က္က်သည္ဆိုေတာ့ ဝမ္းနည္းပက္လက္ျဖစ္ေနသည္။ ကိုယ္ဝန္လႏုတုန္း ပင္ပင္ပန္းပန္းေတြ လုပ္လြန္းရင္ ကေလးပ်က္က်တတ္သည္လို႔လည္း ဆရာဝန္ေတြက ေျပာသည္။ ဘာပဲေျပာေျပာ ေနာက္တစ္ႀကိမ္ေတာ့ ကိုယ္ဝန္ရွိေနရင္ နားနားေနေန ေနရမည္လို႔မွာလိုက္သည္။ နားနားေနေန ေနခ်င္ပါသည္။ ကိုယ္ေတြ၏ အေျခအေနက နားနားေနေန ေနလို႔ရပါေစလို႔ပဲ ဆုေတာင္းလိုက္ပါသည္။
Author: Dr.AMS
(Unicode)
ခင်ခင်လေးတစ်ယောက် အခုတစ်လော အစားအသောက်ပျက်၍ မစားချင်မသောက်ချင်ဖြစ်နေသည်။ ဆောင်းဝင်လာလို့ အအေးပတ်ပြီးဖျားချင်တာလို့ထင်သည်။ ကိုယ်လက်တွေလည်း မသယ်ချင်။ ဒါပေမယ့် ကိုယ်တွေက လက်လုပ်လက်စားတွေဆိုတော့လည်း အလုပ်က မသွားလို့မဖြစ်။ ယောကျာ်းကတော့ လမ်းထိပ်ကားမှတ်တိုင်တွင် ကွမ်းယာဆိုင်လေးဖွင့်ထားသည်။ ခင်ခင်လေးက မနက်ပိုင်းအိမ်အလုပ်များ လုပ်ကိုင်ပြီးလျှင် ယောကျ်ား ကွမ်းယာဆိုင်ကို ကူညီပေးသည်။ အကူလည်း ခေါ်မထားတော့ လင်မယားနှစ်ယောက်ပဲ ဆိုင်ကို တစ်ယောက်တစ်လှည့်ကြည့်နေရသည်။ မနက်မိုးလင်းက မိုးချုပ် ဆိုင်ထိုင်ပြီး ကွမ်းယာရောင်းရသည်။ ကားမှတ်တိုင်ဆိုတော့လည်း အပြိုင်အဆိုင်များသည်။ တစ်နေ့တစ်နေ့ ဝင်လာသော ကားများကို အလုအယက် အပြိုင်အဆိုင် အပြေးအလွှား ရောင်းရသည်မှာ လွယ်ကူသည်တော့ မဟုတ်။
ဒီနေ့တော့ ယောကျ်ားက ညနေဆေးခန်းသွားပြလိုက်ဦးဆိုလို့ ညနေ ဆေးခန်းသို့ ထွက်လာခဲ့သည်။ ဆရာဝန်မလေးက သဘောကောင်းပုံရသည်။ စမ်း သပ်ပြီးတော့ ကိုယ်ဝန်ရှိမရှိသိရအောင်ဆိုပြီး ဆီး စစ်ကြည့်သည်။ ဆီးစစ်တံလေးနှင့် စစ်ကြည့်ပြီး ကိုယ်ဝန်ရှိနေပြီတဲ့။. ရုပ်ရှင်တွေထဲကလိုမျိုး ပျော်လွန်းလို့မျက်ရည်ကျတာမျိုးတွေလည်းမရှိပါဘူး ။ ပျော်တော့ ပျော်တာပေါ့။ ယောကျ်ားကို ပြေးပြီးပြောချင်ပေမဲ့လည်း နေပူတာနဲ့ အိမ်မှာပဲ ပြန်ပြီး နားနေလိုက် သည်။ ညနေ ယောကျာ်းပြန်လာတော့ ပြောပြလိုက်သည်။
“ဟေ ဟုတ်လား သေချာရဲ့လား” လို့လားပဲ ပြန်မေးသည်။
သူများတွေလိုမျိုး ထခုန်တာတွေ ထပြီးကတာမျိုးတွေ မလုပ်။ဒီတစ်ခွန်းပဲမေးသည်။ မောမောနှင့် ထမင်းစားပြီးအိပ်ပျော်သွားသည်။ ကိုယ်ဝန်ကိစ္စ ဘာမှ ထပ်မပြောတော့ ။ တစ်နေကုန်ပင်ပန်းနေလို့ မောမောနှင့် အိပ်ပျော်သွားတာလည်း ဖြစ်နိုင်သည်။ လူခွဲမရှိတော့ ဆိုင်ကိုထွက်ရတာပါပဲ။ ကားတွေနားကိုတော့ ကပ်ပြီးကွမ်းယာ မရောင်းတော့။ယောကျားကပဲ ကားတွေနားထိသွားပြီးရောင်းသည်။ ခင်ခင်လေးက ဆိုင်တွင်သာ ထိုင်နေသည်။ နှစ်ပတ်လောက်နေတော့ သွေးနည်းနည်းဆင်းသည်။ နည်းနည်းဆို နည်းနည်းလေး ထမီ စိုရုံလေး သွေးဆင်းတာပါ။ ညနေထိ ထပ်မဆင်းတော့ ဆေးခန်းသွားမပြတော့ ။များလာရင်တော့ သွားပြမလို့ပါပဲ။ သွေးက တစ်ခါပဲဆင်းတာနှင့်ပဲ ဆေးခန်းသွားမပြပဲနေလိုက်သည်။ နောက်တစ်ရက်နေတော့ နောက်တစ်ခါထပ်ဆင်းသည်။ ဒီတစ်ခါလည်း မနေ့ကလိုပဲ ထမီစွန်းရုံလေးပဲ ဖြစ်သည်။ ညနေကျရင် သွားပြမယ်လို့စိတ်ထဲတေးထားလိုက်သည်။ ညနေရောက်တော့ သွေးမဆင်းတော့တာနှင့်ပဲ ဆေးခန်းသို့ သွားမပြဖြစ်လိုက်။ နောက်တစ်ရက်ခြားလောက်ကြာတော့ သွေးထပ်ဆင်းသည်။ သူငယ်ချင်းဖြစ်သူ မိထူးမှ ဆေးခန်းသွားပြခိုင်းသည်။ သူပါအဖော်လိုက်ခဲ့မည်ဟု ပြောလို့ ဆေးခန်းသို့ထွက်လာခဲ့သည်။ ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ဆရာဝန်မလေးမှ “ဖြစ်ဖြစ်ချင်းကတည်းက ဘာလို့လာမပြတာလဲ”လို့အပြစ်တင်သည်။ ကိုယ်တွေက ဒီလိုကိစ္စမျိုးကိုအရေးကြီးသည်ဟုမထင်။ သွေးလေးထမိစွန်းရုံလောက်နှင့် ဆေးခန်းသွားပြသင့်သည်လိုလဲမထင် ပါ။ ကိုယ်တွေလို လူမျိုးတွေအတွက် ဆေးခန်းကို အိမ်ဦးနှင့် ကြမ်းပြင် လိုမျိုး ခဏခဏ သွားကောင်းသည်လည်း မဟုတ်။
“အရေးမကြီးဘူးလို့ ထင်လို့ပါ”
“အမယ်လေးရှင် ကိုယ်ဝန်သည်တစ်ယောက် သွေးဆင်းတာ အရေးမကြီးဘူးလို့ထင်တယ်”
ဆရာဝန်မလေးကဂရုဏာ ဒေါသောနှင့် ပြောနေသည်။ ကိုယ်တွေကတော့ အပြစ်ပြောရင်လည်းခံရတော့မည်ပင်။ ပြန်တော့ အတွန့်တက်လိုက်သေးသည်။
“နည်းနည်းလေးမို့ပါ။ တကယ်ပါ ဆရာမရယ် နည်းနည်းလေးဆို နည်းနည်းလေးပါပဲ။ ဒါကြောင့်လာမပြတာပါ”
“နည်းနည်း များများ ကိုယ်ဝန်သည်တစ်ယောက် သွေးဆင်းတယ်ဆိုတာ အရမ်းကိုအရေးကြီးတယ်။ ပေါ့ပေါ့တန်တန်တွေးလို့မရဘူး။ ကိုယ်ဝန်ပျက်ကျနိုင်တဲ့ လက္ခဏာပဲ”
ဆရာဝန်မလေးပြောစကားများကို နားထောင်ရင်း ခင်ခင်လေးတစ်ယောက် နည်းနည်းတော့ လန့်သွားသည်။
“ကုတင်ပေါ်ကနေ မဆင်းနဲ့ဦး။ အခုကားခေါ်ပြီး ဆေးရုံကို တန်းသွားရမယ်။ လုံးဝလမ်းမလျှောက်နဲ့”
သူငယ်ချင်းက ယောကျာ်းကို ပြေးခေါ်တော့ ဆိုင်ကယ်လေးနှင့် ရောက်လာသည်။ အခုလိုဆိုတော့လည်း ပျာပျာသလဲနှင့်။
“စိုးရိမ်ရလား ဆရာမ” လို့မေးနေသည်။
ဘယ်သူကို စိုးရိမ်နေမှန်းတော့ ခင်ခင်လေး မခန့်မှန်းတတ်ပါ။ ဗိုက်ထဲက ကလေးကို စိုးရိမ်တာလား။ ကိုယ်ကိုစိုးရိမ်တာလား။
