မျက်မှန်မတပ်ချင်ရင် ဒါတွေလုပ်ပါ
ယခုခေတ် ခေတ်မီတိုးတက်သည်နှင့်အမျှ လူကြီး၊ လူငယ်မရွေး ဖုန်း၊ တီဗွီ၊ ကွန်ပြူတာအစရှိသည်တို့ကြောင့် အမြင်အာရုံ ထိခိုက်လာပါတယ်။ အသက်အရွယ်ကြီးခြင်းနှင့် အချို့ကျန်းမာရေးအခြေအနေများသည် အမြင်အာရုံကို ထိခိုက်စေပါတယ်။ ထို့ကြောင့် မျက်မှန်တပ်ခြင်းမဟုတ်ဘဲ အခြားသော နည်းလမ်းများဖြင့် အမြင်အာရုံကို တိုးတက်စေခြင်း၊ ကာကွယ်ပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။
အမေရိကန်နိုင်ငံ CDC အဖွဲ့အဆိုအရ အသက် ၄၀ နှင့်အထက် လူဦးရေ ၁၂ သန်းသည် အမြင်အာရုံဆုံးရှုံးမှု ပြဿနာများနှင့် ရင်ဆိုင်နေကြရပါတယ်။ သင့်အမြင်အာရုံကို ကာကွယ်နိုင်သော သဘာဝနည်းလမ်းများ ရှိပါတယ်။
(1) မျက်လုံး အကာဝတ်ပါ
မျက်လုံးထိခိုက်မှု အများစုသည် မိမိတို့နေ့စဉ်ပြုလုပ်နေသော လှုပ်ရှားမှုများမှတဆင့် ထိခိုက်နိုင်ပါတယ်။ ဥပမာ အားကစားလုပ်ခြင်း၊ လုပ်ငန်းများ
မျက်လုံးအကာများ ဝတ်ဆင်ခြင်းသည် ဒဏ်ရာရခြင်း၊ ထိခိုက်ခြင်း၊ မျက်စိထဲတခုခုဝင်ခြင်း၊ အမှုန်အမွှားများ၊ အမှိုက်များဝင်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ မိမိလှုပ်ရှားမှုပေါ်မူတည်၍
– ကာကွယ်မှုမျက်မှန်တပ်ခြင်း
– ပါးစပ် နှာခေါင်း မျက်စိ အကာတပ်ခြင်း
– ခေါင်းဆောင်းတပ်ခြင်းတို့ ဖြစ်ပါတယ်။
ပုံမှန်မျက်မှန်တပ်ခြင်းသည် မျက်စိကို အထိုက်အလျောက်သာ ကာကွယ်ပေးနိုင်ပါတယ်။
(2) နေကာမျက်မှန်တပ်ခြင်း
နေကာမျက်မှန်တပ်ခြင်းသည် ဖက်ရှင်အတွက်သာမက နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်မှုပေးပါတယ်။ UV ရောင်ခြည်သည် မျက်လုံးထိခိုက်စေပြီး UVထိခြင်းကြောင့်
– မျက်လုံးတိမ်ဖြစ်ခြင်း
– မျက်လုံးကင်ဆာ
– မျက်လုံးမျက်သားတက်ခြင်းတို့ကို ပိုမိုဖြစ်စေပါတယ်။
(3) မျက်လုံး ပုံမှန်စစ်ဆေးခြင်း
မျက်လုံးကို သေချာပုံမှန်စစ်ဆေးခြင်းဖြင့် အသက်အရွယ်ကြီးရင့်သူများသည် မျက်လုံးအတွင်းတိမ်၊ ရေတိမ်နှင့် အခြားမျက်စိရောဂါများကို ကြိုတင်စောစီးစွာသိရှိ ကာကွယ်ကုသနိုင်ပါတယ်။
(4) Screen ကြည့်ချိန် နားပါ
