fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ယောင်္ကျား ၊မိန်းမ ဘယ်ကစ

232
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/03/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

ဇီဝကတို႔ လူသားေတြသည္ မိမိ တို႔ ဘဝအစ ကို ေရွးႏွစ္ေပါင္းမ်ားစြာ ကတည္းက သိဖို႔ ႀကိဳးစားအားထုတ္ခဲ့သည္မွာ ယေန႔ထက္တိုင္ပင္ ။ခုထက္ထိသိပၸံပညာရွင္ေတြ တစ္ညီတစ္ၫြတ္တည္း ေမးေနၾကဆဲ ေမးခြန္းတစ္ခုပင္ ။ဇီဝကတို႔ ေယာက်ၤား ၊မိန္းမ ဘယ္က စသနည္း ဆိုတာကို အေျဖရွာၾကည့္ ရေအာင္ ။ဘာသာတရားအရ ၾကည့္လွ်င္ ဘာသာတရားေတာ္ေတာ္မ်ားမ်ားသည္လူသားေတြကို သက္ဆက္ရာ ဘုရားေတြက ဖန္ဆင္းတယ္လို႔ အယူရွိၾကတယ္ ။

တစ္ခုေသာ ဘာသာတြင္ လူသားေယာက်ၤား ကို ဘုရားရွင္က အရင္ဖန္ဆင္းၿပီး ထိုသူ အတြက္ အေဖာ္ရေအာင္ ထိုလူသား၏ နံ႐ိုးတစ္ေခ်ာင္းမွ တဆင့္ လူသားမိန္းမကို ဖန္ဆင္းသည္ ဟု အဆိုရွိပါတယ္။ ဒါေပမယ့္ တကယ္တမ္း စမ္းသပ္ၾကည့္လွ်င္ဇီဝကတို႔ေတြမွာ ရွိတဲ့ နံ႐ိုးအေရအတြက္သည္ ေယာက်ၤားေရာ မိန္းမပါ အတူတူပါပဲ ။တခ်ိဳ႕ ျမန္မာလူမ်ိဳးေတြကေတာ့ ျဗဟၼာႀကီးေလးဦးက ဆင္းသက္လာတယ္လို႔အယူရွိၾကျပန္ေရာ ။ဒါဟာလည္း ယုံတမ္း စကားတစ္ရပ္ သက္သက္ပါပဲ ။ဘာေၾကာင့္လဲ ဆိုရင္ ဗုဒၶျမတ္စြာဘုရားကိုယ္ေတာ္တိုင္ လူသား၏အစ ၊ကမာၻႀကီး၏အစ ၊စၾကာဝဠာ၏ အစကို မေဟာေျပာခဲ့ပါ ။

သိပၸံပညာ၏အလိုအရ ၊ဒါဝင္၏ ဆင့္ကဲျဖစ္စဥ္ သီအိုရီ Evolution Theory အရ ဆိုရေသာ္ ဒီကမာၻတြင္ လူသားေတြ ျဖစ္တည္သည္မွာ ႏွစ္တစ္သန္းေက်ာ္သာ ရွိပါေသးတယ္ ။လူသားေတြ သတၱဝါေတြ မျဖစ္ေပၚေသးမီ ကတည္းကကမာၻႀကီးက အရင္ ျဖစ္တည္ခဲ့တာပါ ။ကလာပ္စည္း တစ္ခုတည္းသာရွိတဲ့ သတၱဝါေတြ ကေနတဆင့္ တျဖည္းျဖည္း ဆင့္ကဲ တိုးတက္ျဖစ္ထြန္းလာလိုက္တာ အစားစားတဲ့ ၊အသက္ရွဴတဲ့ ၊အညစ္အေၾကးစြန႔္တဲ့ ၊မ်ိဳးဆက္ပြားႏိုင္တဲ့ သတၱဝါမ်ိဳးစိတ္ေတြရယ္လို႔ ျဖစ္လာပါတယ္ ။ဒါဝင္ကေတာ့ လူသားေတြဟာ ေမ်ာက္ေတြရဲ႕ ဆင့္ကဲျဖစ္စဥ္ တိုးတက္ရာကေန ျဖစ္လာတယ္လို႔ ဆိုပါတယ္ ။မည္သို႔ပင္ ဘာသာေရးေတြအရ ဘုရားက ဖန္ဆင္းတာပဲဆိုဆို ၊သိပၸံပညာရဲ႕ ဆင့္ကဲျဖစ္စဥ္ တိုးတက္မႈေၾကာင့္ျဖစ္လာတာပဲ ေျပာေျပာ အလုံးစုံ မွန္ကန္ေၾကာင္း သက္ေသ မျပႏိုင္ေသးပါဘူး ။ယခုထက္တိုင္ ပင္လယ္ထဲ အပ္ရွာသလို ဘယ္သူမွ အတိအက် မေျဖရွင္းႏိုင္ေသးတဲ့ ပေဟဠိတစ္ခုပါ ။

