fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သွေးကင်ဆာအကြောင်း သိကောင်းစရာ

2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/04/2019
in ရောဂါကြီးများ
1 min read
A A

အခုခေတ်ကလေးတွေတော့ မသိဘူး။ ကျွန်တော်တို့ 90 born တွေအများစုကတော့ ငယ်ငယ်က နှာခေါင်းသွေးခဏခဏလျှံပြီဆိုရင် ငါကင်ဆာများဖြစ်နေပြီလား သေရတော့မှာလားဆိုပြီး ကြောက်ရွံ့ထိတ်လန့်ခဲ့ရကာ စားမဝင်အိပ်မပျော်တဲ့အထိ ဖြစ်ခဲ့ဖူးကြပါတယ်။

ဒီလိုဖြစ်ရတာဟာ ကျွန်တော်တို့ ငယ်ငယ်က တီဗီကလွှင့်ပြီး အရမ်းခေတ်စားခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတခုဖြစ်တဲ့ အွန်စော၊ ဂျွန်စော ဇာတ်ကားရဲ့စနက်တွေ အများကြီးပါပါတယ်။ အဲ့ဇာတ်ကားဟာ လွမ်းစရာဇာတ်ကားတစ်ခုဖြစ်ပြီး မင်းသမီးဖြစ်တဲ့ အွန်စောဟာ အစပိုင်းမှာ နှာခေါင်းသွေးခဏခဏလျှံပါတယ်။

အစကတော့ ရိုးရိုးတန်းတန်းထင်ပြီး ဒီအတိုင်းနေရင်း နောက်ပိုင်းမသင်္ကကာလို့ စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြည့်တဲ့အခါမှာမှ သွေးကင်ဆာဖြစ်ကြောင်းသိရပြီး သိရတဲ့အချိန်မှာ ရောဂါကျွမ်းနေပြီဖြစ်တဲ့အတွက် ကုမရဘဲ ဇာတ်ကားအဆုံးမှာ မင်းသမီးသေသွားကာ မင်းသားနဲ့ မင်းသမီးမပေါင်းလိုက်ရပါဘူး။

ဒီဇာတ်ကားပြပြီးတဲ့ အချိန်နောက်ပိုင်းကစပြီး အဲ့ဇာတ်ကားကြည့်ဖူးတဲ့ လူကြီးလူငယ်အတော်များများ နှာခေါင်းသွေးလျှံတာ ခဏခဏဖြစ်ပြီဆိုရင် သွေးကင်ဆာဖြစ်နေပြီလားဆိုတဲ့ စိုးရိမ်စိတ်က အနည်းနဲ့ အများဝင်လာတတ်ကြပါတယ်။

တကယ်တော့ နှာခေါင်းသွေးလျှံတိုင်း သွေးကင်ဆာလို့ ပြောမရသလို သွေးကင်ဆာဖြစ်တိုင်းလည်း နှာခေါင်းသွေးမလျှံတတ်ပါ။ သွေးကင်ဆာဆိုတာဟာ ကျွန်တော်တို့အသက်ရှင်ဖို့လိုအပ်သော သွေးဆဲလ်တွေထုတ်ပေးတဲ့ ရိုးတွင်းချဉ်ဆီမှာဖြစ်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။

ဆေးပညာအရတော့ Leukaemia လို့ခေါ်ပါတယ်။ ရိုးတွင်းချဉ်ဆီကနေ သွေးနီဥ (Red Blood Cells)၊ သွေးဖြူဥ (White Blood Cells)၊ သွေးမွှားဥ (platelets) ဆိုတဲ့ သွေးဆဲလ်သုံးမျိုးကို ထုတ်ပေးပါတယ်။ သွေးနီဥက အောက်စီဂျင်ကို သယ်ဆောင်ပေးပြီး ခန္ဓာကိုယ်ရှိလိုအပ်တဲ့ နေရာတွေကိုထောက်ပံ့ပေးပါတယ်။ သွေးအားကောင်းဖို့အတွက် သွေးနီဥတွေကောင်းဖို့လိုပါတယ်။

