fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

မိန်းမကိုယ်ရောင်ရမ်းခြင်းအကြောင်း

186
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/03/2019
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

မိန်းမကိုယ်ရောင်ရမ်းခြင်းဟာ အဖြစ်များတဲ့ အမျိုးသမီးပြသာနာတခုဖြစ်ပါတယ်။

အမျိုးသမီးတွေအားလုံးနီးပါး ဘဝမှာ မိန်းမကိုယ်ရောင်ရမ်းခြင်းကို အနည်းဆုံး တကြိမ်တခါ ခံစားတွေ့ကြုံရနိုင်ပါတယ်။

မိန်းမကိုယ်ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ Bacterial Vaginosis ခေါ် ဘက်တီးရီးယားပိုးဝင်ရောက်ကူးစက်ခံရတာ

မိန်းမကိုယ်အတွင်း ပုံမှန်ဆို အကျိုးပြုဘက်တီးရီးယားပိုးနဲ့ ဒုက္ခပေးတဲ့ဘက်တီးရီးယားပိုးတွေဟာ မျှခြေ တခုမှာရှိနေရပါတယ်။ အကြောင်းကြောင်းကြောင့် ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုးတွေ ပိုပေါက်ပွားနှုန်းများလာတဲ့အခါ အကျိုးပြုဘက်တီးရီးယားတွေနည်းလာပြီး မျှခြေပျက်ကာ Bacterial vaginosis ဆိုတဲ့ ဘက်တီးရီးယားပိုးဝင်ရောက်ကူးစက်ခံရတဲ့အခြေအနေဖြစ်လာပါတယ်။

အများအားဖြင့်တော့ လိင်ဆက်ဆံမှုနဲ့ ဆက်နွယ်ပြီးဖြစ်တတ်လေ့ရှိပါတယ်။ လိင်ဆက်ဆံဖော်များတာ သို့မဟုတ် လိင်ဆက်ဆံဖော်အသစ်နဲ့ လိင်ဆက်ဆံတာ တွေကြောင့်ဖြစ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် အရမ်းအသန့်ကြိုက်ပြီး မိန်းမကိုယ်သန့်စင်ဆေးရည်အလွန်အကျွံသုံးတဲ့အမျိုးသမီးတွေ၊ဆပ်ပြာမွှေးသုံးပြီး မိန်းမကိုယ်ကိုဆေးတဲ့ အမျိုးသမီးတွေမှာဆိုရင်လည်း သူတို့သုံးတဲ့ဆပ်ပြာမွှေးတွေ၊ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကြောင့် မိန်းမကိုယ်မျှခြေပျက်သွားပြီး Bacterial vaginosis အခြေအနေဖြစ်နိုင်ပါတယ်။

Bacterial vaginosis ဟာ မိန်းမကိုယ်ရောင်ရမ်းခြင်းကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတခုဖြစ်ပြီး Bacterial vaginosis ဖြစ်တဲ့အခါ ငါးညှီနံနံတဲ့ အစိမ်းရောင်သန်းတဲ့အဖြူ သို့မဟုတ် အဖြူပျစ် တွေဆင်းလေ့ရှိပါတယ်။

၂။ မှိုပိုးဝင်ရောက်ကူးစက်ခံရတာ

Candida မှိုပိုးဝင်ရောက်ကူးစက်ခံရတာဖြစ်တဲ့အခါမှာ မိန်းမကိုယ်ရောင်ရမ်းခြင်းနဲ့ ယားယံခြင်း၊ ဆီးကျင်ဆီးအောင့်ခြင်း၊ အဖြူအပျစ်တွေဆင်းခြင်းတွေကို ခံစားတွေ့ကြုံရနိုင်ပါတယ်။