ဒါေၾကာင့္ လူသား အစ ဘယ္က ဆိုတာထက္ ေယာက်ၤား ၊မိန္းမအစ ဘယ္ကဆိုတာပဲ ဆက္ေျပာၾကရေအာင္ ။အ႐ြယ္ေရာက္ၿပီးသူ ေယာက်ၤား နဲ႔မိန္းမတို႔ လိင္ဆက္ဆံမႈ ျပဳရာကေန ဇီဝကတို႔ လူသားဘ၀ အစျပဳပါတယ္ ။ေယာက်ၤား ရဲ႕ လိင္တံကထြက္လာတဲ့ သန္းေပါင္းမ်ားစြာေသာ သုတ္ပိုးေတြသည္အရွိန္အဟုန္နဲ႔ မိန္းမရဲ႕ ေယာနိကတဆင့္ ထူပ်စ္တဲ့ မိန္းမကိုယ္အခြၽဲမ်ား ၊အႏၲရာယ္မ်ားလွတဲ့ အက္ဆစ္ပင္လယ္ျပင္ကို ျဖတ္ကာ သားအိမ္ကိုျဖတ္ကာ သားဥႁပြန္သို႔အေရာက္ခ်ီတက္ၾကရပါတယ္ ။သားဥႁပြန္ာမွ ႀကိဳေစာင့္ေနတဲ့ သားဥအိမ္က တဆင့္ထြက္လာတဲ့ သားဥနဲ႔ သန္းေပါင္းမ်ားစြာထဲကမွ ကံထူးတဲ့ သုတ္ေကာင္ တစ္ေကာင္နဲ႔ေပါင္းစပ္ၾကပါတယ္။ က်န္တဲ့သုတ္ပိုးေတြသည္ ေႂကြလြင့္ပ်က္သုဥ္း သြားၾကရပါတယ္ ။

ထိုကဲ့သို႔ မမ်ိဳးဥ နဲ႔ သုတ္ေကာင္တို႔ ေပါင္းစပ္ျခင္းမွ သေႏၶသားရယ္လို႔ ျဖစ္တည္လာပါတယ္ ။ထိုသေႏၶသားမွာ မိခင္ဆီက ရတဲ့ မမ်ိဳးဥမွ ဗီဇအဂၤါထက္ဝက္ ၊ဖခင္ဆီက ရတဲ့ သုတ္ေကာင္မွ ဗီဇအဂၤါထက္ဝက္ ရပါတယ္ ။တစ္နည္းဆိုရေသာ္ အေမဆီက ဗီဇအဂၤါ ၂၃ ခု ၊အေဖဆီက ဗီဇအဂၤါ ၂၃ ခု ၊စုစုေပါင္း ၄၆ခု ရပါတယ္ ။ထိုအထဲမွ ဗီဇအဂၤါ ၄၄ခုသည္ ခႏၶာဗီဇ အဂၤါမ်ားျဖစ္ပါတယ္ ။က်န္ ၂ခုသည္လိင္အဂၤါ ဗီဇအဂၤါျဖစ္ပါတယ္ ။မိန္းကေလးျဖစ္မယ့္သေႏၶသားဆိုရင္ ထို ဗီဇအဂၤါ ၂ခုသည္ XX ျဖစ္ရပါတယ္ ။ေယာက်ၤားေလးျဖစ္မယ့္သေႏၶသားဆိုရင္ ထို ဗီဇအဂၤါ ၂ခုသည္ XY ျဖစ္ရပါတယ္ ။

