fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဝေးနေဆဲပါ

38
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/03/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ယေန႔ IT ေခတ္ႀကီးတြင္ Facebook သုံးစြဲသူအေတာ္မ်ားမ်ား ျမန္မာႏိုင္ငံတြင္ေပၚေပါက္လာခဲ့ပါသည္။ အခ်ိဳ႕ သည္လည္း ဗဟုသုတရွာလို၍ေသာ္လည္း   ေကာင္း၊ အခ်ိဳ႕သည္လည္းျပည္တြင္းျပည္ပသတင္း သိလို၍ေသာ္ လည္းေကာင္း၊ အခ်ိဳ႕သည္လည္း လိင္ပိုင္းဆိုင္ရာအရသာခံလို၍လည္းေကာင္း မိမိတို႔ စိတ္ဝင္စားသလို သုံးစြဲ ေနၾကျခင္းျဖစ္ပါသည္။ သို႔ေသာ္သုံးတတ္လွ်င္ေဆးျဖစ္သလို မသုံးတတ္လွ်င္လည္း ေဘးျဖစ္ေစခဲ့မႈမ်ားလည္း ေတြ႕ျမင္ေနရပါ သည္။

ကြၽန္ေတာ္သည္လည္း မိမိ၏စာေပးမ်ား Facebook မွတစ္ဆင့္ျဖန႔္ေဝရာတြင္ HIV ႏွင့္ ပတ္သက္ေသာသိလိုသည္မ်ား၊ သတင္းအခ်က္အလက္မ်ားကို ျပန္လည္ေျဖၾကားမႈမ်ားျပဳလုပ္ေလ့ရွိပါသည္။ ျပည္တြင္းရွိ HIV ေလာက၏အေျခအေနမွန္မ်ားကို ျပည္တြင္းမွေမးျမန္းမႈမ်ားရွိၾကသလို ျပည္ပေရာက္ျမန္မာႏိုင္ငံသားမ်ားမွ ေမးျမန္းလာမႈမ်ားကိုလည္း ေျဖၾကားရတတ္ပါသည္။ ထို႔အျပင္ ျပည္ပတြင္သြားေရာက္အလုပ္လုပ္ ကိုင္ၿပီး HIV ကူးစက္ခံေနရသည့္ျမန္မာႏိုင္ငံသားတို႔မွလည္း သူတို႔သိလိုသည့္ျမန္မာႏိုင္ငံ၏ HIV အေရးကိစၥ မ်ားကိုလည္းေမျမန္းမႈရွိသည့္အျပင္ သူတို႔ေရာက္ရွိေနသည့္ႏိုင္ငံ၏ ျမန္မာလူမ်ိဳးတို႔၏ HIV ကူးစက္ခံေနရမႈအ ေျခအေနႏွင့္ ေဆးကုသမႈအေျခအေနမ်ားကိုပါ သတင္းေပးပို႔လာၾကပါသည္။ ထိုအထဲတြင္ မေလးရွားႏိုင္ငံတြင္ သြားေရာက္လုပ္ကိုင္   ေနၾကသည့္ ျမန္မာႏိုင္ငံသားတို႔ HIV ကူးစက္ခံေနရမႈအေျခအေနမ်ား၊ ေဆးကုသမႈခံယူ ရာတြင္ႀကဳံေတြ႕ေနၾကရသည့္ အခက္အခဲမ်ားကိုပါထပ္မံ သိခြင့္ရခဲ့ပါသည္။

