fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်

56
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/03/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

တညင္းသီးေၾကာင့္ ႐ုတ္တရက္ေက်ာက္ကပ္ပ်က္စီးျခင္း
ယခုလိုမိုးရာသီကာလမွာ တညင္းသီးလႈိင္လႈိင္ေပၚတဲ့အတြက္ တညင္းသီး ႀကိဳက္ႏွစ္သက္သူေတြအဖို႔ တညင္းသီးကို အတို႔အျမႇဳပ္၊ အုန္းႏို႔ဆမ္း စသည္ျဖင့္ စားသုံးေလ့ရွိပါတယ္။ ဒါေပမဲ့ တညင္းသီးကို အလြန္အကြၽံ စားသုံးရင္ေတာ့ လူကို အႏၲရာယ္ရွိႏိုင္တာကို သတိထားမိသူ အလြန္နည္းပါတယ္။
အသက္ရွည္ရာ အနာမဲ့ေၾကာင္းကို လူတိုင္းေတာင့္တၾကသလို အသက္ ရွည္ဖို႔နဲ႔ အနာေရာဂါမရွိေအာင္ေနထိုင္ႏိုင္ဖို႔လည္း စားသတိ၊ သြားသတိ၊ ေနသတိ နဲ႔ေနဖို႔ အေရးႀကီးပါတယ္။ ႀကိဳတင္ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုေကာင္းတယ္ ဆိုတဲ့အတိုင္း အာဟာရကို သင့္ေလ်ာ္႐ုံစားသုံးဖို႔လိုအပ္ၿပီး လြန္က်ဴးေအာင္ မစားသင့္ ပါဘူး။ သင့္ေလ်ာ္တဲ့အာဟာရျပည့္ဝဖို႔ စားေသာက္ရာမွာ ျမန္မာ့႐ိုးရာ တို႔စရာနဲ႔ ငါးပိရည္ဟာ မပါမျဖစ္ပါဘဲ။ တို႔စရာမွာ တညင္းသီးျပဳတ္၊ တညင္းသီးဆားရည္စိမ္၊ တညင္းသီးအုန္းႏို႔ဆမ္းတို႔ဟာ ထမင္းၿမိန္ခံတြင္းေတြ႕ေစပါတယ္။

ပါဝင္မႈ
တညင္းသီးမွာ ေရေငြ႕ဓာတ္၊ အသားဓာတ္၊ကစီဓာတ္၊သတၱဳဓာတ္၊ ထုံးဓာတ္၊ မီးစုန္းဓာတ္၊ သံဓာတ္၊ ဗီတာမင္ဘီဓာတ္နဲ႔ ဗီတာမင္ဘီဝမ္း၊ ဘီတူး စတဲ့ သဘာ၀ အာဟာရဓာတ္မ်ားစြာ ပါဝင္ေနပါတယ္။ တညင္းသီးဟာ ကုန္ခန္းသြားတဲ့ အစာေတြ ျပန္လည္ျပည့္ဝေစတဲ့ ေရေငြ႕ဓာတ္နဲ႔ခြန္အားကို မ်ားမ်ား တိုးတက္ျဖစ္ထြန္းေစႏိုင္တဲ့ ကစီဓာတ္မ်ားစြာလည္း ပါဝင္ပါတယ္။ မီးစုန္းဓာတ္ပါဝင္မႈကလည္း တတိယ အမ်ားဆုံးျဖစ္ပါတယ္။ အဲဒီဓာတ္ေတြက သြားနဲ႔အ႐ိုးေတြကို သန္မာေတာင့္တင္း ေစတယ္။ အလုပ္ၾကမ္းလုပ္ရတဲ့အလုပ္သမားေတြ၊ လယ္သမားေတြ အထူးလိုအပ္တဲ့ မီးစုန္းဓာတ္ကိုလည္း တညင္းသီးက ရရွိပါတယ္။

