တစ်နေ့ လူချော တာဝန်ချိန်မှာပေါ့…အသက်ငယ်ငယ် ကလေးမ တစ်ယောက် အရေးပေါ်လာပြတယ်..ပါလာတဲ့ လူအုပ်ကြီးက ရွာလုံးကျွတ်လောက်ရှိမယ်…လူနာမနည်းရှာရတယ် ..လူချောကြည့်လိုက်တော့ အသက် ၁၅..၁၆နှစ် သာသာရှိတဲ့ မိန်းမငယ်လေးတစ်ယောက် လက်တွန်းလည်းမှာ မလှုပ်မယှက် နဲ့ တွေ့လိုက်ရတော့ …လူအုပ်ကြီးကို မနည်းရှင်ပြီး လူနာရှိရာ အရောက်သွား ပြီး ကြည့်ရပါတော့တယ်…
လူနာက ဘာဖြစ်တာလဲ…..
လူနာအမေဆိုသူက…ဆရာရယ် ..သမီးက အကြောတတ်တာပါ..ကျောင်းကပြန်လာတိုင်းအကြောတတ်တယ်ပြောနေတာ ၃..၄ရက်ရှိပြီ!!!! ဒါနဲ့ ဆရာတို့နဲ့လာပြတာပါ…
လူချော သေချာမေးမြန်း စမ်းသပ်ရတော့မယ်ဆိုတာ အသေအချာပါ….လူနာကို ခေါ်ကြည့်တယ်..မနိုးပါ..မလှုပ်ပါ..
နာရင်နိုးမလားလို့ ထပ်ပြီး နှိုးကြည့်တယ် မျက်လုံးတော့ ပွင့်လာတယ်…ခဏပဲချက်ချင်းပြန်မှိတ်သွားတယ်…စကားပြောခိုင်းတယ် မပြောနိုင်ဘူး…သေချာတာကတော့ လူနာမှာ အကြောတတ်တာတစ်ခုထဲမဟုတ်နိုင်တော့ဘူး…လူနာရှင်ကိုထပ်မေးရမယ်…ဒေါ်ဒေါ် ..သေချာပြန်ပြောပါအုံး…
ဆရာ..သမီးက အကြောတတ်တာပဲ!!!
ဒါဆို ခုလို မလှုပ်/ မပြောဖြစ်သွားတာကကော….
အော် ဒါကလား,,, မနေ့က အကြောတတ်လို့ ဆိုပြီး..ဂုတ်ကို ဆေးသွားထိုးကြတယ်..ပြန်လာတော့ အဲ့လိုဖြစ်သွားကော…..
ဒေါ်ဒေါ်ရယ် …စလာကတည်းကပြောရောပေါ့…ခုတော့ သိပြီ…ဘယ်နားကိုထိုးတာလဲ? ….ဂုတ်ကို ၄ချက်ထိုးတာပါ…ရွာကဆရာထိုးပေးတာပါ…ဘာဆေးလဲသိလား? သိဘူးလေ….တဲ့။
လူချော…စမ်းသပ်တော့ လူနာမှာ လက်၂ဖက် ခြေ၂ဖက်လုံး မလှုပ်နိုင်ပါ…ထိတာ သိတာ နာတာတွေလဲမသိတော့ဘူး…။
အသက်ရှုတာတော့မှန်သေးတယ် ဒါဆို…. လည်ပင်း/ဂုတ်က အာရုံကြောတွေ…..
တွေးတောင်မတွေးရဲဘူး….မိန်းကလေးရယ်။
လိုအပ်တဲ့ စစ်ဆေးမှုတွေ အကုန်လုပ်….. ဦးနှောက်ကွန်ပြူတာဓာတ်မှန်လဲရိုက်…။
လူနာရှင် အမေကိုလဲရှင်းပြ…အဲ့တော့မှသူတို့ ဆေးထိုးခံ မိလို့ဖြစ်တာဆိုတာသိတော့တယ်….မိန်းကလေးငယ်ရဲ့ ကံကျမ္မာဟာ…..
**** (မလိုအပ်ပဲဆေးမထိုးကြပါနဲ့….အမှန်တကယ် တတ်ကျွမ်းတဲ့သူတွေနဲ့ပဲကုသကြပါလို့….)
အစဉ်ကြိုးစားလျက်….
Author: မောင်လူချော (အရေးပေါ်ကုသမှု ဆေးပညာ)