သွေးဖြူဥက ကိုယ်ခံအားစနစ်မှာပါဝင်ပြီး ပြင်ပကနေ ဝင်ရောက်လာတဲ့ ပိုးမွှားတွေကို တိုက်ခိုက်ပါတယ်။ သွေးဖြူဥမှာ Neutrophil, Lymphocyte, Eosinophil, Basophil နဲ့ Monocyte ဆိုပြီး အမျိုးအစားကွဲ ငါးမျိုးထပ်ရှိပါတယ်။

သွေးမွှားဥကတော့ သွေးခဲတဲ့ဖြစ်စဉ်မှာပါပြီး ခန္ဓာကိုယ်မှာ သာမန်ထိခိုက်အနာတရဖြစ်ပြီးသွေးထွက်တဲ့အခါ သွေးခဲအောင်လုပ်ပေးခြင်းဖြင့် သွေးအလွန်အကျွံထွက်ပြီး အသက်အန္တရာယ်ဖြစ်ရတာမျိုး မရှိအောင်ဆောင်ရွက်ပေးပါတယ်။

အကြောင်းကြောင်းကြောင့် ရိုးတွင်းချဉ်ဆီကနေ ပုံမှန်သွေးဆဲလ်တွေထုတ်ရမယ့်အစား ပုံမှန်မဟုတ်တဲ့ သွေးဆဲလ်တွေထုတ်တဲ့အခါမှာ သွေးကင်ဆာရောဂါဖြစ်လာပါတယ်။ ဒီလိုထုတ်ရာမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥ သွေးဆဲလ်သုံးမျိုးရှိတဲ့အနက် ဘယ်သွေးဆဲလ်အမျိုးစားရဲ့ ပုံမှန်မဟုတ်တာကို ထုတ်လည်းပေါ်မူတည်ပြီး သွေးကင်ဆာကို Lymphoid Leukaemia နဲ့ Myeloid Leukaemia ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

Lymphoid Leukaemia ဆိုတာကတော့ ပုံမှန်မဟုတ်တဲ့ Lymphocyte သွေးဖြူဥအမျိုးအစားတွေကို အများကြီးထုတ်တဲ့ သွေးကင်ဆာအမျိုးအစားဖြစ်ပါတယ်။

Myeloid leukaemia ဆိုတာကတော့ ပုံမှန်မဟုတ်တဲ့ သွေးနီဥ၊ သွေးမွှားဥနဲ့ Lymphocyte မပါတဲ့ ကျန်သွေးဖြူဥ ၄ မျိုး ကို အများကြီး ထုတ်တဲ့သွေးကင်ဆာအမျိုးအစားပါ။ ဒီလိုထုတ်ရာမှာ အချိန်တိုအတွင်းမှာ အများကြီးထုတ်ပါက Acute လို့သတ်မှတ်ပြီး ရေရှည်ဖြည်းဖြည်းချင်းထုတ်ပါက Chronic လို့သတ်မှတ်ပါတယ်။

ဒါကြောင့် ပေါင်းပြောမယ်ဆိုရင် သွေးကင်ဆာအမျိုးအစားမှာ Acute myeloid Leukaemia, Acute lymphoid Leukaemia, Chronic myeloid Leukaemia နဲ့ Chronic lymphoid Leukaemia ဆိုပြီးလေးမျိုးရှိတယ်လို့ပြောနိုင်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ဘယ်အမျိုးအစားဖြစ်လဲပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။ အများအားဖြင့် ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့

– ခဏခဏဖျားတာ
– အာသီးရောင်၊ ချောင်းဆိုးနှာစေး၊ အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောစတာတွေ မကြာခဏဖြစ်လွယ်တာ

