(Zawgyi)
ေျခစြယ္ငုပ္တာကို Ingrowing Toenail လို႔ေခၚတယ္ ။အမ်ားအားျဖင့္
ေျခမမွာ ပိုျဖစ္တတ္တယ္ ။
ေျခစြယ္ငုပ္ျခင္းရဲ႕ လကၡဏာေတြက ဘာေတြလဲ ။
-ေျခစြယ္မ်ား နီရဲျခင္း
-နာက်င္ျခင္း
-ေရာင္ျခင္း
-ထပ္ဆင့္ ပိုးဝင္ကာ ျပည္တည္ျခင္း
ေျခစြယ္ ဘာေၾကာင့္ ငုပ္တာလဲ ။
-ေျခသည္းညႇပ္ရာတြင္ စနစ္မက်ဘဲ ေျခစြယ္က်န္ျခင္း
-အလြန္တရာ ခုံးေသာ ေျခသည္းမ်ားရွိျခင္း
-ရွဴးဖိနပ္ ၾကပ္ၾကပ္စီးတဲ့ အခါ ေျခေခ်ာင္းမ်ား စုညႇစ္ခံထားရျခင္း
ဘယ္အခ်ိန္မွာ မိမိ မိသားစုဆရာဝန္နဲ႔ တိုင္ပင္မလဲ ။
-ေျခသည္းငုပ္တာ မခံမရပ္ႏိုင္ေအာင္ နာက်င္ကိုက္ခဲက
-ေျခစြယ္ပိုးဝင္ ေရာင္ရမ္းက
-ေသြးခ်ိဳ ဆီးခ်ိဳေရာဂါနဲ႔ ေသြးေၾကာက်ဥ္းတဲ့ေရာဂါမ်ား ရွိက
-ရက္အတန္ၾကာတဲ့ အထိ မသက္သာက
မိမိ မိသားစုဆရာဝန္နဲ႔ ျပသင့္ပါတယ္ ။သင့္ဆရာဝန္က ေျခစြယ္ငုပ္ေနတာကို အစေဖာ္ကာ သက္သာေအာင္ ေဆးထည့္ျခင္း ၊ေျခစြယ္အစ လွီးေပးျခင္းမ်ား ၊အရမ္းဆိုးေသာ ေျခစြယ္ငုပ္ျခင္းကိုေတာ့ ေျခသည္းအခြံ ဖယ္ရွားျခင္းျဖင့္ ကုသေပးပါလိမ့္မယ္ ။
မိမိဘာသာ ဘာလုပ္ႏိုင္လဲ ။
-ေရေႏြးထဲ ဆားကို ထမင္းစားဇြန္း ၂ဇြန္း ၃ဇြန္းခန႔္ ခတ္ပါ ။ထိုဆားေရေႏြးျဖင့္ေျခစြယ္ငုပ္ေနေသာ ေျခေထာက္ကို တစ္ခါစိမ္ ၁၀မိနစ္ခန႔္ တစ္ေန႔ ၂ႀကိမ္ ၃ႀကိမ္ခန႔္ စိမ္ေပးပါ ။
-နာေန ၊ေရာင္ေနေသာ ေနရာကို ပလတ္စတာ ကပ္ထားပါ ။
-ေျခညႇပ္ဖိနပ္ ၊ကြင္းထိုးဖိနပ္ပဲ စီးပါ ။
-ေျခသည္းဆိုးျခင္း ၊ေျခသည္းဆိုးေဆး ခြၽတ္ျခင္းတို႔ကို ေျခစြယ္ငုပ္ေနစဥ္ မလုပ္ရ ။
ဘယ္လို ကာကြယ္မလဲ ။
-ေျခသည္းကို ေျခစြယ္မက်န္ေအာင္ စနစ္တက် ညႇပ္ပါ ။
-ေန႔စဥ္ ေျခေထာက္ကို ညဘက္ အိပ္ခါနီးတြင္ စနစ္တက် ေဆးေၾကာ သန႔္စင္ပါ။
-ေျခေခ်ာင္းေလးမ်ားကို စုညႇစ္ထားတတ္သည့္ ဖိနပ္မ်ား ၊ေဒါက္ျမင့္ ဖိနပ္မ်ား ၊ရွဴးဖိနပ္မ်ားကို မစီးသင့္ပါ ။
-ေျခစြပ္ ၊ေျခအိတ္ ၊စေတာကင္မ်ား ဝတ္တတ္က ပုံမွန္လဲပါ ။
Author: ေခတ္သစ္ ဇီဝက
(Unicode)