ထိုသူတို႔၏ေျပာျပခ်က္မ်ားအရ မေလးရွားႏိုင္ငံသို႔ သြားေရာက္လုပ္ကိုင္ေနၾကသည့္ ျမန္မာႏိုင္ငံသားတို႔၏ အေျခအေနမွာ မ်ားေသာအားျဖင့္အေျခခံလုပ္သားမ်ားသာ အမ်ားဆုံးျဖစ္ေနပါသည္။ ျမန္မာႏိုင္ငံအရပ္ရပ္မွ လူမ်ိဳး ေပါင္းစုံျဖစ္ေနသည့္အျပင္ ရွိစုမဲ့စုမိဘဘိုးဘြားပိုင္ လယ္၊ ၿခံ၊ အိမ္မ်ားေပါင္ႏွံေရာင္းခ်ကာျဖင့္ သြားေရာက္လုပ္ ကိုင္ေနသူအမ်ားစုပင္ျဖစ္ေနၾကပါသည္။ ပညာရပ္ပိုင္းဆိုင္ရာျဖင့္ သြားေရာက္လုပ္ကိုင္ေနသူအမ်ားစုမွာ အ နည္းငယ္ပင္ျဖစ္ၾကပါသည္။ မိမိတို႔၏ ကာယလုပ္အားကို သြားေရာက္ေရာင္းစားလုပ္ကိုင္ေနၾကသူအမ်ားစု သည္ အေျခခံအားျဖင့္ နည္းပါးၾကသည့္အျပင္ ဗဟုသုတရွာမွီးရန္အခ်ိန္မရၾကသလို မိမိတို႔၏အေႂကြးမ်ားေၾက ေအာင္ေငြကိုသာ ႐ုန္းကန္ရွာေဖြၾကရသူအမ်ားစုပင္ျဖစ္ၾကသည္။ က်န္းမာေရးဗဟုသုတမ်ားလိုက္စားရန္ အခ်ိန္ မရၾကသလို ေလ့လာသိရန္သင့္ေၾကာင္း ဗဟုသုတနည္းပါးသူမ်ားျဖစ္ေနၾကပါသည္။ ထို႔အျပင္မိေဝးဖေဝးလာ ေရာက္လုပ္ကိုင္ေနရသည့္ လူငယ္လူ႐ြယ္မ်ား ျဖစ္သလို အုပ္ထိန္းမႈကင္းလြတ္ေနသူအမ်ားစုပင္ျဖစ္ေနၾကပါ သည္။ အခ်ိဳ႕အိမ္ေထာင္ရွင္မ်ားသည္လည္း တစ္ကိုယ္ေရတစ္ကာယ လာေရာက္လုပ္ကိုင္ေနၾကသျဖင့္ လိင္ ပိုင္းဆိုင္ရာ ထိန္းသိမ္းကာကြယ္မႈအားနည္းေနျခင္းမ်ားလည္း ရွိေနၾကပါသည္။ ထို႔အတြက္ေၾကာင့္ လိင္ပိုင္း ဆိုင္ရာလြတ္လပ္ခြင့္မ်ား ပိုမိုရေနၾကသျဖင့္လိင္မွတစ္ဆင့္ ကူးစက္ႏိုင္သည့္ေရာဂါမ်ား ကူးစက္ခံထားရပါေတာ့သည္။လူတိုင္းမဟုတ္ေသာ္လည္း ကူးစက္ႏိုင္ေခ်ပိုမ်ားသြားသည့္အတြက္ HIV ႏွင့္အျခားေရာဂါမ်ားကူးစက္ခံ ေနရသူမ်ားရွိလာပါေတာ့သည္။

ထိုစဥ္အခါတြင္ နီးစပ္ရာျမန္မာအခ်င္းခ်င္း ကူညီေပးမႈျဖင့္ေဆးကုသမႈ ခံယူၾကရပါသည္။ မိမိတို႔၏လုပ္ငန္းခြင္မွ လူမ်ားမသိေအာင္လည္းလွ်ိဳ႕ဝွက္စြာေဆးကုသမႈခံယူၾကရသလို ျမန္မာႏိုင္ငံသို႔လည္းဤေရာဂါျဖင့္ ျပန္မလာရဲ ဘဲရွိေနၾကပါသည္။ ထို႔အျပင္ျမန္မာႏိုင္ငံရွိ HIV ေလာကႏွင့္အဆက္အသြယ္ျပတ္ေနၾကသျဖင့္ ေဆးကုသမႈခံ ယူႏိုင္သည့္ အခြင့္အလမ္းမ်ားကိုလည္းသိလိုေနၾကေၾကာင္း သိရပါသည္။ လက္ရွိ မေလးရွားႏိုင္ငံေရာက္ေနၿပီး HIV ကူးစက္ခံေနရသည့္ျမန္မာႏိုင္ငံသားတို႔၏ အခက္အခဲမ်ားစြာ ရွိေနၾကပါသည္။ ယခင္အခ်ိန္ကေဆးဝါးခႏွင့္ ဓာတ္ခြဲစမ္းသပ္မႈအမ်ားအတြက္ အခမဲ့ျဖစ္ေနေသာ္လည္း ယခုအခ်ိန္တြင္ကုန္က်စရိတ္ကို တစ္ဝက္က်ခံေနရ သည့္အတြက္ လုပ္အားခမ်ားထဲမွစုေဆာင္းေပးေခ်ေနရေၾကာင္းလည္း သတင္းပို႔လာပါသည္။ ယမန္ႏွစ္ကဆို လွ်င္မေလးရွားေရာက္ HIV ရွိသူအခ်ိဳ႕ကိုျမန္မာႏိုင္ငံမွ ဘာသာေရးအသင္းအဖြဲ႕မ်ားမွသြားေရာက္ ေခၚယူခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ျပန္လည္းကုသေပးမႈမ်ားလည္း ျပဳလုပ္ခဲ့ရပါသည္။ထိုသို႔အသင္းအဖြဲ႕မ်ားႏွင့္ခ်ိတ္ဆက္မိသူမ်ားအဖို႔ အလြန္ပင္ခက္ခဲမႈမ်ားျဖစ္ၾကရပါသည္။ HIVကူးစက္ခံေနရသည့္ႏိုင္ငံျခားေရာက္ ျမန္မာမ်ား၏အခက္ အခဲသည္ မေလးရွားႏိုင္ငံတစ္ခုတြင္သာမက ကမာၻအရပ္ရပ္တြင္လည္း ရွိေနပါေသးသည္။

