fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကပ္ပယ်အိတ်အတွင်း အရည်စုခြင်း

3.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/03/2019
in အမျိုးသားကျန်းမာရေး
1 min read
A A

ကပ္ပယ်အိတ်အတွင်း အရည်စုခြင်း

ကပ္ပာယ်အိတ်ဆိုတာဟာ လိင်တံအရင်းအောက်နားမှာ ကပ်လျက်ရှိနေတဲ့ အိတ်လေးဖြစ်ပါတယ်။ ကပ္ပာယ်အိတ်ရဲ့ မျက်နှာပြင်အရေပြားဟာ တခြားနေရာက အရေပြားမျက်နှာပြင်တွေနဲ့မတူဘဲ တွန့်ခေါက်ရာလေးတွေရှိပါတယ်။

ကပ္ပာယ်အိတ်ရဲ့အလယ်မှာ ချုပ်ရိုးကြောင်းလိုမျိုးလေးရှိပါတယ်။

ကပ္ပာယ်အိတ်ဟာ ပတ်ဝန်းကျင်အပူချိန်ကိုလိုက်ပြီး ကျုံတာ၊ တွဲကျတာရှိပါတယ်။ အေးတဲ့အချိန်မှာဆိုရင် ကျုံ့ပြီး ပူတဲ့အချိန်မှာဆိုရင်တွဲကျနေလေ့ရှိပါတယ်။

ကပ္ပာယ်အိတ်ထဲမှာ အမျိုးသားမျိုးပွားစနစ်အတွက် အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ဝှေးစေ့ နှစ်လုံး၊ သုတ်ပို့ပြွန်နဲ့ သွေးကြောတွေရှိပါတယ်။

ဒီလိုအရေးကြီးအင်္ဂါအစိတ်အပိုင်းတွေပါတဲ့ ကပ္ပာယ်အိတ်ထဲမှာ အကြောင်းကြောင်းကြောင့် အရည်တွေစုလာတတ်ပါတယ်။

အဲ့အခါမှာ ကပ္ပယ်အိတ်ကကြီးပြီး ဖောင်းလာတတ်ပါတယ်။

ဒီလိုဖြစ်တာကို အရပ်ထဲမှာ မုတ် (မုတ္တ) ကြီးတယ် သို့မဟုတ် ရေမုတ်ဖြစ်တယ်လို့ ခေါ်ပြီး ဆေးပညာအရတော့ Hydrocele (ဟိုက်ဒရိုစီး) လို့ခေါ်ပါတယ်။

ကပ္ပာယ်အိတ်အတွင်း အရည်စုတာဟာ အများအားဖြင့် တဖက်တည်းမှာသာ ဖြစ်လေ့ရှိပေမယ့် တခါတရံနှစ်ဖက်လုံး ဖြစ်တာမျိုးလည်းရှိပါတယ်။

မွေးကင်းစကလေးတွေမှာ အများအားဖြင့်ဖြစ်လေ့ရှိပြီး လူငယ်နဲ့လူကြီးပိုင်းတွေမှာလည်းဖြစ်နိုင်ပါတယ်။

Hydrocele မှာ Communicating hydrocele နဲ့ Non-communicating hydrocele ဆိုပြီး အမျိုးအစား နှစ်မျိုးခွဲနိုင်ပါတယ်။

Communicating hydrocele အမျိုးအစားဖြစ်လာပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဝှေးစေ့ဟာ ကပ္ပာယ်အိတ်ထဲမှာရှိတယ်ဆိုပေမယ့် ကပ္ပာယ်အိတ်ထဲမှာစဖြစ်လာတာမဟုတ်ပါဘူး။

ဝမ်းဗိုက်ခေါင်းထဲမှာစဖြစ်လာပြီး ကိုယ်ဝန်ဆောင်ကာလ ရှစ်လလောက်မှာမှ ကပ္ပာယ်အိတ်ထဲကို စဆင်းလာကာ ကိုးလလောက်မှာမှ ကပ္ပာယ်အိတ်ထဲအပြည့်အ၀ ရောက်ပါတယ်။

