နေကာမျက်မှန်ဝယ်တဲ့အခါ UV ကာကွယ်တဲ့အဆင့်ကိုဘယ်လိုသတ်မှတ်မလဲ။
နေကာမျက်မှန်တွေရဲ့ဈေးနှုန်း၊ မှန်အရင့်၊ အဖျော့ကိုကြည့်တာနဲ့ UV ကာကွယ်မှုအဆင့်ဘယ်လောက်ရှိသလဲ ဆိုတာကိုမသိနိုင်ဘူး။ UV ရေဒီယိုသတ္တိကြွမှုကို ဘယ်လောက်အထိကာကွယ်ထားသလဲဆိုရင် တိတိကျကျ ဖော်ပြထားတဲ့နေကာမျက်မှန်ကိုသာ ရှာဝယ်ပါ။ နေကာမျက်မှန်ဟာ UV ရောင်ခြည် ၉၉-၁၀၀ ရာခိုင်နှုန်းကာ ကွယ်တယ်ဆိုတဲ့လေဘယ်လ်ပါမှ ဝယ်ပါ။ကွန်ပျူတာတွေ၊ Tablets တွေနဲ့စမတ်ဖုန်းတွေရှေ့မှာ အချိန်တွေအများကြီးကုန်ကြတဲ့ လူတွေကိုဘယ်လိုအကြံ ပြုမလဲ။
အကြံပေးချင်တာကတော့ ၂၀-၂၀-၂၀ စည်းကမ်းကိုလိုက်နာဖို့ပါပဲ။ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေး မှာရှိတဲ့ အရာဝတ္ထုကို စက္ကန့် ၂၀ ကြာအောင်ကြည့်ပေးပါ။ ဒီလိုလုပ်ရင်မျက်စိအာရုံစူးစိုက်မှုကို ပြန်ချိန်ကိုက်ပေး တာမှာအထောက်အကူပြုပြီး မျက်စိညောင်းတာကိုသက်သာစေတယ်။
လူတွေမှာရှိတဲ့မကောင်းတဲ့အကျင့်တစ်ခု ရပ်သွားအောင်ဘယ်လိုလုပ်မလဲ။
လူတွေပုံမှန်မျက်စိစမ်းသပ် စစ်ဆေးဖို့လိုတယ်။ လူအတော်များများဟာသူတို့ရဲ့မျက်စိကြည့်လို့ကောင်းနေရင် အားလုံးကောင်းတယ်လို့ယူဆကြတယ်။ ဒါပေမယ့် ၂၀-၂၀ မြင်ခြင်းဟာ စစ်ဆေးမှုရဲ့သဘောတရားတစ်ခုသာ ဖြစ်တယ်။ သင့်မျက်စိတွေဟာ သင့်ကျန်းမာရေးရဲ့ပြတင်းပေါက်တွေကိုလည်း ပြောလို့ရတယ်။ မျက်စိကိုစစ် ဆေးလိုက်တဲ့အခါ တွေ့လာနိုင်တာကတော့အမျိုးအစားနှစ် ဆီးချိုရောဂါ၊ မျက်စိကင်ဆာနဲ့သွေးပေါင်ချိန်တက် တာတို့ ရှိ၊ မရှိသိလာနိုင်တယ်။
မျက်စိစစ်ဆေးစမ်းသပ်မှုကို ကလေးတွေအနေနဲ့အသက်ခြောက်နှစ်မှ တစ်နှစ်အကြား၊ နောက်သုံးနှစ်အရွယ်မှာ နဲ့ ကျောင်းစတက်ပြီဆိုရင် နှစ်တိုင်းစမ်းသပ်ပေးပါ။ လူကြီးတွေအနေနဲ့ နှစ်နှစ်မှာအနည်းဆုံးတစ်ကြိမ်၊ မျက်ကပ် မှန်တပ်သူတွေကတော့ တစ်နှစ်တစ်ကြိမ်၊ ဆီးချိုသွေးပေါင်ချိန်တက်တာနဲ့ ရောဂါအန္တရာယ်တက်လာနိုင်ချေရှိ ရင်တစ်နှစ်တစ်ကြိမ်ပြုလုပ်ပေးပါ။ အသက် ၆၅ နှစ်နဲ့အထက်လူတွေအတွက် တစ်နှစ်တစ်ကြိမ်၊ တိမ်နဲ့ရေတိမ်တို့ရှိ၊ မရှိစစ်ဆေးဖို့လိုအပ်မယ်။
Author: မောင်ချမ်းသာ (Vol-8 / No-8) Healthcare