ကွန်ပြူတာအကြည့်များသောသူများသည် မျက်လုံးဒဏ်ကို ပိစေခြင်းကြောင့် Screen ကြည့်ချိန်ကို အနားပေးပါ။ ကွန်ပြူတာကြည့်နေရသော သူများသည် မိနစ် ၂၀ တိုင်း ပေ ၂၀ အကွာကို မိနစ် ၂၀ ခန့်လှမ်းကြည့်ပါ။ အဆိုပါနည်းသည် မျက်လုံးညောင်းသည့်ဒဏ်ကို ကာကွယ်ပေးပါတယ်။
(5) ဆီးချိုကာကွယ်ပါ ထိန်းပါ
ဆီးချိုကြောင့် မျက်စိသွေးကြောများ ပျက်ဆီးကာ အမြင်အာရုံထိခိုက်နိုင်ပါတယ်။ သေချာထိရောက်သော ကုသမှုမရှိပါက အမြင်အာရုံပျက်ဆီးကာ မျက်စိမမြင်သည်အထိ ဆိုးရွားနိုင်ပါတယ်။ ထို့ကြောင့် ဆီးချို မထိန်းနိုင်သူသည် အခုလိုဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ဆီးချိုထိန်းခြင်းအားဖြင့် မျက်စိထိခိုက်မှုကို ကာကွယ်ပါ။
(6) နာတာရှည်ရောဂါများ မဖြစ်အောင်ကာကွယ်ပါ
နာတာရှည်ရောဂါများဖြစ်သော ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်းရောင် စသည်တို့ကို သေချာမကုသပါက နောက်ဆက်တွဲအနေဖြင့် မျက်စိထိခိုက်မှုဒဏ်ကို ခံစားရနိုင်ပါတယ်။
(7) ဗီတာမင်များ
ဗီတာမင် A, C နှင့် E သည် မျက်စိအတွက် လိုအပ်သော အားများဖြစ်ပါတယ်။ အဆိုပါဗီတာမင်များသည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သောကြောင့် မျက်စိကို ကာကွယ်ပေးပါတယ်။ ထို့ကြောင့် အဆိုပါဗီတာမင်ကြွယ်ဝသော အသီးအရွက်များကို သေချာစားသုံးပေးရန် အထူးလိုအပ်ပါတယ်။ Omega 3 ပါသော ငါးနှင့် အစေ့အဆန်များ စားသုံးပေးပါ။
(8) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပြီး မျက်စိရောဂါများကိုလည်း ပိုမိုဖြစ်စေပါတယ်။ ဆေးလိပ်သောက်ခြင်းသည် ဆီးချိုကြောင့် မျက်စိကွယ်ခြင်းကိုလည်း တွန်အားဖြစ်စေပါတယ်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ရန် လိုအပ်ပါတယ်။
(9) သန့်ရှင်းရေး အထူးဂရုစိုက်ပါ
တကိုယ်ရည်သန့်ရှင်းမှုသည် မျက်စိအတွက် အထူးအရေးပါပါတယ်။ မျက်စိကို မကိုင်ခင် မျက်ကပ်မှန်မတပ်ခင်မှာ လက်ကို ဆပ်ပြာနှင့် သေချာစွာဆေးကြောပါ။ မျက်စိကို မိတ်ကပ်များဖြင့် အသုံးပြုအလှဆင်ပြီးပါက သေချာစွာဆေးကြောရန် လိုအပ်ပါတယ်။ မျက်စိအတွင်း မဝင်ရန်လည်း အထူးအရေးကြီးပါတယ်။
(10) မျိုးရိုးဗီဇ
အချို့မျက်စိရောဂါများသည် မျိုးရိုးလိုက်တတ်သောကြောင့် မိမိ မိဘမျိုးရိုးတွင် မျက်စိရောဂါရှိပါက ကြိုတင်အထူးသတိထား ကာကွယ်မှုပြုလုပ်ရန် အထူးအရေးကြီးပါတယ်။
Dr. Pyae Shin