fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

အချစ်ကြောင့် မနာကျင်ရဖို့ နည်းလမ်းကောင်းများ

3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/03/2019
in ကျန်းမာရေးသတင်းများ, အမျိုးသားကျန်းမာရေး
1 min read
A A

အချစ်ကြောင့် မနာကျင်ရဖို့ နည်းလမ်းကောင်းများ

လိင်ဆက်ဆံရာတွင် အခက်အခဲတစ်ခုကြုံတွေ့ရသော်လည်း ဖြေရှင်းအကူအညီတောင်းရန် ရှက်စရာဟူ၍ ကြိတ်မှိတ်ခံစားရတတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါ ကြုံတွေ့ရသောကြောင့် စိတ်ဒုက္ခ ရောက်နေရတတ်ပါတယ်။ ပုံမှန်အားဖြင့် ဆက်ဆံရာတွင် စိတ်ဆန္ဒရှိလျှင် အမျိုးသမီးအင်္ဂါသည် အလွယ်တကူ လက်ခံနိုင်လေ့ရှိပါတယ်။

သို့သော် တခါတရံ မိမိကိုယ်ခန္ဓာသည် လိင်ဆက်ဆံရန် ကျန်းမာရေးကောင်းမွန်သည်ဟု ယုံကြည်သော်လည်း စတင်ဆက်ဆံစဉ် အင်္ဂါထိုးဖောက်စဉ် နာကျင်မှုခံစားရတတ်ပါတယ်။

လိင်ဆက်ဆံမှု စတင်သည်နှင့် နာကျင်မှုသည် တောက်လျောက်ခံစားရပြီး အမျိုးသားအနေဖြင့်လည်း နာကျင်မှုရှိပြီး စိတ်ကျေနပ်မူမရရှိဘဲ စိတ်အနှောက်အယှက် ဖြစ်တတ်ပါတယ်။ အချို့မှာမူ စတင်ရန်ပင်ခက်ခဲနေတတ်ပြီး ဆက်ဆံခြင်းကို ရပ်ပစ်ရသည်အထိ ဆိုးရွားတတ်ပါတယ်။ ထို့ကြောင့် အိမ်ထောင်သည်များအနေဖြင့် လင်မယားဆက်ဆံရေး ပြဿနာများရင်ဆိုင်ရကာ ကလေးမရနိုင်မည်ကို စိုးရိမ်ပူပန်လာကြပါတယ်။

ပထမအကြိမ် လိင်ဆက်ဆံမှုတိုင်းသည် မိန်းမအင်္ဂါသည် နာကျင်မှု ခံစားရသည်မှာ ပုံမှန်ပင်ဖြစ်ပါတယ်။ သွေးထွက်ခြင်းသည်လည်း ပုံမှန်ပင်ဖြစ်ပါတယ်။ သို့သော် ခဏတာသာ နာကျင်မှုဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ထိုးသွင်းမှုတွင် အပျိုအမြှေးပါးသည် ထိုးဖောက်မှုခံစားရသောကြောင့်ဖြစ်ခြင်း မိန်းမကိုယ်ကြွက်သားများ အလိုက်သင့်လှုပ်ရှားမှုမရှိခြင်းတို့ကြောင့် နာကျင်မှုဖြစ်စေခြင်း ဖြစ်ပါတယ်။

(1) အရည်အထွက်နည်းခြင်း

အမျိုးသမီးအများစုသည် လိင်ဆက်ဆံရန် စိတ်ဖြစ်လာပါက မိန်းမအင်္ဂါမှ အရည်များထွက်ကာ မိန်းမအင်္ဂါကို စိုစွတ်စေပြီး ယောက်ျားအင်္ဂါ အလွယ်တကူ ဝင်ရောက်ရန် အကူအညီပေးပါတယ်။ အဆိုပါအရည်မထွက်ခြင်းသည် အီစထဂျင်ဟော်မုန်းလျော့နည်းခြင်းကြောင့် ဖြစ်နိုင်ပြီး မိန်းမအင်္ဂါကြွက်သားနံရံများပျော့ပျောင်းမှု အားနည်းနိုင်ပါတယ်။