ဝှေးစေ့တွေ ကပ္ပာယ်အိတ်ထဲဆင်းလာတဲ့အခါမှာ သူတို့နဲ့အတူ processus vaginalis ခေါ် ဝမ်းဗိုက်အမြှေးပါး တပိုင်းတစပါ တွဲလျက်ပါလာပါတယ်။

ကပ္ပာယ်အိတ်ထဲပါလာတဲ့ ဝမ်းဗိုက်အမြှေးပါးတပိုင်းတစလေးက ကပ္ပာယ်အိတ်ထဲကိုရောက်ပြီးတဲ့အချိန်မှာဆိုရင် ဝမ်းဗိုက်ခေါင်းအတွင်းက အမြှေးပါးနဲ့ဆက်မနေတော့ဘဲ ဝှေးစေ့နားမှာ အုပ်နေတဲ့နေရာကလွဲလို့ ပိတ်သွားရပါတယ်။

တချို့တွေမှာကျ အကြောင်းအမျိုးမျိုးကြောင့်မပိတ်သွားဘဲ ဝမ်းဗိုက်ခေါင်းထဲကအမြှေးပါးနဲ့ဆက်နေတာကြောင့် ဝမ်းဗိုက်ခေါင်းထဲကအရည်တွေလာစုပြီး ရေမုတ်ဖြစ်လာတာမျိုးရှိပါတယ်။

ဒါကို Communicating hydrocele လို့လည်းခေါ်ပါတယ်။

မွေးကင်းစကလေးတွေ၊ အထူးသဖြင့် လမစေ့ဘဲမွေးတဲ့ကလေးတွေမှာအတွေ့ရများပါတယ်။

Non-communicating hydrocele ဖြစ်လာပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဝှေးစေ့နားမှာ အုပ်ကျန်ခဲ့တဲ့ ဝမ်းဗိုက်ခေါင်းအမြှေးပါး တပိုင်းတစဟာ ကပ္ပာယ်အိတ်အတွင်း ဝှေးစေ့တွေ လွယ်ကူချော့မွေ့စွာ လှုပ်ရှားနိုင်အောင် ချောဆီလိုအရည်ပမာဏအနည်းငယ်ကို ထုတ်ပေးပါတယ်။ ထိုအရည်ပမာဏကို ပြန်ရည်ကြောစနစ်ကတဆင့် ပုံမှန်ပြန်စုပ်ပြီး မျှခြေမှာ ထိန်းထားပါတယ်။

တကယ်လို့ အကြောင်းတခုခုကြောင့် ထုတ်လုပ်မှုများလာတာပဲဖြစ်ဖြစ် ပြန်မစုပ်နိုင်တာပဲဖြစ်ဖြစ်ဆိုရင် မျှခြေပျက်သွားကာ ကပ္ပာယ်အိတ်အတွင်းမှာ အရည်စုလာပြီး ရေမုတ်ဖြစ်လာပါတယ်။

ဒီလိုဖြစ်တဲ့ရေမုတ်ကို Non-communicating hydrocele လို့ခေါ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းတွေအနေနဲ့ကတော့ ဝှေးစေ့ထိခိုက်ဒဏ်ရာရတာ၊ ဆီးပိုးဝင်ပြီး ဝှေးညှာဝှေးစေ့ရောင်ရမ်းတာ၊ ဆင်ခြေထောက်ရောဂါဖြစ်တာ စသဖြင့် အများကြီးရှိပါတယ်။

ရေမုတ်ဖြစ်တဲ့အခါ ခံစားရမယ့်လက္ခဏာအနေနဲ့ကတော့ ကပ္ပာယ်အိတ်ဖောင်းပြီးကြီးလာတာပါ။ ဖောင်းပြီးကြီးလာတဲ့အခါ နေရထိုင်ရတာသက်တောင့်သက်သာမရှိဘဲ ဂွကြားမှာလေးလေးကြီးဖြစ်နေတယ်ဆိုပေမယ့် အများအားဖြင့်တော့ ရောင်ရမ်းတာ၊ နာကျင်တာ မရှိတတ်သလို မျိုးပွားမှုစွမ်းရည်ကိုလည်းထိခိုက်တာ မရှိတတ်ပါ။