တန္ေဆးလြန္ေဘး
လူ႔ရဲ႕ခႏၶာကိုယ္ဟာ ဓာတ္အမ်ိဳးမ်ိဳး၊သတၳဳဓာတ္အမ်ိဳးမ်ိဳး ပါဝင္ဖြဲ႕စည္းထား ပါတယ္။ ဒါေပမဲ့ လူေတြဟာ ေန႔စဥ္နဲ႔အမွ် လႈပ္ရွားသြားလာေနတဲ့အတြက္ ခႏၶာကိုယ္ မွာ သတၳဳဓာတ္ကုန္ခန္းဆုတ္ယုတ္မႈျဖစ္ေပၚလာတယ္။ ပ်က္စီးသြားတာ ေတြရွိတယ္။ ပ်က္စီးသြားတဲ့ဓာတ္အမ်ိဳးမ်ိဳး၊ သတၳဳဓာတ္အမ်ိဳးမ်ိဳးကို ျပန္လည္ ျဖည့္တင္းရတယ္။ တညင္းသီးမွာ အဲဒီသတၳဳဓာတ္နဲ႔အာဟာရဓာတ္ေတြ ပါဝင္ေနေပမယ့္ အစားမ်ားရင္ ႐ုတ္တရက္ ေက်ာက္ကပ္ေရာင္ျခင္း၊ ေက်ာက္ကပ္ပ်က္စီးျခင္းတို႔ျဖစ္ပြားႏိုင္ပါတယ္။ တညင္းသီးျပဳတ္ အလုံး ၂၀၊ ၃၀ ေလာက္ကို တစ္ထိုင္တည္း စားလိုက္မိသူေတြ ဆီးမသြားႏိုင္ျဖစ္တာ၊ ခါးကိုက္လို႔ ေဆးခန္းလာျပတာမ်ိဳး ႀကဳံဖူးပါတယ္။ အဲဒီလိုျဖစ္လာရင္ ဆီး႐ႊင္ေဆးထိုးေပး၊ စားေဆးေကြၽးရင္ အျမန္ျပန္ေကာင္းႏိုင္ေပမယ့္ အခ်ိဳ႕ဆီး မသြားႏိုင္၊ ဆီးညႇစ္ရင္လည္း ေသြးပဲထြက္လို႔ ေက်ာက္ကပ္ေဆးရတဲ့အထိ ျဖစ္သြားခဲ့ၾကတယ္။ တညင္းသီးရဲ႕ အညႇာ၊ အေညႇာင့္ပိုင္း က ေက်ာက္ကပ္ကို အႏၲရာယ္ျဖစ္ေစပါတယ္။ ဆီးမသြားႏိုင္ရင္ ေသြးေပါင္ခ်ိန္တက္၊ စိတ္ဖိစီးမႈမ်ား၊ ဗိုက္ေအာင့္၊ ခါးကိုက္ၿပီး ဆီးမထြက္တဲ့ဒဏ္ကို ျပင္းထန္စြာ ခံစားရ တတ္တယ္။ ေသြးတိုးေရာဂါအခံရွိတဲ့သူဆို ဦးေႏွာက္ေသြးေၾကာျပတ္ၿပီး ေလျဖတ္ ႏိုင္တယ္။ တညင္းသီးရဲ႕အနံ႔အသက္ဟာ စားထားတဲ့သူရဲ႕ခံတြင္းမွာ အနံ႔နံ ေစသလို ဆီးေရာ ဝမ္းမွာပါ အနံ႔စြဲက်န္ေစပါတယ္။

