ဆောင်းအကုန် နွေအကူးကာလမှာ အသားခြောက်တာကာကွယ်ဖို့
ခုလို ဆောင်းလည်းမကုန်သေး၊ နွေဦးလည်းမကျသေးတဲ့ စပ်ကူးမက်ကူး ကာလလေးဟာ ပွင့်လင်းရာသီမို့ ပတ်ဝန်းကျင်တစ်ခုလုံးက လှပနေပေမဲ့ အသားရည်ခြောက်တတ်တဲ့ Dry skin ပိုင်ရှင်လေးတွေက ဆောင်းတွင်းထက် ပိုပြင်းတဲ့ နေဒဏ်လေဒဏ်ကြောင့် အသားရည်ခြောက်သွေ့မှုဒဏ်ကို အခံရဆုံး ကာလလေးမို့ စိတ်ညစ်ကြရပါတယ်။
အသားရည်လည်း ပုံမှန်လိမ်းနေကြ skincare တွေတောင် မနိုင်တော့ဘူး..Mask sheet တွေနေ့တိုင်း ဝယ်ကပ်ရမှာလည်း ဘက်ဂျက်နဲ့ တွက်ချက်ရတယ်.. Spa တွေသွားပြီး ထိန်းသိမ်းရေးလုပ်ဖို့ အခက်ခဲရှိနေသူတွေ အတွက် သတင်းကောင်းလေးပါနော်..
အသားခြောက်တဲ့သူတွေ ခံရအခက်ဆုံးအချိန်က မျက်နှာသစ်ပြီး ရေသုတ်လိုက်တဲ့အချိန်မှာ မျက်နှာကြီး အရမ်းတင်းတင်းကြီး ဖြစ်နေတဲ့ အချိန်ပါ။ အဲ့ဒါအတွက်ကတော့..kpop 9muses ထဲက idol တစ်ယောက်ရဲ့ Tips လေးပါနော်..မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်လိမ်းနေကျ Face cream တစ်ခုခုကို 1:1 အချိုးနဲ့ရောပြီးမှ မျက်နှာသစ်တာပါ။ ကိုယ်လိမ်းနေကျ face cream တွေကဈေးကြီးတယ်ဆိုရင် Aloevera gel, bamboo gel, fresh milk cream စတာတွေကို အစားထိုးသုံးပေးနိုင်ပါတယ်ရှင်။ မျက်နှာသစ်ဆပ်ပြာကို ခုလို Moisturizer နဲ့ ရောပြီးသုံးပေးတာက မျက်နှာသစ်ပြီး အသားရည် တင်းတင်းကြီး ဖြစ်တာကနေ ကာကွယ်ပေးပြီး အသားရည်စိုစိုအိအိလေး ဖြစ်နေစေပါတယ်ရှင်။
အသားခြောက်တဲ့သူတွေက ပုံမှန်ထက် dead skin cells တွေ ပိုများတတ်တာမို့ Scrub or Exfoliating ကို တစ်ပါတ် ၃ ကြိမ်လောက် လုပ်ပေးဖို့လိုပါတယ်။
အသားရည် ခြောက်လွန်းလို့ ပုံမှန် Mask sheet တွေ ကပ်ပေးမှ တော်ကာကျလို့ ဘက်ဂျက်အတွက် စိတ်ညစ်ရတယ်ဆိုတဲ့သူတွေ အတွက် နောက် Tis လေးတစ်ခုပါ။
ကိုယ်လိမ်းနေကျ Moisturizer gel or cream ကို ကယပုံမှန်လိမ်းနေကျ ပမာနထက် ၂ဆ (သို့) ၃ဆကို ယူပြီး ခွက်လေးတစ်ခုထဲထည့်ပါ။ အုန်းရည် (သို့) သောက်ရည်သန့် (သို့) သကြားမပါတဲ့ နို့ စားပွဲတင်ဇွန်း ၂ဇွန်းခန့်ထည့်ပြီး မပျစ်မကျဲ အနေထားရတဲ့ထိမွှေပါ။ Toner လိမ်းတဲ့ Cotton pad လေး၅ ခုလောက်ကို ခုနက မပျစ်မကျဲအရည်လေးထဲမှာ စိမ်ထားပါ။
သန့်စင်ပြီးတဲ့ မျက်နှာပေါ်မှာ ဒီ cotton pad လေးတွေကို နဖူး၊ ပါး၊ ခါင်း၊ မေးစေ့ နေရာလေးတွေမှာ ၅-၁၀ မိနစ်ခန့် ကပ်ထားပေးပါ။ ပြီးရင်ပုံမှန် လိမ်းနေကျ skincare တွေလိမ်းရုံပါပဲ။ ဒါလေးက ဘက်ဂျက်လည်း ချွေတာရာရောက်သလို Mask sheet ကပ်တာနဲ့ အာနိသင် တူတူပဲမို့ ပိုအဆင်ပြေပါတယ်ရှင်။
နောက်ဆုံးအနေနဲ့ကတော့ လိမ်းနေကျ skincare ထဲမှာ အုန်းဆီ (သို့) သံလွင်ဆီကို ၂စက် ၃ စက်ခန့် ထည့်လိမ်းပါရှင်။ ဆီတွေရွှဲရွှဲ စေးကပ်ကပ်ကြီးလဲ ဖြစ်မနေပဲ အသားခြောက်ခြင်းကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးလို့ ဒီနည်းလေးကို သုံးကြည့်ပါနော်..
အသားရည် ခြောက်သွေ့တဲ့ ကိုကိုမမတွေ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်..
Scarlette(ဆေး၁)