ခြေစွယ်ငုပ်တာကို Ingrowing Toenail လို့ခေါ်တယ် ။အများအားဖြင့်
ခြေမမှာ ပိုဖြစ်တတ်တယ် ။
ခြေစွယ်ငုပ်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ။
-ခြေစွယ်များ နီရဲခြင်း
-နာကျင်ခြင်း
-ရောင်ခြင်း
-ထပ်ဆင့် ပိုးဝင်ကာ ပြည်တည်ခြင်း
ခြေစွယ် ဘာကြောင့် ငုပ်တာလဲ ။
-ခြေသည်းညှပ်ရာတွင် စနစ်မကျဘဲ ခြေစွယ်ကျန်ခြင်း
-အလွန်တရာ ခုံးသော ခြေသည်းများရှိခြင်း
-ရှူးဖိနပ် ကြပ်ကြပ်စီးတဲ့ အခါ ခြေချောင်းများ စုညှစ်ခံထားရခြင်း
ဘယ်အချိန်မှာ မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်မလဲ ။
-ခြေသည်းငုပ်တာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲက
-ခြေစွယ်ပိုးဝင် ရောင်ရမ်းက
-သွေးချို ဆီးချိုရောဂါနဲ့ သွေးကြောကျဉ်းတဲ့ရောဂါများ ရှိက
-ရက်အတန်ကြာတဲ့ အထိ မသက်သာက
မိမိ မိသားစုဆရာဝန်နဲ့ ပြသင့်ပါတယ် ။သင့်ဆရာဝန်က ခြေစွယ်ငုပ်နေတာကို အစဖော်ကာ သက်သာအောင် ဆေးထည့်ခြင်း ၊ခြေစွယ်အစ လှီးပေးခြင်းများ ၊အရမ်းဆိုးသော ခြေစွယ်ငုပ်ခြင်းကိုတော့ ခြေသည်းအခွံ ဖယ်ရှားခြင်းဖြင့် ကုသပေးပါလိမ့်မယ် ။
မိမိဘာသာ ဘာလုပ်နိုင်လဲ ။
-ရေနွေးထဲ ဆားကို ထမင်းစားဇွန်း ၂ဇွန်း ၃ဇွန်းခန့် ခတ်ပါ ။ထိုဆားရေနွေးဖြင့်ခြေစွယ်ငုပ်နေသော ခြေထောက်ကို တစ်ခါစိမ် ၁၀မိနစ်ခန့် တစ်နေ့ ၂ကြိမ် ၃ကြိမ်ခန့် စိမ်ပေးပါ ။
-နာနေ ၊ရောင်နေသော နေရာကို ပလတ်စတာ ကပ်ထားပါ ။
-ခြေညှပ်ဖိနပ် ၊ကွင်းထိုးဖိနပ်ပဲ စီးပါ ။
-ခြေသည်းဆိုးခြင်း ၊ခြေသည်းဆိုးဆေး ချွတ်ခြင်းတို့ကို ခြေစွယ်ငုပ်နေစဉ် မလုပ်ရ ။
ဘယ်လို ကာကွယ်မလဲ ။
-ခြေသည်းကို ခြေစွယ်မကျန်အောင် စနစ်တကျ ညှပ်ပါ ။
-နေ့စဉ် ခြေထောက်ကို ညဘက် အိပ်ခါနီးတွင် စနစ်တကျ ဆေးကြော သန့်စင်ပါ။
-ခြေချောင်းလေးများကို စုညှစ်ထားတတ်သည့် ဖိနပ်များ ၊ဒေါက်မြင့် ဖိနပ်များ ၊ရှူးဖိနပ်များကို မစီးသင့်ပါ ။
-ခြေစွပ် ၊ခြေအိတ် ၊စတောကင်များ ဝတ်တတ်က ပုံမှန်လဲပါ ။
Author: ခေတ်သစ် ဇီဝက