သေႏၶသားသည္အစပထမအလြန္ေသးငယ္ေသာ ကလာပ္စည္းတစ္ခုသာသာသာရွိပါတယ္။ မည္မွ်ေတာင္ေသးသနည္းဆိုေသာ္ တစ္လက္မရဲ႕တစ္ေထာင္ပုုံ ရွစ္ပုံခန႔္သာရွိပါတယ္။ ေနာက္ပိုင္းက်မွသာ ကလာပ္စည္းေတြ တို ပြားလာပါေတာ့တယ္ ။ဒါ့အျပင္ သားဥႁပြန္ကေန သားအိမ္ထဲသို႔ မ်ိဳးေအာင္ၿပီး ၂ရက္ ၊၃ရက္ အတြင္း အေရာက္သြားၾကတယ္။ ၄-၅ ရက္ေလာက္မွာ သားအိမ္ထဲမွာ ဝင္ေရာက္တြယ္ကပ္ေနပါတယ္ ။ဒီအခ်ိန္မွာ ၾသဇာသီးအ႐ြယ္ ေလာက္ေတာ့သေႏၶသားသည္ ႀကီးထြားလာပါၿပီ ။မိခင္ဆီက လိုအပ္တဲ့ အာဟာရဓာတ္ေတြကိုသားအိမ္ကတဆင့္ ရရွိကာ ႀကီးထြားလာပါေတာ့တယ္ ။သေႏၶသားႀကီးထြားလာတာနဲ႔ အမွ် သားအိမ္လည္း ႀကီးထြားလာကာ မိခင္ရဲ႕ ဗိုက္သည္လည္း ပူသထက္ ပူလာပါတယ္ ။၈ပတ္ လြန္ေျမာက္ေသာအခါ ကိုယ္လက္အဂၤါေတြ စေပၚလာပါတယ္။ဒါေပမယ့္ က်ား ၊မ လိင္အမ်ိဳးအစား ခြဲျခားႏိုင္ဖို႔ေတာ့ ခက္ပါေသးတယ္ ။ကိုယ္ဝန္အပတ္ ၂၀ေက်ာ္ ေလာက္မွာ ဒါက က်ားအဂၤါ ၊ဒါက မ အဂၤါ ဆိုၿပီး အေသအခ်ာခြဲလာႏိုင္ပါတယ္ ။ဤ သို႔ျဖင့္ ဇီဝကတို႔ လူသားေတြရဲ႕ ေယာက်ၤား ၊မိန္းမ ဘဝက မိခင္ ဝမ္းတြင္းမွာ စတင္ သေႏၶတည္ ဖြံ႕ၿဖိဳးလာပါေတာ့တယ္ ။

Author: ေခတ္သစ္ ဇီဝက

(Unicode)

ဇီဝကတို့ လူသားတွေသည် မိမိ တို့ ဘဝအစ ကို ရှေးနှစ်ပေါင်းများစွာ ကတည်းက သိဖို့ ကြိုးစားအားထုတ်ခဲ့သည်မှာ ယနေ့ထက်တိုင်ပင် ။ခုထက်ထိသိပ္ပံပညာရှင်တွေ တစ်ညီတစ်ညွတ်တည်း မေးနေကြဆဲ မေးခွန်းတစ်ခုပင် ။ဇီဝကတို့ ယောင်္ကျား ၊မိန်းမ ဘယ်က စသနည်း ဆိုတာကို အဖြေရှာကြည့် ရအောင် ။ဘာသာတရားအရ ကြည့်လျှင် ဘာသာတရားတော်တော်များများသည်လူသားတွေကို သက်ဆက်ရာ ဘုရားတွေက ဖန်ဆင်းတယ်လို့ အယူရှိကြတယ် ။

တစ်ခုသော ဘာသာတွင် လူသားယောင်္ကျား ကို ဘုရားရှင်က အရင်ဖန်ဆင်းပြီး ထိုသူ အတွက် အဖော်ရအောင် ထိုလူသား၏ နံရိုးတစ်ချောင်းမှ တဆင့် လူသားမိန်းမကို ဖန်ဆင်းသည် ဟု အဆိုရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း စမ်းသပ်ကြည့်လျှင်ဇီဝကတို့တွေမှာ ရှိတဲ့ နံရိုးအရေအတွက်သည် ယောင်္ကျားရော မိန်းမပါ အတူတူပါပဲ ။တချို့ မြန်မာလူမျိုးတွေကတော့ ဗြဟ္မာကြီးလေးဦးက ဆင်းသက်လာတယ်လို့အယူရှိကြပြန်ရော ။ဒါဟာလည်း ယုံတမ်း စကားတစ်ရပ် သက်သက်ပါပဲ ။ဘာကြောင့်လဲ ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် လူသား၏အစ ၊ကမ္ဘာကြီး၏အစ ၊စကြာဝဠာ၏ အစကို မဟောပြောခဲ့ပါ ။