မိမိတို႔ႏိုင္ငံတြင္ စားဝတ္ေနေရးရပ္တည္ရန္အတြက္ လုံေလာက္ေသာဝင္ေငြမရႏိုင္သျဖင့္ ျပည္ပသို႔သြားေရာက္ လုပ္ကိုင္ရွာေဖြရင္းျဖင့္ တစ္ပူေပၚႏွစ္ပူဆင့္ကာ HIV ပိုးကူးစက္ခံရပါက ပိုမိုခက္ခဲေသာဘဝသို႔ေရာက္ရွိသြားၾက ပါေတာ့သည္။ HIV ကာကြယ္ျခင္းဗဟုသုတမ်ား နည္းပါးသည့္အျပင္လိင္ပိုင္းဆိုင္ရာလြယ္ကူျခင္းမ်ားသည္ လည္း ေရာဂါကူးစက္ခံရေစရန္ တြန္းအားေပးသကဲ့သို႔ ျဖစ္ေနပါေတာ့သည္။ ထို႔အျပင္ေရာဂါကူးစက္ခံရပါက ကုသခံယူမႈနည္းလမ္းမ်ား ေလ့လာရာတြင္လည္းဘာသာစကား အခက္အခဲေၾကာင့္ထိေရာက္မႈ အားနည္းေန ျခင္းလည္းျဖစ္တတ္ၾကပါသည္။

ယေန႔ျမန္မာႏိုင္ငံတြင္ HIV ႏွင့္ပတ္သက္ေသာကာကြယ္ျခင္း၊ ကုသျခင္းႏွင့္ျပဳစုေစာင့္ေရွာက္ျခင္းလုပ္ငန္းမ်ား သည္ယခင္ကထက္ ပိုမိုက်ယ္ျပန႔္လာသည္ဟု ဆိုေသာ္လည္းတစ္ႏိုင္ငံလုံးရွိ ေတာ႐ြာမ်ားႏွင့္အေျခခံလူတန္း စားတို႔အထိ ပ်ံ႕ႏွံ႔စိမ့္ဝင္မႈမရွိေသးေသာေၾကာင့္ HIV ထပ္မံကူးစက္ခံေနရျခင္းမ်ားလည္း ရွိေနၾကပါေသးသည္။ HIV ကိုဥပေဒတစ္ရပ္ျပဳၿပီး ယခုထက္စနစ္တက်ျပဳလုပ္ႏိုင္မႈ မရွိေသးျခင္းသည္လည္း ေနာင္အနာဂတ္မ်ိဳးဆက္ သစ္တို႔ ရင္ေလးစရာတစ္ခုပင္ျဖစ္ပါသည္။ မိမိ၏ႏိုင္ငံတြင္း၌ပင္လုံေလာက္ေသာစီမံခ်က္မ်ား အားနည္းေနသ ျဖင့္ ႏိုင္ငံျခားေရာက္ေနၾကေသာ HIV ကူးစက္ခံေနရသည့္     ျမန္မာလူမ်ိဳးမ်ားအတြက္ဆိုလွ်င္ ေမွ်ာ္လင့္စရာမ်ားပို မိုေဝးေနဆဲပင္ျဖစ္ပါသည္။ ထို႔အတြက္ေၾကာင့္ႏိုင္ငံျခားတြင္ မည္သည့္ကိစၥျဖင့္ေရာက္ေနသည့္ ျမန္မာလူမ်ိဳးတို႔ သည္ HIV ႏွင့္တကြအျခားေသာကူးစက္ေရာဂါမ်ားကို သတိျပဳၿပီးေရွာင္ရွားႏိုင္ေစရန္ ေရးသားလိုက္ရပါေတာ့ သည္။