– ညဘက်ချွေးအလွန်အကျွံ့ထွက်တာ

– အနည်းငယ်ခိုက်မိရုံနဲ့ သွေးအလွန်အကျွံထွက်တာ၊

– အညိုအမည်းစွဲလွယ်တာ

– နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို ခဏခဏဖြစ်တတ်တာ

– သွေးအားနည်းတာ၊

– နွမ်းနယ်နုံးချည့်နေတာ

– အစားသောက်ပျက်တာ၊

– ပိန်လာတာ

– ပြန်ရည်ကြောအလုံးအကျိတ်တွေရောင်လာတာ

– ဘေလုံးကြီးတာခေါင်းကိုက်တာ၊

– အရိုးအဆစ်တွေကိုက်ခဲတာစသဖြင့်ပါ။

သွေးကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ ခုထိသေချာပြောမရသေးပါ။ ဒါပေမဲ့ သုတေသနတွေအရ

– သွေးကင်ဆာဟာမျိုးရိုးရှိတဲ့သူတွေ

– ဓာတ်ရောင်ခြည်နဲ့မကြာခဏထိတွေ့နေရတဲ့သူတွေ၊

– ဓာတ်ရောင်ခြည်သင့်သူတွေ

– Benzene၊ Formaldehyde စတဲ့ ဓာတုပစ္စည်းတွေနဲ့မကြာခဏထိတွေ့နေရတဲ့သူတွေ

– အကြောင်းကြောင်းကြောင့် ဆေးပြင်းတွေကိုရေရှည်စွဲသောက်နေရတဲ့သူတွေ

– Epstein Barr ဗိုင်းရပ်စ်ပိုးကူးစက်ခံရဖူးတဲ့သူတွေ

– ဒေါင်းရောဂါ(Down Syndrome)ခံစားနေရတဲ့သူတွေ

– ဆေးလိပ်သောက်တဲ့သူတွေ မှာဆိုရင် ဖြစ်နိုင်ခြေပိုများကြောင်းသိရှိရပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအမျိုးအစားနဲ့ လူနာအခြေအနေပေါ်မူတည်ပြီး ကင်ဆာဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်နဲ့ကုသတာ၊ ရိုးတွင်းချဉ်ဆီအစားထိုးကုသတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

ဒီလိုကုသမှုတွေအပြင် လတ်တလောခံစားရတဲ့ သွေးအားနည်းတာ မောတာဖျားလွယ်တာ တွေကို သက်သာစေရန် သွေးသွင်းတာတွေလည်း လုပ်ရနိုင်ပါတယ်။ သွေးကင်ဆာဟာကုလို့ ပျောက်မှာလားဆိုတာကတော့ ဖြစ်တဲ့ရောဂါအမျိုးအစား၊ ဘယ်တွေကိုပျံ့နေပြီလဲ၊ ဘယ်အဆင့်ရောက်နေပြီလဲ၊ ဖြစ်တဲ့သူရဲ့အသက်အရွယ် စတဲ့အချက်များစွာပေါ် မူတည်ပြီး ပြောရခက်ပါတယ်။

အကြမ်းဖျင်း ခြုံပြောရမယ်ဆိုရင်တော့ စောစောသိပြီး စောစောကုတယ် ရောဂါအဆင့်ကလည်းနုသေးတယ်ဆိုရင် ရလဒ်ကောင်းနိုင်ခြေ ပိုများပါတယ်။

Author: Dr 528

Previous Post

စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

Next Post

ချက်မကြွေခင်နဲ့ကြွေပြီးနောက် ဘယ်လိုဂရုစိုက်ပေးရမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ချက်မကြွေခင်နဲ့ကြွေပြီးနောက် ဘယ်လိုဂရုစိုက်ပေးရမလဲ

သွေးလွှတ်ကြောမကြီးဖောင်းပွခြင်း

ဆီးကျောက်တည်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.