ထိုအခြေအနေသည် ကလေးနို့တိုက်သူများနှင့် ရင်သားကင်ဆာဆေး သောက်နေသူများတွင် အဖြစ်များပါတယ်။ ထို့ကြောင့် လိင်ဆက်ဆံမှုစတင်စဉ် ချောမွေ့စေရန် အဆီသုံးခြင်း ကွန်ဒုံးသုံးခြင်းပြုလုပ်နိုင်ပါတယ်။

(2) မှိုပိုးကူးစက်ခြင်း

အမျိုးသမီးအနေဖြင့် မည်သည့်လက္ခဏာမှ ခံစားရမှုမရှိသော်လည်း လိင်ဆက်ဆံစဉ် လက်ဖြင် နှိုးဆွခြင်း လိင်တံထိုးသွင်းခံရခြင်းကြောင့် ပိုးကူစက်မှုသည် ပိုမိုကြွတက်လာကာ ယားယံမှု နာကျင်မှုခံစားရတတ်ပါတယ်။

(3) လိင်တံအရွယ်အစား

အချို့အမျိုးသားများသည် လိင်တံအရွယ်အစားကြီးမားပြီး မိန်းမကိုယ်အင်္ဂါသည် သေးငယ်သောအခါ
နာကျင်မှု ဖြစ်စေပါတယ်။ အမျိုးသမီး ကိုယ်ခန္ဓာအရွယ်အစားသည် မိန်းမအင်္ဂါအရွယ်အစာနှင့် မသက်ဆိုင်ပါ။

အမျိုးသမီးများသည် လိင်ဆက်ဆံမှု အစပိုင်းတွင် မသိစိတ်ဖြင့် မိန်းမကိုယ်အတွင်းကြွက်သားများ တောင့်တင်းကျပ်သိပ်နေခြင်း ဖြစ်နေတတ်ပါတယ်။ တခါတရံ ထိုးသွင်းမှုသည် သားအိမ်ကို ထောက်ပံ့မှုပြုနေသော အကြောများ နာကျင်သည်အထိ တင်ပါးခွင်တခုလုံး နာကျင်ခြင်း ခံစားရတတ်ပါတယ်။ လက်သည်ဖြင့် မွေးထားသူများ၊ ကလေးဖျက်ချထားသူများ၊ ခွဲစိတ်မှုပြုလုပ်ထားသူများ၊ သားအိမ်ခေါင်းရောင်သူများ၊ သားအိမ်ရောဂါရှိသူများ၊ သားအိမ်အတွင်း အလုံးအကျိတ်ရေအိတ်ရှိသူများနှင့် မွေးရာပါ မိန်းမကိုယ်ကျဉ်းသူများတွင် အခက်အခဲပိုမိုဖြစ်စပါတယ်။

အချို့သူများတွင် အကြောင်းရင်းအသေချာမရှိဘဲ မိန်းမကိုယ်အပေါက်သည် ထိလိုက်သည်နှင့် နာကျင်မှုကို ဖြစ်စေပါတယ်။

လိင်ဆက်ဆံမှုစတင်ရန်ပင် ခက်ခဲမှုကို သက်သာစေရန် အောက်ပါနည်းလမ်းများကို ပြုလုပ်ပါ။

– တင်ပါးကြွက်သားကောင်းစေသော လေ့ကျင့်ခန်း
– ဟော်မုန်လိမ်းဆေးများ
– ချောဆီသုံးခြင်း
– စိတ်ဖိဆီးမှုသက်သာစေသော ဆေးဝါး အကူအညီဖြင့် နာကျင်မှုသက်သာရန် ပြုလုပ်နိုင်ပါတယ်။

Dr.Kyaw

Previous Post

လက်စွယ်၊ ခြေစွယ်ငုတ်ခြင်း

Next Post

ယောက်ျားလေးအချင်းချင်း ချစ်ကြတဲ့အခါ (သို့မဟုတ်) MSM

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
751
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ယောက်ျားလေးအချင်းချင်း ချစ်ကြတဲ့အခါ (သို့မဟုတ်) MSM

ကိုယ်လုံးတီး အိပ်ခြင်းရဲ့ကောင်းကျိုးများ

ဘာလို့ လက်ခဏခဏ ဆေးသင့်တာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.