Author: လႈိင္ (PEER) Vol-8 / No-8 Healthcare Jornal

(Unicode)

ယနေ့ IT ခေတ်ကြီးတွင် Facebook သုံးစွဲသူအတော်များများ မြန်မာနိုင်ငံတွင်ပေါ်ပေါက်လာခဲ့ပါသည်။ အချို့ သည်လည်း ဗဟုသုတရှာလို၍သော်လည်း   ကောင်း၊ အချို့သည်လည်းပြည်တွင်းပြည်ပသတင်း သိလို၍သော် လည်းကောင်း၊ အချို့သည်လည်း လိင်ပိုင်းဆိုင်ရာအရသာခံလို၍လည်းကောင်း မိမိတို့ စိတ်ဝင်စားသလို သုံးစွဲ နေကြခြင်းဖြစ်ပါသည်။ သို့သော်သုံးတတ်လျှင်ဆေးဖြစ်သလို မသုံးတတ်လျှင်လည်း ဘေးဖြစ်စေခဲ့မှုများလည်း တွေ့မြင်နေရပါ သည်။

ကျွန်တော်သည်လည်း မိမိ၏စာပေးများ Facebook မှတစ်ဆင့်ဖြန့်ဝေရာတွင် HIV နှင့် ပတ်သက်သောသိလိုသည်များ၊ သတင်းအချက်အလက်များကို ပြန်လည်ဖြေကြားမှုများပြုလုပ်လေ့ရှိပါသည်။ ပြည်တွင်းရှိ HIV လောက၏အခြေအနေမှန်များကို ပြည်တွင်းမှမေးမြန်းမှုများရှိကြသလို ပြည်ပရောက်မြန်မာနိုင်ငံသားများမှ မေးမြန်းလာမှုများကိုလည်း ဖြေကြားရတတ်ပါသည်။ ထို့အပြင် ပြည်ပတွင်သွားရောက်အလုပ်လုပ် ကိုင်ပြီး HIV ကူးစက်ခံနေရသည့်မြန်မာနိုင်ငံသားတို့မှလည်း သူတို့သိလိုသည့်မြန်မာနိုင်ငံ၏ HIV အရေးကိစ္စ များကိုလည်းမေမြန်းမှုရှိသည့်အပြင် သူတို့ရောက်ရှိနေသည့်နိုင်ငံ၏ မြန်မာလူမျိုးတို့၏ HIV ကူးစက်ခံနေရမှုအ ခြေအနေနှင့် ဆေးကုသမှုအခြေအနေများကိုပါ သတင်းပေးပို့လာကြပါသည်။ ထိုအထဲတွင် မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်   နေကြသည့် မြန်မာနိုင်ငံသားတို့ HIV ကူးစက်ခံနေရမှုအခြေအနေများ၊ ဆေးကုသမှုခံယူ ရာတွင်ကြုံတွေ့နေကြရသည့် အခက်အခဲများကိုပါထပ်မံ သိခွင့်ရခဲ့ပါသည်။

