Asia eHealth Information Network (AeHIN)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့နဲ့ အတူ The World Health Organization (WHO)၊ The Asian Development Bank (ADB), United Nations Children’s Fund (UNICEF) စတဲ့ အဖွဲ့အစည်းတွေပါဝင်တဲ့ Digital Health Conference နဲ့ “Achieving the SDG’s with ICT” ခေါင်းစဉ်နဲ့ ပဉ္စမအကြိမ်မြောက် AeHIN General Meeting ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်ကနေ ၁၀ ရက်အထိ နေပြည်တော်ရှိ Horizon Lake View Hotel မှာ ပြုလုပ်သွားမှာခဲ့ပါတယ်။
အဆိုပါ Conference ကို အာရှနဲ့ ပိစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၂၀ က ဆရာဝန်တွေ၊ ICT ပညာရှင်တွေ၊ Social Health အာမခံကိုယ် စားလှယ်တွေ၊ ကျန်းမာရေးအဖွဲ့အစည်းက လူပေါင်း နှစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။
Conference မှာ Routine Health Information System (RHIS) Workshop ၊ Terminology Standards and Services ၊ The Importance of Governance for Successful National Health Information Systems Development အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ နေ့ရက်အလိုက် ဆွေးနွေး သုံးသပ်မှုတွေပြုလုပ်ခဲ့ကြပြီး အဆိုပါ Digital Health Conference ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့တာဖြစ်ပါတယ်။