ေက်ာက္ကပ္ဆဲလ္တစ္ခု
တညင္းသီးတစ္လုံးစားရင္ ေက်ာက္ကပ္ဆဲလ္တစ္ခုပ်က္စီးေစတယ္ဆိုေတာ့ တညင္းသီးမ်ားမ်ားစားရင္ ေက်ာက္ကပ္ပ်က္စီးမႈ ပိုမိုျဖစ္ပြားေစလို႔ ဂ႐ုျပဳသင့္ ပါတယ္။ ေက်ာက္ကပ္ေရာဂါ၊ ဆီးလမ္းေၾကာင္းေက်ာက္တည္ျခင္း၊ ပိုးဝင္ျခင္း၊ ဆီးလမ္းေၾကာင္းေရာင္ျခင္း၊ ေက်ာက္ကပ္အားနည္းျခင္း ေရာဂါရွိသူေတြအေနနဲ႔ တညင္းသီးလုံး၀ မစားသင့္ပါေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

Author: Dr. Lwin Thant

(Unicode)

တညင်းသီးကြောင့် ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်း
ယခုလိုမိုးရာသီကာလမှာ တညင်းသီးလှိုင်လှိုင်ပေါ်တဲ့အတွက် တညင်းသီး ကြိုက်နှစ်သက်သူတွေအဖို့ တညင်းသီးကို အတို့အမြှုပ်၊ အုန်းနို့ဆမ်း စသည်ဖြင့် စားသုံးလေ့ရှိပါတယ်။ ဒါပေမဲ့ တညင်းသီးကို အလွန်အကျွံ စားသုံးရင်တော့ လူကို အန္တရာယ်ရှိနိုင်တာကို သတိထားမိသူ အလွန်နည်းပါတယ်။
အသက်ရှည်ရာ အနာမဲ့ကြောင်းကို လူတိုင်းတောင့်တကြသလို အသက် ရှည်ဖို့နဲ့ အနာရောဂါမရှိအောင်နေထိုင်နိုင်ဖို့လည်း စားသတိ၊ သွားသတိ၊ နေသတိ နဲ့နေဖို့ အရေးကြီးပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ် ဆိုတဲ့အတိုင်း အာဟာရကို သင့်လျော်ရုံစားသုံးဖို့လိုအပ်ပြီး လွန်ကျူးအောင် မစားသင့် ပါဘူး။ သင့်လျော်တဲ့အာဟာရပြည့်ဝဖို့ စားသောက်ရာမှာ မြန်မာ့ရိုးရာ တို့စရာနဲ့ ငါးပိရည်ဟာ မပါမဖြစ်ပါဘဲ။ တို့စရာမှာ တညင်းသီးပြုတ်၊ တညင်းသီးဆားရည်စိမ်၊ တညင်းသီးအုန်းနို့ဆမ်းတို့ဟာ ထမင်းမြိန်ခံတွင်းတွေ့စေပါတယ်။

ပါဝင်မှု
တညင်းသီးမှာ ရေငွေ့ဓာတ်၊ အသားဓာတ်၊ကစီဓာတ်၊သတ္တုဓာတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ ဗီတာမင်ဘီဓာတ်နဲ့ ဗီတာမင်ဘီဝမ်း၊ ဘီတူး စတဲ့ သဘာ၀ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ တညင်းသီးဟာ ကုန်ခန်းသွားတဲ့ အစာတွေ ပြန်လည်ပြည့်ဝစေတဲ့ ရေငွေ့ဓာတ်နဲ့ခွန်အားကို များများ တိုးတက်ဖြစ်ထွန်းစေနိုင်တဲ့ ကစီဓာတ်များစွာလည်း ပါဝင်ပါတယ်။ မီးစုန်းဓာတ်ပါဝင်မှုကလည်း တတိယ အများဆုံးဖြစ်ပါတယ်။ အဲဒီဓာတ်တွေက သွားနဲ့အရိုးတွေကို သန်မာတောင့်တင်း စေတယ်။ အလုပ်ကြမ်းလုပ်ရတဲ့အလုပ်သမားတွေ၊ လယ်သမားတွေ အထူးလိုအပ်တဲ့ မီးစုန်းဓာတ်ကိုလည်း တညင်းသီးက ရရှိပါတယ်။