ထိုသူတို့၏ပြောပြချက်များအရ မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားတို့၏ အခြေအနေမှာ များသောအားဖြင့်အခြေခံလုပ်သားများသာ အများဆုံးဖြစ်နေပါသည်။ မြန်မာနိုင်ငံအရပ်ရပ်မှ လူမျိုး ပေါင်းစုံဖြစ်နေသည့်အပြင် ရှိစုမဲ့စုမိဘဘိုးဘွားပိုင် လယ်၊ ခြံ၊ အိမ်များပေါင်နှံရောင်းချကာဖြင့် သွားရောက်လုပ် ကိုင်နေသူအများစုပင်ဖြစ်နေကြပါသည်။ ပညာရပ်ပိုင်းဆိုင်ရာဖြင့် သွားရောက်လုပ်ကိုင်နေသူအများစုမှာ အ နည်းငယ်ပင်ဖြစ်ကြပါသည်။ မိမိတို့၏ ကာယလုပ်အားကို သွားရောက်ရောင်းစားလုပ်ကိုင်နေကြသူအများစု သည် အခြေခံအားဖြင့် နည်းပါးကြသည့်အပြင် ဗဟုသုတရှာမှီးရန်အချိန်မရကြသလို မိမိတို့၏အကြွေးများကြေ အောင်ငွေကိုသာ ရုန်းကန်ရှာဖွေကြရသူအများစုပင်ဖြစ်ကြသည်။ ကျန်းမာရေးဗဟုသုတများလိုက်စားရန် အချိန် မရကြသလို လေ့လာသိရန်သင့်ကြောင်း ဗဟုသုတနည်းပါးသူများဖြစ်နေကြပါသည်။ ထို့အပြင်မိဝေးဖဝေးလာ ရောက်လုပ်ကိုင်နေရသည့် လူငယ်လူရွယ်များ ဖြစ်သလို အုပ်ထိန်းမှုကင်းလွတ်နေသူအများစုပင်ဖြစ်နေကြပါ သည်။ အချို့အိမ်ထောင်ရှင်များသည်လည်း တစ်ကိုယ်ရေတစ်ကာယ လာရောက်လုပ်ကိုင်နေကြသဖြင့် လိင် ပိုင်းဆိုင်ရာ ထိန်းသိမ်းကာကွယ်မှုအားနည်းနေခြင်းများလည်း ရှိနေကြပါသည်။ ထို့အတွက်ကြောင့် လိင်ပိုင်း ဆိုင်ရာလွတ်လပ်ခွင့်များ ပိုမိုရနေကြသဖြင့်လိင်မှတစ်ဆင့် ကူးစက်နိုင်သည့်ရောဂါများ ကူးစက်ခံထားရပါတော့သည်။လူတိုင်းမဟုတ်သော်လည်း ကူးစက်နိုင်ချေပိုများသွားသည့်အတွက် HIV နှင့်အခြားရောဂါများကူးစက်ခံ နေရသူများရှိလာပါတော့သည်။

ထိုစဉ်အခါတွင် နီးစပ်ရာမြန်မာအချင်းချင်း ကူညီပေးမှုဖြင့်ဆေးကုသမှု ခံယူကြရပါသည်။ မိမိတို့၏လုပ်ငန်းခွင်မှ လူများမသိအောင်လည်းလျှို့ဝှက်စွာဆေးကုသမှုခံယူကြရသလို မြန်မာနိုင်ငံသို့လည်းဤရောဂါဖြင့် ပြန်မလာရဲ ဘဲရှိနေကြပါသည်။ ထို့အပြင်မြန်မာနိုင်ငံရှိ HIV လောကနှင့်အဆက်အသွယ်ပြတ်နေကြသဖြင့် ဆေးကုသမှုခံ ယူနိုင်သည့် အခွင့်အလမ်းများကိုလည်းသိလိုနေကြကြောင်း သိရပါသည်။ လက်ရှိ မလေးရှားနိုင်ငံရောက်နေပြီး HIV ကူးစက်ခံနေရသည့်မြန်မာနိုင်ငံသားတို့၏ အခက်အခဲများစွာ ရှိနေကြပါသည်။ ယခင်အချိန်ကဆေးဝါးခနှင့် ဓာတ်ခွဲစမ်းသပ်မှုအများအတွက် အခမဲ့ဖြစ်နေသော်လည်း ယခုအချိန်တွင်ကုန်ကျစရိတ်ကို တစ်ဝက်ကျခံနေရ သည့်အတွက် လုပ်အားခများထဲမှစုဆောင်းပေးချေနေရကြောင်းလည်း သတင်းပို့လာပါသည်။ ယမန်နှစ်ကဆို လျှင်မလေးရှားရောက် HIV ရှိသူအချို့ကိုမြန်မာနိုင်ငံမှ ဘာသာရေးအသင်းအဖွဲ့များမှသွားရောက် ခေါ်ယူခဲ့ပြီး မြန်မာနိုင်ငံတွင်ပြန်လည်းကုသပေးမှုများလည်း ပြုလုပ်ခဲ့ရပါသည်။ထိုသို့အသင်းအဖွဲ့များနှင့်ချိတ်ဆက်မိသူများအဖို့ အလွန်ပင်ခက်ခဲမှုများဖြစ်ကြရပါသည်။ HIVကူးစက်ခံနေရသည့်နိုင်ငံခြားရောက် မြန်မာများ၏အခက် အခဲသည် မလေးရှားနိုင်ငံတစ်ခုတွင်သာမက ကမ္ဘာအရပ်ရပ်တွင်လည်း ရှိနေပါသေးသည်။