“အခုချက်ချင်း ဆေးရုံသွားပြလိုက်ပါ။ ကိုယ်ဝန်ဆောင် သွေးဆင်းတာ မကောင်းဘူး။ ကားငှားပြီးသွားပြီလား”
ဆရာဝန်မလေးမှ စိုးရိမ်စိတ်နှင့် သတိပေးလိုက်သည်။ ကားသံမကြား၍ ကားပါမပါလည်း လိုက်ကာလေးမ၍ အပြင်ကို ခေါင်းထွက်ကြည့်လိုက်သေးသည်။ ယောကျ်ားက ကားပါမလာ။ ဘေးဆိုင်က ဆိုင်ကယ်တစ်စင်း ငှားလာပုံရသည်။
“ကျွန်တော်သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်ပါတယ် ဆရာမ။ ကျွန်တော်တို့ ဆိုင်ကယ်နဲ့ပဲ သွားလိုက်မယ်လေ”
“အမယ်လေး ဆိုင်ကယ်နဲ့သွားလို့မဖြစ်ဘူး။ ကားနဲ့သွားမှဖြစ်မယ်”
ဆရာဝန်မလေးက ကားနှင့်ပဲ အတင်းသွားခိုင်းနေသည်။
“ဆေးရုံက နီးနီးလေးပဲကို ကားငှားမနေတော့ပါဘူး။ ကားကမှ မြန်မြန်မရောက်နိုင်ဘူး။ လမ်းပိတ်နေဦးမယ်။ ဆိုင်ကယ်လေးနဲ့ဆိုရင် ခဏလေးနဲ့ ချက်ချင်းကိုရောက်သွားမှာ။ ”
ယောကျာ်းမှ ဆရာဝန်မလေးအား အတွန့်ပြန်တက်လိုက်သည်။
“ကိုယ်ဝန်ဆောင်ဆိုတာ ဆိုင်ကယ်စီးလို့ ကောင်းတာမဟုတ်ဘူး။ ကလေး ပျက်ကျနိုင်တယ်။ ဆိုင်ကယ်ဆိုတာ ကားလိုမဟုတ်ဘူး ချိမ့်တွေဆိုရင် ကားက ကိစ္စမရှိပေမဲ့ ဆိုင်ကယ်က ဆောင့်တော့ ကိုယ်ဝန်ပျက်ကျနိုင်တယ်။ အခုလိုမျိုးကိုယ်ဝန်ပျက်ကျချင်နေတဲ့ အခြေအနေမျိုးမှာ ဆိုင်ကယ်စီးမယ်ဆိုရင် တစ်ခါတည်းကို ကလေးပျက်ကျသွားနိုင်တယ်။ ကိုယ်ဝန်သည်ကို ဆိုင်ကယ်စီးဖို့နေနေသာသာ လမ်းတောင်မလျှောက်ခိုင်းတော့ဘူး။ ကလေးပျက်ကျမှစိုးလို့ နားလည်ပြီလား”
မျက်နှာငယ်ကလေးနှင့်ပဲ ဆရာမလေးကိုပြန်တောင်းပန်လိုက်သည်။ ကိုယ်တွေက မသိလို့ပြောမိတာကို ဆရာမလေး ခွင့်လွှတ်ကောင်းပါရဲ့။
“ဟုတ်ကဲ့ပါ ဆရာမ၇ယ် ဟုတ်ကဲ့ပါ”
လင်မယားနှစ်ယောက် ဆေးရုံကို ကားလေးငှားလာပြီးရောက်လာသည်။ ရောက်ရောက်ခြင်း စစ်ဆေးကြည့်တော့ ကိုယ်ဝန်ပျက်ကျနေသည်တဲ့။ ကိုယ်ဝန်၇လာတုန်းက မပျော်ခဲ့သော ယောကျ်ားက အခုကိုယ်ဝန်ပျက်ကျသည်ဆိုတော့ ဝမ်းနည်းပက်လက်ဖြစ်နေသည်။ ကိုယ်ဝန်လနုတုန်း ပင်ပင်ပန်းပန်းတွေ လုပ်လွန်းရင် ကလေးပျက်ကျတတ်သည်လို့လည်း ဆရာဝန်တွေက ပြောသည်။ ဘာပဲပြောပြော နောက်တစ်ကြိမ်တော့ ကိုယ်ဝန်ရှိနေရင် နားနားနေနေ နေရမည်လို့မှာလိုက်သည်။ နားနားနေနေ နေချင်ပါသည်။ ကိုယ်တွေ၏ အခြေအနေက နားနားနေနေ နေလို့ရပါစေလို့ပဲ ဆုတောင်းလိုက်ပါသည်။
Author: Dr.AMS