တန်ဆေးလွန်ဘေး
လူ့ရဲ့ခန္ဓာကိုယ်ဟာ ဓာတ်အမျိုးမျိုး၊သတ္ထုဓာတ်အမျိုးမျိုး ပါဝင်ဖွဲ့စည်းထား ပါတယ်။ ဒါပေမဲ့ လူတွေဟာ နေ့စဉ်နဲ့အမျှ လှုပ်ရှားသွားလာနေတဲ့အတွက် ခန္ဓာကိုယ် မှာ သတ္ထုဓာတ်ကုန်ခန်းဆုတ်ယုတ်မှုဖြစ်ပေါ်လာတယ်။ ပျက်စီးသွားတာ တွေရှိတယ်။ ပျက်စီးသွားတဲ့ဓာတ်အမျိုးမျိုး၊ သတ္ထုဓာတ်အမျိုးမျိုးကို ပြန်လည် ဖြည့်တင်းရတယ်။ တညင်းသီးမှာ အဲဒီသတ္ထုဓာတ်နဲ့အာဟာရဓာတ်တွေ ပါဝင်နေပေမယ့် အစားများရင် ရုတ်တရက် ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ်ပွားနိုင်ပါတယ်။ တညင်းသီးပြုတ် အလုံး ၂၀၊ ၃၀ လောက်ကို တစ်ထိုင်တည်း စားလိုက်မိသူတွေ ဆီးမသွားနိုင်ဖြစ်တာ၊ ခါးကိုက်လို့ ဆေးခန်းလာပြတာမျိုး ကြုံဖူးပါတယ်။ အဲဒီလိုဖြစ်လာရင် ဆီးရွှင်ဆေးထိုးပေး၊ စားဆေးကျွေးရင် အမြန်ပြန်ကောင်းနိုင်ပေမယ့် အချို့ဆီး မသွားနိုင်၊ ဆီးညှစ်ရင်လည်း သွေးပဲထွက်လို့ ကျောက်ကပ်ဆေးရတဲ့အထိ ဖြစ်သွားခဲ့ကြတယ်။ တညင်းသီးရဲ့ အညှာ၊ အညှောင့်ပိုင်း က ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေပါတယ်။ ဆီးမသွားနိုင်ရင် သွေးပေါင်ချိန်တက်၊ စိတ်ဖိစီးမှုများ၊ ဗိုက်အောင့်၊ ခါးကိုက်ပြီး ဆီးမထွက်တဲ့ဒဏ်ကို ပြင်းထန်စွာ ခံစားရ တတ်တယ်။ သွေးတိုးရောဂါအခံရှိတဲ့သူဆို ဦးနှောက်သွေးကြောပြတ်ပြီး လေဖြတ် နိုင်တယ်။ တညင်းသီးရဲ့အနံ့အသက်ဟာ စားထားတဲ့သူရဲ့ခံတွင်းမှာ အနံ့နံ စေသလို ဆီးရော ဝမ်းမှာပါ အနံ့စွဲကျန်စေပါတယ်။

ကျောက်ကပ်ဆဲလ်တစ်ခု
တညင်းသီးတစ်လုံးစားရင် ကျောက်ကပ်ဆဲလ်တစ်ခုပျက်စီးစေတယ်ဆိုတော့ တညင်းသီးများများစားရင် ကျောက်ကပ်ပျက်စီးမှု ပိုမိုဖြစ်ပွားစေလို့ ဂရုပြုသင့် ပါတယ်။ ကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်း၊ ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း ရောဂါရှိသူတွေအနေနဲ့ တညင်းသီးလုံး၀ မစားသင့်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

Author: Dr. Lwin Thant

Previous Post

စိတ်ဖောက်ပြန်မှု

Next Post

လှုပ်ရှားလွန်းရောဂါလက္ခဏာ ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
123

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
596

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လှုပ်ရှားလွန်းရောဂါလက္ခဏာ ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း

ဝေးနေဆဲပါ

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၀) တားဆေး ထိုးဆေးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.