နောက်ပြီး Non-communicating hydrocele အမျိုးအစားက ခြောက်လလောက်ဆိုရင် သူ့ဘာသာသူပြန်ပျောက်သွားနိုင်ခြေလည်းရှိပါတယ်။

ဒါကြောင့်သိပ်မစိုးရိမ်ရပါ။

သို့သော် ရေမုတ်ဖြစ်တဲ့အခါ ကပ္ပာယ်အိတ်ထဲအရည်တွေစုနေပြီး လေးလာတာကြောင့် ဝမ်းဗိုက်အတွင်းကြွက်သားအားနည်းတဲ့နေရာကနေ ကပ္ပာယ်အိတ်ထဲကို အူကျွံ့တာမျိုးတွေဖြစ်နိုင်သလို ကပ္ပာယ်အိတ်ထဲအရည်တွေစုလာတဲ့အတွက် ဝှေးစေ့ကလည်ထွက်သွားပြီး ဝှေးစေ့ကိုသွေးထောက်ပံ့ပေးတဲ့သွေးကြောတွေကိုလိမ်လိုက်သလိုဖြစ်ကာ ဝှေးစေ့ဆီသွေးမရောက်တာမျိုးတွေလည် းဖြစ်နိုင်ပါတယ်။

ဝှေးစေ့ကလည်ထွက်သွားပြီး ဝှေးစေ့ကိုသွေးထောက်ပံပေးတဲ့သွေးကြောတွေကိုလိမ်လိုက်သလိုဖြစ်ကာ ဝှေးစေ့ဆီသွေးမရောက်တာမျိုးဖြစ်တယ်ဆိုရင် ကပ္ပာယ်အိတ်ထဲက ရုတ်တရက် မခံနိုင်အောင်အရမ်းအောင့်လာနိုင်ပါတယ်။

အဲ့ဒီအခြေအနေမျိုးက အသက်အန္တရာယ်စိုးရိမ်ရပြီး အချိန်မှီမကုသပါက တသက်လုံးမျိုးမအောင်နိုင်တာဖြစ်သွားနိုင်တဲ့အတွက် နီးစပ်ရာဆေးရုံဆေးခန်းအမြန်ပြဖို့လိုပါတယ်။

အကြံပေးချင်တာကတော့ မိမိရဲ့ကပ္ပာယ်အိတ်နေရာကကြီးလာတယ်ဆိုရင် စောင့်ကြည့်နေတာ၊ ဆေးမြီးတိုနဲ့ကုတာတွေလုပ်မနေဘဲ ဘာမှန်းသိအောင် ဆရာဝန်နဲ့ပြသစစ်ဆေးဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ ကပ္ပာယ်အိတ်နေရာမှာဖောင်းလာကြီးလာတိုင်း ကပ္ပာယ်အိတ်အတွင်းအရည်စုတာ (ရေမုတ်ဖြစ်တာ) ဟုတ်ချင်မှ ဟုတ်မှာပါ။ ကင်ဆာအလုံးအကျိတ်ဖြစ်တာလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဆေးခန်းပြပြီးဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

လုပ်နိုင်တဲ့စမ်းသပ်မှုတွေအနေနဲ့ကတော့ Transillumination test ခေါ် ဓါတ်မီးနဲ့ထိုးပြီး အလင်းရောင်ကူးမှုရှိမရှိစမ်းသပ်တာ၊ အာထရာဆောင်းရိုက်ကြည့်တာ စသဖြင့်ပါ။

ကုသနည်းအနေနဲ့ကတော့ ရောဂါအခြေအနေနဲ့အမျိုးအစားပေါ်မူတည်ပြီး စောင့်ကြည့်တာ၊ အပ်နဲ့အရည်စုပ်ထုတ်တာ၊ ခွဲစိတ်တာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

Dr 528

Previous Post

ဘာလို့ လက်ခဏခဏ ဆေးသင့်တာလဲ

Next Post

အာသာဖြေခြင်းနှင့် စိတ်ဓာတ်ကျဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
753
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အာသာဖြေခြင်းနှင့် စိတ်ဓာတ်ကျဝေဒနာ

ခံတွင်းအနံ့ဆိုးမထွက်အောင် ဆောင်ရန် ရှောင်ရန်အချက်များ

ရှော့ခ်ရှိသောမာဆတ်ဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.