ဒီမှိုပိုးဟာ ကိုယ်ဝန်ဆောင်တွေ၊ အကြောင်းကြောင်းကြောင့် ပိုးသတ်ဆေးအပြင်းတွေသောက်နေရတဲ့သူတွေ၊ ကိုယ်ခံအားကျနေသူတွေ၊ ဆီးချိုရှိတဲ့သူတွေမှာ ဝင်ရောက်ကူးစက်နိုင်ခြေများပါတယ်။

၃။ကပ်ပါးပိုးဝင်ရောက်ကူးစက်ခံရတာ

မသန့်ရှင်းတဲ့လိင်ဆက်ဆံရာမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူနဲ့လိင်ဆက်ဆံရာမှတဆင့် Trichomaonas ကပ်ပါးပိုးဝင်ရောက်ကူးစက်ခံရပြီး မိန်းမကိုယ်ရောင်ရမ်းတာ၊ ယားတာ၊ မူမမှန်အဖြူဆင်းတာတွေ ဖြစ်နိုင်ပါတယ်။

ဒီသုံးချက်အပြင် ရာသီလာရင်မိန်းမကိုယ်ထဲထည့်သုံးရတဲ့ တန်ပွန်နဲ့ဓါတ်မတည့်တာ၊ သုတ်ကောင်သေစေတဲ့ဓါတ်ပါတဲ့ ကွန်ဒုံးတွေနဲ့ဓါတ်မည့်တာ၊ မိန်းမကိုယ်သန့်စင်ရည်၊ ဆပ်ပြာမွှေးတွေနဲ့ဓါတ်မတည့်တာ၊ သားအိမ်တွင်းထည့်ပစ္စည်းနဲ့ဓါတ်မတည့်တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

အပျိုဖော်မဝင်သေးတဲ့အမျိုးသမီးငယ်လေးတွေမှာဆိုရင် မိန်းမကိုယ်နှုတ်ခမ်းသားတွေကောင်းကောင်းမဖွံ့ဖြိုးသေးတာ၊ အီစတိုဂျင်ဟော်မုန်းမထွက်သေးတာကြောင့် မိန်းမကိုယ်ခြောက်သွေ့တာ၊ ဆီးခုံမွှေးတွေပြည့်စုံစွာမပေါက်သေးတာ စတဲ့အချက်တွေကြောင့် ပိုးဝင်နိုင်ခြေများပြီး မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေပိုများပါတယ်။

ဒါ့ပြင်

– ကိုယ်ဝန်ရှိတဲ့အမျိုးသမီးတွေ

– ဆီးချိုရောဂါရှိတဲ့အမျိုးသမီးတွေ

– လိင်ဆက်ဆံဖော်များတဲ့အမျိုးသမီးတွေ

– အသန့်အကြိုက်လွန်ပြီး မိန်းမကိုယ်ဆေးတဲ့အခါ သန့်စင်ရည်၊ဆပ်ပြာမွှေးတွေအလွန်အကျွန်သုံးတဲ့အမျိုးသမီးတွေ

– သားအိမ်ထဲပစ္စည်းထည့်တဲ့အမျိုးသမီးတွေ

– ကျပ်ပြီးလေဝင်လေထွက်မကောင်းတဲ့အသားနဲ့ချုပ်ထားတဲ့အတွင်းခံတွေကိုဝတ်တဲ့အမျိုးသမီးတွေ ဟာဆိုရင်လည်း မိန်းမကိုယ်ရောင်ရမ်းခြင်း ဖြစ်နိုင်ခြေများပါတယ်။

မိန်းမကိုယ်ရောင်ရမ်းတဲ့အခါ မိန်းမကိုယ်နှုတ်ခမ်းသားတွေနီရဲရောင်ရမ်းနေတာအပြင်

– မိန်းမကိုယ်ယားတာ

– အနံဆိုးထွက်တာ

– မူမမှန်တဲ့အဖြူတွေဆင်းတာ

– ဆီးသွားတဲ့အခါ ဆီးကျင်၊ဆီးအောင့်တာ

– အတူနေလိင်ဆက်ဆံတဲ့အခါ နာကျင်တာ စသဖြင့်ပါ တွဲပြီးခံစားရနိုင်ပါတယ်။

ဒီလက္ခဏာတွေခံစားရပြီဆိုရင် မိန်းမကိုယ်ရောင်ရမ်းခြင်းဟုတ်မဟုတ် သေချာအောင် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သားအိမ်ခေါင်းနဲ့မိန်းမကိုယ်အကျိအချွဲယူစစ်တာ၊မိန်းမကိုယ်pH စစ်တာတွေလုပ်ရနိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုရပါတယ်။

မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်တဲ့အခါသက်သာအောင် ……..

အတူနေလိင်ဆက်ဆံခြင်းကို ခဏရှောင်ပါ။

ရောင်ရမ်းတဲ့နေရာကိုရေခဲကပ်ပါ။

အကိုက်အခဲပျောက်ဆေးတမျိုးမျိုးကိုအစာစားပြီးသောက်ပါ။ အစာအိမ်ရောဂါရှိပါက ဆရာဝန်နဲ့ပြသပြီးမှသောက်ပါ။

မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်နိုင်ခြေနည်းအောင် ………..

တကိုယ်ရေ သန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အသန့်အကြိုက်လွန်ပြီး မိန်းမကိုယ်သန့်စင်ဆေးရည်၊ ဆပ်ပြာမွှေးတွေအလွန်အကျွံသုံးတာကိုရှောင်ရပါမယ်။

မိမိနဲ့မကျပ်တဲ့ ချည်သားနဲ့ရက်လုပ်ထားတဲ့ အတွင်းခံတွေဝတ်ပါ။ တနေ့တထည်လဲပါ။ စိုထိုင်းပြီးချွေးထွက်တာများရင် တနေ့တထည်ထက်ပိုပြီး လဲပါ။

ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့။

အတွင်းခံကို သေချာလျှော်ဖွတ်ပြီး နေရောင်ကောင်းစွာရတဲ့နေရာမှာနေပူလှမ်းပါ သို့မဟုတ် မီးပူတိုက်ပါ။

ဝမ်းမချုပ်ပါစေနဲ့

ဆီးသွားပြီးတဲ့အခါတိုင်းမိန်းမကိုယ်ကိုရေနဲ့သန့်စင်အောင်ဆေးပြီး အဝတ်သန့် သို့မဟုတ် စက္ကူသန့်နဲ့ခြောက်အောင်သုတ်ပါ။

ကွန်ဒုံးနဲ့ဓါတ်မတည့်ပါက တခြားတားနည်းတခုခု ပြောင်းသုံးပါ။မိန်းမကိုယ်ခြောက်သွေ့ပါက ချောဆီတခုခုသုံးပေးပါ။

Dr 528

Previous Post

ဆောင်းအကုန် နွေအကူးကာလမှာ အသားခြောက်တာကာကွယ်ဖို့

Next Post

သိုင်းလောကသားတွေအတွက်မျှော့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသမီးနှင့် မီးယပ်သွေးဆုံးဝေဒနာ

3 months ago
499
To go through menopause normally

သွေးဆုံးချိန်မှာ ပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့

4 months ago
657

အပျိုအအို ခွဲခြားလို့ရလား?

4 months ago
3.5k
Women and menopause

အမျိုးသမီးနှင့် သွေးဆုံးကိုင်ဝေဒနာ

5 months ago
1.2k
About the mistakes of not having children yet

ကလေးမရနိုင်သေးခြင်းရဲ့ အမှားများအကြောင်း

6 months ago
1.4k
Women and osteoporosis

အမျိုးသမီးနှင့် အရိုးပွဝေဒနာ

6 months ago
543

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သိုင်းလောကသားတွေအတွက်မျှော့

ရင်သားကင်ဆာကြောင့်ဖြစ်သောအဆုတ်ကင်ဆာ

ကြီးမှဝက်သက်ပေါက်တဲ့အခါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.