fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

HIV Positive လား / HIV Negative လား

96
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/03/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)







(Unicode)

HIV / AIDS ရောဂါမှာယနေ့အချိန်တွင် လူအများကြောက်လန့်ဆုံးရောဂါတစ်ခုဖြစ်သည်ဆိုပါက မှားမည်မ ဟုတ်ပေ။ အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်စွမ်းမရှိသေးပေ။ ကာကွယ်ရန်အတွက်လည်း ကာကွယ် ဆေးမထုတ်ဖော်နိုင်ကြသေးပါ။ ကြိုးပမ်းကြဆဲအဆင့်ပင်ရှိသေးသည်။ မိမိသည် HIV Positive ဖြစ်ပါကအခြား သူများကို မိမိမှ အခြားသူအားမကူးစက်စေဖို့ အရေးကြီးသည်။ အကယ်၍ မိမိသည် HIV Negative ဖြစ်ပါကမိမိ အား HIV Negative ဖြစ်သူမှ မကူးစက်စေရန် ဂရုစိုက်ရမည်ဖြစ်ပါသည်။

မိမိသည် HIV Negative ဖြစ်လျှင် HIV ကူးစက်မှုနှင့် ပတ်သက်ပြီး ဗဟုသုတများဆည်းပူးထားရပါမည်။ HIV ရောဂါအကြောင်းပြည့်ပြည့် စုံစုံသိထားသင့်သည်။ မိမိ၏ဆက်ဆံဖော်နှင့် ပတ်သက်ပြီး HIV အခြေအနေကိုလည်းသိထားဖို့ လိုအပ်ပါသည်။ လိင်ဆက်ဆံသောအခါတိုင်း ကွန်ဒုံးသုံးသင့်သည်။ Latex Condom (သို့) Polyurethans condom သုံးသင့်ပါ သည်။ အမျိုးသားတစ်ဦးဖြစ်ပါက လိင်အင်္ဂါထိပ်အရေပြားဖြတ်တောက်သင့်သည်။ ဆေးထိုးကုသမှုခံယူသည်ဆိုပါလျှင် တစ်ခါသုံးဆေးထိုးပြွန်၊ ဆေးထိုးအပ်သုံးရပါမည်။ သို့မဟုတ် ပိုးမွှား ကင်းစင် အောင်ပြုလုပ်ထားသော ပစ္စည်းသုံးရပါမည်။ သွေးနှင့် သွေးပစ္စည်းနဲ့ပတ်သက်ပြီး အမြဲတမ်းဂရုစိုက်ဖို့ လိုအပ်သည်။ပုံမှန်စစ်ဆေးမှု ခံယူပါ။ HIV/AIDS ရောဂါမှာ အမြစ်ပြတ်ပျောက်ကင်းမှု မရှိနိုင်သေးပါ။ ကာကွယ်ဆေးလည်းမရှိသေးပါ။ ထိုအ ချက်ကိုအမြဲသတိပြုရန် ဖြစ်ပါသည်။

မိမိသည် HIV Positive ဖြစ်လျှင်လုံခြုံစိတ်ချရမှုပြည့်ဝသော လိင်ဆက်ဆံမှုသာလျှင်ပြုဆောင်ပါ။ မိမိ၏ဆက်ဆံဖော်အားမိမိသည် HIV Positive ဖြစ်ကြောင်းပွင့်ပွင့်လင်းလင်းပြောပြပါ။ မိမိ၏ မိသားစုဝင်များနှင့် မိတ်ဆွေများအား မိမိအခြေအနေများကိုသေသေချာချာ တင်ပြထားရန်လို အပ်သည်။
ဆေးထိုးအပ်နှင့် ဆေးထိုးပိုက်တို့ကို မျှဝေသုံးစွဲခြင်းမပြုသင့်ပါ။ သွေးလှူဒါန်းမှုမပြုရပါ။ အင်္ဂါ အစိတ်အပိုင်းလှူဒါန်းမှု မပြုရပါ။

မုတ်ဆိတ်ရိတ်ဓားနှင့် သွားတိုက်တံများကိုလည်း မျှဝေသုံးစွဲခြင်းမပြုရပါ။ အကယ်၍ HIV Positive ဖြစ်သူ၏ဇနီး ကိုယ်ဝန်ရှိလျှင် (သို့) ကိုယ်ဝန်ရှိသူအမျိုးသမီးသည် HIV Positive ဖြစ်လျှင်ချက်ချင်းဆေးပညာရှင်နှင့် တိုင်ပင်ပါ။ ဆေးပညာရှင်ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ပါ။
လိုအပ်သော ကာကွယ်ဆေးများထိုးထားပါ။ ဥပမာ- တုပ်ကွေးကာကွယ်ဆေးထိုးထားပေးပါ။ အဆုတ်ရောင်ရော ဂါကာကွယ်ဆေးထိုးသင့်သည်။ ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။ မူးယစ်ဆေးဝါးသုံးစွဲခြင်း မပြုသင့်ကြပါ။ အစားအစာကို ဂရုစိုက်စားသုံးပါ။ လုံလောက်ပြည့်ဝစွာစားသုံးပါ။
ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေမည့် အစားအသောက်များရှောင်ကြဉ်ပါ။ သန့်ရှင်းသောရေ သောက်သုံးပါ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပေးပါ။ အိပ်ချိန်လုံလောက်စွာရှိပါစေ၊ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်အနားယူပါ။ ကပ်ပါးပိုးများ ကူးစက်စေနိုင်သော တိရစ္ဆာန်များကိုဂရုစိုက်ပါ။
စိတ်ကျန်းမာအောင် ဂရုစိုက်နေထိုင်ပါ။ စိတ်ချမ်းသာအောင်နေထိုင်ဖို့ ဖြစ်ပါသည်။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ဆောင်ရွက်ပါ။ အထူးသဖြင့်လက်ကို စင်ကြယ်စွာဆေးကြောရန် ဖြစ်ပါသည်။ HIV/AIDS ရောဂါအကြောင်း ဗဟုသုတပြည့်ပြည့်၀၀သိနိုင်ရန် ကြိုးပမ်းပါ။

တက်တက်ကြွကြွနေထိုင်ပါ။ လိုအပ်သော အားပေးကူညီမှုများကို ရယူရန်ဖြစ်ပါသည်။ မှန်ကန်တိကျသော ဆုံးဖြတ်ချက်များချမှတ်နိုင်ရပါမည်။ ဆေးပညာရှင်များနှင့် မပြတ်တွေ့ဆုံကာ လိုအပ်သောကုသမှုရယူပါ။ စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်ပါသည်။

Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ဆိုင်ကယ်လေးနှင့် သွားလို့မရဘူးလား

Next Post

ရင်သားကင်ဆာနှင့် အနီရောင်အသားစားသုံးမှုဆက်စပ်နေခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
734
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
980

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်သားကင်ဆာနှင့် အနီရောင်အသားစားသုံးမှုဆက်စပ်နေခြင်း

မျက်ဝတ်ထွက်ခြင်း

အလှပျက်သော ငါးမျက်စိနဲ့ အသားမာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.