မိမိတို့နိုင်ငံတွင် စားဝတ်နေရေးရပ်တည်ရန်အတွက် လုံလောက်သောဝင်ငွေမရနိုင်သဖြင့် ပြည်ပသို့သွားရောက် လုပ်ကိုင်ရှာဖွေရင်းဖြင့် တစ်ပူပေါ်နှစ်ပူဆင့်ကာ HIV ပိုးကူးစက်ခံရပါက ပိုမိုခက်ခဲသောဘဝသို့ရောက်ရှိသွားကြ ပါတော့သည်။ HIV ကာကွယ်ခြင်းဗဟုသုတများ နည်းပါးသည့်အပြင်လိင်ပိုင်းဆိုင်ရာလွယ်ကူခြင်းများသည် လည်း ရောဂါကူးစက်ခံရစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေပါတော့သည်။ ထို့အပြင်ရောဂါကူးစက်ခံရပါက ကုသခံယူမှုနည်းလမ်းများ လေ့လာရာတွင်လည်းဘာသာစကား အခက်အခဲကြောင့်ထိရောက်မှု အားနည်းနေ ခြင်းလည်းဖြစ်တတ်ကြပါသည်။

ယနေ့မြန်မာနိုင်ငံတွင် HIV နှင့်ပတ်သက်သောကာကွယ်ခြင်း၊ ကုသခြင်းနှင့်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းများ သည်ယခင်ကထက် ပိုမိုကျယ်ပြန့်လာသည်ဟု ဆိုသော်လည်းတစ်နိုင်ငံလုံးရှိ တောရွာများနှင့်အခြေခံလူတန်း စားတို့အထိ ပျံ့နှံ့စိမ့်ဝင်မှုမရှိသေးသောကြောင့် HIV ထပ်မံကူးစက်ခံနေရခြင်းများလည်း ရှိနေကြပါသေးသည်။ HIV ကိုဥပဒေတစ်ရပ်ပြုပြီး ယခုထက်စနစ်တကျပြုလုပ်နိုင်မှု မရှိသေးခြင်းသည်လည်း နောင်အနာဂတ်မျိုးဆက် သစ်တို့ ရင်လေးစရာတစ်ခုပင်ဖြစ်ပါသည်။ မိမိ၏နိုင်ငံတွင်း၌ပင်လုံလောက်သောစီမံချက်များ အားနည်းနေသ ဖြင့် နိုင်ငံခြားရောက်နေကြသော HIV ကူးစက်ခံနေရသည့်     မြန်မာလူမျိုးများအတွက်ဆိုလျှင် မျှော်လင့်စရာများပို မိုဝေးနေဆဲပင်ဖြစ်ပါသည်။ ထို့အတွက်ကြောင့်နိုင်ငံခြားတွင် မည်သည့်ကိစ္စဖြင့်ရောက်နေသည့် မြန်မာလူမျိုးတို့ သည် HIV နှင့်တကွအခြားသောကူးစက်ရောဂါများကို သတိပြုပြီးရှောင်ရှားနိုင်စေရန် ရေးသားလိုက်ရပါတော့ သည်။

Author: လှိုင် (PEER) Vol-8 / No-8 Healthcare Jornal

Previous Post

လှုပ်ရှားလွန်းရောဂါလက္ခဏာ ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း

Next Post

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၀) တားဆေး ထိုးဆေးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
736
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
981

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ် (၁၀) တားဆေး ထိုးဆေးများ

ငုပ်လိုက်တဲ့ ခြေစွယ်

တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.