သိပ္ပံပညာ၏အလိုအရ ၊ဒါဝင်၏ ဆင့်ကဲဖြစ်စဉ် သီအိုရီ Evolution Theory အရ ဆိုရသော် ဒီကမ္ဘာတွင် လူသားတွေ ဖြစ်တည်သည်မှာ နှစ်တစ်သန်းကျော်သာ ရှိပါသေးတယ် ။လူသားတွေ သတ္တဝါတွေ မဖြစ်ပေါ်သေးမီ ကတည်းကကမ္ဘာကြီးက အရင် ဖြစ်တည်ခဲ့တာပါ ။ကလာပ်စည်း တစ်ခုတည်းသာရှိတဲ့ သတ္တဝါတွေ ကနေတဆင့် တဖြည်းဖြည်း ဆင့်ကဲ တိုးတက်ဖြစ်ထွန်းလာလိုက်တာ အစားစားတဲ့ ၊အသက်ရှူတဲ့ ၊အညစ်အကြေးစွန့်တဲ့ ၊မျိုးဆက်ပွားနိုင်တဲ့ သတ္တဝါမျိုးစိတ်တွေရယ်လို့ ဖြစ်လာပါတယ် ။ဒါဝင်ကတော့ လူသားတွေဟာ မျောက်တွေရဲ့ ဆင့်ကဲဖြစ်စဉ် တိုးတက်ရာကနေ ဖြစ်လာတယ်လို့ ဆိုပါတယ် ။မည်သို့ပင် ဘာသာရေးတွေအရ ဘုရားက ဖန်ဆင်းတာပဲဆိုဆို ၊သိပ္ပံပညာရဲ့ ဆင့်ကဲဖြစ်စဉ် တိုးတက်မှုကြောင့်ဖြစ်လာတာပဲ ပြောပြော အလုံးစုံ မှန်ကန်ကြောင်း သက်သေ မပြနိုင်သေးပါဘူး ။ယခုထက်တိုင် ပင်လယ်ထဲ အပ်ရှာသလို ဘယ်သူမှ အတိအကျ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတစ်ခုပါ ။

ဒါကြောင့် လူသား အစ ဘယ်က ဆိုတာထက် ယောင်္ကျား ၊မိန်းမအစ ဘယ်ကဆိုတာပဲ ဆက်ပြောကြရအောင် ။အရွယ်ရောက်ပြီးသူ ယောင်္ကျား နဲ့မိန်းမတို့ လိင်ဆက်ဆံမှု ပြုရာကနေ ဇီဝကတို့ လူသားဘ၀ အစပြုပါတယ် ။ယောင်္ကျား ရဲ့ လိင်တံကထွက်လာတဲ့ သန်းပေါင်းများစွာသော သုတ်ပိုးတွေသည်အရှိန်အဟုန်နဲ့ မိန်းမရဲ့ ယောနိကတဆင့် ထူပျစ်တဲ့ မိန်းမကိုယ်အချွဲများ ၊အန္တရာယ်များလှတဲ့ အက်ဆစ်ပင်လယ်ပြင်ကို ဖြတ်ကာ သားအိမ်ကိုဖြတ်ကာ သားဥပြွန်သို့အရောက်ချီတက်ကြရပါတယ် ။သားဥပြွန်ာမှ ကြိုစောင့်နေတဲ့ သားဥအိမ်က တဆင့်ထွက်လာတဲ့ သားဥနဲ့ သန်းပေါင်းများစွာထဲကမှ ကံထူးတဲ့ သုတ်ကောင် တစ်ကောင်နဲ့ပေါင်းစပ်ကြပါတယ်။ ကျန်တဲ့သုတ်ပိုးတွေသည် ကြွေလွင့်ပျက်သုဉ်း သွားကြရပါတယ် ။

