လိင်တံအရည်ကျတဲ့ ရောဂါ
အမျိုးသားများ မကြာခန အလန့်တကြား မေးတတ်သော မေးခွန်းမှာ
လိင်တံပြည်ကျနေပါတယ် ဘာလို့ဖြစ်တာလဲ? ကူးစက်ရောဂါလား? ဆိုတာတွေပါ။
ဒီလို ဆီးလမ်းကြောင်းပြည်ကျခြင်းသည် သေချာကုသရန် လိုအပ်သောရောဂါတစ်ခုဖြစ်ပါတယ်။
ပြည်ကျရသော အကြောင်းရင်းများစွာရှိပါတယ်။
အကယ်၍ ပုံမှန်မဟုတ်သော အရည်တစ်မျိုးမျိုးကနေခြင်းသည် သတိထားသင့်သော အချက်ပါ။
လိင်တံအရည်ကျခြင်းသည် ပိုးကူးစက်ခြင်းကြောင့်ဟုဆိုလျှင် ဘက်တီးရီးယားလား? ဗိုင်းရပ်စ်လား? မှိုပိုးကြောင့်လား? စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။
လိင်တံအရည်ကျခြင်းဆိုသည်မှာ
ဆီးနှင့် သုတ်ရည်မဟုတ်ဘဲ ပုံမှန်မဟုတ်သော အရည်တမျိုးမျိုးကျခြင်းကို ဆိုလိုပါတယ်။ ၎င်းဖြစ်သော လက္ခဏာသည် အများအားဖြင့် လိင်ဆက်ဆံခြင်းကြောင့် ကူးစက်သော ရောဂါကြောင့်ဖြစ်နိုင်ပြီး လျှင်မြန်စွာရောဂါရှာဖွေရန်နှင့် ကုသမှုယူရန် လိုအပ်ပါတယ်။
လက္ခဏာများမှာ ထွက်သော အရည်ပမာဏသည် အနည်းအများ ကွာခြားတတ်ပြီး အရောင်အနေဖြင့် အဝါရောင် သို့မဟုတ် အစိမ်းရောင်ဖြစ်နိုင်တယ်။
အချို့သည် မနက်ပိုင်းကျတတ်ပြီး အချို့မှာမူ တနေကုန်တောက်လျောက် ကျတတ်ပါတယ်။ အရည်ကျခြင်းနှင့်အတူ ခံစားရနိုင်သော လက္ခဏာများမှာ …
– ဆီးပူခြင်း
– ဆီးခဏခဏသွားခြင်း
– ညဘက်ဆီးခဏခဏသွားခြင်း
– လိင်အင်္ဂါတဝိုက်ယားယံခြင်း
– ပေါင်ခြံအကျိတ်များကြီးခြင်း စသည်တို့ ဖြစ်ပါတယ်။
အရည်ကျခြင်း ဖြစ်စေသော ရောဂါများမှာ
– ဆီးလမ်းကြောင်း ပိုးဝင်သောကြောင့် ဆီးပြွန်ရောင်ခြင်း
ဆီးပြွန်ရောင်ခြင်းသည် လိင်ဆက်ဆံမှုကြောင့် ကူးစက်သော ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်ပိုးများကြောင့် ဖြစ်နိုင်ပါတယ်။
– လိင်တံထိပ် ရောင်ရမ်းခြင်း
အရည်ပြားထိပ်ဖြတ်သူနှင့် မဖြတ်သူအမျိုးသား ၂ ဦးလုံးတွင် ဖြစ်နိုင်ချေရှိပါတယ်။ သန့်ရှင်းမှု အားနည်းခြင်း၊ ဓာတ်မတည့်ခြင်းနှင့် လိင်ဆက်တံခြင်းကြောင့် ကူးစက်သောပိုးများကြောင့် ရောင်ရမ်းနိုင်ပါတယ်။
– ဆီးလမ်းကြောင့် ပိုးဝင်ခြင်းတို့ ဖြစ်ပါတယ်။
အရည်ကျသော အကြောင်းရင်းများမှာ ….
(1) ဂနိုရောဂါကြောင့် ဆီးပြွန်ရောင်ခြင်း
(2) ဂနိုမဟုတ်သော အခြားအကြောင်းကြောင့် ဆီးပြွန်ရောင်ခြင်း တို့ဖြစ်ပါတယ်။
(1) ဂနိုရောဂါကြောင့် ဆီးပြွန်ရောင်ခြင်း
ဂနိုရောဂါပိုး ကူးစက်ခံရသောကြောင့် ဆီးပြွန်ရောင်ခြင်းဖြစ်ပါတယ်။
(2) ဂနိုမဟုတ်သော အခြားအကြောင်းကြောင့် ဆီးပြွန်ရောင်ခြင်း
ဂနိုမဟုတ်သော အခြားအကြောင်းကြောင့် ဆီးပြွန်ရောင်ခြင်းကြောင့် ဖြစ်ခြင်းသည် အများဆုံးဖြစ်နိုင်ပါတယ်။ အသက်၂၀ မှ ၃၅ နစ်အရွယ် အဖြစ်များပါတယ်။
အချို့လူများသည် လိင်ဆက်ဆံခြင်းမရှိဘဲလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဆပ်ပြာများ၊ ဆပ်ပြာခဲများကြောင့်လည်း ဓာတ်မတည့်မှုဖြစ်စေပါတယ်။
ရောဂါရှာဖွေမှုများ
အရည်ကျခြင်းသည် သို့မဟုတ် ဆီးပြွန်ရောင်ခြင်းသည် ဆီးထဲ ရောဂါပိုးများရှာဖွေခြင်း၊ သွေးစစ်ခြင်းနှင့် အရည်ကို ခွဲခြင်း ပြုလုပ်နိုင်ပါတယ်။
ကုသမှုနည်းလမ်းများ
ဖြစ်စေသော အကြောင်းရင်းပေါ်မူတည်၍ ကုသမှု ခံယူသင့်ပါတယ်။
ဘက်တီးရီးယားပိုးဝင်လျှင် ပိုးသတ်ဆေးနှင့်ကုသခြင်း၊ မှိုပိုးသတ်ဆေးဖြင့် ကုသခြင်းနှင့် ဓာတ်မတည့်မှုအတွက် ကုသခြင်းစသည်တို့ဖြစ်ပါတယ်။
ဒါကြောင့်ဆရာဝန်ပြသပြီး စနစ်တကျ ကုသဖို့လိုအပ်ပါတယ်။
Dr. Pyae Shin