ထိုကဲ့သို့ မမျိုးဥ နဲ့ သုတ်ကောင်တို့ ပေါင်းစပ်ခြင်းမှ သန္ဓေသားရယ်လို့ ဖြစ်တည်လာပါတယ် ။ထိုသန္ဓေသားမှာ မိခင်ဆီက ရတဲ့ မမျိုးဥမှ ဗီဇအင်္ဂါထက်ဝက် ၊ဖခင်ဆီက ရတဲ့ သုတ်ကောင်မှ ဗီဇအင်္ဂါထက်ဝက် ရပါတယ် ။တစ်နည်းဆိုရသော် အမေဆီက ဗီဇအင်္ဂါ ၂၃ ခု ၊အဖေဆီက ဗီဇအင်္ဂါ ၂၃ ခု ၊စုစုပေါင်း ၄၆ခု ရပါတယ် ။ထိုအထဲမှ ဗီဇအင်္ဂါ ၄၄ခုသည် ခန္ဓာဗီဇ အင်္ဂါများဖြစ်ပါတယ် ။ကျန် ၂ခုသည်လိင်အင်္ဂါ ဗီဇအင်္ဂါဖြစ်ပါတယ် ။မိန်းကလေးဖြစ်မယ့်သန္ဓေသားဆိုရင် ထို ဗီဇအင်္ဂါ ၂ခုသည် XX ဖြစ်ရပါတယ် ။ယောင်္ကျားလေးဖြစ်မယ့်သန္ဓေသားဆိုရင် ထို ဗီဇအင်္ဂါ ၂ခုသည် XY ဖြစ်ရပါတယ် ။

သန္ဓေသားသည်အစပထမအလွန်သေးငယ်သော ကလာပ်စည်းတစ်ခုသာသာသာရှိပါတယ်။ မည်မျှတောင်သေးသနည်းဆိုသော် တစ်လက်မရဲ့တစ်ထောင်ပုုံ ရှစ်ပုံခန့်သာရှိပါတယ်။ နောက်ပိုင်းကျမှသာ ကလာပ်စည်းတွေ တို ပွားလာပါတော့တယ် ။ဒါ့အပြင် သားဥပြွန်ကနေ သားအိမ်ထဲသို့ မျိုးအောင်ပြီး ၂ရက် ၊၃ရက် အတွင်း အရောက်သွားကြတယ်။ ၄-၅ ရက်လောက်မှာ သားအိမ်ထဲမှာ ဝင်ရောက်တွယ်ကပ်နေပါတယ် ။ဒီအချိန်မှာ သြဇာသီးအရွယ် လောက်တော့သန္ဓေသားသည် ကြီးထွားလာပါပြီ ။မိခင်ဆီက လိုအပ်တဲ့ အာဟာရဓာတ်တွေကိုသားအိမ်ကတဆင့် ရရှိကာ ကြီးထွားလာပါတော့တယ် ။သန္ဓေသားကြီးထွားလာတာနဲ့ အမျှ သားအိမ်လည်း ကြီးထွားလာကာ မိခင်ရဲ့ ဗိုက်သည်လည်း ပူသထက် ပူလာပါတယ် ။၈ပတ် လွန်မြောက်သောအခါ ကိုယ်လက်အင်္ဂါတွေ စပေါ်လာပါတယ်။ဒါပေမယ့် ကျား ၊မ လိင်အမျိုးအစား ခွဲခြားနိုင်ဖို့တော့ ခက်ပါသေးတယ် ။ကိုယ်ဝန်အပတ် ၂၀ကျော် လောက်မှာ ဒါက ကျားအင်္ဂါ ၊ဒါက မ အင်္ဂါ ဆိုပြီး အသေအချာခွဲလာနိုင်ပါတယ် ။ဤ သို့ဖြင့် ဇီဝကတို့ လူသားတွေရဲ့ ယောင်္ကျား ၊မိန်းမ ဘဝက မိခင် ဝမ်းတွင်းမှာ စတင် သန္ဓေတည် ဖွံ့ဖြိုးလာပါတော့တယ် ။

Author: ခေတ်သစ် ဇီဝက

Previous Post

မီးယပ်သွေးမပေါ်မီ ဝေဒနာ (Premenstrual Syndrome)

Next Post

အမျိုးသားများအသားအရေ ထိန်းသိမ်းတတ်ရန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
738
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
981

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသားများအသားအရေ ထိန်းသိမ်းတတ်ရန်

တကျိကျိနဲ့ အံကြိတ်ခြင်း

စိတ်သွားတိုင်း အသံမပါ ၊အသံဝင် အသံနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.